this site the web

1542..ဇနီးမယားချင်း ဖလှယ်ပြီး လက်ထပ်တယ်တဲ့ ( 23.6.11 )

 

တရုတ်နိုင်ငံမှ အမျိုး​သား​ နှစ်ဦး​သည် ဇနီး​များ​ကို ကွာရှင်း​ပြီး​နောက် အချင်း​ချင်း​ ဇနီး​အလဲအလှယ်လုပ်ကာ ကျန်တစ်ဦး​၏ ဇနီး​နှင့်​ အပြန်အလှန် လက်ထပ်ခဲ့​ကြောင်း​ သိရသည်။

အသက် ၄၀ ​ကျော်အရွယ် ရှိကြ​သော လူ ၄ ဦး​တို့​သည် ယင်း​တို့​၏ ငယ်ချစ်ဦး​များ​နှင့်​ ကွဲကွာခဲ့​ရသည်။ ဟွာအင်း​မှ လင်ရှန်နှင့်​ လီလီတို့​သည် ငယ်ဘဝကတည်း​က ချစ်သူများ​ဖြစ်ခဲ့​သော်လည်း​ မိဘများ​၏ အတင်း​ခွဲမှု​ကြောင့်​ ​ဝေး​ကွာခဲ့​ရသည်။

လင်သည် ဇီဟွန်နှင့်​ လက်ထပ်ဖြစ်ခဲ့​ပြီး​ ဇီကိုယ်တိုင်မှာလည်း​ ဟွမ်ဂန်း​အား​ ချစ်လျက်နှင့်​ လက်လွှတ်ခဲ့​ရသည်။ ဟွမ်မှာ ဆင်း​ရဲနွမ်း​ပါး​သော​ကြောင့်​ ဇီ၏ မိဘများ​က သ​ဘောမတူခဲ့​ချေ။ ​နောက်ပိုင်း​တွင် ဟွမ်သည် ဇီ၏ ချစ်သူဖြစ်​သော လီလီနှင့်​ ​တွေ့​ဆုံကာ လက်ထပ်ဖြစ်သွား​သည်။ ယင်း​တို့​ ​လေး​ဦး​လုံး​သည် ငယ်ချစ်ဦး​များ​ကို အသီး​သီး​ မ​မေ့​နိုင်ဘဲ ဖြစ်​နေခဲ့​ကြသည်။

သို့​သော် ဆန်း​ကျယ်လှ​သော ကံကြမ္မာအရ ယင်း​တို့​သည် ချစ်သူများ​ အပြန်အလှန် လူလွဲပြီး​ လက်ထပ်ထား​ကြောင်း​ သိရှိလာပြီး​နောက် လင်မယား​ နှစ်စုံတွဲမှာ ငြိမ်း​ချမ်း​ပျော်ရွှင်စွာ ညှိနှိုင်း​ပြီး​ ငယ်ချစ်ဦး​ချင်း​ လက်ထပ်ခဲ့​ကြခြင်း​ဖြစ်သည်။

လွန်ခဲ့​ သော နှစ် ၂၀ ခန့်​က ချစ်လျက်နှင့်​ ​ဝေး​ခဲ့​ရသူ စုံတွဲများ​သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က လက်ရှိအိမ်​ထောင်များ​နှင့်​ ကွာရှင်း​ကာ အချင်း​ချင်း​ ပြန်လည်​ပေါင်း​ဖက်ပြီး​ တစ်ရက်ထဲတွင် လက်ထပ်ဖြစ်ခဲ့​ခြင်း​ဟု သိရှိရသည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

5 - ဦး မှတ်ချက်ပေးထားပါသည်

Blogger minthantzaww said...

မစိုးဘူးနော်...နားလည်မှု၇ှိကြတယ်နော်...လာလည်ပါတယ်နော်

10/7/11 2:45 PM  
Blogger မုန်တိုင်း said...

:P

10/7/11 4:37 PM  
Anonymous Anonymous said...

good

7/10/11 9:53 PM  
Anonymous ေ၀ၾကီး said...

အရမါးကိုချစ်ကြတယ်ထင်တယ် ကောင်းပါတယ်ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းရတဲ့တွက် ပျော်စရာပေါ့

8/12/11 12:02 PM  
Blogger Unknown said...

ကံ တရားဆိုတာ ဆန်းကြယ် လှပါတယ်ဗျာ

9/9/12 6:33 AM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ