ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

405..Pencil sketch effect in Photoshop

 
Photoshop မှာ Pencil sketch effect လုပ်တဲ့နည်း

၁။ မိမိပြုလုပ်လိုသော ပုံကို Photoshop မှာ open (Ctrl+O) ပါ။



၂။ Open လုပ်ပြီး လက်ရှိ ရှိနေသော Layer ကို Duplicate (Ctrl+J) လုပ်ပါ။



၃။ Duplicate လုပ်ပြီး ရရှိလာသော Layer ကို select ပေးပြီး Desaturate (Image > Adjustments > Desaturate) or (Ctrl+Shift+U) လုပ်ပါ။ Black and White အဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်။

၎။ Desaturate လုပ်ထားသော Layer ကို select ပေးပြီး Duplicate (Ctrl+J) လုပ်ပါ။ ရရှိလာသော Layer ကို select ပေးပြီး Inverse (Ctrl+I) လုပ်ပါ။

၅။ Inverse လုပ်ထားသော Layer ကို select ပေးထားပြီး Blending Mode မှ Color Dodge ကိုရွေးပါ။



၆။ ထို့နောက် Filter > Blur > Gaussian Blur ကိုရွေးပါ။ Radius သည် 5 to 6 အတွင်း ထားမှသာ အဆင်ပြေပါလိမ့်မည်။ Radius သတ်မှတ်ပြီး OK ပေးပါ။ Pencil Artwork တစ်ခုကို သင် လုပ်ပြီးသွားပါပြီ။

အထက်ပါနည်းလမ်းကတော့ step by step ကိုယ်တိုင် ဖန်တီးတဲ့နည်းလမ်းပါ။ နောက်တစ်နည်း (အလွယ်နည်း) အနေနဲ့ Photoshop ရဲ့ action ကိုအသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။

၁။ ပထမဦးစွာ Pencil Sketch Action File ကို Download လုပ်ပါ။

၂။ ထို့နောက် ရရှိလာသော File ကို copy ကူးယူပြီးနောက် အောက်ပါ Folder ထဲတွင်ထည့်သွင်းပါ။
C:\Program Files\Adobe\Adobe Photoshop CS2\Presets\Photoshop Actions

၃။ Photoshop ကို open လုပ်ပါ။ ထို့နောက် Window Menu မှ Action (Alt+F9) ကိုရွေးပါ။ Action list တွင် Default Action အပြင် Download လုပ်ပြီး ထည့်သွင်းထားသော Pencil ArtWork Action လေးကိုပါ တွေ့ရပါလိမ့်မည်။



၎။ PencilArtWork Action folder ကို ဖွင့်ရန် ဘယ်ဘက်၌ပါရှိသော တြိဂံလေးကို Click လုပ်ပါ။ ထို့နောက် ထွက်ရှိလာသော Action File လေးကို select လုပ်ပါ။ သို့မဟုတ်ပါက Action ကို သုံး၍ရလိမ့်မည် မဟုတ်ပေ။ Action file လေးကို ရွေးပြီးသည်နှင့်တပြိုင်နက် action box ၏ အောက်ခြေတွင်ပါရှိသော Play Action button လေးသည် active ဖြစ်လာပါလိမ့်မည်။



၅။ ထို့နောက် Play Action button ကို click လုပ်ပြီး မိမိပြုလုပ်လိုသော ပုံကို ရွေးပါ။ ရွေးပြီးသည့်နောက်ပိုင်းမှာတော့ ငုတ်တုတ်လေး ထိုင်သာကြည့်နေလိုက်ပါ။ Action ရဲ့ စွမ်းဆောင်မှုဖြင့် pencil sketch တစ်ခုကို အလိုအလျောက် လုပ်ဆောင်ပေးသွားပါလိမ့်မယ်။ အဲဒီနောက်မှာတော့ photoshop action အကူအညီဖြင့် ပြုလုပ်သော pencil sketch တစ်ခုကို သင် ရရှိမှာဖြစ်ပါတယ်။
Ref: CMS




Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

402..Photo to Color Sketch Converter

 
Original color photo မှ color sketch သို့မဟုတ် pencil sketch ပြောင်းတဲ့နေရာမှာ အလွယ်တကူ အသုံးပြုနိုင်သော software ဖြစ်ပါတယ်။ Graphic နှင့် အလှမ်းဝေးကွာသော Novice User တွေအတွက် ပိုပြီးသင့်တော်ပါလိမ့်မယ်။ Graphic Design လည်း သိစရာမလိုဘူး၊ Photoshop လည်း သိစရာမလိုပဲ ရိုးရှင်းလွယ်ကူစွာပြုလုပ်နိုင်ပါတယ်။


Photo to color sketch converter






Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

401..The Shinny Floor Effect

 

Tutorial တွင် ပြုလုပ်လိုသော ပုံစံမှာ အောက်ပါ ပုံစံအတိုင်းဖြစ်သည်။ ပါဝင်သည့် object များမှာ background gradient layer နှင့် 2 text layers တို့ဖြစ်ပါတယ်။ စာသားအောက်ခြေက ရောင်ပြေးပုံစံကိုတော့ Layer Mask ကို အသုံးပြုပြီး ပြုလုပ်မှာဖြစ်ပါတယ်။

1. Background ကို မိမိနှစ်သက်ရာ Gradient ထည့်သွင်းပါ။ ထို့နောက် မိမိပြုလုပ်လိုသော စာသားကို ရိုက်ပါ။


2. ရရှိလာသော စာသား Layer ကို Duplicate (Layer Menu > Duplicate) or (Ctrl+J) လုပ်ပါ။

3. အသစ်ရရှိလာသော စာသား Layer ကို အပေါ်အောက် ပြောင်းပြန်လှန်ရန်အတွက် Free Transform (Ctrl+T) or (Edit>Free Transform)ကိုရွေးပါ။ ထိုနောက် စာသားတွင် selection box ပေါ်လာပါက Right Click နှိပ်ပြီး Flip Vertical ကိုရွေးပါ။

၎။ Flip Vertical လုပ်ဆောင်ပြီးသည့်နောက်တွင် စာသားနှစ်ခုကို အောက်ပါအနေအထားအတိုင်းရရှိအောင် ပြုလုပ်ပါ။

၅။ ဇောက်ထိုးဖြစ်နေသော စာသား Layer ကို Layer Mask ထည့်သွင်းရန်အတွက် စာသား layer ကို layer box တွင် select ပေးပြီး Add Layer Mask Button ကို နှိပ်ပါ။ ထို့နောက်တွင် စာသား layer ၏ ဘေးတွင် Layer Box Thumbnail box လေးကို တွေ့မြင်ရပါလိမ့်မည်။

၆။ Gradient Tool ကိုရွေးပါ။ မှတ်ချက် - layer mask အသုံးပြုရာတွင် Black and white အရောင် နှစ်မျိုးတည်းကိုသာ အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် Gradient box တွင် black and white နှစ်ရောင်စပ် ဖြစ်နေရန်လိုအပ်ပါသည်။ တစ်ခြားရောင်ပြေးများ ၀င်နေပါက Black and White သို့ ပြန်ရွေးပေးပါ။

၇။ Gradient Box တွင် ပြနေသော ပုံစံမှာ အဖြူရောင်မှ အနက်ရောင်ဘက်သို့ သွားနေသည့်ပုံစံ ဖြစ်ရပါမည်။ ထိုနောက် ဇောက်ထိုးဖြစ်နေသော စာသား၏ ထိပ် သို့မဟုတ် ပထမ Text layer ၏ ထိပ်တွင် Gradient Tool Pinter ကိုထားပြီး အောက်သို့အနည်းငယ် Top to Bottom ဆွဲချပါ။ ရောင်ပြေး တစ်ဖြောင့်တည်းကျစေရန်အတွက် Shift Key ကို ဖိထားပြီး အသုံးပြုနိုင်ပါသည်။ မိမိအပေါ်အောက်ဆွဲသည့် အလျားပေါ်မူတည်ပြီး စာသား၏ effect ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဆွဲသည့်အလျား ရှည်လွန်းသွားပါက စာသား၏ အောက်ခြေများတွင် effect ရောက်ရှိမှု နည်းပါးသွားမှာဖြစ်ပါတယ်။ သို့သော် မိမိလိုချင်သည့် ပုံစံအရ လိုသလို ချိန်ဆပြီး အသုံးပြုနိုင်ပါတယ်။ မှတ်ချက် - သဘောတရားမှာ အဖြူရောင်ရှိသည့် နေရာများကို ချန်ထားခဲ့ပြီး အနက်ရောင်ရှိသည့်အပိုင်းများကို ၀ါးသွားအောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ ပထမတစ်ခေါက် မကြိုက်နှစ်သက်ပါက ဒုတိယတစ်ခေါက်အနေဖြင့် ပြန်လည်ဆွဲချနိုင်ပါသည်။

၈။ Layer mask သုံးထားသော Layer ကို layer box တွင် select ပေးပြီး opacity ကို လျော့ပေးပါ။ အကြောင်းမှာ shadow ကျသည့်ပုံစံမျိုးဖြင့် ပြချင်သောကြောင့်ဖြစ်သည်။
Ref: CMS




Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

399..အင်တာနက်မှာ ပုံတွေသင့်တော်တဲ့ format ရွေးချယ် အသုံးပြုခြင်း

 
အင်တာနက်မှာ ပုံတွေအတွက် jpg, png, gif format တွေကို သင့်တော်တဲ့ format ရွေးချယ် အသုံးပြုသင့်ပါတယ်။ jpg က ဓါတ်ပုံအတွက် ကောင်းပါတယ်။ အများစုကတော့ ဘာပုံပဲဖြစ်ဖြစ် jpg format ပဲ သုံးလိုက်ကြတာ တွေ့နေရလို့ပါ။ အထူးသဖြင့် windows application တွေကို screenshot ရိုက်ရင် jpg က file size ကြိးပြီး၊ file size သေးအောင် compress လုပ်ရင် quality ညံ့သွားရော။ png သုံးမယ် ဆိုရင် file size သေးပြီး ပိုပြီးလဲ quality ကောင်းပါတယ်။ အသေးစိတ်ကိုတော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

398..attach ဖိုင်မဟုတ်ဘဲ text box ထဲမှာ ပုံကို ထည့်နည်း

 
http://fadvisor.net/blog/wp-content/uploads/2009/07/gmail-labs-image.png

ကျွန်တော်အမြဲသယ်ရင်းတွေကိုမေးလ်ပို့ရင် အောက်ကနည်းအတိုင်းပို့ပါတယ်...
G mail မှာattach ဖိုင်မဟုတ်ဘဲ text box ထဲမှာ ပုံကို
ထည့်ပြီးပို့ လို့ ရတဲ့နည်းပါ..
ဘာထူးခြားချက်ရှိလဲဆိုတော့
လှုပ်ရှားနေတဲ့ပုံလေးတွေထည့်လို့ ရတာပေါ့ဗျာ.
နောက်ပြီးမေးလ် လက်ခံတဲ့သူဆီမှာလည်း ချက်ချင်းမြင်ရတာပေါ့..
Download လုပ်စရာမလိုဘူး...
အရုပ်လေးတွေက အသက်ဝင်နေတာပေါ့ဗျာ
ဘယ်လိုလုပ်ရလဲဆိုတော့...
Gmail ၀င်ပါ.....
setting ၀င်ပါ...
Labs ထဲက
Inserting images ဆိုတဲ့ box မှာ
enable ပေးလိုက်ပါ .
**အပေါ်ကပုံလို****
.ပြီးရင်အောက်ဆုံးမှာ် save change ကိုကလစ် ပေးပါ..
ပီးရင် compose mail သွားပြီးကြည့်ကြည့်လိုက်ပါ...

Tool အတန်းမှာ အပြာရောင်အကွက်လေးတွေ့ ပါလိမ့်မယ်
ကိုပုံထည့်ချင်တဲ့နေရာမှာ cursor ချပြီးအဲဒါလေးကိုကလစ်လုပ် ၊
ကိုထည့်မယ့်ပုံကို browse လုပ်ပြီး add image လုပ်လိုက်ရင်
ပုံလေးက text ထဲမှာပေါ်နေပါလိမ့်မယ်..

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieUStsvabHqmwFnK8bGS3ujsRz6EKyN9GNGHiw6vCjQvW4aH0gJLE_3aM5lPWNngAYJ6JaWjZvRrso8UjxaCKKnk20JMWqBEvwQfNGeheFT-Hj7IjsZma-Ms7oIbUk6vojay-oZmyTitM/
နောက်ပြီး စာပို့ တဲ့အခါ emotion ပုံလေးတွေ အများကြီးထည့်ချင်တယ်ဆိုရင်........
Extra Emoji ဆိုတာရှိပါတယ်
အဲဒါကိုလည်း enable ပေးပြီး save ပါ..
ပြီးရင် compose mail သွားပြီးကြည့်ကြည့်လိုက်ပါ.....


အေက်ကပုံလိုပေါ်နေပါမယ်...


compose_emoji2

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

397.. IRC chat ကို ၀င်နည်း

 
၁) Scoop Script 2004 ကို download လုပ်ပါ။
(၂) install လုပ်ပါ။
(၃) mirc ကို download လုပ်ပါ။
(၄) install လုပ်ပါ။
(၅) mirc.exe ကို Scoop Script ရဲ့ folder (usually C: coop2004) ထဲကို copy လုပ်ပါ။
(၆) ၄င်းကို run ပါ။
(၇) View menu မှ Options ကို နှိပ်ပါ။
(၈) ဘယ်ဘက်ခြမ်းမှ Connect > Servers ကို ရွေးပါ။ ပြီးလျှင် Add ကို နှိပ်ပါ။
(၉) Description တွင် ကိုယ်နှစ်သက်ရာ အမည် ရိုက်ပါ (ဥပမာ- Myanmar Chat)။ IRC Server တွင် သင်ဝင်မည့် IRC Server အမည်ကို (ဥပမာ- irc.myanmaronline.net.mm) ရိုက်ပါ။ (မှတ်ချက် - IRC Server အများအပြားမှာ ပိတ်ပင်ထားသဖြင့် မြန်မာပြည်မှ ၀င်လို့မရပါ။ ထိုအခါ your-freedom ကဲ့သို့သော software ကို သုံးရပါမယ်။ your-freedom website ၏ FAQ/DOCU တွင် ကြည့်ပါ။ your-freedom အကြောင်းကိုဒီနေရာတွေမှာ ကျွန်တော်ရေးခဲ့ပြီ။) Port(s) တွင် သင်ဝင်မည့် IRC Server ၏ port ကို ရိုက်ပါ။ (ဥပမာ - irc.myanmaronline.net.mm ကို 6667 ဖြင့် ၀င်နိုင်ပါတယ်။ Add ကို နှိပ်ပါ။
(၁၀) File menu > Connect
(၁၁) ခေတ္တမျှကြာလျှင် IRC server နှင့် Connect ဖြစ်သွားမယ်။

IRC မှာသုံးတဲ့ script တွေ အများကြီးရှိပါတယ်။ အသုံးကျမဲ့ script နဲနဲပါးပါး ရေးပြပါမယ်။
to list channels => /list
to register nick => /msg nickserv register password email-address
to identify nick => /msg nickserv identify password
to join a channel => /join #channel

irc.myanmaronline.net.mm ၏ #help channel မှာ ကိုKM သိချင်သမျှ IRC နဲ့ ပက်သက်တဲ့ မေးခွန်းတွေကို မေးနိုင်ပါတယ်။ အဲဒီ့က လူတွေက စိတ်ပါလက်ပါဖြေပေးတာကို တွေ့ရပါတယ်။ #help ကို ၀င်ချင်ရင် ဒီ script ကိုရိုက်ပါ => /join #help

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

396..How to create your freedom account

 


၁) http://bestrefer.atspace.com ကို၀င္ပါ။ (တခြား တိုက်ရိုက် proxy ၀က်ဆိုဒ်တွေရှိပေမယ့် Best refer ကိုမှ ရွေးဝင်ခိုင်းလိုက်ရတာကတော့... ဒီ Best refer web page တွေကို တင်ပေးတဲ့သူက မြန်မာပြည်ကနေပြီး ပုံမှန် update လုပ်ပေးနေတဲ့အတွက် ကြောင့်ပါ။)
(၂) Anonymous Surf ဆိုတဲ့ box လေး နှစ်ခုထဲက ကြိုက်ရာတစ်ခုမှာ www.your-freedom.net လို့ ရိုက်ပြီး Browse ကို နှိပ်ပါ။
(၃) First visit? Click here to register ကို နှိပ်ပါ။
(၄) User name, Password နဲ့ email ကို ရိုက်ပြီး create account လုပ်ပါ။
(၅) email ကို ဖွင့်ပါ။ "Please confirm your registration in Your Freedom" ဆိုတဲ့ subject နဲ့ email ကိုဖွင့်ပါ။ "http://www.your-freedom.net/xxxxxxxxxxxxxxxxx" ဆိုတဲ့ URL အရှည်ကြီးကို copy ကူးပါ။ Best refer ရဲ့ Anonymous Surf box ထဲကို paste လုပ်ပြီး Browse ကို နှိပ်ပါ။

ဒါပဲပေါ့.....




Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

393..ဘလော့ပို့စ်များကို Offline ဖတ်ချင်ရင် ( Google Reader ဆိုတာ )

 

အခုအခါမှာ မြန်မာဘလော့ပေါင်းများစွာ ပေါ်ပေါက်လာနေပါပြီ။ တစ်ချို့ ဘလော့များမှာ ပုံမှန် update လုပ်လျက်ရှိနေပါတယ်။ တစ်ချို့ ဘလော့တွေကတော့ အကြောင်းအမျိုးမျိုးကြောင့် update လုပ်ခြင်း မရှိတော့ပါဘူး။ တစ်ချို့ ဘလော့တွေကလည်း တစ်ခါတရံမှသာ ပို့အသစ်တင်တတ်ပါတယ်။ အဲ့ဒီ့ ဘလော့ပိုစ့် အသစ်တွေကို ဖတ်ချင်လျှင် RSS Reader များဖြင့် အသုံးပြု ဖတ်ရှုလျှင် ပိုအဆင်ပြေပါတယ်။ စာဖတ်သူဟာ ဘလော့ပေါင်း များစွာကို တစ်ခုချင်းစီ ဖွင့်နေစရာမလိုပဲနဲ့ အဲဒီ့ RSS Reader များနဲ့ ပို့စ်အသစ်များကို ရွေးဖတ်သွားလို့ရပါတယ်။
RSS Reader များဟာ ဆော့ဝဲလ် အနေနဲ့ ရှိသလို အဲ့ဒီ့ Function မျိုးပေးတဲ့ ၀က်ဆိုဒ်တွေလဲ ရှိပါတယ်။ ဥပမာ - Firefox နဲ့ IE7 မှာ RSS Feed function ပါပါတယ်။ ၀က်ဆိုဒ်အနေနဲ့ဆိုရင်တော့ Google Reader ဟာ အသုံးပြုလို့ တော်တော် အဆင်ပြေနိုင်ပါတယ်။
Google Reader နဲ့ မြန်မာ ဘလော့များကို ဖတ်ချင်ရင်တော့ ဒီလိုလုပ်ပါဗျာ။
  1. Firefox တွင် Tools > Content > Fonts and Colors မှ Advanced > Sans-serif ကို Zawgyi-One ပြောင်းပါ။
  2. http://www.google.com/reader/view/ ကို သွားပါ။ စာဖတ်သူရဲ့ Gmail username and password နဲ့ ၀င်ပါ။
  3. Add subscription ကို နှိပ်ပါ။ ပေါ်လာတဲ့ box မှာ စာဖတ်သူ ဖတ်ချင်တဲ့ ဘလော့ လိပ်စာကို ရိုက်ပါ။ ဥပမာ - www.monetine.net လို့ ရိုက်ပါ။ အဲ့ဒီလိုနည်းနဲ့ ကိုယ် ဖတ်ချင်တဲ့ ဘလော့တွေကို တစ်ခုချင်း Add subscription နဲ့ ထဲ့ပါ။
ဒါဆိုရင်တော့ ဖတ်လို့ရသွားပါပြီဗျာ။
ဘလော့ပို့စ်များကို Offline ဖတ်ချင်ရင်တော့ Google Gear ကိုသွင်းပါ။



Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

392..၀င်းဒိုးမှာ font တွေကို ပိုမို ကြည်လင်အောင် လုပ်လို့ရပါတယ်။ စာဖတ်သူဟာ IE7 ကိုသုံးဖူးရင် IE7 ရဲ့ Font တွေဟာ အရင်ကနေနဲ့ မတူပဲ ထောင့်ချိုးလေးတွေမှာ

 
ဝင်းဒိုးမှာ font တွေကို ပိုမို ကြည်လင်အောင် လုပ်လို့ရပါတယ်။ စာဖတ်သူဟာ IE7 ကိုသုံးဖူးရင် IE7 ရဲ့ Font တွေဟာ အရင်ကနေနဲ့ မတူပဲ ထောင့်ချိုးလေးတွေမှာ ပိုပြီးတော့ ပြေပြေပြစ်ပြစ်လေး ဖြစ်နေတာကို သတိထားမိ မှာပါပဲ။ ၀င်းဒိုးဗစ်စတာမှာလည်းပဲ Font တွေက ဒီလိုပုံစံမျိုးလေး နဲ့မို့လို့ ကြည့်ရတာ ပိုပြီးတော့ အဆင်ပြေပါတယ်။ ၀င်းဒိုးအိတ်စ်ပီမှာလည်း ဒီလို ဖြစ်အောင် လုပ်လို့ရပါတယ်။ ပြင်ချင်ရင်တော့ ဒီလို လုပ်ကြည့်ပါဗျာ။
Desktop ပေါ်မှာ right click ပါ။ Properties ကို click ပါ။

Appearance Tab ကို click ပါ။ Effect ကို click ပါ။

Use the following method to smooth edges of screen fonts ကို check ပါ။ Clear Type ကိုရွေးပြီးတော့ OK ကို နှိပ်ပါ။

ဒါဆိုရင်တော့ ရသွားပါပြီ။ Font တွေဟာ အရင်ကနဲ့ မတူတော့ပဲ ထောင့်ဆတ်ဆတ်ကြီးဖြစ်မနေတော့ပဲ အချိုးပိုကျလာတာ ကို သတိထားမိပါလိမ့်မယ်။



Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

391..PROXY တွေဟိုချိန်းဒီချိန်းမလုပ်ချင်ရင်

 

localhost:8080 ပြောင်းရလိုက် Ultrasurf သုံးချင်ရင် 9666 ပြောင်းရလိုက် ပုဂံပြန်သုံးချင်ရင် 203.81.71.111:9090 ပြန်ပြောင်းရလိုက်နဲ့ တော်တော်လေး အလုပ်ရှုပ်ပါတယ်။

အဲဒီ့လို အလုပ်မရှုပ်အောင် Firefox မှာ Extension လေးတစ်ခုရှိပါတယ်။ သူကတော့ FoxyProxy ပါ။

FoxyProxy သုံးချင်ရင် ဒီလိုလုပ်ပါခင်ဗျာ။

  1. ဒီကနေပြီး FoxyProxy ကို ရယူပြီးသွင်းပေးပါ။
  2. Restart လုပ်ပါ။
  3. Firefox ရဲ့ ညာဘက်အောက်ထောင့်မှာ FoxyProxy ဆိုတဲ့ စာလေးကို right click ပါ။ options ကို ရွေးပါ။
  4. Add New Proxy ကို နှိပ်ပါ။
  5. Proxy Name မှာ YF လို့ရိုက်ပါ။ (ကြိုက်တဲ့ နာမည်ရိုက်လို့ရပါတယ်။)
  6. Proxy Details tab ကို ၀င်ပါ။
  7. Manual Proxy Configuration ကိုရွေးပါ။ Host Name မှာ 127.0.0.1 နဲ့ Port မှာ 8080 လို့ ရိုက်ပြီး OK ကို ရိုက်ပေးပါ။ "You didn't enter...." ဘာညာဘာညာပေါ်လာရင် Yes ကိုနှိပ်ပေးပါ။
  8. Add New Proxy ကို နှိပ်ပါ။
  9. Proxy Name မှာ US လို့ရိုက်ပါ။ (ကြိုက်တဲ့ နာမည်ရိုက်လို့ရပါတယ်။)
  10. Proxy Details tab ကို ၀င်ပါ။
  11. Manual Proxy Configuration ကိုရွေးပါ။ Host Name မှာ 127.0.0.1 နဲ့ Port မှာ 9666 လို့ ရိုက်ပြီး OK ကို နှိပ်ပါ။ "You didn't enter...." ဘာညာဘာညာပေါ်လာရင် Yes ကိုနှိပ်ပေးပါ။
  12. OK နှိပ်ပြီးပိတ်လိုက်ပါ။

ဒါဆိုရင်တော့ သုံးလို့ရသွားပါပြီ။ Your Freedom သုံးချင်လာတဲ့အခါ FoxyProxy ကို Right click နှိပ်။ YF ကိုရွေးလိုက်ရုံပါပဲ။ Ultrasurf သုံးချင်လာရင် US ကို ရွေးလိုက်ရုံပါပဲ။ ပုဂံပဲ ပြန်သုံးမယ်ဆိုရင် Completely disable FoxyProxy ကို ရွေးလိုက်ရုံပါပဲ။




Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

390..မသိမဖြစ်တဲ့ Cell phoneရဲ့အခြားလုပ်ဆောင်ချက်

 
၁။ အရေးပေါ်ခေါ်ဆိုရန် - 112 ကိုနှိပ်ပါ
မှတ်ချက် - ဖုန်းကို Lockလုပ်ထားပေမယ့် ၁၁၂ကို နှိပ်လျှင် အလုပ်လုပ်သည်

၂။ ဘက်ထရီကုန်ချိန် ဖုန်းကိုအရေးပေါ်သုံးရန် - *3370# ကိုနှိပ်ပါ
မှတ်ချက် - auto restart ပြီး ဘက်ထရီ ၅၀ရာခိုင်နှုန်းပြည့် လာလိမ့်မယ်

၃။ ဖုန်းSeriel number ကြည့်ရန် - *#60#ကိုနှိပ်ပါ
မှတ်ချက် -ဖုန်းပျောက်လို့ဘဲဖြစ်ဖြစ် အခိုးခံရလို့ဘဲဖြစ်ဖြစ်
အဲဒီဂဏန်း ၁၅လုံးပါတဲ့ နံပါတ်ကို သက်ဆိုင်ရာဖုန်းထုတ်လုပ်တဲ့ဆီ အဲဒီနံပါတ်ပေး လိုက်
်SimCard ပြောင်းရင်လည်းအဲဒီဖုန်းသုံးလို့ရမှာ မဟုတ်ဘူး



Labels: , , , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

382..မြန်မာတိုင်းရင်းဆေးဆိုဒ်...

 
မြန်မာတိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုရှိကြတဲ့ ဆေးဖက်ဝင်ပင်တွေအကြောင်းကို ရုက္ခဗေဒ အခေါ်အဝေါ် ၊ အင်္ဂလိပ် အခေါ်အဝေါ်တွေ၊ ပုံတွေနဲ့  တကွ စနစ်တကျ စုစည်းဖော်ပြထားပါတယ်။

Myanmar Medicinal Plant Database


Botanical Names of Myanmar Plants of Importance

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

380..ပုံအသစ်တွေကို ပုံအဟောင်းသို့ပြောင်းချင်ရင်....

 

ကဲ....ကျွန်တော်က အထက်ကခုနှစ်တွေအတိုင်း ရွှေတိဂုံစေတီ ပုံတော်ကို
လူတစ်ရာကိုပြရင် ရှစ်ဆယ်လောက်တော့ ယုံကြမယ်ထင်ပါတယ်......
အမှန်တော့မဟုတ်ပါဘူး......ဒီလိုလုပ်ဖို့.photoshop ရဲ့နည်းပညာလည်းတတ်စရာမလိုပါဘူး.......
သယ်ရင်းတို့ရဲ့ ဘယ်ဓါတ်ပုံကိုမဆို .........

ဒီဆိုဒ်

ကိုဝင်ပြီး အဆင့်ဆင့်ပြုလုပ်နိုင်ပါတယ်.........တစ်ပုံလုပ်ဖို့စက္ကန့်သုံးဆယ်လောက်ပဲကြာမှာပါ.....
ကောင်းတဲ့ဘက်မှာပဲ သုံးကြပါနော်..........
မှတ်ချက်..............ခုနှစ်တွေက နမူနာနော်.........




Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

377..ကိုယ့်website ကိုတစ်ခြားBrowserနဲ့ကြည့်လို့ အဆင်ပြေ/ မပြေသိချင်..

 
Website ရေးတဲ့သူတွေအတွက် အသုံးဝယ်မယ့် ဆိုဒ်တစ်ခုပါပဲ။ ဘလော့ရေးသူတွေ အတွက်လည်း အသုံးဝင်မယ်။ ကိုယ့် ဘလော့လေး Template ပြောင်းပြီးရင် တခြား Browser တွေနဲ့  အဆင်ပြေပြေ မြင်ရပါ့မလားဆိုတာကို အရင်ကလို တစ်ခုချင်း လိုက်စမ်းနေစရာ မလိုတော့ပဲ၊ ဒီဆိုဒ်လေး သုံးပြီး လွယ်လွယ်ကူကူ စမ်းသပ်နိုင်သွားတာပေါ့။

တကယ်ဆို Website တွေ၊ Web Application တွေရေးတဲ့အခါ Cross Platform Browser Independent ဖြစ်ဖို့  လိုပါတယ်။ ဟိုးအရင်ကဆို Website အတော်များများက ဘယ် Browser, ဘယ် version ကိုသုံးမှ ကြည့်လို့  ရမယ် ဆိုတာမျိုး အမြဲတွေ့  ရတယ်။ ခုနောက်ပိုင်းတော့ အရင်ကထက် စာရင်တော့ အင်တာနက်ပေါ်က websites တွေဟာ Browser Independent လာတာကို တွေ့ ရတယ်။



Browsershots က အခု လက်ရှိအနေနဲ့  တော့ Linux, Windows , Mac OS တွေမှာ သုံးတဲ့ Browser တချို့ နဲ့  စမ်းသပ်လို့ ရပါတယ်။ Screen size, Color depth, Javascript, Java , Flash တွေပေါ် မူတည်ပြီးလည်း စမ်းသပ်လို့ ရပါတယ်။ စမ်းရတာလဲ လွယ်ပါတယ်။ ကိုယ့်ရဲ့ Webpage URL လေးကိုထည့်လိုက်ပြီးရင် process လုပ်နေတယ်ဆိုပြီး Page တစ်ခုရပါမယ်။ Process လုပ်တာ နည်းနည်းကြာတော့ သူပေးတဲ့ လင့်ကို မှတ်ထားလိုက်ပြီး ၁၀ - ၂၀ မိနစ် လောက်ကြာတော့မှ အဲဒီလင့်ကို ပြန်ခေါ်ကြည့်လို့ ရပါတယ်။

Webpage တွေကို Screen Size အလိုက် Test လုပ်ချင်တယ် ဆိုရင်တော့ Anybrowser က


ScreenSizeTest Page


ကို သုံးပြီးလည်း လွယ်လွယ်ကူကူ စမ်းကြည့်လို့ ရပါတယ်။




Labels: , , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

376..ကိုယ်ပိုင် Domain Name နဲ့  Google Apps ကို သုံးမယ်ဆိုရင်

 
Logo Image




Google Apps logo

အဲ့ဒီမှာ ကိုယ်ပိုင် Domain ရှိရင် Google Apps မှာ signup လုပ်ပြီး MX records ကို Google ကို point လုပ်လို့ ရတဲ့အကြောင်း နဲ့  ဘယ်လို Setup လုပ်ရမယ်၊ ဘာတွေ အားသာချက်တွေရှိတယ် ဆိုတာကို ရေးထားပါတယ်။

ကိုယ်ပိုင် Domain Name နဲ့  Google Apps ကို သုံးမယ်ဆိုရင် Email အပြင် Google ရဲ့ တခြား serive တွေဖြစ်တဲ့ Google Docs and Spreadsheets, Google Calendar, Google Talk စတာတွေကိုပါ သုံးလို့ ရမှာပါ။ Email အနေနဲ့ ကတော့ Free ပေးတဲ့ Standard Edition မှာ အခု free သုံးနေတဲ့ Gmail storage size အတိုင်း ရမှာပါ။ Premier Edition ဆိုရင်တော့ 25 G (အခုလက်ရှိ) ရမှာပါ။ Premier Edition ကို သုံးမယ်ဆို user တစ်ယောက်ကို တစ်နှစ်ကို US$50 ပေးရပါ့မယ်။ 24/7 tech support နဲ့ 99.9% uptime guarantee လို့ ဆိုထားတော့ သင့်တင့်တဲ့ဈေးနှုန်းလို့  ဆိုရမယ်။ ကုမ္ပဏီအီးမေးကို ကိုယ်ပိုင် email server နဲ့ သုံးတာ ကုမ္ပဏီအကြီးတွေအတွက် ကောင်းပေမယ့် အသေးတွေ အတွက်တော့ မလိုအပ်ဘူး ထင်ပါတယ်။ အလုပ်မှာ email server ပြဿနာတတ်လို့  ပို့ မရတာ၊ ဟိုကပို့ လိုက်တာတွေ ရောက်မလာတာ၊ ကိုယ့်ကပို့ တယ် ဒီမှာလည်း အထွက်ပြတယ် ဒါပေမယ့် ဟိုကိုမရောက် .. အမျိုးမျိုးသော ပြဿနာတွေကို ကြုံဖူးရင် ဘယ်လောက်စိတ်ညစ်ရလည်း သိကြမှာပါ။ စိတ်ချရတဲ့ ဒီလို Google က service ကို ၀ယ်သုံးမယ်ဆို Email ပြဿနာတတ်မှာ မပူ ရတော့ဘူးပေါ့။

ဒါနဲ့  Google Apps Premier Edition ဟာ PC World Magazine က ရွေးချယ်တဲ့ The 100 Best Products o မှာ No. 1 ရထားပါတယ်။ Google Apps မှာ Education Edition ဆိုပြီး လည်းရှိသေးတယ်။ အသေးစိတ် သိချင်ရင်တော့ Google Apps မှာ ဖတ်ကြည့်နိုင်ပါတယ်။
မှတ်ချက်........ဈေးနှုန်း update မဟုတ်ပါ.....

How to Migrate Your Custom Domain’s Email to Google (And Maintain Your Addresses)

Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

374..Computer ထဲမှာ Software တွေအများကြီး မသွင်းထားချင်တဲ့ သူတွေအတွက်

 


Computer ထဲမှာ Software တွေအများကြီး မသွင်းထားချင်တဲ့ သူတွေအတွက် အသုံးဝင်မယ့် Web Application တစ်ခုပါ။


  • ဓာတ်ပုံတွေ Splashup မှာ တင်ပြီး တခြားသူတွေနဲ့  share လို့ ရတယ်။

  • Splashup မှာတင်ထားတဲ့ ပုံတွေကိုသာမက တခြား Photo Sharing sites တွေဖြစ်တဲ့ Flickr, Facebook နဲ့  Picasa မှာတင်ထားတဲ့ ပုံတွေကိုလည်း ပြင်ဆင်လို့  ရတယ်။

  • ပုံတွေ ပြင်ဆင်ရမှာ Crop ၊ Resize လုပ်တဲ့ Features တွေပဲရှိတာ မဟုတ်ပါဘူး။ တခြား pixel controls, layers, blends, filters, brushes, webcam effects, text editing စတဲ့ Feature တွေကိုလည်း အဲ့ဒီ Web Application ကိုသုံးပြီးလုပ်လို့ ရပါတယ်။

  • Splashup မှာ ပါဝင်တဲ့ Photo editing tools ဟာ Photoshop CS3 မှာ tools နဲ့  ခပ်ဆင်ဆင်တူတယ်လို့  ရေးထားတာ ဖတ်ရတယ်။ Splashup ကို စမ်းသုံးကြည့်ဖြစ်ပေမယ့် CS3 ကို မသုံးဘူးတော့ တကယ်တူမတူ မပြောတတ်ဘူး။

  • ပုံတွေ edit လုပ်လို့  တခါတည်းနဲ့  မပြီးနိုင်ရင်လည်း save လုပ်ပြီး နောက်မှ တခါ ပြန်ပြင်လို့ ရပါတယ်။

  • နောက်တစ်ခုကတော့ ပုံတွေ edit လုပ်ရာမှာ ပုံတွေ အများကြီးကို တပြိုင်နက် ပြင်ဆင်လို့ ရပါတယ်။

  • Splashup သုံးဖို့  အတွက် User Login လုပ်ဖို့ လိုအပ်ပေမယ့် Free Registeration ပါ။

Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

369..Free သံုးလို ့ရတဲ့ DNS Server IP Address

 
ကိုယ်အသုံးပြုတဲ့ DNS Server down နေလို့  ဘာမှ လုပ်မရ၊ အဆင်မပြေ ဖြစ်တာတွေ ကြုံဖူးလိမ့်တယ်။ အဲဒီလို အခြေအနေမျိုးတွေ ကြုံလာရင် အောက်မှာ ဖော်ပြထားတဲ့ DNS Server IP တွေကို အလွယ်တကူ အသုံးပြုပြီး ဖြေရှင်းလို့ ရတယ်။ နောက်ပြီး ကိုယ် လက်ရှိ အသုံးပြုနေတဲ့ Service Provider ရဲ့ DNS ကို အသုံးမပြုလိုတဲ့ အခါများမှာ၊ အဲဒီဆိုဒ်တွေက စကားလုံးတွေကို အသုံးပြုပြီး ပြောရမယ် ဆိုရင် ပိုပြီး စိတ်ချ၊ ယုံကြည်၊ တည်ငြိမ်၊ မြန်ဆန်တဲ့ အင်တာနက်ကို အသုံးပြုချင်တဲ့ အခါတွေမှာ သူတို့ ရဲ့ DNS Services တွေကို ကိုယ့်ရဲ့ ကွန်ပြူတာ၊ Router မှာ configure လုပ်ပြီး အသုံးပြုချင်တယ်ဆို သုံးလို့ ရပါတယ်။

Free DNS Servers from DNSAdvantage
156.154.70.1 (Virginia)
156.154.71.1 (Virginia)

Free DNS Servers from OpenDNS
208.67.222.222 (New York)
208.67.220.220 (San Fancisco)
208.67.222.220 (New York)
208.67.220.222 (San Fancisco)

အဆိုပါ DNS Servers တွေဟာ Anycast technology ကို အသုံးပြုထားပြီး နေရာ အနှံ့ အပြားမှာ ဖြန့် ထိုင်ထားတဲ့ အတွက် response time နဲ့  availability အရမ်းကောင်းပါတယ်။ DNS Advantage ဟာ UltraDNS မှ ပေးတဲ့ Free Service တစ်ခုဖြစ်ပြီး UltraDNS ဟာ Amazon, Oracle, Juniper,... စတဲ့ နာမည်ကြီး ကုမ္ပဏီတွေ လက်ရှိ သုံးစွဲနေတဲ့ Managed DNS Service ဖြစ်ပါတယ်။ OpenDNS ကိုလည်း သုံးစွဲသူတွေ အတော်များများ ရှိကြောင်းလည်း တွေ့ ရတယ်။ OpenDNS မှာ Free Account ဖွင့်သုံးမယ်ဆိုရင် Content Filtering လုပ်တဲ့ service ကို အသုံးပြုနိုင်ပါတယ်။

DNS ဘယ်လို ပြောင်းရမလဲ သိချင်တယ် ဆိုရင် ဒီအောက်မှာပေးထားတဲ့ လင့်တွေကို ကြည့်ပါ။
How to change DNS

in your Computer
in your Router
in your DNS Server





Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

350..Rapidshare.com မှ ဒေါင်းလုဒ်ချ

 
၁) မိမိဒေါင်းလုဒ်ချမည့် Rapidshare Link ကို အင်တာနက်ဘရောက်ဇာ အတွင်းသို့ထည့်ပါ။ Rapidshare စာမျက်နှာသို့ရောက်ရှိသည့်အခါ အောက်ပါအတိုင်းတွေ့ရမည်။



Image



မိမိသည် ပရီမီယံ ယူဇာ မဟုတ်ပါက Premium နှင့် Free နှစ်ခုရှိသည့် အနက် Free ကိုရွေးချယ်ပြီး ကလစ် လုပ်ပါ။



၂) နောက်တစ်မျက်နှာတွင် အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။ မမြင်ရပါက ဘရောက်ဇာဘေးရှိ Scroll Bar ကိုဆွဲချပါ။



Image




ပရီမီယံယူဇာ မဟုတ်ပါက လျို့ဝှက်နံပါတ် ရိုက်ထည့်ရမည့် အကွက်တွင် ဖော်ပြထားသောဂဏန်း နှင့် အက္ခရာများကို သေချာစွာမှန်အောင်ရိုက်ထည့်ပါ။ ပြီးလျင် ၄င်းဘေးရှိ " Download Via .. " ဆိုသော ခလုတ်ကို ကလစ် လုပ်ပါ။ သင်အလိုရှိသော ဖိုင် ဒေါင်းလုဒ်ကျ လာပါမည်။



၎)Image





Save ကိုရွေးချယ်ပြီး သင်ကြိုက်နှစ်သက်ရာ နေရာတစ်ခုတွင် သိမ်းဆည်းခြင်းဖြင့် သင်အလိုရှိသော ဖိုင်ကိုရရှိလာမည်ဖြစ်သည်။





မှတ်ချက်။ ။Rapidshare.com အနေဖြင့် ပရီမီယံယူဇာ မှအပ ကျန်သူများအား ဒေါင်းလုဒ်ပြုလုပ်ခြင်းကို ဆက်တိုက်ဆိုသလို ခွင့်ပြုမည်မဟုတ်ပါ။ မိမိဒေါင်းလုဒ်ချသော ဖိုင်ဆိုဇ်ပေါ်မူတည်၍ အနည်းဆုံး ၁ မိနစ်မှ အများဆုံး ၆၀ မိနစ်အထိ နောက်တစ်ဖိုင် ဒေါင်းလုဒ်ချရန် စောင့်ဆိုင်းရမည်ဖြစ်သည်။




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

346..Multi-touch interface

 
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ