ဗဟုသုတဘဏ်
အထူးအဆန်းတော့ မဟုတ်ဘူးဆိုရင်လည်းရပါတယ် ဒါပေမယ့်လို့ အသုံးတည့်မယ်လို့တော့ အာမခံချင်ပါတယ်။ Photoshop ဖိုင်ဖြစ်တဲ့ (.psd) ဖိုင်တွေကို Window Explorer မှာ thumbnail View အဖြစ် ကြည့်ရှုလို့မရပါဘူး။ အဲ့လိုကြည့်လို့မရလို့လည်း Photoshop file တွေထဲက ဓါတ်ပုံရွေးခြယ်ရာမှာ အခက်အခဲ များစွာ ဖြစ်ပေါ်လေ့ရှိပါတယ်။ အများသောအားဖြင့် Adobe Bridge (သို့မဟုတ်) ACD see လို Software တွေရဲ့ အကူအညီနဲ့ အသုံးပြုရပါတယ်။ အခုတင်ပြမယ့် အကြောင်းအရာကတော့ Photoshop psd ဖိုင်တွေကို Thumbnail View အဖြစ် ကြည့်လို့ရမယ့် နည်းလမ်းဖြစ်ပါတယ်။
(၁) ဒီနေရာမှာ နှိပ်ပြီး ဖိုင်ကို Download လုပ်လိုက်ပါ။ မလေးပါဘူး (62 kb)ပဲရှိတာပါ။
(၂) Download ပြီးသွားတာနဲ့ ဖိုင်ထဲမှာပါတဲ့ psicon.dll ဖိုင်ကို Copy ကူးပြီး C:\Program Files\Common Files\Adobe\Shell
အဲ့ဒီနေရာမှာ နေရာချထားလိုက်ပါ။ တကယ်လို့ Shell ဆိုတဲ့ ဖိုင်မရှိရင် ကိုယ်တိုင် Shell ဆိုတဲ့ နာမည်နဲ့ ဖိုင်အသစ်ဖွဲ့ပေးလိုက်ပါ။
(၃) ပြီးတာနဲ့ ဖိုင်ထဲမှာပါတဲ့ Adobe.reg ဆိုတဲ့ဖိုင်လေးကို ဖွင့်လိုက်ပါ။ မေးခွန်းတစ်ခုထွက်လာပါ့မယ် Yes လို့သာဖြေပေးလိုက်ပါ။
(၄) ဒီလောက်ဆို အဆင်ပြေသွားပါပြီ ကြည့်လိုက်ပါဦး Psd ဖိုင်တွေကို။
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment