this site the web

1561..နှစ်သက်မိသော် သူတို့အတွေး နဲ့ အရေး ( 14 ) 15.8.11

 

အလောသုံးဆယ်


အလော သုံးဆယ် ဆိုတဲ့ စကားလေး ကိုတော့ အနီးကပ်မှ မြန်မြန်လုပ်တာ ၊ အလျင်စလို လုပ်တာမျိုး ကို သုံးတတ် ကြပါတယ်။ နောက် တစ်ခု က ဖုတ်ပူ မီးတိုက် ဆိုတဲ့ စကားရပ်လေး လည်း သုံးကြ ပြန်ပါတယ်။ အနီးကပ်မှ အမော တကော သုတ်သီးသုတ်ပြာ လုပ်တာကို ပြောခြင်း ဖြစ်ပါတယ်။
ဒီ အလောသုံးဆယ် တို. ဖုတ်ပူမီးတိုက် ဒီစကားရပ် ကလေးကို ဘယ်ကလာ မှန်း မသိ ခဲ့ပေမဲ့ ဒီစကားလုံးလေး ဟာ ကျွန်မ အတွက် အမြဲ ရင်းနှီးခဲ့ပါတယ်။ ရှေးလူ ကြီးတွေ နဲ့ ကျွန်မ တို. မေမေ တို. အသုံးများတဲ့ စကားပေါ့ ၊ လောကမှာ ဘယ်ကိစ္စ မဆို ဖုတ်ပူမီးတိုက် ၊ အလော သုံးဆယ် လုပ်တာ မကောင်းဘူး ဆိုပြီး ဆုံးမ ကြတယ်။
သူတို. ဆို ဆုံးမတဲ့ သဘောက တော့ အလုပ်ကို သေသေချာချာ စနစ်တကျနဲ့ လုပ်ဖို.ပေါ့။ ကျွန်မ မေမေ ခဏ ခဏ ကျွန်မကို ပြောတဲ့ စကား ၊ ဟုတ်တယ်၊ ကျွန်မ ကလည်း ပြောလည်း ပြောချင် စရာ။ ကျွန်မ အလုပ်လုပ် ပုံလည်း ကြည့် ၊ ကျွန်မ မီး ပူတိုက် မှာ အလွန်ပျင်း သူတစ်ယောက်ပါ။ ကျွန်မ ငယ်ငယ်က ကိုယ့် အ၀တ်အစား ကို ကိုယ်တိုင် မီးပူ တိုက်ရပါတယ်။ မန္တလေးက လည်းရာသီ ဥတုက ပူတော့ မီးပူတိုက်ရင် ချွေးပြိုက်ပြိုက် ကျတာပေါ့။ ဒါကြောင့် အ၀တ်အစားကို ပါးပါးပေါ့ပေါ့ လေးတွေ ရှာဝတ် တယ်။ အဲဒီ ပေါ့ပေါ့ ပါးပါး အ၀တ် တွေက သိပ်ပြီး အ၀တ်ကို ခေါက်ရိုး ကျိုးအောင် ခေါက်နေစရာ မလိုဘူးပေါ့။
ဒါကြောင့် ကျွန်မ အ၀တ် အစား တွေကို မီးပူတိုက်တဲ့ အခါ တစ်ထည်လုံးကို မီးပူနဲ့ တစ်ပတ် ဝှေ.လိုက်ပြီး ခေါက်ချလိုက်တယ်။ ပြီးတော့ ခေါက်ထားတဲ့ အ၀တ် ပေါ်ကနေ မီးပူကို တစ်ချက် ခပ်ပြင်းပြင်း ဖိဆွဲ ချလိုက်တာပေါ့ ။ အဲဒီလို လုပ်တော့ ကျွန်မ မီးပူတိုက်တာ သိပ်မြန်ပြီး ခဏလေးနဲ့ ပြီးတာပေါ့ ။ ဒါနဲ့ ကျွန်မ မေမေက ဟဲ့ ညည်း မီးပူတိုက်တာ ဖုတ်ပူမီးတိုက် အလောသုံးဆယ် နဲ့ ပြန့်ကော ပြန်. ရဲ့လား ။ ကျွန်မကတော့ စိတ်ထဲ ပြန့် ပြန့် ၊ မပြန့် ပြန့် ကိုယ်တိုက် ပြီး ကိုယ်ပြန်ဝတ် တာမို. ကျွန်မ မေမေ အမေးကို နုတ်ဆိတ်လို. နေခဲ့ဘူးပါတယ်။့  ကျွန်မ အရည် အသွေးကို ထည့်မစဉ်းစား၊ ကျွန်မ အထည် များများ နဲ့ အရေအတွက် မြန်မြန် ပြီးဖို. အရေးပဲ ကျွန်မ ခေါင်းထဲမှာ ရှိခဲ့ပါတယ်။
ခုတော့ ဒီစကားလုံးလေး ကိုကျွန်မ မေ.လုဆဲဆဲ ဖြစ်နေပြီ။ နေ.စဉ်နေ.တိုင်း ကျွန်မ မိုးလင်း မိုးချုပ် အလော သုံးဆယ် နဲ့ ပြေးလွှား နေလိုက်တာများ ။ ကျွန်မ နဲ့ အတူ လမ်းသွား လမ်းလာတွေ ကြည့်လိုက်လည်း ကျွန်မ နည်းတူ ပြေးပြေးလွှားလွှား။ လုပ်ငန်းခွင်လည်း အနီးကပ်မှ လာပေးတဲ့ အလုပ်တွေ ကို လုပ်ရတာ ဖတ်ဖတ် ကိုမောလို. ၊ နောက် အလုပ်ပြန် တော့လည်း အိမ်အမြန် ပြန်ရောက်ဖို. အရေး နဲ့ ညနေစာ ဘာချက်စား ရရင်ကောင်းမလဲ အတွေးတွေနဲ့ အတူ အပြေးလေး အိမ်ပြန်ခဲ့ ရပါတယ်။ ကျွန်မ ပတ်ဝန်း ကျင်က လူတွေ အားလုံးလည်း ကျွန်မလိုပဲ အတွေးတွေ နဲ့ ပင် တစ်နေ.တာ ကုန်ဆုံးကြမှာ အမှန်ပါ။
ဒီလိုနဲ့ မေမေ စင်္ကာပူကို ခဏလေး လာတဲ့ အချိန်မှာတော့ မေမေ နဲ့အတူ စင်္ကာအပူ အနှံ လျောက်လည်ကြတယ်။ စင်္ကာပူရဲ့ လမ်းပန်း ဆက်သွယ်ရေးက MRT လို.ခေါ်တဲ့ မြို.ပတ် ရထားကို လူအများစု အသုံးပြုကြတယ်။ မီးပွိုင့်မိလို့ စောင့်ရတာ လည်:မရှိသလို ဘူတာတိုင်း ရပ်ပြီ: တစ်ဘူတာ ၂မိနစ်၊ (၃) မိနစ် လောက်ပဲ ကြာတယ်၊ ရထား station အ၀င်စ လောက် ရှိရုံနဲ့ ကိုယ်စီး ရမဲ့ ရထားဟ (၁) မိနစ် စောင့်ရမယ်။ next train က (၃) မိနစ် စောင့် ရမယ်။ စသဖြင့် train information board မှာ စာတမ်းတွေ ဖတ် ကြည့် လိုက်တာနဲ့ သိနိုင်ပါတယ်။
ရထား ဘူတာရုံ တော်တော် များများဟာ မြေအောက်၊ ထဲမှာ ဆိုတော့ ရထားဆိုက်တဲ့ နေရာအထိ ပေ ၈၀ပေ ၁၀၀ လောက်ကို စက်လှေကားနဲ့  ဆင်းသွား ရပါတယ်။ စက်လှေကား ဆိုတော့ လမ်:လျှောက်ရင်း တက် လို့ရသလို လမ်းမလျှောက် ချင်သူများ အတွက်လည်: အဆင်ပြေတာပေါ့။ ဒါကြောင့် ဘူတာအ၀င် ၀ကနေ စပြီး ရထားဆိုက်တဲ့ နေရာအထိ အပြေးလေး သွားရင် (၁) မိနစ်လောက် ဆိုရင်ပဲ ရထားဟာ မှီရုံလောက်နဲ့ အံကိုက်လောက် ဖြစ်တတ်တယ်။ ဒါကြောင့် ပြေးရတော့တာပေါ့ ၊ အဲလိုမပြေးရင် Next Train က အလုပ်ချိန်ဆို ရထား တစ်စီးနဲ့ တစ်စီး ကွာလှ (၂) မိနစ် (၃) မိနစ် လောက်ပါပဲ ။ သို့ပေမဲ့ ဒီ မိနစ် ပိုင်းလေး လောက်နဲ့ ပင် ပြေးလွှား မောပန်း နေကြဆဲပါပဲ။

ကျွန်မ၊ မေမေလာလည် တဲ့ အခါ MRT ရထားစီး တော့ ရထားဘူတာမှာ ရွေ.ရှားနေတဲ့ စက်လှေကားကြီး ပေါ်မှာ ကျွန်မ တစ်ဒုံးဒုံး တစ်ဒိုင်းဒိုင်း ပြေးမိ လိုက်ပါတယ်။ မေမေက ပြောပါတယ်။ ညည်း ဟာက စက်လှေကားကြီး ကလည်း ရွေ.နေတယ်။ ညည်းကလည်း စက်လှေကားပေါ်မှာ ထပ်ရွေ. လိုက်သေးတယ်လို. ပြောပါတယ်။ မေမေ မြန်မြန် တက် ရထားက (၁) မိနစ် ဆိုရောက်ပြီ ၊ နောက်ရထားက စောင့်ရမှာလို.၊ ကျွန်မ မေမေကို အော်ပြောလိုက်တယ် ။
ကျွန်မကတော့ ချိန်ကိုက်ပေါ့ အချိန် တစ်မိနစ်လေးကို ကျွန်မ အသုံးချ လိုက်ချင်သည်။ ဒီတစ်မိနစ်မှာ ကျွန်မ ပြေးလိုက်ရင် ရထားမှီပြီး နောက်ရထား ထပ်စောင့် စရာ မလို ။ သို.ပေမဲ့ ကျွန်မမေမေ က ဒီနိုင်ငံ နဲ့ အကျွမ်း တစ်ဝင် မဖြစ်တာကို ကျွန်မ ဂရုမစိုက်မိပေ။ ကျွန်မ ရထားကြီး ရှေ.လည်း ရောက်ရော ၊ မေမေ ကိုလှည့် ကြည့်တော့ မေမေက အေးအေး ဆေးဆေး နောက်မှ ရောက်လာပါတယ်။ ကျွန်မ ရထားကြီး ရှေ.ရောက် နေသော်လည်း မေမေ မပါတော့ တက်မဖြစ် ။ ရထားကြီး ကတော့ doors closing တီတီတီ တီ တီ ဆိုပြီး အပြေးလေး ထွက် သွားခဲ့ပါပြီ။ မေမေ ကိုစောင့် နေလို. မဟုတ်ရင် ဒီရထား မှီတယ်။ လို. ကျမ မေမေ ကို စိတ်မရှည်တဲ့ လေသံ မျိုးဖြင့် ကျွန်မ ပြောလိုက် မိပါတယ်။
မေမေ ကတော့ ကျွန်မကို ဘ၀င်မကျ တဲ့ လေသံနဲ့။ နောက်ရထားက (၃) မိနစ်လေး ထပ်စောင့် ရမှာကို များ ၊ ညည်း ဘယ်လို ဖြစ်နေတာလဲ ၊ ဖုတ်ပူမီးတိုက် သွားနေရ လောက်အောင် နောက်က ကျားလိုက်တာ ကျနေတာပဲ လို.ပြောလို. ကျွန်မ သတိလေး တစ်ချက်ပြန် ၀င်ခဲ့ပါတယ်။ မေမေ ပြောတာ လည်း ဟုတ်နေတာကိုး ။

နောက် ကျွန်မကို သတိပေးတဲ့ အရာလေးတစ်ခု က ကျွန်မ အမျိုးသားနဲ့ ကျွန်မ ထမင်းလက်စုံ စားအပြီး ထမင်းစားဝိုင်းက မထ သေးပဲ စကားစမည် ပြောကြ ပါတယ်။ ခဏလေး နေတော့ ကျွန်မ အမျိုးသားက ပုဂံတွေ သိမ်းဆည်းပြီး ဆေးဖို.ရာ ထမင်းစား ပွဲက အရင်ထ လိုက်တဲ့ အချိန်မှာ ကျွန်မက “ ခဏလေး၊ ခဏလေး” ကျွန်မ ဒါလေး အရင်ဆေး လိုက် ဦးမယ် ဆိုပြီး သူများလုပ်မယ် ကြံမှ ကျွန်မ သူများကို ခဏလေး ဆိုပြီး ကျွန်မ အရင်လု လုပ်လိုက် မိပါတယ်။
ကျွန်မ စိတ်ထဲမှာတော့ ကျွန်မ စားတာ အရင် ဆေးပြီး မြန်မြန် အနားယူမယ်ပေါ့။ ကျွန်မ အမျိုးသားက မင်း စင်္ကာပူမှာ အလုပ်လုပ်တာ ၊ အလုပ်ပဲ လုပ် ပါ ကွာ “စ” လုံး ရဲ့ မကောင်းတဲ့ စိတ်တော့ မမွေးနဲ့ ဆိုပြီး ကျွန်မကို စကားလုံး တစ်လုံး ပစ်သွင်း လိုက်ပါတယ်။ ကျွန်မလည်း ဘာ”စ “လုံး ရဲ့ မကောင်းတဲ့ စိတ် လည်း လို. ပြန် ရန် တွေ.တော့ ။
အစကတည်းက လုပ်ရမဲ့ အချိန်ကျ မလုပ်ပဲ အချိန်ဆွဲပြီး နေသာသလို နေနေပြီး၊ သူများ လုပ်ခါနီးကျမှ အလုအယက်နဲ့ လုပ်တဲ့ အကျင့် ၊ အလုပ် သွား လည်း last minute အပြေး အလွှား အလုအယက် သူများကို ကျော်ခွသွား ၊ အလုပ်လုပ် ခိုင်းရင်လည်း အနီးကပ်မှ Urgent ဆိုပြီး ခိုင်းတတ်တာ။ အနီးကပ်မှ ဖုတ်ပူမီးတိုက် အလုပ် ကို လုပ် ပြီး တစ်ရူးရူး တရှဲ ရှဲ ဖြစ်အောင် ညည်း တတ်တာ၊ သူများ ဘာဖြစ် ဖြစ် ကိုယ်ကွင်းလုံးကျွတ် လွတ်ပြီးရော ဆိုတဲ့ “စ” လုံး ရဲ့ မကောင်း တဲ့ စိတ်တွေပေါ့ ။ ဒါဆို ကောင်းတဲ့ စိတ်ကရော ဆိုတော့၊ ငွေကို ဘယ်လို ရှာမယ်။ ဘယ်နေရာမှာ လျော့ဈေးရှိတယ် ဆို အပြေးလေး သွားဝယ်ပြီး ၀ယ်မယ်။ အလကားရရင် သတင်းစာတောင် တန်းစီ ယူသတဲ့။ ဒါ သူတို.ရဲ့ ကောင်းတဲ့ အချက်တွေ ပေါ့တဲ့ ။ ဒီလို ကောင်း တဲ့ အချက်လေးတွေ တော့ မင်း က အတု မယူဘူး၊ သဘော ပြောပြတာပါ တဲ့။
အင်း ကျွန်မ နားလည် လိုက်ပြီ။ ကျွန်မ ကို တည့်တည့်ပြော ရမှာ ရန်ဖြစ်မှာ ကြောက်လို. ကြားက “ စ ”လုံးကို သုံးထည့် လိုက် တော့ နည်းနည်း ခံသာ သွားတယ်မှတ်ပါ လို. စိတ်ထဲကတော့ ရေရွတ်လိုက် မိပါသေးသည်။

ကျွန်မ ဒီဖြစ်ရပ်လေး နှစ်ခု ကို စဉ်းစားမိရင်း ကျွန်မ ကိုယ် ကျွန်မ ပြန်သုံးသပ် မိပါတယ်။ လူပျင်း လုံ့လ တစ်ခဏ” ဆိုသကဲ့သို့ အလောသုံးဆယ် မလုပ်သင့်ပါ။ လူ့လောက လယ်တွင် လူပီသသောလူ၊ ကိုယ့် ရာဇ၀င်ကို ရေးနိုင်သူ၊ အောင်မြင်လိုသူများ ဟာ နာရီ လက်တံ လို ကျင့် ရမတဲ့ ။ နာရီလက်တံ ဆိုတာကား နောက်ကို ဘယ်တော့မှ မဆုတ်ပါဘူး။ ရှေ့ကိုသာလျှင် သွားမြဲသွားပါတယ်။ သို.ပေမဲ့ နာရီ လက်တံ ရွေ့လျား တဲ့ နူန်းဟာ အလွန်နှေး ပါတယ် ။ ဒါကြောင့် နာရီကို ကြည့်ရာမှာ နာရီ လက်တံသွား ဘယ်အချိန်က ရွေ.သွားတယ် ဆိုတာ မမြင် နိုင်ပါဘူး။ သို.ပေမဲ့ သူရောက်ရှိသော နေရာကိုသာ ပြပြီး ဘယ်အချိန်ရှိ ပြီ ဆိုတာ သိ မြင်ရ ပါတယ် ။ ဒီလိုနဲ့ (၂၄) နာရီ တပတ် ပြည့်အောင် သူ စနစ်တစ်ကျနဲ့ လည် ပတ်ခဲ့တယ်။

ဒါကြောင့် အလော သုံးဆယ် ၊ ဖုတ်ပူမီးတိုက် လုပ်တာထက် စနစ်တကျ လုပ်တတ်တဲ့ အကျင့်ကို လေ့ကျင့်ထားပါ။ စနစ် ရှိရင် အချိန်ကုန် သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းပါတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသ ဖြစ်ရ တာပါ နဲသွား ပါတယ်။ ဒီအတွေးလေး တစ်ခုကြောင့် လင်းလက် ခဲ့တာကြောင့် ခုတော့ ကျွန်မ အလုပ်ချိန်ကို အရင်က သွားနေ ကျထက် (၁၀) မိနစ်လောက် ကြိုကြိုတင်တင် အိမ်က နေ ထွက် ပါတယ်။ ရထားစောင့်လည်း ကျွန်မ အတွက် အချိန် က (10) မိနစ် ပိုလို. အလုပ်မှာ (5) မိနစ်လောက်တောင် စောရောက် ပါသေးတယ်။ ပုံမှန် အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင် လုပ်ဖြစ်အောင် အကျင့် လုပ်ထားတာ ကောင်းပါတယ်။ အခုလုပ် ရမလား၊ နောက်မှ လုပ်ရမလားလို့ တွေးမနေ ရတော့ပါဘူးပေါ့ ။ အဲဒါကိုက အချိန်ကုန် သက်သာသလို စိတ်ပင်ပန်း တာလဲ သက်သာ ပါတယ်။

လူတိုင်း အသက်ရှင် ဖို့ရာ ရုန်းကန် နေကြရပါတယ်။ နိစ္စဓူဝ သွားလာ လှုပ်ရှား နေကြရပါတယ် ။ သူလည်း ရုန်းကန် ကိုယ်လည်း ရုန်းကန် နေရတာချင်း အတူတူု မိမိအလို တစ်ခုတည်း ကိုသာ ကြည့်လုပ်တတ်ပြီး ကိုယ် ပြု မူလိုက်တဲ့ အလုပ်ဟာ သူတစ်ပါးကို ထိခိုက်စေ တဲ့ အပြု အမူဆိုရင် ဘယ်ကောင်း နိုင်ပါ့မည်နည်း ။ ကိုယ်ချင်းစာ တရားနဲ့ အရာရာကို တိုင်းတာပါ။ ကိုယ်ချင်းစာ တရားဖြင့် နိစ္စဓူဝ အလုပ်တွေကို လုပ်ဆောင်ပါ။ လောကရဲ့ ငြိမ်းချမ်း ခြင်းကို ကိုယ်ချင်း စာ တရားဖြင့်သာ တည်ဆောက် လို. ရနိုင်ပါတယ်။

အရာရာ အားလုံးဟာ အလေ့ အထ ကနေ ဓလေ.စရိုက် ဆီသို့ ကူးပြောင်း သွားတတ် မြဲပါ။ ဒါကြောင့် ကောင်းတဲ့ အကျင့် လေးတွေကို များများ လေ့ကျင့် ရင်းနဲ့ မျှော်လင့် ချက်တွေ ရှင်သန် နိုင်ပါစေ ။ လောကမှာ အရေ အတွက် များများ နဲ့ မြန်မြန် ထက် အရည်အချင်း များများ နဲ့ ကြာကြာ ရပ်တည်နိုင်အောင်သာ ကြိုးစားကြပါ။

စာဖတ်သူတို. အတွက် စကားလက်ဆောင် လေးကတော့

သင့်ဆီမှာ ကောင်းတဲ့ အကျင့်လေးတွေကို ကိုယ် ကျင်လည် နေရတဲ့ ပတ်ဝန်းကျင်ကြောင့် အရောင် မဆိုး မိစေပဲ “သတိ” လေး ထားလိုက် မိစေရန် ရည်ရွယ်ပြီး ဤဆောင်းပါးလေး အား ရေးသားလိုက်ပါတယ်။

မေတ္တာဖြင့်


မေစိုး (Shwe Mandalay)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ