ဆောင်းရာသီရောက်လာပြီ။ လှပတဲ့နံနက်ခင်းတွေလဲပြန်ရောက်လာပြီ
နှင်းကျတဲ့နံနက်ခင်းမှာလမ်းလျှောက်ထွက်ရတာပျော်စရာအတိပါ။ ဘယ်သူအဆိုစာရေးသူအပါအ၀င်
အကြိုက်ဆုံးရာသီတော့ဆောင်းရာသီပါ။ ဘာလို့ဒီရာသီကိုကြိုက်သလဲလို့မေးရင်အဖြေတွေကတော့အများ
ကြီးပေါ့။
ဒါပေမယ့်ဆောင်းရာသီမှာ နေရောင်နဲ့လေးပြေလေအေးတွေက အချင်းချင်းအားပြိုင်နေတာကြောင့်
ပျိုမေတို့ရဲ့အသားအရေဟာခြောက်သွေ့လာပါတယ်။ ဒါကိုဆောင်းရာသီအတွက်ထုတ်လုပ်ထားတဲ့
cream တွေနဲ့ကာကွယ်လို့ရပေမယ့် ဘေးထွက်ဆိုးကျိုးတွေအလွန်များလှပါတယ်။
ဒါကြောင့် ငွေကုန်ကြေးကျလဲ သက်သာစေတဲ့အဖိုးတန်သဘာဝပစ္စည်းတွေနဲ့ကာကွယ်လို့ရပါတယ်။
ို့မြန်မာနိုင်ငံဟာ သယံဇာတ လွန်စွာပေါကြွယ်ဝတဲ့နိုင်ငံပါ။
၁ မျက်နှာသစ်ရင် ဆပ်ပြာအစားပဲမှုန့်အစိမ်းကိုသုံးပါ။ စာရေးသူကိုယ်တွေ့ပါ။
၂ ဆံပင်တွေခြောက်သွေ့ပြီး ဗေါက်ထပြီးတော့အရမ်းကျွတ်တတ်တော့ နွားနို့ ၊ လက်ဖက်ရည်အကျ
ပဲမှုန့်အစိမ်း၊ ဒိန်ခဲ တို့ကိုဆတူရောကာ ဦးရေပြားပေါ်မှာ ၁နာရီထားပြီးခေါင်းလျှော်လိုက်ပါ။
ရလဒ်ကသင်ကျေနပ်စေမှာပါ။
၃။ အသားအရေပတ်တော့cream အစားရှားစောင်းလက်ပတ် ကိုအစေးထုတ်ပြီးမျက်နှာပေါ်လိမ်းထားပါ။
ရှားစောင်းလက်ပတ်က ရေကြည်ရောင်ဖြစ်တဲ့အတွက် လိမ်းထားမှန်းလုံးဝမသိသာပါဘူး။ နွေရာသီမှာလဲ
ဆံပင်မကျွတ်အောင်ကာကွယ်ပေးပါတယ်။ ရှားစောင်းလက်ပတ်က အေးတော့ဆောင်းရာသီ မှာခေါင်းမှာ
ထည့်ဖို့တော့မသင့်တော်ပါဘူး။
၎ အသားအရေတင်းရင်းစေဖို့တော့ကြက်ဥအကာကို ညစဉ်လိမ်းအိပ်ပါ
ဒီင်္လောက်ဆိုလုံလောက်ပြီလို့ထင်ပါတယ်
Labels: Beauty-II
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment