Computer ထဲမှာ Software တွေအများကြီး မသွင်းထားချင်တဲ့ သူတွေအတွက် အသုံးဝင်မယ့် Web Application တစ်ခုပါ။
- ဓာတ်ပုံတွေ Splashup မှာ တင်ပြီး တခြားသူတွေနဲ့  share လို့ ရတယ်။
- Splashup မှာတင်ထားတဲ့ ပုံတွေကိုသာမက တခြား Photo Sharing sites တွေဖြစ်တဲ့ Flickr, Facebook နဲ့  Picasa မှာတင်ထားတဲ့ ပုံတွေကိုလည်း ပြင်ဆင်လို့  ရတယ်။
- ပုံတွေ ပြင်ဆင်ရမှာ Crop ၊ Resize လုပ်တဲ့ Features တွေပဲရှိတာ မဟုတ်ပါဘူး။ တခြား pixel controls, layers, blends, filters, brushes, webcam effects, text editing စတဲ့ Feature တွေကိုလည်း အဲ့ဒီ Web Application ကိုသုံးပြီးလုပ်လို့ ရပါတယ်။
- Splashup မှာ ပါဝင်တဲ့ Photo editing tools ဟာ Photoshop CS3 မှာ tools နဲ့  ခပ်ဆင်ဆင်တူတယ်လို့  ရေးထားတာ ဖတ်ရတယ်။ Splashup ကို စမ်းသုံးကြည့်ဖြစ်ပေမယ့် CS3 ကို မသုံးဘူးတော့ တကယ်တူမတူ မပြောတတ်ဘူး။
- ပုံတွေ edit လုပ်လို့  တခါတည်းနဲ့  မပြီးနိုင်ရင်လည်း save လုပ်ပြီး နောက်မှ တခါ ပြန်ပြင်လို့ ရပါတယ်။
- နောက်တစ်ခုကတော့ ပုံတွေ edit လုပ်ရာမှာ ပုံတွေ အများကြီးကို တပြိုင်နက် ပြင်ဆင်လို့ ရပါတယ်။
- Splashup သုံးဖို့  အတွက် User Login လုပ်ဖို့ လိုအပ်ပေမယ့် Free Registeration ပါ။
Labels: Designs, Desing, Websites-III, နည်းပညာများ-IV
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment