ဗဟုသုတဘဏ်

ဒုတိယအဆင့်အနေနဲ့ပုံတွေကို effect ထည့်ပေးရမှာဖြစ်ပါတယ်။ ဒီနမှုနာမှာ ကျနော် Place Effect ကိုရွေးထားပါတယ်။

Timeline မှာ အပြာရောင်ဘားလေးပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ
မိမိ လိုချင်တဲ့ အချိန်အတိုင်းတာကို အပြာရောင်ဘားလေးကိုဆွဲဆန့်ခြင်းဖြင့်လိုသလိုချိန်လို့ရပါတယ်။

ဒီအောက်ကပုံမှာကတော့ Motion Path ဆိုတဲ့ Effect ကိုထည့်တာဖြစ်ပါတယ်။ ဒီပုံမှာကျနော် Line ကိုရွေးထားပါတယ်။ ဒီ Effect ကိုထည့်ရင် ပုံတွေကို (Motion) ရွေ့ရှားစေဖို့အတွက် စမှတ် နြ့ ဆုံးမှတ် ကိုရွေးပေးရပါတယ်။ အဲဒီမှာတခုသတိထားရမှာကတောာ စမှတ်ဟာအမြဲတမ်း ဓာတ်ပုံရဲ့ အလယ်မှာရှိနေရပါမယ်။
ဆုံးမှတ်ကိုတော့ ဘောင်ရဲ့အပြင်ဖက်ထွက်နေလဲ ရပါတယ်။

ပြီးရင် ဒီပုံလေးထဲကလိုအပြာရောင်ဘားလေးပေါ်လာပါလိမ့်မယ်။ ဓာတ်ပုံရွေ့ရှားမူးအနှေးအမြန်ကို အပြာရောင်ဘားလေးကို ဆွဲဆန့် ချိန်ညှိခြင်းဖြင့်လိုသလိုလုပ်နိုင်ပါတယ်။


ဒီလိုလေးပေါ်လာပါလိမ့်မယ်။


ချိန်ပြီးသွားရင်တော့ အောက်ကပုံထဲကအတိုင်း နောက်ဆုံး ပုံရဲ့ effect မှာ Right Click နှိပ်ပြီး Config ကိုသွားရပါလိမ့်မယ်။

အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။
အဲဒီနေရာမှာ ပုံမှာပြထားတဲ့အတိုင်း Loop နေရာကိုအမှတ်ခြစ်ပေးရပါမယ်။ ဒီနေရာမှတခုပြောရမှာက ပုံတိုင်းကို Loop သွားလုပ်ထားလိုက်ရင် ပုံတွေ အစီစဉ်မကျပဲ ရှုပ်ရှက်ခတ်ပြီးပေါ်လာမှာဖြစ်ပါတယ်။

ဒါကတော့ မိမိလုပ်ထားတဲ့ Flash ကို preview ပြန်ကြည့်တာပါ။

စိတ်ကြိုက်ရပြီဆိုရင်တော့ Publish ကိုနှိပ်ပြီး Flash ဖိုင်ထုတ်လို့ရပြီပေါ့ဗျာ...။

အပေါ်မှာပြထားတဲ့အတိုင်လုပ်လိုက်ရင် အောက်က Flash အတိုင်းရမှာဖြစ်ပါတယ်...။
Labels: Flash
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment