http://domainsite.com/ မှာကတော့ တစ်နှစ်ကို US$ 8.88 ပါ။ ဒါကို credit card or paypal နဲ့  ပေးလို့  ရပါတယ်။
ကျွန်တော်မ၀ယ်ဘူးလို့ ၀ယ်ယူသုံးနေတဲ့ ကိုဗမာလေးကနေ ကူးယူဖေါ်ပြလိုက်ပါတယ်........
ဒီ domainsite.com ကို သုံးဖို့ အတွက် ပထမဆုံး ကိုယ့် email address နဲ့  account ဖွင့်ဖို့  လိုပါတယ်။ account ဖွင့်ပြီးရင် ကိုယ် ဝယ်ချင်တဲ့ domain name ကို လွတ်မလွတ် ကြည့်ပြီး လွတ်ရင် ငွေချေ ရုံပါပဲ။ ဘာမှ မခက်ပါဘူး။
Domain registration လုပ်ဖို့  ပထမဆုံး Register a domain ဆိုတဲ့ link ကို အရင် ဝင်ရပါမယ်။ အဲဒီမှာ ကိုယ်လိုချင်တဲ့ domain name ကို search box ထဲ ရိုက်ထဲ့၊ ကိုယ်လိုချင်တဲ့ domain extension (.com, .net, .info) ကိုရွေး၊ ပြီး GO ကိုနှိပ်လိုက်။ အဲဒီအခါ ဘယ် domain တွေ လွတ်လဲဆိုတာ ပြပါလိမ့်မယ်။ အဲဒီ ထဲကမှ ကိုယ်ဝယ်ချင်တဲ့ domain name ကို ရွေးပါ။ ပြီး Add to cart ကို နှိပ်လိုက်ရင် confirmation screen ပေါ်လာ ပါလိမ့်မယ်။ ကိုယ် ဘယ်နှစ်နှစ် ဝယ်မလဲ ရွေးပြီး ငွေချေရုံပါပဲ။ ဒီမှာ Add hidden whois service ဆိုတာက ဒီ ဒိုမိန်းကို ကိုယ်ဝယ်ထားတာ လူမသိ စေချင်ရင် ပိုင်ရှင် နာမည် ဝှက်ထားနိုင်ပါတယ်။ ဒီ့အတွက်က တစ်နှစ်ကို US$ 0.50 ပါ။

Search your domain name

Choose your domain name

Register your domain
ဒီ domainsite.com ကနေ .mm domain တွေကိုတော့ ဝယ်လို့  မရပါဘူး။ ဒီ .mm domain တွေရဲ့ ပိုင်ရှင်က မြန်မာ့ ဆက်သွယ်ရေး (အရင်ကတော့ ပုဂံနက်) ဖြစ်လို့  ဒီ .mm တွေ လိုချင်ရင်တော့ မြန်မာ့ ဆက်သွယ်ရေးကို စုံစမ်းကြည့်ပါ။
Labels: Domain Name
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment