ဒီဆော့်ဝဲလ်က MS Word File တွေကနေ Image ဖိုင်တွေ အဖြစ်ပြောင်းပေးတဲ့ ဆော့်ဝဲလ်ပါ..။ ပုံတွေ အတွက်ဆိုရင်တော့ သီးသန့်မလိုပါဘူး ..။ Copy လုပ်ပြီး Print ထဲမှာ Paste ပေးလိုက်ရင် အဆင်ပြေပါတယ်..။ သို့သော် စာတွေကို ပြောင်းချင်တဲ့ အခါဆိုရင်တော့ အနည်းငယ် ခက်ခဲနိုင်ပါတယ်..။ Print Scr ရိုက်ရင်တော့ ရတာပေါ့ ...။ အဲဒီလို စာတွေကိုပါ ပုံအဖြစ် ပြောင်းချင်တယ်ဆိုရင်တော့ ဒီ UDC ( Universal Document Converter ) လေးက အသုံးဝင်ပါတယ်..။ တခြား ဆော့်ဝဲလ်ကောင်းတာတွေလဲ ရှိပါလိမ့်မယ်..။ အသုံးပြုချင်သူများ အောက်မှာ လုပ်နည်း အသေးစိတ်ပါ ရေးထားပေးပါတယ်..။
ကို ဒေါင်းလုတ်ချ..။ ပြီးရင် ဒေါင်းလို့ ရလာတဲ့ Udc ဆော့်ဝဲလ်ကို မိမိစက်မှာ Install လိုက်ပါ..။ Install တာက သာမာန်လုပ်နေကျ အတိုင်းပဲမို့ ရှင်းမပြတော့ဘူး..။ လုပ်နည်းကိုတော့ MS Word 2003 ကို မူတည်ပြီး နမူနာ အနေနဲ့ ရှင်းပြပေးသွားမယ်..။ MS Word 2007 လဲ လုပ်နည်း အတူတူပါပဲ..။ နေရာလေး အနည်းငယ် ကွဲသွားတာပဲ ရှိတယ်..။ စမ်းကြည့်လိုက်ရင် အဆင်ပြေမှာပါ..။
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment