ဆွေးမြေ့နေအလား ဒီရင်ခွင်အိုက
ကကြိုးအစုံအလင်နဲ့
ကပြဖို့လည်း
ငါဖန်တီးခဲ့
အနုအရွ
ပုံဖော်မပြလည်း
ခံစားတတ်သူနားလည်စေဖို့ရယ်
ကမာကောင်တို့ရဲ့
မျက်ရည်တွေဖြစ်တဲ့
ပုလဲလေးတွေလို
ငါ့ရဲ့ ခံစားချက်ကို
ကဗျာအဖြစ်
အသက်သွင်းတဲ့အခါ
ဟားတိုက်လို့ ရယ်မောနေမလား...
စိုးစိတ်တို့ရယ်
ခြောက်လန့်နေအလား
ငါ့ရဲ့ကဗျာ ခံစားချက်များစွာ
ချယ်မှုန်းကာနှောင်ဖွဲ့ရင်း
ကုန်စေတော့ကွယ် ပျက်ရယ်ပြုခြင်းတွေရယ်...
{ကိုဇောင်း}
ကကြိုးအစုံအလင်နဲ့
ကပြဖို့လည်း
ငါဖန်တီးခဲ့
အနုအရွ
ပုံဖော်မပြလည်း
ခံစားတတ်သူနားလည်စေဖို့ရယ်
ကမာကောင်တို့ရဲ့
မျက်ရည်တွေဖြစ်တဲ့
ပုလဲလေးတွေလို
ငါ့ရဲ့ ခံစားချက်ကို
ကဗျာအဖြစ်
အသက်သွင်းတဲ့အခါ
ဟားတိုက်လို့ ရယ်မောနေမလား...
စိုးစိတ်တို့ရယ်
ခြောက်လန့်နေအလား
ငါ့ရဲ့ကဗျာ ခံစားချက်များစွာ
ချယ်မှုန်းကာနှောင်ဖွဲ့ရင်း
ကုန်စေတော့ကွယ် ပျက်ရယ်ပြုခြင်းတွေရယ်...
{ကိုဇောင်း}
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment