this site the web

1989.. iDevice နှင့် Android တွေ မှာ အချက်အလက် အခိုး မခံ ရအောင်...

 
                   iPhone တွေနဲ့ iPad တွေမှာ အချက်အလက်တွေ ခိုးယူအသုံးပြုခြင်း ခံရနိုင်တယ်လို့ ကြားသိလာရပါတယ်... အဲဒါက iDevice တွေတင်မဟုတ်ပါဘူး။ အခြား Linux Platform ပေါ်မှာအခြေခံထားတဲ့ Android OS စနစ်တွေမှာလည်း ဒီလိုမျိုး အချက်အလက် ခိုးယူအသုံးပြုခံရခြင်းတွေ ရှိလာနိုင်ပါတယ်။

               Linux ရဲ့ Coding စနစ်တွေကို ကျွမ်းကျင်တဲ့သူတွေ အသုံးပြုမယ်ဆိုရင် ဒီ Device တွေဟာ Hacking Device တွေဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုး အချက်အလက်တွေကို ခိုးယူဖောက်ထွင်း အသုံးပြုခြင်းဆိုတာကလည်း iDevice တွေမှာဆိုရင် Jailbreak ပြုလုပ်ထားတဲ့ Device တွေနဲ့ Android OS Device တွေမှာဆိုရင်တော့ Rooting ပြုလုပ်ထားတဲ့ Device တွေမှာပဲ အချက်အလက် ခိုးယူအသုံးပြုခံရခြင်းတွေ ဖြစ်နိုင်ပါတယ်။

              ဒီလိုမျိုး အချက်အလက်တွေ ခိုးယူအသုံးပြုခြင်း မခံရအောင် ကာကွယ်ထားနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ Device တွေကို Jailbreak လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ Rooting ပြုလုပ်တဲ့ နေရာမှာပဲဖြစ်ဖြစ် ဂရုစိုက်လိုက်ရင်ရပါပြီ။

            Jailbreak လုပ်တဲ့အခါနဲ့ Root လုပ်တဲ့အခါမှာ Rooting ရဲ့ Root Password ဆိုတာရှိပါတယ်။ အဲဒါကတော့ iDevice တွေနဲ့ Android တွေမှာ Developer တွေရဲ့ Default Password တွေကို Jailbreak or Rooting ပြုလုပ်တဲ့ခါမှာ တစ်ခါတည်းပြောင်းလဲခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ Device ကိုဖောက်ထွင်းဖို့ မလွယ်ကူတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Device တွေကို ဖောက်ထွင်းတဲ့နေရာမှာ Root Password ကိုမပြောင်းလဲခဲ့ဘူးဆိုရင်တော့ ဖောက်တဲ့သူက iDevice ဒါမှမဟုတ် Android တွေရဲ့ Root Default Password နဲ့ပေးပြီး ဖောက်ထွင်းသွားနိုင်ပါတယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ