this site the web

1579..1988 နောက်ပိုင်း ပြည်ပရောက်မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လာနိုင်ကြောင်း သမ္မတပြောကြား 20.8.11

 
                  ၁၉၈၈ နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသား အားလုံးအမိနိုင်ငံသို့ ပြန်လာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ မြန်မာ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်သော ပြည်တွင်း စီးပွားရေးနှင့် လူမှုရေး နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
                 မြန်မာနိုင်ငံသို့ ပြန်လာလိုသော နိုင်ငံသားများသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ စဉ်အတွင်း ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်သွားပါက ထိုက်သင့်သော ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သမ္မတ၏ အဆိုအရသိရှိရသည်။ "ပြစ်မှုကျူးလွန်ခဲ့သည့်တိုင်အောင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ သဘောထား ကြီးစွာနဲ့ စဉ်းစားပေးသွားမှာပါ" ဟု နိုင်ငံတော် သမ္မတက အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လက်တွဲဆောင်ရွက်သွားရန် အဓိက ဦးတည်ပြောကြားခဲ့သည်။ အမိနိုင်ငံသို့ ပြန်လာလိုသော မြန်မာနိုင်ငံသားများအတွက် မည်သည့် အချိန်၊ မည်သည့်ပုံစံ၊ မည်သို့သော စည်းကမ်းသတ်မှတ်ချက်များဖြင့် စီစဉ်ဆောင်ရွက်ထားကြောင်း စသည့် အသေး စိတ်အချက်အလက်များကိုမူ နိုင်ငံတော် သမ္မတက ပြောကြားခဲ့ခြင်းမရှိသော်လည်း မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က နိုင်ငံပိုင်မီဒီယာမှ တစ်ဆင့် မကြာမီကာလအတွင်း ထွက်ပေါ်လာဖွယ်ရှိပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် တတိယ နိုင်ငံအချို့တွင် နိုင်ငံသားအဖြစ်ခံယူထားသူ ဖြစ်ပါက ထိုနိုင်ငံသား အဖြစ် စွန့်လွှတ်မှသာ နိုင်ငံသားအဖြစ် ပြန်လာရဖွယ်ရှိကြောင်း သုံးသပ်ပြောကြားသည်။
               ပြည်ပနိုင်ငံသို့ ရောက်ရှိနေသူများတွင် ရောက်ရှိနေသူများ အများအပြားရှိရာပြန်လာခွင့် ပြုသည့် အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။ "ကျွန်တော်တို့ သိတဲ့အကြောင်း အရာတွေနဲ့ရော၊ ကျွန်တော်တို့မသိနိုင်တဲ့ အကြောင်းအရာတွေနဲ့ရော ပြည်ပရောက်ပြီးပြန်လာခွင့် မရခဲ့တဲ့ သူတွေကို ပြန်လာခွင့် ပြုတယ်ဆိုတော့ ကြိုဆိုရမယ့် အရာပါဟု" ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးအေးလွင် က ပြောကြားသည်။
            ပြည်ပရောက် မြန်မာနိုင်ငံသားများရှိသဖြင့် ယိုစီးခဲ့ရသော ဦးနှောက်များ၊ ငွေကြေးဓနများ၊ လက်မှုအင်အားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်၍ ဖွဲ့စည်းပုံဥပဒေသစ်နှင့် အညီ နိုင်ငံသား တစ်ဦး၏ တာဝန်အတိုင်း ၎င်းတို့ ထမ်းဆောင်ခွင့်ရသွားမည်ဟု The Voice တွင် ဖော်ပြထားပါသည်။ 

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ