this site the web

1856.. Android ဖုန်းထဲက Application တွေကို SD Card ထဲသို့ ပြောင်းရွှေ့ Install လုပ်မယ် ( Version အနိမ့်များအတွက် )

 
                  Android ဖုန်း အနိမ့်တွေမှာ APP တွေ ကို SD Card ထဲ ပြောင်းလို့မရပါဘူး......Internal Memory ပြည့်သွားရင် ဆော့်ဝဲတွေ ထပ်ထည့်လို့မရသလို စက်လေးပြီး စက်ပါပျက် သွားနိုင်ပါတယ် ....အောက်က ဟာလေးနဲ့ ဆို ပြောင်းလို့ရပါပြီ....

                 Root တော့်လုပ်ထားရပါမယ်......ဒီလိုမျိုးပြောင်းရွှေ့ဖို့ ပထမဦးဆုံး အနေနှင့် SD Card ကို partition
ပိုင်းရပါမယ်....ဆိုလိုတာက အပိုင်းပိုင်းပြီး တစ်ပိုင်းကို Data တွေအတွက် နှင့် ကျန်တစ်ပိုင်းကို App တွေ Install လုပ်ဖို့ ဖြစ်ပါတယ်.....

                   အောက်ဖေါ်ပြပါ Application တွေကိုတော့် SD Card ထဲ မပြောင်းသင့်ပါ...မပြောင်းပါနှင့်...
  1. Superuser
  2. Widgets
  3. Launchers
  4. Folder Lock Apps
  5. App Lock
  6. Mobile Manager စသည်တို့ဖြစ်သည်....


              ဒီအတွက် Mini partition wizard Home Editionနှင့် App2sd နှစ်ခုစလုံးထည့်ပေးထားပါတယ်......အောက်မှာ ဒေါင်းပြီး App2sd ကို install လုပ်ထားပါ......







                     
Mini partition wizard Home Edition ကိုကွန်ပျူတာမှာ Install လုပ်ပါ......
ဖုန်း SD Card ကို ဖုန်းမှ ထုပ်ပါ....( power ပိတ်ပြီးမှ )
SD Card ကို Card Reader မှာတပ်ပြီး ကွန်ပျူတာမှာတပ်ပါ.....
Mini partition wizard Home Editionကိုဖွင့် ရင် အပေါ်ကပုံအတိုင်း SD Card ရဲ့ လက်ရှိ partition နဲ့ memory size ကိုမြင်ရပါလိမ့်မယ်..

အဲဒီ SD Card partition ပေါ်မှာ right-click နှိပ်လိုက်ပါ။ အဲဒီထဲက move/ resize  ကိုရွေးပါ။
အောက်မှာပြထားတဲ့ ပုံအတိုင်းပေါ်လာပါလိမ့်မယ်




အဲဒီ မှာ Apps တွေ Install လုပ်ဖို့ Memory ကို ကိုထားချင်သလောက် သတ်မှတ်ပေး........ပြီးရင် OK



ပြီးရင် Unallocated space ဆိုပြီး ခုနကပိုင်းထားတဲ့ partition အသစ်လေးပေါ်လာပါလိမ့်မယ်....အပေါ်ကပုံလို အဲဒီ Partition ပေါ်မှာ right-click နှိပ်။ createကိုရွေး...



သတိပေးလာပါလိမ့်မယ် ....အဲဒီ Partition အသစ်သုံးနေတာကို မြင်ရမှာမဟုတ်ပါဘူး Yes နှိပ်ပြီး ဆက်ဝင်ပါ။
အောက်က ပုံပေါ်လာမယ်....

partition label ကို ကိုယ်နှစ်သက်ရာနာမည်ပေး
Create AS ကို Primary
File System ကို Ext2 ရွေးပေး     OK

Box လေးပျောက်သွားရင် Mini Partition wizard
ရဲ့ အပေါ်ဆုံး ဘေးနားက Apply ဆိုတာကို နှိပ်ပါ.... ဒါဆို partition စပိုင်းပါပြီ....
ပိုင်းပြီးသွားရင် sd card ကို ဖုန်းထဲပြန်ထည့်ပါ..... ပြီးရင် ဖုန်းကို restart ချပါ။


ဖုန်းကိုပြန်ဖွင့်ပြီး Link2sd ထဲကိုဝင်လိုက်ပါ..... ext2 လား ext3 လား တခြား file system တွေကို ရွေးခိုင်းရင် ext2 ကိုပဲရွေးလိုက်ပါ...အောက်ကပုံလို

 

        Super user တောင်းရင် Allow ပါ.....





 ဖုန်းထဲမှာသွင်းထားတဲ့ application ကို ကဒ်ထဲကို ရွေ့ချင်ရင် link2sd ထဲကိုဝင်လိုက်ပါ ။ အောက်ပုံမှာပြထားတဲ့အတိုင်း
application list ပေါ်လာပြီဆိုရင် ကတော့်ပုံလေးကို နှိပ်ပြီး On internal ကို ရွေးရင် ဖုန်းထဲက App List တွေတွေ့ရမယ်....အဲဒီ list ထဲကနေ ကိုယ်ရွေ့ချင်တဲ့ application ထဲကိုဝင် ပြီးရင် Move to SD Card  ကိုနှိပ်ပါ။ ဒါဆို ဖုန်းထဲက application ဟာ ကဒ်ထဲကို ရောက်သွားပါပြီဖြစ်ပါတယ်။



Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ