Gmail Delegation ကို အသုံးပြုခြင်းဖြင့် မိမိ Gmail
ကို အခြားသူမှ ၀င်ရောက်သုံးစွဲခွင့်
ရရှိသွားနိုင်မည်ဖြစ်သည်။ မိမိ၏ Gmail Password ကိုတော့ ထိုသူမှ ပြောင်းလဲ၍ မရနိုင်ပေ။
mail တွေကို reply ပြန်ဖို့ အချိန်မပေးနိုင်လျှင် ကိုယ်စားအနေဖြင့် တစ်ဦးတစ်ယောက်က Email
များကို reply လုပ်ခြင်း များ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ Gmail ၏ ညာဘက်အပေါ်ထောင့်တွင်ရှိသော Mail Setting
၂။ ထို့နောက် Accounts and Import ကိုနှိပ်ပါ။
၃။ Grant access to your account တွင်ရှိသော Add another account link ကို နှိပ်ပါ။
၎။ မိမိမှ ကိုယ်စားလှယ်ထားလိုသောသူ၏ email လိပ်စာကို ရိုက်ထည့်ပါ။ ထို့နောက် Next Step ကို နှိပ်ပါ။
၅။ Gmail မှ သေချာပါသလား မေးသောအခါတွင် Send email to grant access ကို နှိပ်ပေးပါ။
၆။ ထိုအခါတွင် ထိုကိုယ်စားလှယ်ထံသို့ Gmail မှ verification email တစ်စောင် ပို့ပါလိမ့်မည်။Inbox မှာကြည့်ပါ....
၇့...Access လုပ်ရမည်....
ပြီးဆုံးသွားပါက Delegation ပြုလုပ်ခြင်း အောင်မြင်သွားပြီ ဖြစ်ပါသည်။
ကိုယ်စားလှယ်အနေဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်း မိမိ၏ Gmail ကိုသာ
ဖွင့်ရမည်ဖြစ်သည်။ ထို့နောက် Gmail ၏ ညာဘက်
အပေါ်ထောင့်တွင်
ပေါ်နေသော မိမိ Gmail လိပ်စာဘေး၏ မြှားခေါင်းကိုနှိပ်ပြီး Switch Account
ကိုနှိပ်ပြီး မိမိကို ကိုယ်စားလှယ်လွှဲထားသော Gmail လိပ်စာကို ရွေးကာ ထိုသူ၏
အီးမေးလ်များကို စစ်ခြင်း၊ ထိုသူ၏
ကိုယ်စား အီးမေးလ်များ
ပို့ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
ပြန်လည်ဖယ်ရှားနည်း
၁။ Gmail ၏ ညာဘက်အပေါ်ထောင့်တွင် ရှိသော ဂီယာပုံလေးကိုနှိပ်ပြီး Mail Setting ကိုနှိပ်ပါ။
၂။ Account and Import ကို ရွေးပါ။
၃။ Grant access to your account ၏ အောက်တွင် မိမိ Delegate ပေးထားသောသူ၏ အီးမေးလ်လိပ်စာကို ရွေးပြီး Delete ကိုနှိပ်ပါ။
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment