this site the web

1515..ငါးသိန်းတန်ဖုန်း နှင့် အင်တာနက်သုံးရင်... ( 27.5.11 )

 
                     ငါးသိန်းတန်ဖုန်း EVDO ကတ်ကို ကွန်ပျူတာနဲ့ အင်တာနက်သုံးပြီးရင် ကွန်နက်ရှင်ကို သေချာမပိတ်လို့ အင်တာနက်သုံးစွဲခနှုန်းတွေ များစွာ ပေးလာရကြောင်းသိရသည်။
EVDO ကတ်ကို ချိတ်ပြီး အင်တာနက်သုံးရင် ကွန်ပျူတာပေါ်မှာ ကွန်နက်ရှင်ဖွင့်မှ အင်တာနက်သုံးလို့ရပြီး ပိတ်တဲ့အခါမှာလဲ ကွန်နက်ရှင်ကို ပိတ်ပြီးမှ နည်းစနစ်ကျတာဖြစ်ပြီး
ကွန်ပျူတာပိတ်ပြီး ကွန်နက်ရှင်မပိတ်ရင် မပိတ်တဲ့အချိန်ထိ အင်တာနက် ၀န်ဆောင်ခ ပေးရမှာဖြစ်ပါတယ်။
EVDO ကတ်နဲ့ အင်တာနက်သုံးရင် တစ်မိနစ်ကို ၀န်ဆောင်ခ လေးကျပ်ပေးရမှာဖြစ်တယ်။ EVDO ကတ်ကို ကွန်ပျူတာနဲ့ အင်တာနက်မသုံးဘဲ ဖုန်းနဲ့သုံးရင်လည်း
ကွန်နက်ရှင်ကို ပြန်မပိတ်မိရင် သုံးစွဲခတွေ တက်မှာ ဖြစ်ကြောင်း သိရသည်။ ဖုန်းကို တစ်ခါတည်း ဖြုတ်ရုံနဲ့ ကွန်နက်ရှင် ပိတ်မသွားသောကြောင့် သုံးစွဲခတွေ တက်မည်
ဖြစ်သည်။ EVDO ကတ်နဲ့ အင်တာနက် သုံးစွဲလို့ရတာက ဇန်န၀ါရီလ ကတည်းက စရတာဖြစ်တယ်။ အရင်က ကွန်နက်ရှင်မပိတ်မိလို့ အင်တာနက်ဘီလ်တက်တာမျိုး မရှိပေမဲ့
အခုမှသာ ကွန်နက်ရှင်မပိတ်မိလို့ ဘီလ်တွေ တက်တာမျိုးရှိလာကြောင်း သိရသည်။

အင်တာနက်စသုံးရင် လုပ်ရမယ့်အချက်များ

- ဖုန်းကို modem နဲ့မဟုတ်ဘဲ ရိုးရိုးဟန်းဆက်နဲ့ အင်တာနက်သုံးမယ်ဆိုရင် ဖုန်းနဲ့ connection ကြိုးနဲ့ ချိတ်ရမယ်။
- ကွန်ပျုတာစက်မှာ 3G Connection Software ထည့်ရမယ်။
- စသုံးရင် 3G Connection ကို ဖွင့်ရမယ်။
- 3G Connection ဖွင့်မှ Bagan net ပွင့်မှ စသုံးလို့ရမည်။
- gtalk သုံးချင်ရင် ကွန်ပျူတာမှာရှိတဲ့ နေ့ရက်၊ အချိန်၊ နာရီတွေကို မှန်အောင် ဖြည့်ပြီးမှ သုံးလို့ရမည်။

အင်တာနက်ပိတ်ရင် လုပ်ရမယ့်အချက်များ

- 3G Connection ကို ၀င်ရမယ်။
- 3G Connection က Stop Connection Button ကို နှိပ်ရမည်။
- နှစ်မိနစ်လောက်ကြာရင် Connection ပြတ်သွားမယ်။ အဲဒါဆိုရင် Connection ပိတ်ပြီးသွားပြီ ဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ