
မဲ ဆန္ဒရှင်များ အပါအ၀င် နိုင်ငံ တကာက စိတ်ဝင်စား နေသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ၏ နိုင်ငံတော် သမ္မတ အဖြစ် ဦးသိန်းစိန် အား ရွေးချယ် တင်မြှောက် လိုက်ပြီ ဖြစ် ကြောင်း နိုင်ငံပိုင် သတင်း မီဒီယာများ ၏ ဖေဖော်ဝါရီ ၄ ရက် သတင်းထုတ် ပြန်ချက်များ အရ သိရ သည်။ ဦးသိန်း စိန်သည် ၂၁ ရာစု အတွင်း ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံ၏ ပထမ ဦးဆုံး သမ္မတဖြစ်လာ ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံ တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ပျောက်ကွယ်ခဲ့သော သမ္မတ နေရာအား ယခု အခါ ပြည် ထောင်စု လွှတ်တော်မှ ရွေးချယ် တင် မြှောက် နိုင်ခဲ့ပြီ ဖြစ်သည်။ ၁၉၄၈ ခုနှစ် မြန်မာ နိုင်ငံ လွတ်လပ်ရေး ရရှိ ခဲ့ပြီး ချိန်မှ စ၍ ယနေ့ အထိ သမ္မတ အဖြစ် တာဝန်ယူ ခဲ့ သူများမှာ ပထမ ဦးဆုံး သမ္မတ ဦးစ၀်ရွှေသိုက်၊ ဦးမန်း ၀င်းမောင်၊ ဦးဘဦး၊ ဦးနေ၀င်း၊ ဦး စန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာ မောင် မောင်နှင့် ဦးသိန်းစိန် တို့ဖြစ်ကြသည်။
ဖေဖော်ဝါရီ ၃ ရက်တွင် ဒုတိယ သမ္မတများ အဖြစ် တပ်မတော် ကိုယ်စားလှယ် များက သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် များက ဦးသိန်း စိန်၊ အမျိုးသား လွှတ်တော် ကိုယ်စား လှယ်များ က ဒေါက်တာ စိုင်းမောက် ခမ်း(ခ) မောင်အုန်းတို့ အား ရွေးချယ် ပေးခဲ့ သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်အားလုံး ပါဝင်သော သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့အစည်း အဝေးက ဒုတိယ သမ္မတ သုံးဦး အနက် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အစု အဖွဲ့မှ ဦးသိန်းစိန် အား နိုင်ငံတော် သမ္မတ အဖြစ် ထောက်ခံ ဆန္ဒမဲ ၄၀၈ မဲဖြင့် ရွေး ချယ် တင်မြှောက် လိုက်သည်။သီဟ သူရ ဦးတင်အောင်မြင့်ဦး နှင့် ဒေါက် တာစိုင်း မောက်ခမ်း (ခ) မောင်အုန်း တို့မှာ ဒုတိယ သမ္မတများ အဖြစ် ပြည်ထောင်စု လွှတ်တော်က အတည် ပြုလိုက် ကြောင်း နိုင်ငံပိုင် မီဒီယာ များ၏ ထုတ်ပြန်ချက် အရ သိရ သည်။
Labels: First histories-III
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment