Freedom News Group သည် အနုပညာနယ်ပယ် ထဲ မှ တစ်နှစ် တာအတွင်း ထူးချွန်မှု အရှိဆုံး နှင့် အကျော်ကြား
ဆုံး သရုပ်ဆောင် နှင့် အဆိုတော် တို့ ကို ရွေးချယ် ဖော်ပြလိုက်ပါသည်။ အဆိုပါ ငွေကြယ်ပွင့်များ သည်
သက်ဆိုင်ရာ နယ်ပယ်များ တွင် လူကြိုက်များ မှု ရှိနေပြီး ၎င်း တို့ ၏ အနုပညာ လှုပ်ရှားမှု များ ကို ပရိတ်သတ်
အားပေးမှု မြင့် တက်နေခြင်း ၊ အများပြည် သူများ ကြား ကျော်ကြားမှု ရှိခြင်း၊ အငြင်းပွားဖွယ်ရာများ မရှိခြင်း
တို့ ကို အခြေခံ ၍ ရွေးချယ် ဖော်ပြခြင်း ဖြစ်သည်။


ပြေတီဦး နှင့် အိန္ဒြာ ကျော်ဇင် နှစ်ဦး စလုံးသည် ၂၀၁၀ ခုနှစ်ထဲ တွင် လူကြိုက်အများ ဆုံး သရုပ်ဆောင် များ ဖြစ်ပြီး ၎င်း တို့ နှစ်ဦး စလုံး ၏ ဇာတ်ကားများ သည် မြန်မာ နိုင်ငံတွင်း ရှိ ဗီဒီယို အခွေ ဆိုင်များ ဉ် လူကြိုက် အများ ဆုံး ဖြစ်သည်။ ထိုသရုပ် ဆောင် နှစ်ဦး ၏ ဇန်န၀ါရီလ အတွင်း မင်္ဂလာ ဆောင် အခမ်းအနား အား လည်း ပရိသတ်က စိတ်ဝင်စားကြနေသည်။

နေတိုးသည် ၂၀၁၀ မြန်မာဗီဒီယို ဈေးကွက် ဉ် ပရိသတ် အားပေးမှု ရသော ပြိုင် ဘက်မရှိ မင်းသား တစ်လက် ဖြစ်နေပြီး ဒါရိုက်တာ မောင်မျိုးမင်း ၏ ထာဝရ နှင်းဆီ အငြိမ့် တွင် ပါဝင် အသုံးတော် ခံခဲ့ရာတွင် လည်းပြည်သူများ ၏ အားပေးမှု ကို ရရှိခဲ့သည်။

သီရိရှင်းသန့့် သည် ကိုယ်ဟန်ပြမယ် တစ်ဦး ဖြစ်ပြီး ယခု နှစ် တွင် များစွာသော မော်ဒယ်ရှိုးများ ၊ ကြော်ငြာများ ၊ ဖျော်ဖြေတင်ဆက်မှု အချို့ တွင် ပါဝင် ခဲ့ရသည်

ချစ်သုဝေသည် အဆိုတော် နှင့် သရုပ်ဆောင် နှစ်ခု လုံး တွင် ပါအောင်မြင် သူ ဖြစ်ပြီး ယခုနှစ် အတွင်း သူ၏ သီဆိုဖျော်ဖြေပွဲ များ နှင့် ဗီဒီယို ဇာတ်လမ်းများ ကို ပရိသတ် က နှစ်သက်ကြသည်

မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ် လူကြိုက်များ ပြီး တကယ်ဆိုရင် အချစ် ပဲ လိုတယ် ဆိုသည့် တေးအယ်(လ)ဘမ် ကြောင့် လည်း လူကြိုက်များ နေသည်။ အနောက်တိုင်း သူ တစ်ယောက် ကဲ့ သို့ စွဲမက်ဖွယ်ရာ ကိုယ်နေဟန်ထား ကို ပိုင်ဆိုင် သူ ဖြစ်သောကြောင့် ဘီဘုဒ် ကြော်ငြာ အချို့ တွင် လည်း သရုပ်ဆောင်ရသည်.

ယခုနှစ် အတွင်း စင်မြင့် ဖျော်ဖြေပွဲ ပေါင်းများစွာ၊ နိုင်ငံခြား ဖျော်ဖြေပွဲစဉ်များ၊ ဧည့်ခံ ပွဲများ တွင် သီဆိုဖျော်ဖြေရသူ တစ်ဦး ဖြစ်သည်။
Labels: First histories-III, Knowledge-III
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment