ကိုရီးယားနိုင်ငံ၏ ပဉ္စမအကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအ နားသို့တက်ရောက်ကြမည့် ကိုရီးယားသ ရုပ်ဆောင် ဆောင်အီလ်ဂွတ် (ဂျူမုံ)နှင့် လီဟားနား တို့သည် နိုဝင်ဘာလ ၂၅ရက် နေ့ ည ၇နာရီအချိန်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။
ကိုရီးယားအနုပညာရှင်အဖွဲ့သည် နိုဝင်ဘာလ ၂၆ရက်နေ့ နံနက် ၁၀နာရီခွဲ အချိန်တွင် Chatrium ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံခဲ့ပြီး မွန်းလွဲ ၂နာရီအချိန်တွင် ရန်ကုန်မြို့ ဒဂုံစင်တာ၌ ပရိသတ်နှင့်တွေ့ဆုံ၍ အမှတ်တရ လက်မှတ်ရေးထိုးမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရ သည်။
ယင်းအနုပညာရှင်များသည် နိုဝင်ဘာလ ၂၇ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမျှော်ကြမည်ဖြစ်ကြောင်း သိရသည်။
Labels: Art-VI, News-X
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment