(၁)သန္ဓေယူတော်မူသောနေ့ကြာသာပတေးနေ့သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညိညာရုံးစု၊တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်“၀ါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်" နတ်, လူ ငြိမ်းဖို့ကိန်းပါကို...။(၂) ဖွားတော်မူသောနေ့သောကြာနေ့သန္ဓေယူကာ၊ ဆယ်လကြာသော်၊ “မဟာ သက္ကရာဇ်၊ ခြောက်ဆယ်ရှစ်ကြုံ၊ ကဆုန်လပြည့်သောကြာနေ့ဝယ်” ချမ်းမြေ့စုံစီ၊ လုဗ္ဗနီ ၌မဟီလှိုက်ဆူ၊ “ဖွားတော်မူ”သည် ၊ နတ်လူအောင်မျှို့လမ်းပါကို.....။(၃)တောထွက်တော်မူသောနေ့တနင်းလာနေ့ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊“၀ါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံတော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို......။(၄) ဘုရားဖြစ်သောနေ့ဗုဒ္ဓဟူးနေ့တောရပ် မြိုင်ပေါ်၊ ခြောက်နှစ် ပျော်၍၊ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ “ကဆုန်လပြည့်၊ဆင်မင်းနေ့ဝယ်” မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ရွှေညောင်တော်ကြိး ဗိတာန် ထိးနှင့်၊ မငြိးကြည်ဖြူနေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကိုအရှင်းပယ်ဖျောက်၊ အလင်းပေါက်ကာ၊ ထွန်းတောက် ဘုန်းတော်၊ သောင်းလုံး ကျော်သည်၊ သုံးဖော်လူတို့ ငြမ်းပါကို....။(၅)ဓမ္မစင်္ကြာဟောတော်မူသောနေ့စနေနေ့ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါးဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သောင်းတိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို....။(၆)ပရိနိဗ္ဗာန်အင်္ဂါနေ့တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊သုံးမည်ဘုံသိုက် တစ်သောင်းထိုက်ဝယ်၊ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ၊သတ္တ၀ါကို ခေမာ သောင်သို့ဖောင်ကူးတို့ဖြင့် ဆောင်ပို့ပြီးကာ၊“၀ါလေးဆယ့်ငါး သက်ကားရှစ်ဆယ်”စုံပြည့်ကြွယ်က ရာလေးဆယ်ရှစ်(၁၄၈)၊သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊စံနိုင်းမယုတ် ကုဿိန္နာရုံ အင်ကြင်းစုံ၌“ကဆုန်လပြည့် အင်္ဂါနေ့ဝယ်”ချမ်းမြေ့နိဗ္ဗူ စံတော်မူသည်၊၀ှန်းဆူသောင်းလုံးကျော်တယ်ကို....။(၇)တေဇောဓာတ်လောင်ကျွမ်းသောနေ့တနင်္ဂနွေနေ့နဗ္ဗူစံပြီး၊ ရှုမအီသာ၊ သိင်္ဂိ ရွှေလှော်၊လောင်းတော်ကို “ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်” ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှံတက် ကော်ရော်၊ မိးပူဇော်သည်၊မွေတော်ရှစ်စိတ်ကြွင်းတယ်ကိုး...။
လယ်တိဆရာတော် ၏ ခုနှစ်နေ့ ဘုရားရှစ်ခိုး
ဗုဒ္ဓ၀င်ကဗျာမျာ:
မှ
Labels: Religion, ဘာသာရေး
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment