ဗဟုသုတဘဏ်
"ကျွန်တော်တို့ရဲ့ ဆွမ်းကျွေး မင်္ဂလာပွဲက သိပ်အများကြီးတော့လည်း မဖိတ်ဖြစ်လိုက်ဘူး။ ခင်မင်တဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲ လုပ်ဖြစ်သွားတာပါ။ အိမ်ထောင်ကျသွားတဲ့ အတွက်လည်း ဘာမှတော့ထူးထူးခြားခြား ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အရင်လိုပါပဲ။ လုပ်စရာရှိတာလေးတွေ ဆက်လုပ်သွားမှာပါ" ဟု အဆိုတော်ကြက်ဖက သူ၏မင်္ဂလာ ဆွမ်းကျွေးနှင့် ပတ်သက်၍ပြောပြခဲ့သည်။
ထို့အပြင် ဇနီးဖြစ်သူ လင်းလင်းကလည်း "လင်းလင်းတို့ ချစ်သူတွေ ဖြစ်နေတာတော့ ကြာပါပြီ။ လက်ထပ်ဖို့အခုမှ ဆုံးဖြတ်ဖြစ်သွားတာ။ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ပဲ ပွဲလေးလုပ်ဖို့စီစဉ်ဖြစ်တာပါ။ ချစ်တဲ့သူနဲ့ လက်တွဲခွင့်ရတဲ့အတွက် ပျော်ပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ ဇနီးဖြစ်သွားတဲ့အတွက် အစစအရာရာတော့ ပြင်ဆင်ထားပါတယ်။ အနုပညာနဲ့ ပတ်သက်လို့လည်း နားလည်မှုရှိအောင် ကြိုးစားသွားမှာပါ"ဟု ပြောပြခဲ့သည်။
Ref: Bi Weekly Eleven
Labels: Art-V
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment