this site the web

1589.. မမှန်ရင် လျှာဖြတ်ခံမယ့် ထီ တွက်နည်း တဲ့ ( 23.8.11 )

 
ကျွန်တော်တို့ မြန်မာလူမျိုးက “ထီ” ဟေ့ ဆိုလျှင် စိတ်ဝင်စား ကြသည်။တစ်စုံ တစ်ဦးကများ - ဂဏန်း ပေးတော့မည် ဆိုလျှင် အပြေးအလွှား၊ဒီမှာတင်- ၂-လုံး၊ ၃-လုံး နှင့် ချာလပါတ်လည် ပြီး ဒုက္ခများကြတော့၏။ဖြစ်နိုင်ချေ၊ မဖြစ်နိုင်ချေကို ယုတ္တိရှိရှိ စဉ်းစားဘို့ထက်- “ဒီအပါတ်မှာ ကပ်လွဲသွားတာ၊ နောက်တစ်ပါတ်တော့ သေချာပေါက်ပဲ” တွက်ယင်း - နောက်ဆုံးတော့- အကြွှေး ပင်လယ်တွင်း သက်ဆင်း၊ အိမ်ထောင်ရေး ပြဿနာ များက နောက်ဆက်တွဲ ဆက်ဖြစ်နှင့် အကုသိုလ်များ အတုံးလိုက် ၀င်ကြတော့၏။ဒါကိုပင်- ကံနိမ့်သည် ဟု ယူဆ၍ ယတြာများ ဆက်ချေကြ၊ ငွေမျော ငွေနှင့်လိုက် ဆိုသလို- ရင်ပူရ၊ အိပ်မပျော်ရသူတို့ မြန်မာပြည်တွင် မည်မျှ များနေပါသနည်း။“ကံ ဆိုသည်မှာ အလုပ်” ဆိုသည်ကို မြတ်စွာဘုရားက သင်ကြားပေးခဲ့ပါလျှက် မသိကျိုးကျွန်ပြု နေကြ၏။

ထီပေါက်ကိန်း တွက်နည်းတွေ အများကြီးရှိ၏။
တစ်နည်းနှင့် မကိုက်တော့လဲ တစ်နည်းနှင့် ကိုက်ပေမပေါ့-ယခု အောက်တွင် ဖေါ်ပြထားသည်က ကုန်းဘောင်ခေတ် မြန်မာနိုင်ငံတွင် ထင်ရှားခဲ့သော စလေ ဦးပုည၏ ထီတွက်နည်းဖြစ်၏။
အင်မတန် ရွတ်ဆို၍ ကောင်းသော တေးထပ်တို့ကို အရေးကောင်းသော စလေ ဦးပုညသည် အောက်ပါအတိုင်း ထီတွက်နည်း တေးထပ်ကို ရေးစပ်ခဲ့ပါ၏။
မူသက္က တည်ဖက်၍ နံဂြိုဟ်သက် ရောပါ။တိဗေဒ ဘုဉ္ဇာငယ်၊ကြွင်းသေသာ မပျက်၊ရောက်သက်နှင့် ရောပြန်လျှင်၊ခုနှစ်တန် စားတော့ တစ်ချက်၊ထီပေါက်ကိန်း ဥပဒေ၊ ပုံသေ သွေမပျက်၊ငါးခုကြွင်းသင်္ချာမှာ၊ စဉ်မကွာ မြဲ အတည် ရောက်ပါလိမ့်၊မဲထီပေါက် ဧ၀ကန်၊ ထိုးတော့ အမြန်၊သုညကြွင်းသည့် အခါတွင်၊ ဇာတာမှာ စပ်ပါလေ အမြဲ၊သွေမလွဲ ဧ၀ကန်၊ ထိုးပါအမှန်၊အကယ်၍ လွဲပေါက်မဲကျန်မူလျှာလှီးခံမည် စာချုပ်ပါတော့လေး

ထိုတေးထပ်ကို ရှင်းလင်းအောင် စကားပြေ ပြန်ရေးပါက- အောက်ပါ အတိုင်းဖြစ်၏။မွေးသက္ကရာဇ်ကိုတည်၊ ဂြိုဟ်သက်နှင့် ပေါင်း၊ရလဒ်ကို ၄၃ နှင်စား၊ ရလာသော အကြွှင်းကို ထီထိုးမည့် မိမိ အသက်နဲ.ပြန်ပေါင်း၍(၇) နှင့်စားပါ။ ၅-ကြွှင်းလျှင် သေချာ ပေါက် (မမှန်လျှင် လျှာလှီးခံမည် ဆိုထား၏။)၀-ကြွင်းလျှင် စပ်တူမျှ ပေါက် မည်။ဒီနေရာမှာ အယူအဆ အနည်းငယ် ကွဲ၏။ အချို့က “တိဗေဒ” ဆိုသည်မှာ ဗေဒင်ကျမ်း (၃) ပုံကို ဆိုလိုခြင်း ဖြစ်၍ (၃) ဖြင့် စားရမည်ဟု ဆိုကြ၏။ ကျွန်တော်က- လက်တွေ့စစ်ကြည့်လို၏။ ဤအဆင့်မျှလောက်ကို သုတေသန Research ဟု မခေါ်ထိုက်ပါ။ သာမာန် နည်းတိုတစ်ခုကို နမူနာ ဖြစ်ရပ်တို့ ဖြင့် ပြန်လည် စစ်ဆေးခြင်း မျှသာ ဖြစ်၍- ဤစစ်ဆေးခြင်းသည် နည်းတို တစ်နည်း မှန်မမှန် ကို စစ်ဆေးခြင်း Verification မျှသာ အဆင့်ရှိ၏။


ကမ္ဘာပေါ်မှ ထီပေါက်သူတို့၏ မွေးနေ့ နှင့် ထီပေါက်သော နေ့စွဲ ဘ၀ ဖြစ်စဉ်တို့ကို ကျွန်တော့် အနေဖြင့် စုဆောင်းထား၏။ မြန်မာလူမျိုး ထီပေါက်သူတို့ နှင့် ပါတ်သက်သော အချက်အလက် အချို့ရှိသော်လည်း၊ ကာယကံရှင်တို့၏ ခွင့်ပြုချက်မရသဖြင့် ဤနေရာတွင် မတင်ပြနိုင်ပါ။ ယခုကိစ္စ တွင် တော့ ထိုထီပေါက်သူတို့၏ မွေးနေ့ အချက်အလက်များဖြင့်- စလေဦးပုည၏ မမှန်လျှင် လျှာအလှီးခံမည့် နည်းကို ဟုတ်မဟုတ်၊ မှန်မမှန် စစ်ဆေးခြင်း ပြုလုပ်ထား၏။ထိုသို့ ဆန်းစစ်မှု ပြုလုပ်ရာတွင် ၄၃ နှင့် စားခြင်းဖြင့် လည်းကောင်း၊ ၃- ဖြင့် စားခြင်းဖြင့် လည်းကောင်း ၂-မျိုးစလုံး တွက်ပြထား၏။ဤနည်း အနေဖြင့် မည်မျှ မှန်သနည်းကို အောက်ပါ တွက်ချက်မှုတို့မှ အဖြေပေးနေကြ၏။ ဤစစ်ဆေးချက်တွင်- အချို့သူများသည် မိသားစုဝင်များ ဖြစ်ကြ၏။ တစ်ယောက်တည်း စစ်မိပါက- တစ်ယောက် ကံကြောင့် ဟုလည်း ပြောလို့ရနေသဖြင့် - ထို့ကြောင့် စိတ်ချရအောင် တစ်မိသားစုလုံး ကိုလည်း စစ်ဆေးပြထား၏။အောက်တွင် ဖေါ်ပြထားသည်မှာ ၄၃ ဖြင့် စားသော နည်းဖြစ်၏။
ပုံအကြီးကြည့်ရန် ပုံပေါ်တွင် ကလစ်ပါ


မန်မာနည်းအရ အသက်ကို ရေတွက်ကြရာတွင် ၄၇-နှစ်ကို ရက်ပိုင်းစွန်းသွားသည် နှင့် ထိုသူအား ၄၈-နှစ်ဟု ယူဆ တွက်ရမည် ဖြစ်သဖြင့် ထိုအတိုင်း တွက်ပြထား၏။

ရလာသော အဖြေတို့ကို ကြည့်ပါ။ ပထမနည်းတွင် ထီပေါက်သူ ၁၉-ဦးတွင် ၂-ဦးမှန်၏။ ထို့ကြောင့် ၂ ကို ၁၉ ဖြင့် စားကြည့်ပါက- ၁၀.၅% မှန်၏။ စပ်တူ ပေါက်သူများပါ ထည့်တွက်ကြည့်ပါက- ၅ ကိုတည် ၁၉ ဖြင့်စားသော်။ ၂၆.၃% မှန်၏။ သို့သော် တကယ့်ဖြစ်ရပ်တွင် ထိုသူများက စပ်တူ ထိုးခဲ့ကြသူများ မဟုတ်။

မှန်ချက် ရာခိုင်နှုန်း မည်မျှ ရှိပါသနည်း။ စာမေးပွဲ တစ်ခုတွင် အမှတ် ၁၀၀ ပေးလျှင် ၂၆ မှတ်ရပါက ထိုသူ့ အနေဖြင့် စာမေးပွဲ အောင်နိုင်ပါမည်လား။

တကယ်တမ်းအားဖြင့် ယခုစစ်ဆေးသော နည်းသည် သူ့နည်းဘက်ကို ပို၍ မျက်နှာသာပေးထားသော နည်းဖြစ်၏။ ဆိုလိုသည်မှာ နည်းအရ ၅-ကြွှင်းသော နှစ်၊ ၀- ကြွှင်းသော နှစ်များတွင် ထီထိုးသော သူတို့၏ အရေအတွက် စုစုပေါင်း နှင့် ထီမပေါက်သော သူတို့ အရေအတွက်ကို ပြန်တွက်ကြည့်ပါမူ- ယခုထက်ဆိုးရွားသော အဖြေကို ပေးမည် ဖြစ်၏။ု

ဟုတ်ပါပြီ- ၄၃ ဖြင့် စားခြင်းက သိပ်ဟန်မကျတော့- ဒီတော့ ကျွန်တော်တို့ အနေဖြင့် ၃-ဖြင့် စားကြည့်သော နည်းကို သုံးကြည့်ကြပါစို့။


ပုံအကြီးကြည့်ရန် ပုံပေါ်တွင် ကလစ်ပါ
အထက်က အတိုင်း စပ်တူ ပေါက်သူများပါ ထည့်တွက်ကြည့်ပါကလည်း ၂၆.၃% သာမှန်၏။
ယခု ဆိုလျှင် စာဖတ်သူ အနေဖြင့် သဘောနားလည်လောက်မည် ထင်ပါသည်။ ယခု စာဖတ်သူကိုယ်တိုင် နည်းသစ်တစ်နည်း ထွင်ကြည့်လိုက်ပါ။ စမ်းကြည့်လိုက်ပါ- ဖြစ်လာမည့် အဖြေများကလည်း- ဤမျှ ပမာဏ ပတ်ဝန်းကျင်တွင် ရှိနေပါသည်။

သို့ဆိုလျှင်- ဤသို့သော နည်းကို လျှာကိုပင် အလှီးခံဦးမည်ဟု ရဲရဲကြီး ပြောထားပါသနည်း။
အဖြေကား- အမှန်တကယ် လျှာလှီးမည့်သူမရှိသောကြောင့် ဖြစ်၏။ ဂျာမန် ဗေဒင် ပညာရှင်တစ်ဦးသည် မှားယွင်းသော ဟောကိန်းတစ်ခုကို ထုတ်ခဲ့သောကြောင့် သေနတ်ဖြင့် ဦးခေါင်းကို ပစ်၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့၏။

ကိုယ်ပြောသော စကားကို ကိုယ်တာဝန် မယူ၊ ရဲရဲကြီး အာမခံသော သူတို့သည်- ပို၍ အောင်မြင်ကြ၏။ မှန်လျှင် အသံကျယ်၏။ မှားလျှင်- တော့ တိုးတိုးတိတ်တိတ်။

ထိုသူတို့၏ ရဲရဲကြီး အာမခံသော စကားတို့ကို ယုံမှတ်မိ၍- သဘာဝ မကျသော ဆေးကုထုံးတို့ကို ကုယင်း ကလေးငယ် သေဆုံးသွား သောအခါ- ကိုယ့်အထုပ် ကိုယ်ဖြေရာ ကျမည်စိုး၍၊ အသာလေး ငြိမ်နေကြ၏။ ထိုအခါ- ထိုကဲ့သို့ တာဝန် မဲ့သူတို့သည် ၁၀-ခု တစ်ခု မှန်လျှင် အောင်မြင် သွားသော်လည်း- ၉-ခုမှားသော ကိစ္စများ၏ အသံကို မကြားရ သဖြင့် ပို၍ပင် အတင့်ရဲလာတတ်ကြ၏။

စလေဦးပုည သည် မြန်မာ စာပေလောက တွင် ထင်ရှားသူဖြစ်၏။ သို့သော်- သူ၏ စိတ်ဓါတ်နှင့် အကျင့်တို့မှာလည်း လေ့လာသူများ အတွက် သတိပြုဘွယ် ဖြစ်၏။ ပညာရှင် ချင်း အတူတူ ဖြစ်သော အချုပ်တန်း ဆရာဖေနှင့် ကဗျာလင်္ကာများ အပြိုင်စပ်သီ ကြရာတွင်- တစ်ဘက်သူအား ပုဂ္ဂိုလ်ရေး နှိမ့်ချ တိုက်ခိုက်၏။
ဆရာဖေမှာမူ - ဦးပုည ရေးသလောက် ပြန်လည် မတုန့်ပြန်ရှာပါ။

နောက်ဆုံးတွင်မူ မြန်မာ နိုင်ငံ ၏ စက်မှု လုပ်ငန်း၊ စစ်ရေး လုပ်ငန်းတို့ကို ဦးစီး ဦးဆောင်လုပ်နေသော အိမ်ရှေ့စံ ကနောင်ကိုယ်တော် ကြီးအား မြင်ကွန်း၊ မြင်းခုံတိုင် မင်းသား တို့မှ လုပ်ကြံရန် အခါပေး ခဲ့သူဖြစ်၏။ ကနောင် ကိုယ်တော်ကြီး ဆုံးရှုံးခဲ့ရခြင်းသည် မြန်မာနိုင်ငံအတွက် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်၏။

ယခု အခါ လျှာ အလှီးခံမည်ဟုပင် ရဲရဲတောက် အာမခံ ရေးထားသော ထီပေါက်နည်း တေးထပ်သည်- မည်သို့မျှ ထူးမခြားနားသော တွက်နည်းဖြစ်၏။

ဤဆောင်းပါးကို ဖတ်ပြီးနောက်

စာဖတ်သူသည်- ဤသို့ ရဲရဲတောက် အာမခံ သော - သေချာပေါက် သည် ဆိုသည့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို တွေ့လျှင် မည်သို့ မည်ပုံ ဆက်လက် ဆုံးဖြတ် ဆောင်ရွက် ပါမည်နည်း။

Ref:နျူမာန် (မိုးတား)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

4 - ဦး မှတ်ချက်ပေးထားပါသည်

Anonymous Anonymous said...

ဘာကိုပြောသလဲဆိုတော့ ဗေဒင်ဆိုတာ မှန်ဘို့သိတ်မလွယ်ဘူး ဆိုတာပါပဲ။

24/8/11 3:58 PM  
Blogger မုန်တိုင်း said...

ကျွန်တော့် အမြင်ကတော့် ဗေဒင်မှန်/မမှန်ဘူး တိုတာ
ဟောပြောတဲ့ ဆရာတွေ ရဲ့ အယူအဆ နဲ့ ပဲဆိုင်ပါတယ်...ပညာရပ်ကို သေသေချာချာ လေ့လာပြီး
သေသေချာချာ ဆုံးဖြတ်ရင် မှန်မှာပဲ..
နောက်ပြီး မေးတဲ့ သူရဲ့ မွေးချိန်တိကျ မှန်ကန် မှု ကလည်း ပို အရေးကြီးပါတယ် ..

24/8/11 4:02 PM  

ကိုမုန်တိုင်း ပြောတာမှန်ပါတယ်

24/8/11 4:12 PM  
Blogger Unknown said...

ဝါသနာ ပေါ့ဗျာ... တွက်ချင်တာကိုး

17/8/14 11:32 AM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ