ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

714.. Domain name ဆိုသည်မှာနှင့်ရယူပုံရယူနည်းများ

 

Domain name ဆိုတာ လွယ်လွယ်ပြောရရင် အင်တာနက် လိပ်စာ ပေါ့ဗျာ။ abcd.com , wxyz.org ဒါမျိုးတွေဟာ ဒိုမိန်း နိမ်း ပေါ့။ browser ရဲ့ address မှာ ဒိုမိန်းနိမ်းကို ရိုက်ပေးလိုက်ရင် အဲဒီ ဒိုမိန်းနိမ်းကို အသုံးပြုထားတဲ့ blog တွေ၊ website တွေကို browser က ဖတ်ရှုနိုင်အောင် ဖော်ပြပေးပါလိမ့်မယ်။


ကမ္ဘာပေါ်မှာရှိတဲ့ (တစ်နည်းအားဖြင့် Internetပေါ်က) Website တွေရဲ့ ကိုယ်ပိုင် နာမည်လိပ်စာတွေပါ။ တစ်ခုနဲ့တစ်ခု မတူညီရအောင် နည်းပညာပိုင်းအရ ဖန်တီးထားသလို၊ ရှိပြီးသား Domain Name ဖြင့်လည်း Website အသစ်တစ်ခု ဖန်တီးယူလို့မရပါဘူး။ ဥပမာ www.google.com ဖြင့် သင် Website တင်ချင်လို့ မရသလိုပါပဲ။ Google က အပိုင်ဝယ်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်ပိုင် Website အတွက် ကိုယ်ပိုင် Domain Name ဟာ အမှန်တကယ် အရေးပါအရာရောက်လှပါတယ်။


ဒိုမိန်းနိမ်း မှာ ခွဲခြားထားတာလေးတွေ ရှိပါတယ်။ ဥပမာ abcd.com ဆိုပါတော့။ abcd.com ရဲ့ .com ဆိုတာကို Top Level Domain Name (TLD) လို့ခေါ်ပါတယ်။ TLD ထဲမှာမှ .com , .net , .org စတဲ့ အများဆုံး သုံးကြတာကို (General Top Level Domains: gTLDs)။ သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုတဲ့ ဥပမာ .com.mm (မြန်မာ), .com.jp (ဂျပန်), .co.uk (အင်္ဂလန်), co.th (ထိုင်း) ဆိုတာမျိုးတွေကိုတော့ (Country Code Top Level Domains: ccTLDs) ဆိုပြီး ခွဲထားပါသေးတယ်။




abcd.com ဆိုတဲ့ ဒိုမိန်း နိမ်း မှာ .com က (gTLDs)၊ အရှေ့က abcd ကိုတော့ second level domain (SLD) လို့ခေါ်ပါတယ်။ ထို့အတူပဲ abcd.com.mm ဆိုပါတော့။ သူကတော့ .com.mm က (ccTLD)၊ abcd က second level (ccSLD) ပေါ့ဗျာ။ second level domain နာမည်တွေဟာ တစ်ခုနဲ့တစ်ခု တူလို့မရပါဘူး။ သဘောကတော့ abcd.com ဆိုတဲ့ တူညီတဲ့ဒိုမိန်းနိမ်း 2 ခု မရှိပါဘူး။ တစ်ဦးတစ်ယောက်က register လုပ်ထားပြီးရင် နောက်ထပ် လုပ်လို့မရတော့ပါဘူး။ အဲဒီ ဒိုမိန်းနိမ်းကိုမှ လိုချင်တယ်ဆိုရင် register သက်တမ်းကုန်ပြီးတော့မှ ဖြစ်စေ၊ ထိုသူထံမှ ပြန်ဝယ်ယူခြင်းဖြစ်စေ နည်းများနဲ့ပဲ အဲဒီ ဒိုမိန်းနိမ်းကို ရယူနိုင်ပါတယ်။ ဒါမှမဟုတ် အခြား TLD နာမည်တွေမှာ လွတ်နေသေးသလား ရှာဖွေကြည့်နိုင်ပါတယ်။ .com မှာ မရပေမယ့် .net , .org , .com.mm အစရှိတာတွေမှာပဲ ရနိုင်ပါသေးတယ်။ abcd.com မရတော့လဲ abcd.net , abcd.org အစရှိသဖြင့်ပေါ့ဗျာ။

gTLD တွေကို .com (originally for commercial websites) .net (originally Internet networks) .org (non-profit organizations) အစရှိသဖြင့် သတ်မှတ်ထားပေမယ့် ကိုယ့် website မှာ စိတ်ကြိုက် အကြောင်းအရာတွေကို တင်ပြနိုင်ပါတယ်။ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုးတော့မရှိပါဘူး။


gTLD ဒိုမိန်းတစ်ခု register လုပ်မယ်ဆိုရင် အများအပြားရှိတဲ့ အင်တာနက်ပေါ်က ၀န်ဆောင်မှုပေးတဲ့ website တွေမှာ ရယူနိုင်ပါတယ်။ gTLD ဒိုမိန်း နိမ်း အတွက် ဘာမှ ထွေထွေထူးထူး မလိုအပ်ပဲ နှစ်စဉ်ကြေး ပိုက်ပိုက် ပေးနိုင်ရင် ရပါပြီ။ ဒါပေမယ့် ccTLD တွေကို register လုပ်မယ် ဆိုရင်တော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ သတ်မှတ်ချက်ကို လိုက်နာ ရမှာဖြစ်ပါတယ်။ register လုပ်ရမှာလဲ အဲဒီနိုင်ငံက သီးသန့် ခွင့်ပြုချက်ရရှိထားသူများ ထံမှသာ ရယူနိုင်ပြီး ဈေးနှုံးမှာလဲ ပိုကြီးလေ့ရှိပါတယ်။


blog.abcd.org ဆိုတာကို ကြည့်မယ်ဆိုရင် .org က (gTLD) abcd က (SLD) blog ကတော့ subDomain သို့မဟုတ် third level domain ဖြစ်ပါတယ်။ subDomain ဟာ ဒိုမိန်းနိမ်းရဲ့ အောက်က အခွဲသာ ဖြစ်ပြီး ဒိုမိန်းနိမ်းယူထားရင် ကိုယ့်စိတ်ကြိုက် လိုချင်သလောက် လုပ်ယူလို့ပါတယ်။ ဒါပေမယ့် ဒိုမိန်းနိမ်း ယူတဲ့ ကုမ္ပဏီကပေးတဲ့ feature ၊ ဒိုမိန်းနိမ်းကို အသုံးပြုမယ့် hosting ရဲ့ ခွင့်ပြုချက်ပေါ်မှာလဲ မူတည်ပါသေးတယ်။ ကျွန်တော်တို့ wordpress အတွက် အများဆုံးသုံးနေကြတဲ့ iblogger.org ဘလော့စပေါ့ရဲ့ blogger.com စတာတွေမှာ အကောင့်ဖွင့်ပြီး အသုံးပြုနေတာတွေဟာ subDomain တွေ ဖြစ်ပါတယ်။ ဒိုမိန်းနိမ်းတစ်ခုကို register 5နှစ် လုပ်ထားတယ်ဆိုရင် 5နှစ် အချိန်တွင်းမှာ ကျွန်တော်တို့ ကိုယ်ပိုင်ဖြစ်ပြီး subDomain ကတော့ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပဲ ခွဲပေးသူရဲ့ သဘောဆန္ဒ အတိုင်းသာ ဖြစ်ပါတယ်။


ကိုယ်ပိုင် ဒိုမိန်းနိမ်း သုံးခြင်းအားဖြင့် ဘာတွေ အကျိုးကျေးဇူးတွေ ရနိုင်မလဲ? ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့ကတော့ ဘာမှ အထွေအထူး ပြောစရာလိုမယ် မထင်ပါဘူး။ ကိုယ်ပိုင် ဒိုမိန်းနိမ်းလေးမှ မသုံးရင် ဘယ်လိုခန့်ထည်ပါတော့ မလဲ၊ ယုံကြည်မှု ဘယ်လိုတည်ဆောက် ပါတော့မလဲ။ ကျွန်တော်တို့လို အပျော်တမ်း ဘလော့ဂ်လေးရေးတဲ့သူတွေ အတွက်ဆိုရင်ရော? blogspot.com မှာ သုံးတယ်ဆိုရင် အနည်းဆုံးတော့ လာဖတ်တဲ့လူတွေ ကျော်လွားနေရတာ ခံသာသွားမယ်။ WordPress သမားတွေကြပြန်လဲ hosting ပြောင်းမယ်ဆို ကိုယ်ပိုင် ဒိုမိန်းနိမ်းနဲ့ဆိုတော့ လိပ်စားပြောင်း လိုက်ကြော်ငြာစရာမလိုပဲ ပြောင်းနိုင်မယ်။ ဒိုမိန်းနိမ်း နဲ့ အီးမေးလ် တွေလုပ်လို့ရမယ်။ ဥပမာ admin@abcd.com အဲလိုမျိုးပေါ့ဗျာ။ ခန့်ခန့်ထည်ထည်လေး ဖြစ်သွားတာပေါ့။ နောက်ပိုင်း စိတ်ကူးပြောင်းလို့ website လုပ်မယ်ဆိုလဲ main website အပြင် subDomain တွေ ခွဲပြီး forum တို့ blog တို့ စတဲ့ လိုအပ်သလို ခွဲခြားလို့ရမယ်။ နောက်ဆုံး ကိုယ့် website အရမ်းအောင်မြင်သွားလို့ google ကို သန်းချီတဲ့ ဒေါ်လာတွေနဲ့ ရောင်းစားမယ် စတာတွေပေါ့ :D ။ gTLD ဒိုမိန်းတစ်ခု ယူမယ်ဆိုရင် နှစ်စဉ်ကြေး အနိမ့်ဆုံး 7-8 ဒေါ်လာ လောက်ကနေ စပြီး ရှာလို့ရနိုင်ပါတယ်။ free မှ လိုချင်တယ်ဆိုရင်တော့ http://co.cc မှာ ရယူနိုင်ပါတယ် ခင်ဗျား။


source:mmwordpress




Domain Name ရယူခြင်းကိုအောက်ပါခေါင်းစဉ်ခွဲများနှင့်ရေးသွားပါမယ်.....

ရေးပြီးသားသူတွေလည်းရိမှာပါ.....ကျွန်တော့် ကိုယ်တွေ့ရေးသားထားပါတယ်.......

( a )...co.cc မှ ရယူနည်း.....


( b )...Domain Site မှရယူနည်း



( c )...Godaddy မှရယူနည်း.....



( d )...Shwe Hosting နှင့်အခြားမြန်မာHosting များတွင် Domain Name
ရယူနည်း..

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

713..Shwe Hosting နှင့်အခြားမြန်မာHosting များတွင် Domain Name ရယူခြင်း

 
http://www.shwehosting.com/

Shwe Web Hosting

ရွှေ မှာတော့မြန်မာကျပ်ငွေနဲ့ဝယ်လို့ရပါတယ်....

ဘာမှလည်းမှတ်ချက်မပေးတော့ပါဘူး.......

ဆက်သွယ်ချင်ရင်တော့ { မစန္ဒာပိုင် <sandarpaing.painglay@gmail.com> } ကိုဆက်သွယ်လို့ရပါတယ်.........

တစ်နှစ်စာကို 16000 ကျပ်လောက်တော့ပေးရပါတယ်.....


*****************************************************************************************************

Your Brand Here

http://www.itourexhosting.com/

Name: Soe Thura Tun


Address: No. 33, Khaymar Street,, ,


City: Sanchaung


Email Address :


*****************************************************************************





















Order Now
500 Ks/Month








Transfer Domain 11,500 Ks/Year








Register Domain 7,000 Ks/Year(.info)


http://www.myanmarhosting.com/

Mailing Address
Room 18, Building 1, Block(4),(8) mile,
Mayangone Township, Yangon,
Myanmar.


Phone : 662271

Help Desk Click Here

Click here to send email to us.

****တစ်ခြားတွေလည်းရှိပါသေးတယ်.....

ဆက်ပြီး Hosting ကိုရေးသားပါဦးမယ်.....






Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

712..godaddy.com မှ Domain Name ရယူခြင်း

 

http://www.godaddy.com/ ကတော့အများညွှန်းသောဆိုဒ်ဖြစ်ပါတယ်.....

တစ်ချို့ကိုယ်ပိုင်ဆာဗာမရှိသော် web hosting များတောင်သူ့ကိုမှီခိုကာ Domain Name များတဆင့်ရောင်းချလုပ်စားနေသူများရှိပါတယ်....

တစ်နှစ်ကို 9$ ၀န်းကျင်ခန့်သာပေးရပါတယ်....

တစ်ချို့ကတော့ သူကအကောင်းဆုံးလို့ပြောကြပါတယ်....

ရယူပုံရယူနည်းများကိုအောက်ကလင်ခ့်တွေမှာဝင်ရောက်လေ့လာနိုင်ပါတယ်.....

http://help.godaddy.com/article/2227

http://help.godaddy.com/article/5092

အပေါ်ကနှစ်ခုက Help Center ဖြစ်ပါတယ်.....

  1. How to register a domain name with GoDaddy

  2. How to (Register a Domain Name) with Godaddy


အပေါ်ကနှစ်ခုကတော့ Register လုပ်ပုံ အသေးစိတ်ကို video အနေနဲ့လေ့လာရပါမယ်...


  1. Step 1







    To register a domain name, go to GoDaddy.com on the world wide web. If you have trouble finding it, perform a search for "GoDaddy."


  2. Step 2







    Click on CREATE ACCOUNT. You will then enter your information and have an account setup instantly. You will have to access your email to confirm your password...then you're one step closer to registering a domain name!


  3. Step 3







    On the home page of GoDaddy, click on DOMAINS. This will open up a drop down box. (if you get confused, look for options that say "register a domain name" or "register a domain."


  4. Step 4







    Then click on REGISTER DOMAINS on the drop down box. This gets you 1 step closer to making your domain purchase.


  5. Step 5







    Type in your domain search and wait for GoDaddy to produce your search results. This may take a few seconds.


  6. Step 6







    Register your domain instantly if it's available. If not, continue searching for the domain of your choice.

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

711..domainname.com မှ Domain Name ရယူနည်း

 
Domain name registration, Register domain, domain registration, register domain name

http://domainsite.com/ မှာကတော့ တစ်နှစ်ကို US$ 8.88 ပါ။ ဒါကို credit card or paypal နဲ့  ပေးလို့  ရပါတယ်။

ကျွန်တော်မ၀ယ်ဘူးလို့ ၀ယ်ယူသုံးနေတဲ့ ကိုဗမာလေးကနေ ကူးယူဖေါ်ပြလိုက်ပါတယ်........

ဒီ domainsite.com ကို သုံးဖို့ အတွက် ပထမဆုံး ကိုယ့် email address နဲ့  account ဖွင့်ဖို့  လိုပါတယ်။ account ဖွင့်ပြီးရင် ကိုယ် ဝယ်ချင်တဲ့ domain name ကို လွတ်မလွတ် ကြည့်ပြီး လွတ်ရင် ငွေချေ ရုံပါပဲ။ ဘာမှ မခက်ပါဘူး။

Domain registration လုပ်ဖို့  ပထမဆုံး Register a domain ဆိုတဲ့ link ကို အရင် ဝင်ရပါမယ်။ အဲဒီမှာ ကိုယ်လိုချင်တဲ့ domain name ကို search box ထဲ ရိုက်ထဲ့၊ ကိုယ်လိုချင်တဲ့ domain extension (.com, .net, .info) ကိုရွေး၊ ပြီး GO ကိုနှိပ်လိုက်။ အဲဒီအခါ ဘယ် domain တွေ လွတ်လဲဆိုတာ ပြပါလိမ့်မယ်။ အဲဒီ ထဲကမှ ကိုယ်ဝယ်ချင်တဲ့ domain name ကို ရွေးပါ။ ပြီး Add to cart ကို နှိပ်လိုက်ရင် confirmation screen ပေါ်လာ ပါလိမ့်မယ်။ ကိုယ် ဘယ်နှစ်နှစ် ဝယ်မလဲ ရွေးပြီး ငွေချေရုံပါပဲ။ ဒီမှာ Add hidden whois service ဆိုတာက ဒီ ဒိုမိန်းကို ကိုယ်ဝယ်ထားတာ လူမသိ စေချင်ရင် ပိုင်ရှင် နာမည် ဝှက်ထားနိုင်ပါတယ်။ ဒီ့အတွက်က တစ်နှစ်ကို US$ 0.50 ပါ။
Search your domain name
Search your domain name


Choose your domain name
Choose your domain name


Register your domain
Register your domain


ဒီ domainsite.com ကနေ .mm domain တွေကိုတော့ ဝယ်လို့  မရပါဘူး။ ဒီ .mm domain တွေရဲ့ ပိုင်ရှင်က မြန်မာ့ ဆက်သွယ်ရေး (အရင်ကတော့ ပုဂံနက်) ဖြစ်လို့  ဒီ .mm တွေ လိုချင်ရင်တော့ မြန်မာ့ ဆက်သွယ်ရေးကို စုံစမ်းကြည့်ပါ။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

710..CO.CCမှ Free ကိုယ်ပိုင် Domain Name ရယူခြင်း

 

( a )...co.cc မှ ရယူနည်း.....( တစ်နှစ်စာပဲအလကားရမှာ )


ပထမဦးဆုံး http://www.co.cc မှာ် ကိုလိုချင်တဲ့ url name လေးကို available ဖြစ်လားမဖြစ်လားဆိုတာ အရင်စစ်လုပ်ရပါမယ် ... available မဖြစ်ရင်တော့ နောက်တစ်ခုထပ်ချိန်း ...
လုပ်တဲ့နေရာမှာ www.yourname.co.cc ဆိုတဲ့နေရာမှာ ကိုလိုချင်တဲ့ Domain Nmaeကို yourname နေရာမှာ ဖြည့်ပြီးမေးရမှာပါ
အားလုံးပြီးပြီဆိုရင်တော့ set up အပိုင်းကိုသွားပါမယ် ...
(၁) setup မှာ ဒီအတိုင်းလေးသွားပါမယ် setup >> Manage Domain ကိုသွားပါ ...
(၂) ပြီးရင် manage DNS/Zone Record/URL forwarding စတာတွေထဲက Zone Record တစ်ခုတည်းကိုပဲ ရွေးပါ ...

[caption id="attachment_257" align="alignnone" width="400" caption="http://www.monetine999.com"]http://www.monetine999.com[/caption]

အပိုင်း(၁)
- Host ဆိုတဲ့ ကွက်လပ်မှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ်
- TTL ဆိုတဲ့ ကွက်လပ်မှာ 1D
- Type ဆိုတဲ့မှာ CNAME ကိုရွေး
- Value ဆိုတဲ့ကွက်လပ်မှာတော့ ghs.google.com ကို ရိုက်ထည့်ပါ
- ပြီးရင်တော့ Setup ကိုနှိပ်ပါ
မှတ်ချက်။ www.yourname.co.cc မှာ (yourname ရဲ့ရှေ့မှာ www.) ပါပါစေ ..

[caption id="attachment_258" align="alignnone" width="400" caption="http://www.monetine999.com"]http://www.monetine999.com[/caption]

အပိုင်း(၂)
- Host ဆိုတဲ့ ကွက်လပ်မှာ ကိုယ်ရွေးထားတဲ့ Domain ကိုထည့်မယ်
- TTL ဆိုတဲ့ ကွက်လပ်မှာ 1D
- Type ဆိုတဲ့မှာ A ကိုရွေး
- Value ဆိုတဲ့ကွက်လပ်မှာတော့ 64.233.179.121 ကို ရိုက်ထည့်ပါ
- ပြီးရင်တော့ Setup ကိုနှိပ်ပါ .

[caption id="attachment_259" align="alignnone" width="400" caption="http://www.monetine999.com"]http://www.monetine999.com[/caption]

အားလုံးပြီးသွားရင်တော့ ဒီလိုမျိုးလေးမြင်ရမှာပါ

[caption id="attachment_260" align="alignnone" width="400" caption="http://www.monetine999.com"]http://www.monetine999.com[/caption]

Domain Nme ကတော့ရသွားပြီး...ဒါကတော့အလကားတစ်နှစ်ပဲရမှာ.....နောက်နှစ်တွေပိုက်ပိုက်ပေးရမယ်...

Hosting အကြောင်းဆက်ရေးပါဦးမယ်......

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

678..ကမ္ဘာ့ပထမဆုံးသော မြန်မာအက္ခရာသုံးဒိုမိန်း ( Domain Name )

 

ICANN က Domain Name တွေမှာ Unicode ကိုသုံးစွဲခွင့်ပြုလိုက်တဲ့ နောက်ပိုင်းမှာ မြန်မာအက္ခရာသုံး ဒိုမိန်းအဖြစ် ပေါ်ထွန်းလာခဲ့တာကတော့ www.ဧရာ.com ပါ။ Browser ရဲ့ address bar မှာ www.ဧရာ.com လို့ ရိုက်ထည့်ပြီး ကြည့်နိုင်ပါပြီ။ အဲဒီအခါမှာ www.xn--fjdxq.com သို့ ရောက်သွားပါလိမ့်မယ်။ လောလောဆယ်တော့ ICANN က URL မှာသာ မိမိတို့ ဘာသာစကားတွေကို ထည့်သွင်းခွင့်ပြုထားသေးတာဖြစ်ပြီး DNS မှာ မိခင်ဘာသာစကားတွေ ထည့်သွင်းနိုင်ဖို့ကတော့ 2010 မှ ဖြစ်လာနိုင်မယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ Website လိပ်စာတွေက english လိုချည်းမဟုတ်တော့ပဲ ကိုယ့်ဘာသာစကားတွေကို သုံးစွဲလို့ရသွားပါပြီ။ စာဖတ်သူတို့အတွက်လည်း www.မုန်တိုင်း.com ဆိုပြီး လုပ်လိုက်ရင်?
မကောင်းသေးပါဘူး :P

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

376..ကိုယ်ပိုင် Domain Name နဲ့  Google Apps ကို သုံးမယ်ဆိုရင်

 
Logo Image




Google Apps logo

အဲ့ဒီမှာ ကိုယ်ပိုင် Domain ရှိရင် Google Apps မှာ signup လုပ်ပြီး MX records ကို Google ကို point လုပ်လို့ ရတဲ့အကြောင်း နဲ့  ဘယ်လို Setup လုပ်ရမယ်၊ ဘာတွေ အားသာချက်တွေရှိတယ် ဆိုတာကို ရေးထားပါတယ်။

ကိုယ်ပိုင် Domain Name နဲ့  Google Apps ကို သုံးမယ်ဆိုရင် Email အပြင် Google ရဲ့ တခြား serive တွေဖြစ်တဲ့ Google Docs and Spreadsheets, Google Calendar, Google Talk စတာတွေကိုပါ သုံးလို့ ရမှာပါ။ Email အနေနဲ့ ကတော့ Free ပေးတဲ့ Standard Edition မှာ အခု free သုံးနေတဲ့ Gmail storage size အတိုင်း ရမှာပါ။ Premier Edition ဆိုရင်တော့ 25 G (အခုလက်ရှိ) ရမှာပါ။ Premier Edition ကို သုံးမယ်ဆို user တစ်ယောက်ကို တစ်နှစ်ကို US$50 ပေးရပါ့မယ်။ 24/7 tech support နဲ့ 99.9% uptime guarantee လို့ ဆိုထားတော့ သင့်တင့်တဲ့ဈေးနှုန်းလို့  ဆိုရမယ်။ ကုမ္ပဏီအီးမေးကို ကိုယ်ပိုင် email server နဲ့ သုံးတာ ကုမ္ပဏီအကြီးတွေအတွက် ကောင်းပေမယ့် အသေးတွေ အတွက်တော့ မလိုအပ်ဘူး ထင်ပါတယ်။ အလုပ်မှာ email server ပြဿနာတတ်လို့  ပို့ မရတာ၊ ဟိုကပို့ လိုက်တာတွေ ရောက်မလာတာ၊ ကိုယ့်ကပို့ တယ် ဒီမှာလည်း အထွက်ပြတယ် ဒါပေမယ့် ဟိုကိုမရောက် .. အမျိုးမျိုးသော ပြဿနာတွေကို ကြုံဖူးရင် ဘယ်လောက်စိတ်ညစ်ရလည်း သိကြမှာပါ။ စိတ်ချရတဲ့ ဒီလို Google က service ကို ၀ယ်သုံးမယ်ဆို Email ပြဿနာတတ်မှာ မပူ ရတော့ဘူးပေါ့။

ဒါနဲ့  Google Apps Premier Edition ဟာ PC World Magazine က ရွေးချယ်တဲ့ The 100 Best Products o မှာ No. 1 ရထားပါတယ်။ Google Apps မှာ Education Edition ဆိုပြီး လည်းရှိသေးတယ်။ အသေးစိတ် သိချင်ရင်တော့ Google Apps မှာ ဖတ်ကြည့်နိုင်ပါတယ်။
မှတ်ချက်........ဈေးနှုန်း update မဟုတ်ပါ.....

How to Migrate Your Custom Domain’s Email to Google (And Maintain Your Addresses)

Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ