ဗဟုသုတဘဏ်
မော်ဒယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ ရုပ်ရည် ချောမောလှပရုံနဲ့ မရပါဘူး။ အဝတ်အစား ဝတ်ဆင်ရာမှာလည်း လိုက်ဖက်ညီ တင့်တယ်ဖို့ လိုပါတယ်။ ခေတ်နဲ့အညီ ပေါ်ပေါက် နေတဲ့ ဖက်ရှင်ရေစီးမှာ အလိုက်သင့်စီးမျောနိုင်မှ ပုံစံလန်းတဲ့ ဒီဇိုင်း အလှကို ခံစားနိုင်မှာပါ။ သီရိရှင်းသန့်ကို သူမရဲ့ ဖက်ရှင် ဒီဇိုင်း အမြင်နဲ့ ပတ်သက်လို့ မေးကြည့်တော့ "သမီးက အခုခတ်စားနေတဲ့ထဲက ကိုယ်နဲ့ လိုက်ဖက်မယ့်ဟာလေးတွေကို ရွေးချယ်ပြီး ဝတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ပဲ ရွေးပါတယ်။ ကိုယ်တိုင်ရွေးတော့ confidence ရှိတာပေါ့နော်။ သူများရွေးတာကို စိတ်ထဲက မကြိုက်ဘူးဆိုရင်လည်း တစ်မျိုးကြီးပေါ့နော်။
သိပ်ပွပွရောင်းရောင်းကြီးတွေဆိုရင် သမီးနဲ့ မလိုက်ဖက်ဘူးထင်တာပဲ။ ကိုယ်ကြိုက်တာ ကိုယ်ရွေးဝတ်တော့ သက်တောင့်သက်သာရှိပြီး အမြင်လည်း ပိုလန်းတယ်" လို့ ပြောကြား သွားခဲ့ပါတယ်။
Ref:The Myanmar Post
Labels: Art-VI
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ