this site the web

1795.. Cloud ဆိုတာ

 
                    cloud ဆိုတာဟာ အင်တာနက်ပေါ်ကနေ အဝေးထိန်းစနစ်နဲ့သုံးနိုင်တဲ့ အရာအားလုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။ Cloud မှာရှိတဲ့အရာတွေဆိုတာကတော့ ကွန်ပျူတာအစား အင်တာနက်ပေါ်မှာရှိတဲ့ ဆာဗာတွေမှာ သိုလှောင်ထားတဲ့အရာတွေ ဖြစ်ပါတယ်။ ၎င်းဟာ calendar, email, file စတာတွေကို အင်တာနက်ဆက်သွယ်မှုရှိရုံနဲ့ မည်သည့်ကွန်ပျူတာပေါ်ကနေမဆို အသုံးပြုနိုင်စေပါတယ်။ အကယ်လို့စာဖတ်သူဟာ web အခြေခံ email ကို အသုံးပြုလေ့ရှိတယ်ဆိုရင် cloud ကိုအသုံးပြုပြီးသားဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စာဖတ်သူရဲ့ Inbox ထဲမှာရှိတဲ့ email အားလုံးကို ဆာဗာပေါ်မှာ သိုလှောင်သိမ်းဆည်းထားခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အခြားဝန်ဆောင်မှုများဟာ cloud ကို ကွဲပြားခြားနားတဲ့နည်းလမ်းတွေနဲ့ အသုံးပြုကြပါတယ်။ ဥပမာတချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

- Cloud storage ၀န်ဆောင်မှုတစ်ခုဖြစ်တဲ့ Dropbox ဟာ ဖိုင်တွေကို အလွယ်တကူသိုလှောင်သိမ်းဆည်းထားနိုင်ပြီး အခြားသူများထံကိုလည်း ဖိုင်တွေဝေမျှခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီဖိုင်တွေကို မိုဘိုင်းထုတ်ကုန်တွေပေါ်ကလည်း အသုံးပြုနိုင်ပါတယ်။
- Evernote ကတော့ ရေးမှတ်ထားတဲ့မှတ်စုများ၊ ဖြတ်ထားတဲ့ ၀က်ဘ်စာမျက်နှာများနဲ့ ရိုက်ထားတဲ့ဓာတ်ပုံများကို ကွန်ပျူတာနဲ့ မိုဘိုင်းထုတ်ကုန်တွေပေါ်မှာ စနစ်တကျစုစည်းထားပေးနိုင်ပါတယ်။
- Mozy နဲ့ Carbonite ကတော့ ကွန်ပျူတာမှ အချက်အလက်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနဲ့ ခိုးယူခံရခြင်းတို့အတွက် အချက်အလက်တွေကို အလိုအလျောက် back up လုပ်ပေးနိုင်ပါတယ်။

Cloud ကို ဘာကြောင့်သုံးရတာလဲ
Cloud ကို အသုံးပြုရခြင်းရဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ဒါပေမဲ့ အဓိကအကြောင်းပြချက်ကတော့ အဆင်ပြေမှုရှိခြင်းနဲ့ ယုံကြည်စိတ်ချရခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဖိုင်တစ်ခုကို သယ်ဆောင်သွားလိုတဲ့အခါမှာ အဲ့ဒီဖိုင်ကို USB flash drive, external hard drive ဒါမှမဟုတ် CD-R disc တွေမှာ ထည့်သွင်းသိမ်းဆည်းပြီးမှ သယ်ဆောင်ရပါတယ်။ Cloud ပေါ်မှာ ဖိုင်ကိုသိမ်းဆည်းတဲ့အခါမှာတော့ မည်သည့် physical media မှမလိုအပ်ဘဲ အင်တာနက်ဆက်သွယ်မှုရှိတဲ့ မည်သည့်ကွန်ပျူတာကနေမဆို အသုံးပြုနိုင်ပါတယ်။ နောက်ပြီး cloud ဟာ ဖိုင်တစ်ခုကို စာဖတ်သူရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်းတွေထံ ဝေမျှခြင်းအတွက် အလွယ်တကူပြုလုပ်ပေးနိုင်တာကြောင့် အင်တာနက်ပေါ်ကနေ ပူးပေါင်းဆောင်ရွက်ခြင်းကို ပြုလုပ်စေနိုင်မှာဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ