ဗဟုသုတဘဏ်
Beautiful Myanmar | : | အစ်မရဲ့ အနုပညာလှုပ်ရှားမှုလေးပြောပြပေးပါအုံး။ |
သီရိရှင်းသန့် | : | အခု VCD သီချင်းရယ်၊ နောက်ပြီးတော့ ကြော်ငြာရိုက်ထားပါတယ်၊ ကော်ဖီကြော်ငြာတစ်ခု၊ မှန်ချိုဆေးကြောငြာတစ်ခုရိုက်ထားပါတယ်။ |
Beautiful Myanmar | : | ကျန်ခဲ့တဲ့ရက်တွေက အနုပညာနဲ့ပတ်သက်ပြီး ဘာတွေလှုပ်ရှားဖြစ်ခဲ့လဲ။ |
သီရိရှင်းသန့် | : | Wall Sheet တွေရိုက်ထားပါတယ်။ Hello မဂ္ဂဇင်းအတွက်ရယ် နောက်ပြီးတော့ နိုင်ငံတော်အကျိုးပြုသီချင်းတွေရိုက်ထားပါတယ်။ မြန်မာအသံကရိုက်တာပါ။ |
Beautiful Myanmar | : | နောက်ထပ်ဘာတွေများ လှုပ်ရှားဖို့ရှိပါသလဲ။ |
သီရိရှင်းသန့် | : | အင်း-- ကားရိုက်ဖို့ရှိပါတယ်။ ပြီးတော့နို့မှုန့်ကြောငြာရယ်။ နောက်သီတဂူလက်ဝတ်လက်စားကြော်ငြာ ရိုက်ဖို့ရှိပါတယ်။ ဗီဒီယိုရိုက်ဖို့ပြောထားတာတွေက နိုင်းနိုင်းနဲ့ရိုက်မယ်လို့ပြောတယ်။ သေသေချာချာတော့မသိသေးဘူး။ မန္တလေးမှာလည်း Wall Sheet တွေဘာတွေရိုက်ဖို့ရှိပါတယ်။ ဆိုင်ကြော်ငြာတစ်ခုပါ။ |
Beautiful Myanmar | : | အစ်မငယ်ငယ်က ဖြစ်ချင်တဲ့ဘဝနဲ့ အခုလက်ရှိဘဝကဘယ်လိုများ ကွာဟချက်လေးတွေရှိပါသလဲပြောပြပေးပါအုံး။ |
သီရိရှင်းသန့် | : | ငယ်ငယ်တုန်းကတော့ တအားဖြစ်ချင်တာပေါ့။ ဒါပေမယ့် အဲ့ဒီမသိစိတ်ထဲမှာ အနုပညာအလုပ်တွေလုပ်ချင်တာပေါ့။ ဓါတ်ပုံတွေရိုက်ဖြစ်ပါတယ်။။ |
Beautiful Myanmar | : | အနုပညာလမ်းကြောင်းပေါ်စတင်ရောက်ရှိလာပုံက.... |
သီရိရှင်းသန့် | : | ဘယ်လိုရောက်ခဲ့တာလည်းဆိုတာက Alpine ပြိုင်ပွဲဝင်ပြိုင်မယ် ဆိုပြီးတော့ရောက်လာတာပါ။ ဒီရောက်တော့ ပြိုင်ပွဲကမလုပ်ဖြစ်ဘူး။ ဒါပေမယ့်ဓါတ်ပုံဆရာတွေနဲ့ ခင်သွားတယ်။ ကိုအေးဇော် တို့ပေါ့နော်။ အဲ့ဒါနဲ့ နောက်ပိုင်း ဒီလောကထဲရောက်လာတာပါ။ |
Beautiful Myanmar | : | အနုပညာလောကမှာ မသီရိရှင်းသန့်ဆိုတဲ့ နာမည်ကို လူတွေလက်ခံလာတာက ... |
သီရိရှင်းသန့် | : | ကျွန်မထင်တာကတော့ သီချင်းတွေမှာ သရုပ်ဆောင်ရတယ်။ ပြီးတော့ နိုင်ငံတော်အကျိုးပြု သီချင်းတွေကနေပြီးတော့ သိကြတယ်လို့ထင်ပါတယ်။ ပြီးတော့ ဂျာနယ်တွေမဂ္ဂဇင်းတွေမှာလည်း ပါတယ်ဆိုတော့ အဲ့ဒီကနေပြီး သိကြတာထင်ပါတယ်။ |
Beautiful Myanmar | : | ကိုယ့်ရဲ့မွေးရပ်မြေကို သတိရတာမျိုးတွေ ရှိပါသလား။ပြန်ချင်တာမျိုးတွေ ရှိပါသလား။ |
သီရိရှင်းသန့် | : | အင်းအဲ့လိုမျိုးတော့ရှိပါတယ်။ ဒီမှာဘဝအခက်အခဲတွေ ကြုံလာတဲ့အခါ အိမ်ကိုလွမ်းတဲ့စိတ်က ဖြစ်တာပေါ့နော်။ အဲ့အချိန်ကျရင်တော့ စိတ်တွေအရမ်းမွန်းကျပ်လာတယ်။ ထွက်ပြေးချင်တယ်။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တာက ဒီမှာပဲရှိတာလေ။ ဒီအလုပ်ကိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့အတွက် နေရာတစ်နေရာရအောင် ကြိုးစားမယ်ဆိုပြီးတော့ ဒီမှာပဲနေတာပါ။ |
Beautiful Myanmar | : | အစ်မရဲ့ဘဝလက်တွဲဖော် ရွေးချယ်ထားတာရှိပါသလား။ |
သီရိရှင်းသန့် | : | အဲ့ဒါတော့ မစဉ်းစားသေးဘူး(ရယ်လျက်) အခုက အလုပ်ပဲခေါင်းထဲမှာရှိပါတယ်။ အချစ်ဆိုတာကတော့ ရှိလည်းကောင်းတယ်။ မရှိလည်းကောင်းတယ်(ရယ်လျက်)။ တစ်ယောက်ကို တစ်ယောက်သစ္စာရှိရမယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ရမယ်။ အနုပညာလုပ်တဲ့လူတွေက ဥပမာ ချစ်သူက ဖုန်းဆက်လာလို့ မကိုင်ဘူးဆိုရင် ဟိုဘက်ကနားလည်ပေးနိုင်မှလေ။ မဟုတ်ရင် တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုး၊ ရန်ဖြစ်ပြီးကွဲသွားကြရင် အဆင်ပြေမှာမဟုတ်ဘူး။ နားလည်ပေးနိုင်တဲ့သူက အကောင်းဆုံးပါပဲ။ ကိုယ့်အလုပ်ကိုရော၊ ကိုယ့်ကိုယ်ကိုယ်ရော ပြီးတော့ ယုံကြည်မှုလည်းရှိရမယ်ပေါ့နော်။ ပြီးတော့ ညီမ အောင်မြင်မှုတစ်ခုရမှပဲ ဒီကိစ္စတွေကို စဉ်းစားမှာပါ။ |
Beautiful Myanmar | : | အစ်မ E-mail သုံးပါသလား။ |
သီရိရှင်းသန့် | : | ဟုတ်သုံးပါတယ်။ ဒါပေမယ့် Reply မလုပ်ဖြစ်မှာကြောက်တယ်။ ဒါကြောင့် facebook ကိုယူလိုက်နော်။ သီရိရှင်းသန့်ပါပဲ။ |
Beautiful Myanmar | : | အစ်မရဲ့ ပရိသတ်ကြီးအတွက် စကားလက်ဆောင်လေးပြောပြပေးပါ။ |
သီရိရှင်းသန့် | : | အနုပညာနဲ့ပတ်သက်ပြီး အများကြီးလုပ်သွားဖို့ရှိပါတယ်။ တစ်ခါထက် တစ်ခါပိုကောင်းအောင် ကြိုးစားမှာပါ။ နောက်ပြီး ညီမကိုအားပေးပါလို့ ပြောချင်ပါတယ်။ |
Labels: Art-III
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment