ဗဟုသုတဘဏ်
၂၀၁၀ခုနှစ် ကမ္ဘာ့အလှမယ် လေဒီဘွိုင်းတွေရဲ့ အလှမယ်ရွေးချယ်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ရက် သောကြာနေ့က ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လှပသွယ်လျှတဲ့ ခြေသလုံး ပေါင်တံ၊ နူးညံ့ဖွေးအိနေတဲ့ အသားရေတွေကို ပိုင်ဆိုင်ထားကြတဲ့ ကမ္ဘာ့နိုင်ငံတလွှားက အလှမယ်လေးတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအခမ်းအနားပွဲကို ထိုင်းနိုင်ငံအခြေစိုက် တစ်ဖ်နီဖျော်ဖြေတင်ဆက်ရေးက ဦးစီးကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီပြိုင်ပွဲရဲ့ အဓိက ထူးခြားတဲ့ စည်းကမ်းချက်ကတော့ အလှမယ်လေးတွေဟာ သဘာဝအတိုင်း ဖွေးဖွားစဉ်က အမျိုးသားတစ်ယောက်လို မွေးဖွားခဲ့ပြီး နောက်ပိုင်းမှာ လိင်ပြောင်းလဲ ခွဲစိတ်လိုက်တာ၊ ဒါမှမဟုတ် ဆန့်ကျင်ဖက်လို ၀တ်စားဆင်ယင် နေထိုင်သွားလာတဲ့သူ (လိင်ပြောင်းလဲခွဲစိတ်ပြီးသူနဲ့ ခွဲစိတ်ကုသရန် ကြိုတင်ပြင်ဆင်နေသူများ) များသာ ပါဝင်ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ စည်းကမ်းချက်ပဲ ဖြစ်ပါတယ်။
လုံလောက်တဲ့ သက်သေအထောက်အထား ပြနိုင်ဖို့အတွက်တော့ မိမိလိင်ခွဲစိတ်ကုသခဲ့တဲ့ ဆရာဝန် ဒါမှမဟုတ် မွေးစာရင်းလက်မှတ်ကို ဖော်ပြနိုင်ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလှမယ်လေးတွေဟာ ခက်ခက်ခဲခဲနဲ့ တစ်ပတ်တာလုံးလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံး သောကြာနေ့ ညမှာကတော့ ကိုးရီးယားနိုင်ငံက အလှမယ်လေး
က ၂၀၁၀ရဲ့ နိုင်ငံတကာ အလှမယ်ဆုကို ဆွတ်ခူးသွားခဲ့ပြီး ဒုတိယဆုကိုတော့ ဂျပန်နိုင်ငံက Ami Takeuchi နဲ့ တတိယအနေနဲ့ အမေရိကန်နိုင်ငံက Stasha Sanchez တို့က ဆွတ်ခူးရရှိသွားခဲ့ကြပါတယ်။လူတချို့ကတော့ ဒီပြိုင်ပွဲမှာ ကိုးရီးယားနိုင်ငံက ရသွားတာကို မဆန်းဘူးလို့ မှတ်ချက်ပေးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်၊ ဖက်ရှင် အ၀တ်စားကနေစပြီး ဟိုး… စားစရာ၊ ကစားစရာတွေအထိ ကိုးရီးယားရူး ရူးနေကြမှတော့ ကိုးရီးယားရတာ မဆန်းဘူးလို့ တီးတိုးပြောဆိုကြတယ်လို့လည်း သိရပါတယ်။
Labels: Beauty-IV, Fantastic News, News-XI
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment