ခြေသည်းပန်းချီ ဖန်တီးတော့မယ်ဆိုရင်တော့ သင်၏ ခြေထောက်တစ်စုံအား
သန့်စင်အောင် ဆေးကြောထားဖို့တော့လိုပါတယ်။ ခြေထောက်လေးအားသန့်စင်လို့ပြီးသွားပြီ
ဆိုရင်တော့ ထုံးစံအတိုင်း အောက်ခံအရောင်တစ်ရောင်ကို အရင်ဆိုးရမှာ ဖြစ်တာကြောင့်

ဒီတခါမှာတော့ ဆိုးဆေး စိမ်းပြာရောင်အနုလေးကို အရင်ဦးစွာဆိုးလိုက်ပါ။
ပုံ အဆင့် (၁) တွင်ကြည့်ပါ။

ထို့နောက်မှာတော့ အဆင့် (၁) တွင် ဆိုးထားသော စိမ်းပြာရောင်အနု ဆိုးဆေးလေးကို
အုပ်ပြီး အလယ်တည့်တည့်မှ ဖြတ်၍ အစိမ်းရင့်ရောင်ဆိုးဆေးကိုသုံးကာ ခြေသည်းအရင်းနားထိဆွဲချပြီး
အပြည့်ဆိုးလိုက်ပါ။
ပုံ အဆင့် (၂) တွင် ကြည့်ပါ။

အထက်ပါ အဆင့်များ ပြီးလျှင်တော့ ပုံ အဆင့် (၁) တွင် ဆိုးခဲ့သော
စိမ်းပြာရောင်အနုလေးနှင့်ချယ်မှုန်းထားသော ဆိုးဆေးအခြမ်းဖက်ကို အရင်ဆုံး ပုံဖော်ပေးမှာဖြစ်ပါတယ်။
ဒီဇိုင်းဖော်မယ့် ပုံလေးကတော့အမည်းရောင်ဆိုးဆေးလေးကို အသုံးပြုမှာဖြစ်ပြီး ဒီဇိုင်းလေးကတော့
ကျားကွက်ပုံသဏ္ဍန်လေးပဲဖြစ်ပါတယ်။ ဒါလေးကိုတော့ စုတ်တံဆူးဆူးလေးအား အသုံးပြု၍
ပုံ အဆင့် (၃) ကိုကြည့်ပြီးဆွဲကြည့်လိုက်ပါ။

၎င်းနောက်မှာတော့ အထက်တွင် ဖောပြခဲ့သော အဆင့်များပြီးနောက် အစိမ်းရင့်ရောင်
ဆိုးဆေး၏ အပေါ်တွင် ဆိုးဆေး အဖြူရောင်ကိုအသုံးပြုကာ တိမ်ပုံသဏ္ဍန်လေးများအား ဖန်တီးကြည့်လိုက်ပါ။
ပုံ အဆင့် (၄) တွင် ကြည့်ပါ။

နောက်ဆုံးအဆင့်လေးကတော့ အထက်တွင်ဆွဲခဲ့သော အဆင့်များအားလုံးအပြီးတွင်
ဆိုးဆေး စိမ်းပြာရောင်အနုလေးနှင့် အစိမ်းရောင်အရင့်တို့၏ ကြားနေရာလေးအား ငွေမှုန်ဆိုးဆေး
လေးအားဆိုးပေးလိုက်ခြင်းဖြင့် ဆန်းသစ်ပြီး အလွန်လှပတဲ့ ခြေသည်းတစ်စုံအား ဖန်တီးလို့ပြီးသွားပါပြီ။
ပုံ အဆင့် (၅) တွင် ကြည့်ပါ။
Ref:beautifulmodelworld
Labels: Beauty-II
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment