this site the web

1713.. တောက်တဲ့ အကြောင်း ၁စေ့ ၁စောင်း

 






                   တောက်တဲ့တစ်ကောင် လျှင် ကျပ်သိန်း ၁၀၀ကျော်နှင့် ပြည်တွင်းဈေး ကွက်အတွင်း လိုက်လံရှာဖွေဝယ်ယူလာ ကြောင်း စုံစမ်းသိရသည်။


                    တောက်တဲ့ကို ဖွတ်ပုတက်ကြီးများလို့ လူအများကသိထားကြတယ်။ သူတို့တွေဟာ မျိုးစိတ်တူများဖြစ်ကြပြီး ပူနွေးတဲ့အရပ်ဒေသတွေမှာ အများဆုံးတွေ့ရှိနိုင်ပါတယ်။
ဂျာဗားလူမျိုးများက အက်ရှ်တန်း လို့ခေါ်ကြပြီး (အိုး)လို့အဓိပ္ပါယ်ရပါတယ်။ ဆူဒန်လူမျိုးများက ဂတ်ကို (Gecko) လို့ခေါ်ကြပြီး အင်္ဂလိပ်လိုတော့ The Tokay Gecko (သို့) Tucktoo လို့ခေါ်ဝေါ်ကြပါတယ်။

http://images02.olx.com.my/ui/11/16/88/1312000659_151840888_4-Gecko-Tokay-Animals.jpg


              တောက်တဲ့များဟာ ရှည်လျားတဲ့ခန္ဓာကိုယ်၊ အမြီး၊ ခြေလေးခြောင်း၊ မျက်ခွံ၊ ကြမ်းတမ်းသောအရေခွံများနဲ့ ကြီးမားသောခေါင်းပါရှိတဲ့ သတ္တဝါဖြစ်ပါတယ်။ ၃၃၀ မီလီမီတာ (၁၂.၉၉ လက်မ) အထိ အရှည်လျားဆုံးရှိကြပြီး အများအားဖြင့် အမြီးကအကောင်ရဲ့တစ်ဝက်နီးပါးရှိ


တတ်ကြပါတယ်။ တောက်တဲ့များကို ကျေးလက်ဒေသများရှိ သစ်ပင်များ၊ အိမ်ခြံဝန်းများနှင့် တောအစွန်အဖျားများမှာ အများဆုံးတွေ့ရှိနိုင်ပါတယ်။ တောက်တဲ့များဟာ "တောက်တဲ့... တောက်တဲ့..." လို့ ကျယ်လောင်ပီသသောအသံပြုတတ်ကြပါတယ်။
 http://s3.hubimg.com/u/3092450_f520.jpg

                   ''၂၅ ကျပ်သားလောက်ရှိတဲ့ တောက်တဲ့တစ်ကောင်ကို သိန်း ၁၀၀ပေး တယ်။ အခုလက်ရှိအချိန်မှာ အသည်းအသန်
လိုက်ဝယ်နေပါတယ်''ဟု စုံစမ်းဝယ် ယူနေသူ ဦးညီညီအောင်က ပြောသည်။

တောက်တဲ့များသည် အကောင် အရွယ်အစား ကြီးသော်လည်း ၀မ်းဗိုက် အခေါင်းပွသတ္တ၀ါမျိုးဖြစ်သောကြော
င့် လက် ရှိအချိန်ထိ အလေးချိန် ၂၅ကျပ်သားရှိသည့် တောက်တဲ့ကိုမတွေ့ရသေးကြောင်း နယ်မှ တောက်တဲ့၊ေ>မ စသည်ဖြင့် ၀ယ်ယူသူတချို့ ထံမှ သိရသည်။
http://static.lowyat.net/uploads/attach-52/post-458752-1293033376.jpg

340 grams  ===  21 ကျပ်သား တောက်တဲ့


''တောက်တဲ့က အကောင်ကြီး ပေမယ့် ဗိုက်ခေါင်းပွဖြစ်လို့ ၂၅ကျပ်သားရှိ တဲ့ တောက်တဲ့ကိုတော့ မတွေ့ရသေးဘူး။ တချို့ဆို တောက်တဲ့ဝယ်တယ်ဆိုလို့ တစ် ကောင်ကို တစ်ထောင်နဲ့ ၀ယ်ထားကြသေး တယ်။ အခုတော့ ၀ယ်ထားတဲ့တောက်တဲ့ တွေကို ပြန်လွှတ်ပစ်ကြပါပြီ''ဟု သာစည်မြို့ နယ်မှ ရောင်းဝယ်သူဦးခင်မောင်ချိုကြေ
ပာ သည်။

တောက်တဲ့များကို လက်ရှိချိန် ထိ တရုတ်နိုင်ငံမှဝယ်ယူခြင်းဖြစ်ြ
ပီး တောက် တဲ့၏ စလုတ်မှအဆီ(လည်
ပင်းလောက်)ကို ဆေးဖော်ရန်အတွက် ၀ယ်ယူခြင်းဖြစ်ကြောင်း၊

တောက်တဲ့မှယိုသည့် မစင်(ချေး)တွင် ရွှေမှုန် များပါဝင်၍ ၀ယ်ယူခြင်းဖြစ်ကြောင်း စသည် ဖြင့် ကောလာဟလများစွာရှိနေကြောင်းသိ
ရသည်။

''ဘာကြောင့်ဝယ်တယ် ဆိုတာတော့ ကောလာဟလတွေအများကြီးပဲ။ တချို့က တောက်တဲ့ရဲ့စလုတ်အဆီက လူ့ကျန်းမာရေး အတွက် အရေးပါတဲ့ကဏ္ဍမှာရှိနေလို့ ဆေး ဖော်စပ်ဖို့ ၀ယ်ယူတယ်လို့ပြောကြတယ်။ တချို့ကလဲ တောက်တဲ့ကပါတဲ့ချေး(မစင်) မှာ ရွှေမှုန်တွေပါလို့ဝယ်တယ်လို့ပြော
တယ်။ ဘာကြောင့်ဝယ်တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး''ဟု ဦးခင်မောင်ချိုကထပ်ပြောသည်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSqIDNFd-x9HLGoWdvr11NDMY5JIA8rfHdNsohlovC4POMbWim9chGdV1j8Yth5fhms7seyH58p-wwLWoOJrKI9jHLDf8ATvo5trwVLo_havJtbHm4ZkNjezmnyEopR6IbehC6eF9grDwn/s400/lizardtokaygecko.jpg



                     တောက်တဲ့ကိုဖမ်းပြီးရောင်းစားဖို့ အဖွဲအစည်းများရှိကြပြီး အကောင်ကြီးကြီးနဲ့ ဈေးကောင်းကောင်းရဖို့မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အများစုဟာ တောက်တဲ့များကို ရောင်ဝယ်ဖောက်ကားကြပြီး တောက်တဲ့များရဲ့ အကျိုးကျေးဇူးအမှန်တရားကိုမသိရှိကြသေးပါဘူး။ ကမ္ဘာ့ဆေးပညာသိပ္ပံနည်းကျ စစ်ဆေးတွေ့ရှိမှုအရ တောက်တဲ့များတွင် ထိရောက်စွာရောဂါပျောက်ကင်းနိုင်သော ဓါတ်တစ်မျိုးပါရှိတယ်လို့သိရပါတယ်။ ၎င်းပါဝင်သောဓါတ်တစ်မျိုးဖြင့် ဆေးခန်းတွင်းစမ်းသပ်ကုသမှုအရ ကောင်းမွန်သောအဖြေကိုရရှိခဲ့ပါတယ်။ ထိုဓါတ်တစ်မျိုးကို ဓါတ်ခွဲစမ်းသပ်နိုင်ဖို့အတွက် နိုင်ငံတကာဓါတုပေဒသုသေသနအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ရာ ကင်ဆာဆဲလ်များပြန့်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ခြင်းနှင့် သက်သာပျောက်ကင်းလာနိုင်စေခြင်း၊ H1N1 ဗိုင်းရပ်စ်နှင့် HIV ကိုခုခံနိုင်ခြင်း စတဲ့ ကုသနိုင်စွမ်းများကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကုသရန်ခက်ခဲလှတဲ့ ရောဂါဝေဒနာများ ပျောက်ကင်းစေနိုင်သည်ဟု ရောင်းဝယ်သူများအကြား ပြောဆိုသံများ ထွက်ပေါ်နေသည်။

                        ယခုအခါ တောက်တဲ့တစ်ကောင် ကို ကျပ်သိန်း ၁၀၀ကျော်အထိပေးဝယ်နေ ကြောင်းသည် ကောလာဟလသတင်းကဲ့သို့ ဖြစ်နေပြီး အမှန်တကယ် ဖမ်းရောင်းသူများ ရှိခဲ့လျှင်လည်း အလေးချိန် ၂၅ကျပ်သားရှိ မှသာ ၀ယ်ယူမည်ဖြစ်ကြောင်း သိရသည်။

''သတင်းကတော့ သတင်းကောင်း ပဲဗျ။ ဒါပေမဲ့ တကယ်ဖမ်းပြီးရောင်းတော့ အစိတ်သားပြည့်မှဝယ်မယ်လို့ပြော
တယ်။ ဘယ်လောက်သားပဲဖြစ်ဖြစ် ၀ယ်မယ်ဆိုရင် တစ်နယ်လုံးမှာရှိတဲ့ တောက်တဲ့တွေတောင် မျိုးသုဉ်းကုန်ပါလိမ့်မယ်''ဟု မုံရွာမြို့နယ်မှကိုမင်း မင်းက ပြောသည်။

တောက်တဲ့များကို လက်ရှိပြည် တွင်းတွင် အဆီချက်ကာ ဆေးဖော်ခြင်း၊ အကောင်လိုက် ကြော်စားခြင်း ပြုလုပ် လျက်ရှိသော်လည်း တောက်တဲ့၏ မစင် (ချေး)သည် အဆိပ်ဖြစ်စေနိုင်ကြောင်း သု တေသနပညာရှင်တချို့က ပြောသည်။


''ဟိုတစ်လောက စာတမ်းဖတ်ပွဲ မှာ တောက်တဲ့နဲ့ပတ်သက်ပြီး တောင်ငူက ဆရာမတစ်ယောက်က စာတမ်းဖတ်တယ်။ အဲဒီမှာ တောက်တဲ့ကို တောင်ငူမှာဆိုရင် အကောင်လိုက် ကြော်စားကြတယ်တဲ့။ နောက်ပြီး တောက်တဲ့ကို ဆီနဲ့အဆီ ဖြစ် အောင် ချက်တယ်။ ရတဲ့အဆီကို ဆေးအဖြစ် လိမ်းတာ မီးယက်ခြောက် (သွေးဆုံးကိုင်) ရောဂါတောင် ပျောက်တယ်လို့ပြောတယ်။ နောက်တောက်တဲ့ရဲ့မစင်က အဆိပ်အ တောက်ဖြစ်တယ်လို့ဆိုတယ်''ဟု လှိုင်တက္က သိုလ်မှ သုတေသန ဆရာမတစ်ဦးက ပြောသည်။


(Wildlife Trade)သားရိုင်း ရောင်းဝယ်ရေးလုပ်ငန်းများတွင် ကျား၊ ၀က်ဝံ စသည်ဖြင့် ရောင်းဝယ်လျက်ရှိသော် လည်း တောက်တဲ့များကိုမူ အကောင် အရွယ်အစားအလိုက် တစ်သိန်းနှင့်သုံးသိန်း အထက် ၀ယ်ယူမှုများရှိခဲ့ကြောင်း၊ ယခု အခါ မြန်မာနယ်စပ်မူဆယ်ဘက်တွင် တောက် တဲ့များ မတွေ့ရတော့ကြောင်း၊ သို့သော် တရုတ်နိုင်ငံ ရွှေလီဘက်တွင်မူ တောက်တဲ့ အရေခွံများ အခြောက်လှန်းထားသည်ကို တွေ့ရကြောင်း (Wildlife Trade)မှ ကျွမ်း ကျင်သူတစ်ဦးက ပြောသည်။


''တောက်တဲ့တွေကို မူဆယ် ဘက်မှာ မတွေ့ရတော့ဘူး။ ကျားတို့၊ ၀က်ဝံတို့ကို (Wildlife Trade) နဲ့ပတ်သက် ရင် တရုတ်ကပဲဝယ်ကြတယ်။ သူတို့က ရိုး ရာဆေးဖော်ဖို့အတွက်လို့ဆိုတယ်။
ဒါပေမဲ့ အကောင်သေးသေးနဲ့ အခုလို ဈေးကောင်း ရတာတော့ မရှိသေးဘူး။ နောက်ပြီး တောက် တဲ့ရဲ့အလေးချိန်က အစိတ်သား (၂၅ကျပ် သား)အရွယ်ရှိတဲ့အကောင်လဲ မတွေ့ဖူး သေးပါဘူး။ တောက်တဲ့က အကောင်ကြီး ပေမယ့် အလေးချိန်ကျတော့ ပေါ့တယ်လို့ ပြောတယ်''ဟု(Wildlife Trade) မှ ကျွမ်း ကျင်သူတစ်ဦးက ပြောသည်။
                  


400gm tokay gecko reptile


another giant size Tokay Gecko 550gm
၂၀၁၀ အောက်တိုဘာလတုန်းက ဈေးကွက်တွင်းတောက်တဲ့ပေါက်ဈေးတွေကတော့....
၄၂၀ ဂရမ် - ၄၉၉ ဂရမ် = ရင်းဂစ် ၁ သန်း     25 ကျပ်သားခန့်
၅၀၀ ဂရမ် - ၅၉၉ ဂရမ် = ရင်းဂစ် ၃ သန်း
၆၀၀ ဂရမ် - ၆၉၉ ဂရမ် = ရင်းဂစ် ၅ သန်း
၇၀၀ ဂရမ် - ၇၉၉ ဂရမ် = ရင်းဂစ် ၇ သန်း
၈၀၀ ဂရမ် - ၈၉၉ ဂရမ် = ရင်းဂစ် ၉ သန်း
၉၀၀ ဂရမ် - ၁ ကီလို    = ရင်းဂစ် ၁၂ သန်း







Ref;      http://anggakbrunei.blogspot.com/
            http://www.tokaygeckos.org/tokay-gecko-for-medicines

'Unfounded' claims that Asian geckos cure Aids are driving species to extinction, warns wildlife group 

ညတွင် ကျက်စားသော အာရှတောက်တဲ့မျိုးသည် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကို ကုသရာတွင် အသုံးပြုနိုင်သည်ဟု ယူဆမှုများကြောင့် ထိုတွားသွားသတ္တ၀ါကို မှောင်ခိုကူးမှု သိသိသာသာမြင့်တက်လာကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ 

တောက်တဲ့လျာနှင့် ကိုယ်တွင်းအင်္ဂါများကို စားသုံးခြင်းသည် အိတ်ခ်ျအိုင်ဗွီကို ကုသနိုင်သည်ဟု အမွှမ်းတင် ရေးသားပြောဆိုမှုများကြောင့် တောက်တဲ့ကို စားသုံးမှု သိသိသာသာ မြင့်တက်စေခဲ့ကြောင်း Traffic Southeast Asia (TSA) အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ရောဂါပျောက်သည်ဆိုသော ပြောဆိုမှုများသည် ချဲ့ကားထားသော လှိမ့်လုံးများဖြစ်ကြောင်း (TSA)က ပြောကြားခဲ့သည်။  အိတ်ခ်ျအိုင်ဗွီနှင့် ပန်းသေမှုအား တောက်တဲ့သုံး၍ ကုသခြင်းသည် လူနာကို အန္တရာယ်ဖြစ်စေကြောင်း ဖိလစ်ပိုင်အစိုးရက ဇူလိုင်လတွင် သတိပေးခဲ့သည်။ ဆီးချို၊ ပန်းနာရောဂါ ၊ အရေပြားရောဂါနှင့် ကင်ဆာတို့ကဲ့သို့ ရောဂါများအတွက် တောက်တဲ့ကို တိုင်းရင်းဆေးအဖြစ် အာရှတွင် သုံးစွဲနေသည်မှာ ကြာပြီဖြစ်ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။
တောက်တဲ့အသေများကို အခြောက်ခံကာ အမှုန့်လုပ်၍ စားသုံးကြသည်။ အချို့အာရှနိုင်ငံများတွင် စွမ်းအားမြှင့်တင်ရေးအတွက် တောက်တဲ့ကို ၀ိုင်နှင့် ၀ီစကီလုပ်ကာ သောက်သုံးကြသည်။ အာရှတွင် တောက်တဲ့ ကုန်သွယ်မှု၌ မလေးရှားသည် ဗဟိုချက်ဖြစ်လာနေသည်။ ကမ္ဘောဒီးယား၌ တောက်တဲ့ ၁၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ရာ မလေးရှားသို့ တင်ပို့မည်ဟု ယုံကြည်ရသည်။

 


Claims that a nocturnal Asian lizard can be used to help treat the HIV virus have led to a sharp boom in smuggling of the reptile, putting it at risk of extinction, a conservation group said yesterday.

Demand for the Tokay Gecko has skyrocketed in recent years after online blogs, newspaper articles and wildlife traders trumpeted the consumption of the lizard's tongue and internal organs as a miracle cure for HIV, wildlife trade monitoring group Traffic said in a report.

It said such claims were unfounded and 'indicative of an elaborate hoax.'
In danger of extinction: This picture released by Traffic Southeast Asia shows Tokay Geckos in Thailand's southern town of Betong
In danger of extinction: This picture released by Traffic Southeast Asia shows Tokay Geckos in Thailand's southern town of Betong
Concern: Traffic is alarmed at the increase in the trade of Asian geckos
Concern: Traffic is alarmed at the increase in the trade of Asian geckos
The Philippines' government in July also warned that using geckos to treat Aids and impotence may put patients at risk.
'Traffic is alarmed at the massive increase in trade of these geckos. If the trade continues to mushroom, it could take years to repair the damage currently being inflicted on gecko populations,' said Chris R Shepherd, Traffic's regional deputy director.

The geckos, popular as pets in Asia, have long been used as traditional medicine for illnesses such as diabetes, asthma, skin disease and cancer, the report said.

Their carcasses are dried up and ground into powder for consumption. In some parts of Asia, Tokay wine or whisky is consumed to boost energy.
Dr Richard Preziosi, an expert in conservation genetics at Manchester University, said: 'The use of traditional medicines harvested from wild animals has sadly, more than once, driven species to the edge of extinction. This is especially sad when there is no scientific or medical evidence that the "medicine" has any effect.'
Mistaken: Some people believe that eating gecko tongue or organs can cure HIV
Mistaken: Some people believe that eating gecko tongue or organs can cure HIV
The Tokay Gecko, which has distinct orange-spotted, blue-grey skin, can grow up to 15.7 inches (40 centimetres) in length.

The reptiles feed on insects and worms, helping to regulate pests and maintain the ecosystem.

Traffic said more than eight and a half tons of dried geckos were legally imported into the United States between 1998 and 2002 for use in traditional medicine.

Huge numbers are traded within Asia and it said Malaysia has emerged as a key hub to meet demand, especially in China.

It said 1,000 geckos believed headed for Malaysia were recently seized in Cambodia, while a couple have been detained for trying to smuggle nearly a $1million (£630,000) worth of lizards from Thailand to Malaysia.
Customs officers in Indonesia's Java island also recently foiled a bid to smuggle dried Tokay Geckos bound for Hong Kong and China using expired permits.

Shepherd said the Tokay Gecko remained poorly protected by national legislation and called for the lizard to be protected under CITES, the international convention on endangered species, before it becomes extinct.








  • Some believe the Tokay Gecko can be used to help treat the HIV virus.  >
Some believe the Tokay Gecko can be used to help treat the HIV virus. >













Claims that Asian geckos cure AIDS

KUALA LUMPUR, Malaysia - Claims that a nocturnal Asian lizard can be used to help treat the HIV virus have led to a sharp boom in smuggling of the reptile, putting it at risk, a conservation group said Tuesday.
Demand for the Tokay Gecko has skyrocketed in recent years after online blogs, newspaper articles and wildlife traders extolled the consumption of the lizard's tongue and internal organs as a miracle cure for HIV, TRAFFIC Southeast Asia said in a report.


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ