ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

384..Photo အဟောင်းတွေ ကို စုစည်းပေးထားတဲ့ Website တစ်ခု

 



ဟို;ရှေးရှေးတုန်းက ရိုက်ထားတဲ့ Photo အဟောင်းတွေ ကို စုစည်းပေးထားတဲ့ Website တစ်ခုပါ။ ပုံတွေက အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အဲ့ဒီ site မှာ .. အပိုင်း ၃ ပိုင်းခွဲပြီး စုစည်း ပေးထားတာတွေ့ ရတယ်။
Defining Moments
Picture Collections
Themed Collections
Site Search မှာလည်း ကိုယ်စိတ်ဝင်စားတာတွေကို လိုက်ရှာကြည့်နိုင် သေးတယ်။

ဒီဆိုဒ်

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

380..ပုံအသစ်တွေကို ပုံအဟောင်းသို့ပြောင်းချင်ရင်....

 

ကဲ....ကျွန်တော်က အထက်ကခုနှစ်တွေအတိုင်း ရွှေတိဂုံစေတီ ပုံတော်ကို
လူတစ်ရာကိုပြရင် ရှစ်ဆယ်လောက်တော့ ယုံကြမယ်ထင်ပါတယ်......
အမှန်တော့မဟုတ်ပါဘူး......ဒီလိုလုပ်ဖို့.photoshop ရဲ့နည်းပညာလည်းတတ်စရာမလိုပါဘူး.......
သယ်ရင်းတို့ရဲ့ ဘယ်ဓါတ်ပုံကိုမဆို .........

ဒီဆိုဒ်

ကိုဝင်ပြီး အဆင့်ဆင့်ပြုလုပ်နိုင်ပါတယ်.........တစ်ပုံလုပ်ဖို့စက္ကန့်သုံးဆယ်လောက်ပဲကြာမှာပါ.....
ကောင်းတဲ့ဘက်မှာပဲ သုံးကြပါနော်..........
မှတ်ချက်..............ခုနှစ်တွေက နမူနာနော်.........




Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

320.. VSO Image Resizer 2.0.1.7 (Media Management)

 
VSO Image Resizer

4.77 MB ပမာဏ ဖြစ်ပြီး အခမဲ့ရယူ နိုင်ပါတယ်။ Windows 2000/XP နဲ့ Vista တို့ထဲက တစ်ခုခု ရှိလျှင် သုံးစွဲနိုင်ပါတယ်။ ကန့်သတ်ချက် တွေမရှိပါဘူး။ VSO Image Resizer ဆော့ဖ်ဝဲဟာ ဓါတ်ပုံတွေကို resolution ပြောင်းပေးနိုင်သလို၊ ချုံ့တာတွေ၊ စုစည်းတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ သုံးစွဲသူတွေ အတွက်ပေါ့ပါးပြီး လွယ်ကူစွာ အသုံးပြုနိုင်ဖို့ ဖန်တီးပေးထားတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ရုပ်ပုံတွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်ပြီး အချိန်အပြောင်းအလဲတွေလည်း လုပ်နိုင်ပါသေးတယ်။

http://www.vso-software.fr/products/image_resizer/




Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

315..Abrosoft FantaMorph

 



Windows 95/Me/NT/2000/XP/2003 Server နဲ့ Vista တို့ရှိလျှင် သုံးစွဲနိုင်ပါပြီ။ Abrosoft FantaMorph က အသုံးပြုရလွယ်ကူတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး နှစ်သက်ဖွယ်ရာ ရုပ်ပုံတွေကို ဖန်တီးပေးနိုင်သလို ရှုပ်ထွေးတဲ့ လှုပ်ရှားမှုဆိုင်ရာ effect တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ Screen Saver တွေ၊ ၀က်ဘ်ဂရပ်ဖစ်တွေ၊ ကြော်ငြာတွေ၊ ဗီဒီယိုသီချင်းတွေ၊ ရုပ်ရှင်တွေ၊ ပညာရေးဆိုင်ရာဆော့ဖ်ဝဲ presentation တွေ၊ e-mail နဲ့အမျိုးမျိုးသော အီလက်ထရောနစ် document တွေမှာ Visual effect တွေကို ထည့်ပေးနိုင်ပါတယ်။

http://www.brothersoft.com/abrosoft-fantamorph-pro-21912.html



Labels: , , , , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

303..Romantic Photoshop frame အသစ်

 

Romantic Photoshop frame အသစ်များစုစည်းထားသောစီဒီဖြစ်သည်


Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

297..နည်းပညာနှင့်သက်ဆိုင်တဲ့ကျူတိုရီရယ်site

 

ဒီဆိုက်ကတော့ နည်းပညာဆိုင်ရာအကြောင်းအရာတွေကို အများအ ပြားလေ့လာနိုင်ဖို့အတွက် ဖော်ပြပေးထားတဲ့ဆိုက်ဖြစ်ပါတယ်။ ဒီဆိုက်မှာ နည်းပညာနှင့်သက်ဆိုင်တဲ့ကျူတိုရီရယ်တွေကို အများအပြားလေ့လာနိုင် အောင်စီမံပေးထားပါတယ်။ ဒီကျူတိုရီရယ်တွေကတော့ database အကြောင်းတွေ application အကြောင်းတွေ၊ web design နှင့်ပတ် သက်တာ၊ networking နဲ့ပတ်သက်တာ linux နဲ့ပတ်သက်တာ၊ photoshop နှင့်ပတ်သက်တဲ့ကျူတိုရီရယ်တွေကို အများအပြားလေ့လာ နိုင်မှာဖြစ်ပါတယ်။

www.techtutorials.info




Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

296..Adobe ရဲ့ Photoshop ရဲ့ tools ဆိုဒ်

 

Adobe ရဲ့ Photoshop နဲ့သက်ဆိုင်တဲ့ လေ့လာစရာတွေကို ဖော်ပြပေးထားပါတယ်။ ဘာကစပြီးသုံးရမယ်၊ ဘယ် tool တွေက ဘာတွေလုပ် တယ်ဆိုတာကို သိပြီးတဲ့သူတွေအတွက် သင့်လျော်တဲ့ဆိုက်ဖြစ်ပါတယ်။ သင်ခန်းစာတစ်ခုစီမှာ ပြုလုပ်ပုံတွေကို အတိအကျ ဖော်ပြထားသလို ဘယ် tool ကို ကိုင်တွယ်ပြီး လုပ်တယ်ဆိုတာကိုပါ ဖော်ပြထားလို့ ပြန်လည်လေ့ကျင့် လို့ရပါတယ်။ ဒီကနေပြီး ကိုယ့်စိတ်ကြိုက် ဖန်တီးမှုတွေပြုလုပ်တဲ့အ ခါမှာ လေ့လာခဲ့တဲ့ သင်ခန်းစာလေးတွေကို ပေါင်းစပ်ပြီး အတော်အသင့် ဖန်တီးမှုတွေပြုလုပ်နိုင်ပါလိမ့်မယ်။

www.adobetutorialz.com




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

266..Photoshop Brushes

 


Photoshop နဲ့ တွဲသုံးလို့ရတဲ့ Brush လေးတွေ Download ချလို့ရတဲ့ နေရာလေးပါ။ ဒီဇိုင်းလုပ်ရာမှာ အထောက်အကူ ဖြစ်စေမှာပါ။


WwW.Brusheezy.com

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

265..Nature Effect

 
BEFORE


AFTER USING SOFTWARE


အပေါ်က ပုံလေးလိုမျိုး လွယ်လွယ်ကူကူလုပ်ချင်ရင်တော့ Nature Illusion Studio ဆိုတဲ့ Software လေးကို အသုံးပြုကြည့်ပါ။ ရေလှိုင်းလေးတွေလှုပ်နေတဲ့ Effect အပြင်၊ အခြား နှင်းကျတာနဲ့ မိုးရွာတဲ့ Effect လေးတွေကိုပါ အသုံးပြုလို့ရပါတယ်။ ဒီမှာ Download လုပ်လို့ရပါတယ်။
Size : 4.19 MB
Type: Rar





Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

257..ခဲခြစ်ပန်းချီ Photoshop နှင့်ပြုလုပ်နည်း

 




ပန်းချီကားလေးလို ဖြစ်အောင် ခဲခြစ်ပန်းချီ စမ်းသပ်ချက်ကလေးပါ…..

ပထမအဆင့်အနေနဲ့ Ctrl+Shift+N တွဲနိုပ်ပြီး layer အသစ်တစ်ခုယူပါ။Name နေရာမှာ Grayလို့ပေးပါ။ Color နေရာမှာ None ထားပါမယ်။ Mode မှာ Overlay နဲ့ Fill with Overlay-netural color (50% gray) Check Box ကို အမှတ်ခြစ်ပါ့မယ်။



ဒုတိယအဆင့်မှာတော့
Gray layer ကို Filter>Noise>Add Noise ပေးပါမယ်။Amount မှာ 30ပေးပါတယ်။ Distribution မှာ Uniform ပေးပါမယ်။Uniform ပေးရတာဟာ Noise တွေကိုပိုပြီး ချောမွေ့စေဖို့ဖြစ်ပါတယ်။ Monochromatic မှာCheck Box ကို အမှတ်ခြစ်ပါမယ်။



တတိယလုပ်ရမှာကတော့
Original Image Layer ကို Image > Adjustment > Hue/saturation (Ctrl + U) ကိုသွားပါ။ Saturation မှာ value ကို -30 ပေးပါ။အခုလိုပေးခြင်းဟာ image ကို Original Color ကနေပန်းချီဆန်တဲ့ Color ကိုကူးပြောင်းချင်လို့ဖြစ်ပါတယ်။



စတုတ္တအဆင့်ပေါ့လေ…
Background Layer ကို Lock ဖြုတ်ပါမယ်။လုပ်ပုံလုပ်နည်းအမျိုးမျိုးရှိပါတယ်။ Original Layerရဲ့Original Layerရဲ့ သော့ဂလောက်ပုံပေါ်မှာAlt+ Double Click နိုပ်ပြီး။ Layer ကို lock ဖြုတ်နိုင်ပါတယ်။ပြီးနောက်Background layer ကို Original Image ဟုပြောင်းပါ။
နောက်တစ်နည်းက Background layer ကို Double Clickနိုပ်ပြီး New layer Dialogue Box ကျလာပါမယ်။ဒါဆိုရင် layer name ကိုလည်း အလွယ်တကူပေးလို့ရပါတယ်။ပထမနည်းက Layer ကို Lock အမြန်ဖြုတ်တဲ့နည်းဖြစ်ပြီး။ဒုတိယနည်းကတော့ Layer name ကိုပါ Change ပြီး lock ဖြုတ်တဲ့နည်းဖြစ်ပါတယ်။



နောက်တစ်ဆင့်...
Original Image layer ကို Duplicate လုပ်ပါမယ်။ Original Image layerကို Select လုပ် Right Click> Duplicate Layerဆိုပြီး layer ကို Duplicate လုပ်ပါ့မယ် Shortcut Key ကတော့
Ctrl + J ဖြစ်ပါတယ်။ပြီးနောက် Duplicate လုပ်ထားတဲ့ layer (Original Image copy) ကိုLayer တွေရဲ့ အပေါ်ဆုံးကိုတင်ပါမယ်။Shortcut က ( Ctrl+ Shift+] )ပါ။ Original Image copy layer ကို Desaturate လုပ်ပါမယ် Image > Adjustment > Desaturate ၊ Shortcut က
( Ctrl+ Shift+ U )ပါ။
Desaturate လုပ်ထားတဲ့ layer ကိုထပ်ပြီးတော့ Copy လုပ်ပါမယ်။ Copy လုပ်ပြီးတဲ့ layer ကို Image> Adjustment>Invert (Ctrl+ I)လုပ်ပါမယ်။



Invert လုပ်ထားတဲ့ (Original Image layer copy 2) Layer ကို Blending Mode မှာ Color Dodge ပြောင်းပေးပါ။



Color Dodge ပြောင်းပြီးသား (Original Image layer copy 2) layer ကို Filter > Blur> Gaussian Blur ၊Radius value ကိုတော့ ကိုယ့်စိတ်ကြိုက်ထားပါ။ ကျွန်မကတော့ 5 pixels ထားပါတယ်။ သင်တို့က ကိုယ်လိုချင်ရာ pixels ထားပြီး ကြည့်ကောင်းသလို လုပ်ကြည့်ပေါ့။ အခုဆိုရင် Image လေးက ခဲခြစ်ပန်ချီလေးနဲ့ တူလာပါပြီ။ ဒါပေမယ့် ဒီထက်ကောင်းတဲ့ ခဲခြစ်ပန်းချီရဖို့နောက်တစ်ဆင့်တက်ရအောင်။



Step6.
နောက်တစ်ဆင့်အနေနဲ့ကတော့ Original Image layer copy 1 layer နှင့် Original Image layer copy 2 ကို ပေါင်းပါမယ်။
Original Image layer copy 2 ကို Selectလုပ်ပြီး Layer>Merge Down (Ctrl + E) လုပ်ပြီး Sketch Layer လို့ နာမည်ပြောင်းလိုက်ပါ။ ပြီးရင်Layer တွေရဲ့အောက်ဆုံးကိုချလိုက်ပါ
Shortcut Key က( Ctrl + Shift+[ )ဖြစ်ပါတယ်။



ပြီးရင် Orginal Image layer ကို Layer တွေအားလုံးရဲ့ အပေါ်ဆုံးကို တင်ပါမယ်။ Shortcut ကတော့
( Ctrl+ shift+] ) ဖြစ်ပါတယ်။ Orginal Image layer ကို Blending mode မှာ Color လို့ ပြောင်းပါ။ ဒီလို လုပ်တာကတော့ Color pencil နဲ့ဆွဲတဲ့ ပုံဖြစ်အောင်လုပ်တာပါ။ ရိုးရိုးခဲခြစ်ပန်းချီပဲလုပ်မယ်ဆိုရင် ဒီအဆင့်မလိုတော့ပါဘူး။



ပုံကိုပဲ လိုချင်ရင်တော့ Original Image layer ကို Select လုပ်ပြီး (Ctrl + Alt+ Shift+ E) ကိုနိုပ်ပြီး Merge လုပ်လိုက်။ ပြီးတော့ အဲဒီအပေါ်ဆုံး Layer (layer 1) ကို Add Vector mask ပေးလိုက်ပါ။ ပြီးတော့ ပန်းချီကားနဲ့တူအောင် မလိုချင်တဲ့ အပိုင်းတွေကို ဖြတ်ပါမယ်။ ဖြတ်တဲ့အခါမှာ အမှားအယွင်း ရှိခဲ့ရင် အလွယ်တကူပြင်လို့ ရအောင်လို့ Vector Mask ကိုသုံးပါမယ်။

Vector mask သုံးပုံသုံးနည်းက အရမ်းရိုးရှင်းပြီးတော့ လွယ်ကူပါတယ်။ အထက်ပါပုံမှာ ပြထားတဲ့ အတိုင်း layer 1 ရဲ့ Red Circle ပြထားတဲ့နေရာကို Click လုပ်ပါ ပြီးရင် ကိုယ် လိုချင်တဲ့ အပိုင်းကို Brush သုံးပြီးဖြတ်ပါမယ်။ Brush ရဲ့ Default Color ဖြစ်တဲ့ Black and White ဖြစ်ဖို့ Keyboard Shortcut (D) key ကိုနှိပ်ပါ။

ပြီးရင် Brush မှာ Soft mechanical 12 pixels ကိုသုံးပြီး မလိုချင်တဲ့ အပိုင်းတွေကို ဖြတ်ပေးပါ။ Final Image မှာ မြင်ရသလိုမျိုး ဖြတ်လိုက်တယ်။ Model ပေါ်မှုတည်ပြီး စိတ်ကြိုက်သာဖြတ်ကြည့်ပေါ့။

Ref:manawphu

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

246..Photo cube effect photoshop action

 
Before

After

Download the photo cube effect photoshop action here.

ချမ်းမြေ့စိုးမှ.....





Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

244..Photoshop မွာပါတဲ့ Brush Tool

 
Photoshop မှာပါတဲ့ Brush Tool တစ်ခုတည်းကိုပဲ အသုံးပြုပြီး ဆွဲသွားတာပါ။







Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

243..Polar Panorama

 
Polar Panorama ပုံစံတွေကို မြင်ဖူးနေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာ မသိခဲ့ဘူး။ ဒီနေ့ Design Tutorial တွေလိုက်ဖတ်ကြည့်ရင်း Polar Panorama လုပ်ပုံလုပ်နည်းတွေကို တွေ့ခဲ့တယ်။ ဒါနဲ့ပဲ ရိုက်ထားတဲ့ ပုံတစ်ပုံကို Photoshop ထဲမှာ မန်းမှုတ်လိုက်တာ အောက်ပါအတိုင်း ထွက်လာပါတယ်။

Polar Panorama ပြုလုပ်ရာမှာ အဓိကကျတဲ့ Photoshop Filter နှစ်ခုကတော့ Polar Coordinates နဲ့ Spherize တို့ပဲဖြစ်ပါတယ်။ Panorama ပုံတစ်ပုံကို ရိုက်ယူပြီးပြီဆိုလျှင် ထို Filter နှစ်ခုနဲ့ လိုသလို ကစားယူနိုင်ပြီး Polar Panorama ပုံတစ်ပုံကို ဖန်တီးရယူနိုင်ပါတယ်။ Panorama ရိုက်ထားတဲ့ပုံ မဟုတ်ရင်လည်း ဓာတ်ပုံကို Resizing လုပ်ယူပြီး Polar Panorama ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ Tutorial တွေကို အောက်ပါ website များမှတဆင့် လေ့လာနိုင်ပါတယ်။

  1. Create Your Very Own Planet
  2. How to make Polar Panorama with photoshop
  3. Producing Polar Panorama
  4. How to Create Your Own Planets Using Your Panoramas
  5. Polar Panorama Group on Flickr
ချမ်းမြစိုးကိုကျေးဇုးတင်ပါသည်....



Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

177.. Fastone Photo Resizer

 
3 Megapixel ရှိတဲ့ camera တစ်လုံးက 1MB လောက်ရှိတဲ့ ဓါတ်ပုံ ထုတ်ပေးပြီး 8 Megapixel လောက်ရှိတဲ့ camera ကထွက်တဲ့ ဓါတ်ပုံကတော့ 3MB လောက် ရှိပါတယ်။ ပုံတွေ အများကြီးကို တစ်ပြိုင်တည်း resize လုပ်ချင်ရင် သုံးပါတယ်။ ဒီ software ရဲ့ နောက်တစ်ခု အားသာချက်က ဓါတ်ပုံတွေ အများကြီးကို batch အနေနဲ့ တစ်ပြိုင်တည်း watermark ထည့်လို့ ရပါသေးတယ်။
Download Fastone Photo Resizer (size 1.36MB)









Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

175..Photoshop အစားသုံး

 
Photoshop အစားသုံးတာပါ။ Photoshop လိုဘဲ layer concept နဲ့။ Photoshop လောက်တော့ function မစုံပေမယ့် photo editing basic လောက်ဘဲ သုံးတဲ့သူအတွက်တော့ လုံလောက်ပါတယ်။

Download Paint.NET(1.6MB)





Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

074..PhotoShop Keyboard Shortcuts

 
လုံးဝ မသိသေးတဲ့ Keyboard Shortcuts များကို အများကြီးတွေ့လိုက် ရပါတယ်။ စနစ်တကျ ပြုစုထားတာ တွေ့ရလို့ ကျွန်တော် လည်း ကျွန်တော့် သူငယ်ချင်းများကို မရှာရ မဖွေရပဲနှင့် ရစေချင်တဲ့ စိတ်ကြောင့် ဒီမှာပဲ တင်ပေးလိုက်ရပါတယ်။ ကျွန်တော်ဟာ PC (window) အသုံးများတာမို့ PC Keyboard Shortcuts များကိုသာ တင်ပြလိုက်ပါတယ်။ Mac(Apple-OSx) သုံးသူများအတွက်တော့ ကျွန်တော် ၀မ်းနည်းပါတယ်။ ဒါပေမယ့် သိပ်ပြီး ကွာလှတယ်တော့ မဟုတ်ပါဘူး။ အကြမ်းဖျဉ်းအားဖြင့် PC ရဲ့ (Ctrl) Key နေရာမှာ Mac က (cmd) key ကိုအစားထိုးသုံးသွားပါတယ်။

နောက်ပြီး အောက်ဖော်ပြပါ ဇယားလေးပါ တွေ့ရှိခဲ့ရပြန်ပါတယ်။ အဲ့ဒါကတော့ PhotoShop ထဲက Tool Box ကို Shortcuts များနှင့်တကွ ဇယားဆွဲပေးထားတာ ဖြစ်ပါတယ်။ Nomal Key များသာသုံးထားတဲ့အတွက် PC ရော Mac မှာပါ အဆင်ပြေ နိုင် ပါတယ်။ Download လုပ်ရန်ဖိုင်များကတော့ Adobe Acrobat Reader ဖိုင် (.pdf)နဲ့ ဖြစ်ပါတယ်။ CS / CS2 / CS3 စသည်ဖြင့် ဗားရှင်းအလိုက် (၃)ဖိုင်တင်ပြ ထားပါတယ်။ အဆင်ပြေသည့် ဖိုင်ကို Download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။













Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

072..View thumbnail images for Photoshop PSD

 




အထူးအဆန်းတော့ မဟုတ်ဘူးဆိုရင်လည်းရပါတယ် ဒါပေမယ့်လို့ အသုံးတည့်မယ်လို့တော့ အာမခံချင်ပါတယ်။ Photoshop ဖိုင်ဖြစ်တဲ့ (.psd) ဖိုင်တွေကို Window Explorer မှာ thumbnail View အဖြစ် ကြည့်ရှုလို့မရပါဘူး။ အဲ့လိုကြည့်လို့မရလို့လည်း Photoshop file တွေထဲက ဓါတ်ပုံရွေးခြယ်ရာမှာ အခက်အခဲ များစွာ ဖြစ်ပေါ်လေ့ရှိပါတယ်။ အများသောအားဖြင့် Adobe Bridge (သို့မဟုတ်) ACD see လို Software တွေရဲ့ အကူအညီနဲ့ အသုံးပြုရပါတယ်။ အခုတင်ပြမယ့် အကြောင်းအရာကတော့ Photoshop psd ဖိုင်တွေကို Thumbnail View အဖြစ် ကြည့်လို့ရမယ့် နည်းလမ်းဖြစ်ပါတယ်။
(၁) ဒီနေရာမှာ နှိပ်ပြီး ဖိုင်ကို Download လုပ်လိုက်ပါ။ မလေးပါဘူး (62 kb)ပဲရှိတာပါ။

(၂) Download ပြီးသွားတာနဲ့ ဖိုင်ထဲမှာပါတဲ့ psicon.dll ဖိုင်ကို Copy ကူးပြီး C:\Program Files\Common Files\Adobe\Shell အဲ့ဒီနေရာမှာ နေရာချထားလိုက်ပါ။ တကယ်လို့ Shell ဆိုတဲ့ ဖိုင်မရှိရင် ကိုယ်တိုင် Shell ဆိုတဲ့ နာမည်နဲ့ ဖိုင်အသစ်ဖွဲ့ပေးလိုက်ပါ။

(၃) ပြီးတာနဲ့ ဖိုင်ထဲမှာပါတဲ့ Adobe.reg ဆိုတဲ့ဖိုင်လေးကို ဖွင့်လိုက်ပါ။ မေးခွန်းတစ်ခုထွက်လာပါ့မယ် Yes လို့သာဖြေပေးလိုက်ပါ။

(၄) ဒီလောက်ဆို အဆင်ပြေသွားပါပြီ ကြည့်လိုက်ပါဦး Psd ဖိုင်တွေကို။



Ref:အောင်ချမ်းမင်း




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

071..What is RAW? and Camera RAW Image File Thumbnails View in Window XP

 

RAW ဖိုင္ဆိုတာဘာလဲ What is RAW ?

RAW ဖိုင်အကြောင်းကို http://myanmaritpros.com မှာ ကျွန်တော်သွားရောက်မေးမြန်းခဲ့ရာမှာ အောက်ပါအတိုင်း ကိုမြတ်သူ နဲ့ ကိုဝင်းနိုင် တို့က ဖြေကြား ပေးခဲ့ကြပါတယ်။ သူတို့ဖြေကြားပေးတာဟာ ရိုးရှင်းပြီး နားလည်ရလွယ်ကူစေပါတယ်။ အဲ့ဒါကြောင့် ထပ်မံ ဖော်ပြပေးလိုက်ရပါတယ်

ကိုမြတ်သူ -

RAW ကို ဓာတ်ပုံပညာရှင်တိုင်း အသုံးပြုပါတယ်။ သူဟာ high resolution ၇ပါတယ်။ ဓာတ်ပုံကို ပုံကြီးချဲ့ တဲ့ အခါမှ pixel distortion မဖြစ်စေပါဘူး။ file size လည်းကြီးပါတယ်။ သူဟာ high resolution image ရတဲ့ အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် အဆင်ပြေပါတယ်။ photoshop software တိုင်း RAW file ကို ဖွင့်လို့မရပါဘူး။ တစ်ချို့ရပါတယ်။ photoshop install လုပ်တဲ့အခါ file extension မှာ RAW ကို ရွေးပေးခဲ့နိုင်ပါတယ်။

Jpeg ကတော့ Joint Photography Expert Group လို့ အရှည်ခေါ်ပါတယ်။ သူဟာ image resolution တွေကို compress လုပ်ပြစ်ပါတယ်။ jpeg နဲ့ ဖိုင်သိမ်းတိုင်း ချုံ့ပစ်တာပါ။ ဒါကြောင့် တစ်ချို့ အရောင်တွေ၊ ပုံတွေဟာ ပျောက်သွား ပျက်သွားပါတယ်။ pixel distortion ဖြစ်တယ်လို့ ပြောပါတယ်။ ပုံနှိပ်လုပ်ငန်း၊ ပုံထုတ်တဲ့ အချိန်၊ ပုံကြီးချဲ့တဲ့ အချိန်တွေမှာ jpeg ဟာ အဆင်မပြေပါဘူး။ ဒါဟာ အကြမ်းပြင်ပါ။ အလွယ်ကူဆုံး အနေနဲ့ အသေးစိတ်ကို



http://www.wikipedia.org/


မှာ လေ့လာနိုင်ပါတယ်။ အသေးစိတ်ရေးထားပါတယ်။


ကိုဝင်းနိုင် -


ကျနော်က professional ဓါတ်ပုံပညာရှင်တစ်ယောက်တော့မဟုတ်ပါဘူး၊ ဒါပေမဲ့ ...
(၁) Raw ဆိုတာဘာလဲ ?
(၂) ဘယ်လိုအသုံးပြုရမလဲ၊ အသုံးဝင်လဲ ?
(၃) အခြား ဖိုင်Type တွေနဲ့ ဘာတွေကွာခြားသလဲ ? လို့မေးထားတာတွေထဲက Raw file တွေအကြောင်းကတော့ internet ပေါ်မှာ ရှာဖွေလေ့လာလိုက်ရင် တော်တော်လေးသိသွားပါလိမ့်မယ်။ ဖြေထားတဲ့သူတွေလဲ တော်တော်လေးဖြေထားရှင်းပြထားကြတာတွေ့ရပါတယ်။ ကိုမြတ်သူဖြေထားပေးတာတော်တော်လေးပြည့်စုံနေပါပြီ။
ကျနော်က လိုတာလေးတွေဖြည့်စွက်ပြီးပြောပြချင်ပါတယ်။
Raw Format နဲ့ DSLR ကင်မရာတိုင်းလိုလိုမှာ ရိုက်လို့ရနေပါပြီ၊ အဲဒီမှာ ကင်မရာရဲ့ sensor အမျိုးအစားပေါ်မှာမူတည်ပြီး raw format မတူတာတွေ့ရပါတယ်။



ဒါကြောင့်လဲ Raw File ဆိုရာမှာ Camera Raw ဆိုမှ ပိုပြီးမှန်ပါလိမ့်မယ်။ Wiki ပေါ်မှာ ကင်မရာအမျိုးအစားအလိုက် ကင်မရာ raw file extension တွေ ကွာခြားတာကို အခုလိုဖေါ်ပြထားတာတွေ့ရပါတယ် -
.3fr (Hasselblad)
.raf (Fuji)
.crw .cr2 (Canon)
.tif .k25 .kdc .dcs .dcr .drf (Kodak)
.mrw (Minolta)
.nef .nrw (Nikon)
.orf (Olympus)
.dng (Adobe)
.ptx .pef (Pentax)
.arw .srf .sr2 (Sony)
.x3f (Sigma)
.erf (Epson)
.mef (Mamiya)
.mos (Leaf)
.raw .rw2 (Panasonic)
.cap .tif .iiq (Phase One)
.r3d (Red)
.fff (Imacon)
.pxn (Logitech)
.bay (Casio)
.rwz (Rawzor)

Camera မှာတပ်ထားတဲ့ Sensor တွေကတော့ ကင်မရာထုတ်လုပ်တဲ့ ကုမ္ပဏီတွေပေါ်မူတည်ပြီး CCD နဲ့ CMOS ဆိုတဲ့ ၂မျိုးသာရှိပါတယ်။ သူတို့ကမှတစ်ဆင့်ထပ်ပွားသွားတာတွေကတော့အများကြီးပါ။
ဒါတွေအကြောင်းဆက်ရှင်းနေရရင် တော်တော်လေးများနေမှာဖြစ်တဲ့အတွက် လိုအပ်မှဘဲ ဆက်ရှင်းပါတော့မယ်၊ အခုလောလောဆယ် အဓိကကျတဲ့ အချက်လေးတွေပြောပြချင်ပါတယ်။
ဘာတွေလဲ ဆိုတော့ ဓါတ်ပုံတစ်ပုံရိုက်တဲ့အခါ ဘာကြောင့် RAW နဲ့ ရိုက်မှာလဲ ? ဘာကြောင့် RAW နဲ့ ရိုက်စရာမလိုဘူးလဲ ? ဆိုတာရှင်းရှင်း သဘောပေါက်ရင် ရပြီထင်ပါတယ်။
RAW နဲ့ရိုက်တိုင်း ကောင်းတယ်လို့ ပြောမယ်ဆိုရင်တော့ မှားမယ်ထင်ပါတယ်၊ ဥပမာ မင်္ဂလာဆောင်အခမ်းအနားတစ်ခုမှာ အခကြေးငွေယူပြီး လိုက်ရိုက်တဲ့ ဓါတ်ပုံဆရာတစ်ယောက်အနေနဲ့ ပုံတိုင်းကို RAW နဲ့ရိုက်မယ်ဆိုရင် အဲသည်ဓါတ်ပုံဆရာဟာ RAW နဲ့ ရိုက်ထားတာတွေကို ဘယ်လောက်အထိအချိန်ပေးပြီး retouch လုပ်နိုင်မလဲ ဆိုတာအရင်စဉ်းစားရမှာဖြစ်ပါတယ်။
ရိုက်ခရတာက နည်းနည်း ဒါမှမဟုတ် လက်ခံထားတဲ့ပွဲဆက်တွေက များနေမယ်ဆိုရင်တော့ RAW နဲ့သာရိုက်ပြီး ပုံကူးပေးမယ်ဆိုရင် အိပ်ချိန်တောင်ရမှာမဟုတ်ပါဘူး။
ကျနော်ပြောချင်တာကတော့ camera raw နဲ့ ပုံတိုင်းကို မရိုက်သင့်ပါဘူး၊ သတို့သမီးပုံနဲ့ ပုံကြီးချဲ့ပေးရမဲ့မိသားစုပုံတွေကလွဲရင် RAW အစား ရိုးရိုး JPEG ဆိုက်ကြီးကြီးနဲ့ ရိုက်ရင်ရပါပြီ။
Bill-Board တွေ၊ Hi-Resolution ပုံထုတ်ပေးရမဲ့ clients တွေအတွက်တော့ RAW နဲ့ ရိုက်ပေးသင့်ပါတယ်။
အရောင်မှန်မှန် ပုံပြတ်ပြတ်သားသား၊ ကြည်ကြည်လင်လင်ရဖို့အတွက်ပါ။
ဒါမှ ကိုယ်ရိုက်လိုက်တဲ့ ပုံရဲ့ result ကို ထိန်းထားနိုင်မှာလဲ ဖြစ်လို့ပါ။
ဟိုးအရင်ကတော့ ဖလင်နဲ့ ဓါတ်ပုံရိုက်ကြရာမှာ ရိုက်တဲ့အချိန်မှာ ဓါတ်ပုံပညာပါပါနဲ့ အလင်းအမှောင်မှန်မှန်ပေးပြီး ရိုက်နိုင်ရင် ပုံကောင်းတွေထွက်ကြပါတယ်၊ အခုခေတ်မှာတော့ ဓါတ်ပုံတစ်ပုံရိုက်ပြီးရင် ကွန်ပျူတာလဲ ကျွမ်းကျင်မှ၊ software တွေအကြောင်းလဲ သိမှ၊ ကွန်ပျူတာကောင်းကောင်းလဲ ဆင်ထားပြီး ရိုက်လာခဲ့တဲ့ ပုံတွေအတွက်လဲ ကွန်ပျူတာရှေ့မှာထိုင် အချိန်ပေးပြီး ပြင်ရဆင်ရပါတယ်။
အရင်က အမှောင်ခန်းမှာ လုပ်ခဲ့ကြသလို အခု digital dark-room လို့ခေါ်ရမဲ့ photoshop လိုမျိုး application တွေ နိုင်နိုင်နင်းနင်း သုံးနိုင်မှ လူတောတိုးတော့မဲ့ အခြေအနေပါ။
Camera Raw နဲ့ ရိုက်ပြီးရင် အဲဒါကို ကွန်ပျူတာပေါ်မှာဖွင့်ဖို့ software ရှာရတာလဲ အရင် လောက်မခက်တော့ပါဘူး၊ နောက်လာမဲ့အနာဂတ်မှာတော့ ကင်မရာထုတ်လုပ်သူတွေအပြင် Microsoft တို့လိုမျိုးကွန်ပျူတာ ဘီလျံနာကြီးတွေကပါနောက်ထုတ်မဲ့ Windows မှာ Camera Raw ကို Support လုပ်ပြီး ပွဲထုတ်လာတော့မယ်လို့ပြောလာကြပါပြီ၊
Working closely with digital imaging industry leaders including Adobe Systems Inc., Canon Inc., Fuji Photo Film Co. Ltd. and Nikon Corp., Microsoft plans to deliver native support for digital camera RAW images in the next major version of Windows, code-named "Longhorn." လို့ Microsoft and Imaging Industry Leaders Unveil Support for Digital Camera RAW in Windows ခေါင်းစဉ်နဲ့ http://www.nforcershq.com/microsoft-unveils-support-for-digital-camera-raw-in-windows/ မှာရေးထားတာတွေ့ရပါတယ်။


နောက်တစ်ခုကတော့ Camera RAW Image File Thumbnails View in Window XP ပါ။

ဘာလဲလို့မေးစရာဖြစ်လာပြန်ပါမယ်။ Camera Raw File တွေကို Window ကွန်ပျူတာ တစ်လုံး ထဲကို ထည့်လိုက်ပြီဆိုတာနဲ့ ဒီတိုင်းဖွင့်ကြည့်လို့မရပါဘူး UnKnow File Type ဖြစ်နေပါ လိမ့်မယ်။ Photoshop နဲ့ဖွင့်ကြည့်မယ်ဆိုရင်တောင်မှ CS2 နဲ့ အထက် Version တွေမှ သာ ဖွင့်ကြည့် ပြင်ဆင် နိုင်မှာဖြစ်ပါတယ်။ အောက်ပါပုံထဲမှာ မြင်ရတဲ့အတိုင်း အဖြူရောင်ဖိုင်လေးတွေနဲ့သာ ပြပေးနိုင်မှာပါ -



အဲ့ဒီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် Microsoft RAW Image Thumbnailer and Viewer ကို ဒီနေရာမှာ Download လုပ်ပြီး သင့်စက်မှာ Install လုပ်လိုက်ပါ။ ဒါဆိုရင် raw file တွေကို Preview ကြည့်လို့ ရနိုင်မှာဖြစ်ပါတယ်။

Link http://files.filefront.com/RAWViewerSetupexe/;7521389;/fileinfo.html


Thumbnailer နဲ့ Preview ကြည့်ရုံအပြင် အောက်ပါအတိုင်း Print လည်း ထုတ်လို့အဆင်ပြေ နိုင်မှာ ဖြစ်ပါတယ်။


Preview ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။




၎င်း Software အတွက် လမ်းညွှန်စာအုပ်ကိုတော့ ဒီမှာ Download လုပ်နိုင်ပါတယ်။

Link : http://www.microsoft.com/downloads/details.aspx?FamilyID=C927CCCF-4CB7-4F92-AFAA-6F16663B23B4&displaylang=en

ဒီ Software ရဲ့ Supports ဖြစ်တဲ့ Camera နဲ့ File Type များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

The software supports the following image types:
- Canon EOS RAW images (.crw, .cr2, .tif)
- Nikon Electronic Format images (.nef)
- Bitmap images (.bmp)
- JPEG images (.jpg, .jpe, .jpeg)
- Windows Metafile images (.wmf)
- Tagged Image File Format images (.tif, .tiff)
- Graphics Interchange Format images (.gif)
- Portable Network Graphics images (.png)

Supported camera models include the following:
- Canon EOS 1D
- Canon EOS 1D Mark II
- Canon EOS 1D Mark IIn
- Canon EOS 1Ds
- Canon EOS 1Ds Mark II
- Canon EOS 5D
- Canon EOS D30
- Canon EOS D60
- Canon EOS 10D
- Canon EOS 20D
- Canon EOS Digital Rebel (300D)
- Canon EOS Digital Rebel XT
- Canon PowerShot G2
- Canon PowerShot G3
- Canon PowerShot G5
- Canon PowerShot G6
- Canon PowerShot Pro1
- Canon PowerShot s30
- Canon PowerShot s50
- Canon PowerShot s70

- Nikon D1
- Nikon D1x
- Nikon D2H
- Nikon D2Hs
- Nikon D2x
- Nikon D70
- Nikon D70s
- Nikon D50
- Nikon D100
- Nikon D200[1]
- Nikon Coolpix 8800
- Nikon Coolpix 5700
* Nikon D200 support includes display of thumbnails and previews; however, viewing in highest quality mode is not supported.


key word ; What is Raw ? Camera RAW Image File Thumbnails View in Window XP (or) RAW viewer downlaod......

Ref:အောင်ချမ်းလင်း



Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

061..photoshop ကိုမြန်မာလိုသင်ချင်ရင်...

 

photoshop ကိုမြန်မာလိုသင်ချင်ရင် ဒီဆိုဒ်ကလေးက
တော်တော်အဆင်ပြေပါတယ်.....ဒါပေမယ့် အခြေခံ
နည်းနည်းလေး ရှိဖို့တော့လိုပါမယ်.......

ဒီမှာဝင်ပါ.....

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ