this site the web

1628.. Drop Down List ဆိုတာ ( 15.9.11 )

 
http://i.msdn.microsoft.com/dynimg/IC61113.jpg

Drop Down List ဆိုတာ ရွေးချယ်စရာ ရှိတဲ့ အကြောင်းအရာ အချက်အလက်တွေကို စုစည်း ပေးထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ Drop Down List ကို စာဖတ်သူ အနေနဲ့ ပထမဆုံး အနေနဲ့ တွေ့မြင်ရတဲ့ အခါ တစ်ဖက် ဖော်ပြပါပုံလို တွေ့မြင် ရနိုင်ပါတယ်။ သူ့ထဲမှာ အကြောင်းအရာ အချက်အလက် တစ်ခုခုကို တွေ့မြင် နေရနိုင်သလို ဘာမှ မရှိသေးတဲ့ အနေအထားနဲ့လည်း တွေ့မြင် ရနိုင်ပါတယ်။ အကြောင်းအရာ အချက်အလက်တွေကို ရွေးချယ်နိုင်ဖို့ မြားပုံ သဏ္ဌာန် နေရာမှာ Mouse ရဲ့ ဘယ်ဘက်ခလုတ်ကို နှိပ်ပေးရပါမယ်။ နှိပ်ပေးလိုက်တဲ့ အခါ စာဖတ်သူ အနေနဲ့ ရွေးချယ်ပိုင်ခွင့် ရှိတဲ့ အကြောင်းအရာ အချက်အလက်တွေ ပေါ်လာပါလိမ့်မယ်။

ရွေးချယ်ခွင့် ရှိတဲ့ အချက်အလက်တွေ ပေါ်လာတဲ့အခါ စာဖတ်သူ အနေနဲ့ ကိုယ်နှစ်သက်ရာ ဒါမှမဟုတ် လိုအပ်တဲ့ အကြောင်းအရာကို ရွေးချယ်နိုင်မှာ ဖြစ်တယ်။ ရွေးချယ်တဲ့ အခါမှာ Mouse ရဲ့ ဘယ်ဘက်ခလုတ်ကို အသုံးပြုပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်က ဖော်ပြပါ ပုံမှာ a quality of 3 ဆိုတဲ့ နေရာကို ရွေးချယ် နေပါတယ်။ ရွေးချယ်လိုတဲ့ နေရာကို ရောက်ရှိပြီးတဲ့ အခါ ဖိနှိပ်ထားတဲ့ Mouse ခလုတ်ကို လွှတ်ပေး လိုက်ရပါမယ်။ လွှတ်ပေးလိုက်တဲ့ အခါ စာဖတ်သူ အနေနဲ့ ရွေးချယ်ထားတဲ့ အကြောင်းအရာ အချက်အလက်ဟာ ရွေးချယ်ပြီးတဲ့ အနေအထားကို ရောက်နေမှာ ဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ