this site the web

2000.. ချိတ်ဆက်ထားသော ဖုန်းအချင်းချင်း ခြေရာခံနိုင်မည့် Gothere Myanmar Software Beta 3 ( 5.9.2012 Update ) For Android

 
                 ဖုန်းတစ်လုံး၏ အဓိက တည်နေရာကို အခြားဖုန်းတစ်လုံး သို့မဟုတ် ဖုန်းနှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာမှ တစ်ဆင့် အချင်းချင်း ချိတ်ဆက်မှု ရှိပါက တည်နေရာကို ခြေရာခံ ဖော်ပြပေးနိုင်မည့် Gothere Myanmar Software ကို Android ဖုန်းများတွင် ထည့်သွင်းနိုင်မည် ဖြစ်ပြီး ဖုန်းပျောက်သော အချိန်တွင် ရှာဖွေနိုင်ခြင်း၊ မိဘများအနေဖြင့် မိမိကလေး ရောက်ရှိနေသည့် နေရာကို သိရှိနိုင်ခြင်း စသည်ဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

                “ဒီ software ကနေ အခြားဖုန်းတစ်လုံးရဲ့ တည်နေရာကို သိချင်တယ်ဆိုရင် ကိုယ်သိချင်တဲ့ ဖုန်းပိုင်ရှင်ဆီကို message လှမ်းပို့ရပါမယ်။ တည်နေရာကို သိချင်တယ်။ လက်ခံမလား စသည်ဖြင့်ပေါ့။ ဟိုဘက်ဖုန်းက လက်ခံတဲ့ message ပြန်လာပြီဆိုရင် ဒီဖုန်းနှစ်လုံးကြားထဲမှာ software က အလုပ်လုပ်ပြီး သိချင်တဲ့ ဖုန်းရဲ့ တည်နေရာကို အမြဲပြပေးသွားမှာပါ။ ဒါ့အပြင် realtime mobile movement tracking လည်း လုပ်လို့ရတဲ့အတွက် ကုမ္ပဏီဝန်ထမ်းများ ကားအလွဲသုံးစားလုပ်ပြီး သွားလာတာ၊ Marketing Staff များ သတ်မှတ်ထားတဲ့ နေရာတွေမှာ မရှိတာတွေကိုပါ ချက်ချင်း သိရှိနိုင်ပါတယ်”   ဟု အဆိုပါ software ကို ရေးသားသော Giga Gates Co.,Ltd မှ project manager တစ်ဦးက ပြောသည်။

                    ထို့အပြင် အဆိုပါ Software ထည့်သွင်းထားပါက မိမိရောက်နေသော နေရာသို့ လာရောက်ရန် လမ်းမသိသော မိတ်ဆွေထံသို့ Location Sharing ပြုလုပ်၍ ဖုန်းမှတစ်ဆင့် လမ်းပြပေးနိုင်မည် ဖြစ်ပြီး GPS Tracking မှာ သွားးခဲ့သည့် နေရာများကို ပြန်လည် ကြည့်ရှုနိုင်သဖြင့် ကားများတွင် တပ်ဆင် အသုံးပြုနိုင်ခြင်း၊ အလုပ်သမားများကို အပြင်လွှတ်ပြီးသည့်အခါ ပြန်လည် ကြည့်ရှုနိုင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

                    မြေပုံပေါ်တွင်လည်း မြို့၊ လုပ်ငန်း၊ အဆောက်အဦများကို အလွယ်တကူ ရှာဖွေနိုင်ပြီး Map Info ခြောက်သောင်းကျော်ခန့် သွင်းထားကြောင်း သိရသည်။ မိမိ ရောက်ရှိနေသည့် နေရာကို ကိုယ်ကိုယ်တိုင် မသိပါကလည်း ရောက်ရှိရာ နေရာအနီးရှိ ဟိုတယ်၊ စားသောက်ဆိုင်၊ ဘတ်စ်ကား မှတ်တိုင်များကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။ ထိုသို့ အသုံးပြုရန်အတွက် GPS  ဖွင့်ရန် သို့မဟုတ် Internet Connection ချိတ်ဆက်ရန် လိုအပ်သော်လည်း Battery Saving, Cost Saving ဖြစ်စေရန် Assistant Location Sensing (ALS) စနစ်ကို ထည့်သွင်းပေးထားကြောင်း သိရသည်။ ယခု ဖော်ပြခဲ့ပြီးသော feature များအပြင် အသုံးပြုသူများအတွက် အဆင်ပြေမည့် feature များကိုပါ ထပ်မံ ထည့်သွင်းပေးရန် စီစဉ်လျက်ရှိသည်....

                         GOthere Myanmar Phone Finder + Multi-Directories Beta 3 သို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် မြှင့်တင်ထုတ်လုပ်ထားပါသည်။


ပြောင်းလဲတိုးတက်မှုများ

  • ဆော့ဝဲ ဒီဇိုင်းပြန်လည် ပြင်ဆင်ထားခြင်း
  • မြေပုံမှာ အရင် Version ထက်ကောင်းမွန်လာခြင်း
  • GPS အမြဲပွင့်နေသော ပြဿနာ မရှိတော့ခြင်း
  • မလိုအပ်သော သတင်းများ ဖျက်နိုင်ခြင်း
  • Phone Finder အား အဆင့်မြှင့်တင်ထားခြင်း
  • GPS Tracking စနစ်များ ပိုမိုကောင်းမွန်လာခြင်း

DOWNLOAD

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

4 - ဦး မှတ်ချက်ပေးထားပါသည်

Blogger ရဲမာန် said...

ကျေးဇူးတင်ပါတယ်နော် အကို
ကျန်းမာချမ်းသာပါစေနော်

28/10/12 11:17 AM  
Blogger မုန်တိုင်း said...

yes

29/10/12 11:58 AM  
Blogger Unknown said...

ကျွန်တော့်ဖုန်းပျောက်နေတယ်ဗျာ ကွန်ပျူတာကကောရှာလို့ရလားဗျာ

15/3/13 11:28 AM  
Blogger မုန်တိုင်း said...

no

8/6/13 1:03 AM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ