iTunes 10 အတွက်လည်း မြန်မာ Font သုံးလို့ရသွားပါပြီ။
ပိုတောင်လွယ်သွားသေးတယ် ....Font Metadata မပြင်ပဲနဲ့တောင်
လုပ်လို့ရမယ်ထင်တယ်။ အခုမှ စလုပ်မဲ့လူတွေစမ်းကြည့်လိုက်ပေါ့...
ပထမဆုံး အရင်တုန်းက Resource Folder ထဲမှာပဲ TextStyles.plist ဆိုတာကို
ရှာပြီး Notepad လိုမျိုး Plain Text Editor နဲ့ဖွင့်ပါ။ ကျွှန်တော်ကတော့
Geek Essential Tool ဖြစ်တဲ့ Notepad ++ နဲ့ပဲ ပြပါမယ်။

TextStyles.plist read in Notepad ++
ထို့နောက် ပုံထဲက အတိုင်း xml နဲ့ရေးထားတဲ့ Text File ပေါ်လာပါမယ်။
ပုံထဲတွင် Segoe UI (Windows 7 Default Font) နှင့် Tahoma ဆိုတဲ့ Fonts
နှစ်ခုရယ် ပုံထဲမှာ မမြင်ရတဲ့ Lucida Grande ဆိုတဲ့ Font ရယ်တွေ့ရပါမယ်။

"Myanmar Font Name, i.e. Zawgyi-one"
ပြီးရင် အခုနကပြောတဲ့ Fonts သုံးခုလုံးကို Zawgyi နဲ့ လဲပါမယ်။ Replace ကို Ctrl + H နှိပ်ပြီး ခေါ်လို့ရသလို ပုံမှာလည်းပြထားပါတယ်။

Click Here To Replace Existing Fonts With Zawgyi-one
အရင်တုန်းက Font Metadata ပြောင်းထားဖူးတဲ့ သူတွေက ကိုယ်ပြောင်းထားတဲ့
Font Name ကိုပဲ ဆက်သုံးနိုင်သလို အခုမှ စလုပ်မဲ့လူတွေက Zawgyi-One ဆိုပြီး
ပုံမှာပြထားသလို ပြောင်းထဲ့နိုင်ပါတယ်။
Find What တွင် Segoe UI, Tahoma နဲ့ Lucida Grande တို့ကို
ရိုက်ထည့်ပြီး Replace With မှာ Zawgyi-One သို့ မိမိသုံးမဲ့ Font Name ကို
ရိုက်ထည့်နိုင်ပါတယ်။ ပြီးရင် Replace All ကိုနှိပ်ပြီး Save
လုပ်ပေးလိုက်ပါ။

Replace
ပြီးနောက် Viola
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment