ဗဟုသုတဘဏ်

Linux မှာ FTP Server အင်စတောလုပ်နည်း ပါ...
ဒါကတော့ မြန်မာအင်ဂျင်နီယာဖိုရမ်က ကိုရေခါးရေးသားထားတဲ့ VSFTP ပြုလုပ်ခြင်းစာအုပ်ပါပဲ။
ကိုရေခါးရေးသားထားတဲ့ စာအုပ်ပါ....Labels: eBooks-III, Linux
Webmin ဆိုတာ web-based interface for system administration ပါ။ web-based ဆိုတော့ GUI ဖြစ်တဲ့ Graphic User Interface ရော
သိကြမယ်ထင်ပါရဲ့ ။ GUI ဆိုတာက လင်းနက်စ်မှာ ကျွန်တော်တို့ အလွယ်တကူသုံးနိုင်အောင် graphic ကြားခံပြီး လုပ်ဆောင်တာပေါ့ ။
GUI နဲ့ဆို ကျွန်တော်တို့ လင်းနက်စ်မှာ ဘာသုံးသုံး အလွယ်တကူသုံးနိုင်တယ်လေ ။ squid proxy လိုကျတော့ command တွေနဲ့ လုပ်ရတော့
ဘာလုပ်ဆောင်နေတယ်ဆိုတာ မျက်စိထဲ မမြင်ရဘူးဗျ ။ အဲလိုပဲ FTP Server တို့ စသဖြင့် command တွေနဲ့ လုပ်ဆောင်ရတာတွေကို
GUI လိုမျိုး အလွယ်တကူလုပ်ဆောင်နိုင်ဖို့ ၊ ဒီ webmin ဆိုတဲ့ web-based interface လေးက စွမ်းဆောင်နိုင်ပါတယ်။
အင်စတောဖို့အတွက် terminal ကနေ အင်စတောနိုင်သလို ၊ .deb ဖိုင်ကို ဒေါင်းပြီးလဲ အင်စတောနိုင်ပါတယ်။
ဒီနေရာမှာတော့ .deb ဖိုင်ကို ဒေါင်းတာကို ပိုလွယ်ပါတယ်။ ဖိုင်ဒေါင်းဖို့အတွက် အောက်ကလင့်မှာ ဒေါင်းလိုက်ပါ။
Ubuntu အတွက် Debian package suitable for Debian, Ubuntu or other derived Linux ကို ဒေါင်း...ဒေါင်းပြီးရင် double click နှိပ်ပြီး အင်စတောလိုက်ပါ ။
အင်စတောပြီးပါက မိမိတို့ သုံးနေတဲ့ browser မှာ https://localhost:10000/ လို့ရိုက်လိုက်ပေါ့ ။
တစ်ခြားစက်ကနေ လှမ်းဝင်ချင်တယ်ဆိုရင်တော့ localhost နေရာမှာ ဆာဗာစက်အိုင်ပီထည့်ပေးပေါ့။
အခုလို username and password တောင်းပါတယ်။ သူ့ဆိုက်မှာတော့ username - root , password ကတော့ မိမိစက်ရဲ့ root password ပါတဲ့ ။
http://www.webmin.com/deb.html
ဘယ်လိုထည့်ထည့်အဆင်မပြေပါ ။ ကြည့်ရတာ ဒါကို သူတို့ ပြင်ဖို့ လိုပါလိမ့်မယ်။
ဒီတော့ login ၀င်နိုင်ဖို့အတွက် password reset လုပ်ပါမယ်။
terminal မှာ အောက်ပါကွန်မန်းကို ကိုးကားပြီး ထည့်လိုက်ပါ။
/usr/share/webmin/changepass.pl /etc/webmin ur_username ur_password
ဒီကွန်မန်းမှာ ur_username နေရာမှာ မိမိထားချင်တဲ့နာမည်ပေါ့ ။ password လဲ ထို့နည်းတူပဲ။
Ref:Yarmanyaphyolapyay
ဒီဆိုက်ကတော့ နည်းပညာဆိုင်ရာအကြောင်းအရာတွေကို အများအ ပြားလေ့လာနိုင်ဖို့အတွက် ဖော်ပြပေးထားတဲ့ဆိုက်ဖြစ်ပါတယ်။ ဒီဆိုက်မှာ နည်းပညာနှင့်သက်ဆိုင်တဲ့ကျူတိုရီရယ်တွေကို အများအပြားလေ့လာနိုင် အောင်စီမံပေးထားပါတယ်။ ဒီကျူတိုရီရယ်တွေကတော့ database အကြောင်းတွေ application အကြောင်းတွေ၊ web design နှင့်ပတ် သက်တာ၊ networking နဲ့ပတ်သက်တာ linux နဲ့ပတ်သက်တာ၊ photoshop နှင့်ပတ်သက်တဲ့ကျူတိုရီရယ်တွေကို အများအပြားလေ့လာ နိုင်မှာဖြစ်ပါတယ်။
Labels: Database, Linux, photoshop, Websites-III
Labels: eBooks, Linux, Websites-II
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ