မြဝတီရုပ်သံနှင့် ဆက်စပ်ရုပ်သံလိုင်း ခုနှစ်လိုင်းကို ၂၀၁၁ခုနှစ် နှစ်ဦးပိုင်းတွင် ထုတ်လွှင့် သွားရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း မြဝတီရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အသိုင်းအဝန်းမှ သတင်းရရှိပါသည်။
အဆိုပါ ရုပ်သံလိုင်း ခုနစ်လိုင်းအနက် ငါးလိုင်းကို အခပေးရုပ်သံလိုင်းအဖြစ် ထုတ်လွှင့်သွားရန် စီစဉ်လျက်ရှိပြီး ကျန်နှစ်လိုင်းကို အခမဲ့ လိုင်းအဖြစ် ထုတ်လွှင့်ပေးရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါရုပ်သံလိုင်းများ ထုတ်လွှင့်ရန် လိုအပ်သည့် စက်ပစ္စည်းကို နိုင်ငံတော်မှ ဒေါ်လာ ၄၈သန်းဝန်းကျင်အကုန်အကျခံ တင်သွင်းပေးခြင်း ဖြစ်ပြီး ယင်းပစ္စည်းကို ကြားခံကုမ္ပဏီတစ်ခုမှ တာဝန်ယူကာ ပြည်ပမှ ဝယ်ယူပေးခြင်းဖြစ်ကြောင်းနှင့် ကြားခံဝယ် ယူပေးသည့် ကုမ္ပဏီမှ ရုပ်သံလိုင်းထုတ်လွှင့်မှုကို တာဝန်ယူကာ သက်ဆိုင်ရာဌာနနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအသိုင်းအဝန်းမှ သိရှိရပါသည်။
“အသစ်လွှင့်မယ့် ရုပ်သံလိုင်းတွေက ဒီဂျစ်တယ်စနစ်နဲ့လွှင့်မှာဖြစ်တဲ့အတွက် လက်ရှိမြန်မာနိုင်ငံမှာ အသုံးများတဲ့ ရိုးရိုးအင်တာနာနဲ့ ဖမ်းလို့မရနိုင်ပါဘူး။ စလောင်း၊ Reciver နဲ့ Set-Top Box တွေလိုမှာ ပါ။ ဒီဂျစ်တယ်စနစ်ကို ကူးပြောင်းထုတ်လွှင့်နိုင်ဖို့ ကြိုးစားကြတာဖြစ်တဲ့အတွက် ဒီဂျစ်တယ်နဲ့ ဆိုင်တဲ့ ပစ္စည်းတွေတော့လိုအပ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်....
Weekly Eleven ဂျာနယ်
Labels: News-XI
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment