this site the web

1990.. Exynos ဆိုတာ

 

                       Exynos ဆိုတဲ့အကြောင်းကို ဖော်ပြပေးပါမယ်။ Exynos ဆိုတာကတော့ Samsung ဖုန်းတွေမှာ မြင်တွေ့ရတဲ့ Chipset တစ်ခုပဲဖြစ်ပါတယ်။ Exynos ဆိုတာကတော့ တကယ်တမ်းမှာ ARM Chipset ပဲဖြစ်ပြီး ARM ရဲ့ အခြေခံစနစ်လည်းဖြစ်ပါတယ်လို့ ဆိုပါတယ်။


                    Exynos ဆိုတဲ့နာမည်ကတော့ Chipset တွေကိုထုတ်လုပ်ခဲ့တဲ့ ARM Chipset ဆိုတဲ့နာမည်ပေါ်မှာ မှီငြမ်းရည်ညွှန်းထားတာဖြစ်ပြီး Samsung ကနေထုတ်လုပ်တဲ့ Electronic ပစ္စည်းတွေအတွက် လိုအပ်တဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ဖို့ ARM ရဲ့အခြေခံပေါ်မှာပဲ နာမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ Exynos Chipset ကိုတော့ ၂၀၁၀ ခုနှစ်မှာ Samsung ကနေ စတင်ထုတ်လုပ်ခဲ့တယ်လို့ ကျွမ်းကျင်သူများကဆိုပါတယ်။ Samsung ရဲ့ Galaxy S ဟန်းဆက်မှာ Featured တစ်ခုအနေနဲ့ပါဝင်ခဲ့ပြီး ARM Cortex-A8 CPU ရဲ့လိုင်စင်နဲ့ ထည့်သွင်းခဲ့တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်အစောပိုင်းမှာတော့ Samsung ဟာ Exynos 4210 ကို ပထမဆုံးအနေနဲ့ စတင်ထုတ်လုပ်အသုံးပြုခဲ့ပြီး Samsung ရဲ့ Galaxy SII ဖုန်းမှာ စတင်ထည့်သွင်း အသုံးပြုခဲ့တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

                 စတင်ထည့်သွင်းအသုံးပြုခဲ့တဲ့ Exynos 4210 အတွက် Driver Code ဟာ Linux Kernel [1] နဲ့ Kernel 3.2 Support ဖြစ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလာမှာတော့ Exynos 4212 ကိုထပ်မံထုတ်လုပ်ခဲ့ပြီး ဒီဗားရှင်းကတော့ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေကို ရရှိနိုင်မယ်လို့လည်း ဆိုပါတယ်။

                  Exynos 4212 ဟာ မြန်ဆန်တဲ့လုပ်ဆောင်ချက်နှုန်းတွေကို ဖန်တီးပေးနိုင်တဲ့အပြင် ဂရပ်ဖစ်စနစ်ပိုင်းအတွက်လည်း 3D ဂရပ်ဖစ်စနစ်မျိုးကို ထောက်ပံ့ပေးနိုင်တဲ့ အဆင့်ထိ ရောက်ရှိလာခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာတော့ Dual-core ARM Cortex-A15 CPU ကိုထုတ်လုပ်ခဲ့ပြီး ဒီ Chipset ကိုတော့ Exynos 5250 လို့လည်း ခေါ်ဆိုတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ