this site the web

1570..အမျိုးသားအဆင့် အကောင်းဆုံး သတင်းဆု ချီးမြှင့်မည် 16/Aug/2011

 
                ပြည်တွင်း သတင်းထောက်များအား အမျိုးသားအဆင့် အကောင်းဆုံး သတင်းဆု(National Press Award) ကို ယခုနှစ်မှစတင်၍ ချီးမြှင့်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့မှ သိရသည်။
            အဆိုပါ National Press Award သတင်းဆုများ ရွေးချယ်ချီးမြှင့်ရန် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူများ အပါအဝင် လွတ်လပ်ပြီး အများကြည်ညိုလေးစားခံရသော သတင်းမီဒီယာမှ ပုဂ္ဂိုလ်များဖြင့် ဆုရွေးချယ်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဆရာဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ပြောသည်။ "ဒီဆုကို ၂၀၁၁ မှာ စပြီးပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်အနေနဲ့ ခမ်းခမ်းနားနားနဲ့ ဆုတွေပေးသွားနိုင်အောင် စီစဉ်နေပါတယ်။
            ကော်မတီအနေနဲ့က ဆုတွေကို ဘယ်လိုပုံစံနဲ့ ရွေးချယ်မယ်၊ ဆုပေးပွဲကို ဘယ်လိုကျင်းပမယ်ဆိုတာတွေကို ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆုအနေနဲ့ကတော့ ပုဂ္ဂလိက သတင်းထောက်တွေကိုပဲ ပေးသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်တဲ့အထဲမှာ ဂျာနယ်အယ်ဒီတာချုပ်တွေ ပါဝင်မှာ မဟုတ်ဘူး" ဟု ဆရာဦးကိုကိုက ပြောသည်။ ဆုများကို ချီးမြှင့်ရာတွင် National Press Award သတင်းဆုများအဖြစ် အကောင်းဆုံး သတင်းဆု၊ သတင်းဆောင်းပါးဆု၊ သတင်းဓါတ်ပုံဆု၊ သတင်းကာတွန်းဆု စသည်ဖြင့် ချီးမြှင့်နိုင်ရန် ပဏာမ လျာထား စီစဉ်ထားကြောင်း သိရသည်။ စတုတ္ထမဏ္ဍိုင် ပိုမိုခိုင်မာရန်နှင့် အရည်အသွေး ကောင်းမွန်ပြီး ကျင့်ဝတ်သိက္ခာနှင့် ညီသည့် သတင်းသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကာ National Press Award သတင်းဆုများ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်....

Ref:ရန်ကုန်တိုင်း(မ်) ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ