this site the web

1537..အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ ကွယ်လွန်ရှာ ( 16.6.11 )

 
၁၄ဇွန်၂၀၁၁ ရုတ်ရှင်သရုတ်ဆောင်အကယ်ဒမီနွဲ့နွဲ့မူ အသက် ၆၁ နှစ်ဟာဇွန်၁၄ ရက် မနက် ၆ နာရီလောက်ကရန်ကုန်မြို့မှာအစာအိမ်သွေးကြောပေါက်
ပြီးကွယ်လွန်သွားပါတယ်။ ဒေါ်နွဲ့နွဲ့မူကို ၁၉၅၀ ပြည့်နှစ်သြဂုတ်လ ၁၈ ရက်နေ့က ဟင်္သာတမြို့မှာဖခင်ဖြစ်သူ ဦးသော် ( ပညာရေးဌာနဝန်ထမ်း )နဲ့ မိခင်
ဖြစ်သူရုတ်ရှင်သရုတ်ဆောင် အကယ်ဒမီ ဒေါ်သိန်းရှင်တို့ကမွေးဖွားခဲ့ပြီး သားသမီးငါးဦးအနက် တတိယမြောက်သမီးဖြစ်ပါသည်။ ၁၉၇၀ပြည့်နှစ်ကျော်
ကာလတွေတုန်းက မြန်မာ့ရုတ်ရှင်လေကမှာ ဇာတ်ကားပေါင်းရာနဲ့ချီရိုက်ကူးပြီး ၁၉၇၅ ခုနှစ်မှာ နော်မကူဇာတ်ကားနဲ့ အကယ်ဒမီရခဲ့တယ်။ ထို့နောက်
ရုတ်ရှင်လောကနဲ့ ဆယ်စုနှစ် ၂ခုကျော် အဆက်ပြတ်ပြီတဲ့နောက် လွန်ခဲ့တဲ့ ၈ နှစ်လောက်မှ ဗီဒီယိုဇာတ်လမ်းတွေမှာ ပြန်လည်သရုတ်ဆောင်ခဲ့ပါတယ်
အနုပညာမျိုးရိုးရှိသူဖြစ်ပြီး ကွယ်လွန်သွားတဲ့ ရုတ်ရှင်သရုတ်ဆောင်ဒေါ်ကြည်ကြည်ဌေးရဲ့ တူမအရင်းဖြစ်သည်။ သူရဲ့ထင်ရှားတဲ့ ရုတ်ရှင်ကားတွေကတော့
သမန်းကျား ၊ ငယ်ကျွမ်းဆွေ ၊ အကယ်ဒမီရတဲ့ နော်ကူးမ ၊ နေကြည်ဖြာမှနွေးသောကြောင့် ၊ မမုန်းလေနဲ့ ငပလီ ၊ ပျဉ်းမငုတ်တိုစတဲ့ရုတ်ရှင်ကားတွေဖြစ်ပါ
တယ်ဒေါ်နွဲ့နွဲ့မူကနောက်ပိုင်းကျနော်နဲ့ အမေဇာတ်လမ်းတွေရိုတ်ဖူးတယ်။ အစ်မအနေနဲ့လည်းရိုတ်ဖူးတယ်။ အမေနွဲ့မူက မိဘသရုတ်ဆောင်တဲ့နေရာတွေမှာ
နိုင်နင်းပါတယ်။ ကရင်လူမျိုးတွေရဲ့စရိုက်ကိုကောင်းကောင်း သရုတ်ဆောင်နိုင်တယ်ကရင်လေသံရအောင်ပြောနိုင်တယ်။ ဟန်ပန်ကော တကယ့်အနုပညာမှာ
အနုပညာကဝေလို့တောင်ပြောလို့ရတယ် ။ ဒေါ်နွဲ့နွဲ့မူရဲ့ ရုတ်အလောင်းကို ဇွန်လ ၁၅ ရက်နေ့ မနက် ၁၀ နာရီမှာ ဗားဂရာ ခရစ်ယာန်ဘုရားကျောင်းကို ပို့
ဆောင်ကာဝတ်ပြုကိုးကွယ်ပြီး အဲဒီကမှတဆင့် ရေဝေး ခရစ်ယာန်သုသန်သို့ပို့ဆောင်ဂူသွင်းမည်လို့ သိရတယ်။ ဒေါ်နွဲ့နွဲ့မူ ကွယ်လွန်ချိန်မှာ သားတစ်ဦး
သမီးတစ်ဦးကျန်ရစ်ပါတယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ