၁) Scoop Script 2004 ကို download လုပ်ပါ။
(၂) install လုပ်ပါ။
(၃) mirc ကို download လုပ်ပါ။
(၄) install လုပ်ပါ။
(၅) mirc.exe ကို Scoop Script ရဲ့ folder (usually C:coop2004) ထဲကို copy လုပ်ပါ။
(၆) ၄င်းကို run ပါ။
(၇) View menu မှ Options ကို နှိပ်ပါ။
(၈) ဘယ်ဘက်ခြမ်းမှ Connect > Servers ကို ရွေးပါ။ ပြီးလျှင် Add ကို နှိပ်ပါ။
(၉) Description တွင် ကိုယ်နှစ်သက်ရာ အမည် ရိုက်ပါ (ဥပမာ- Myanmar Chat)။ IRC Server တွင် သင်ဝင်မည့် IRC Server အမည်ကို (ဥပမာ- irc.myanmaronline.net.mm) ရိုက်ပါ။ (မှတ်ချက် - IRC Server အများအပြားမှာ ပိတ်ပင်ထားသဖြင့် မြန်မာပြည်မှ ၀င်လို့မရပါ။ ထိုအခါ your-freedom ကဲ့သို့သော software ကို သုံးရပါမယ်။ your-freedom website ၏ FAQ/DOCU တွင် ကြည့်ပါ။ your-freedom အကြောင်းကိုဒီနေရာတွေမှာ ကျွန်တော်ရေးခဲ့ပြီ။) Port(s) တွင် သင်ဝင်မည့် IRC Server ၏ port ကို ရိုက်ပါ။ (ဥပမာ - irc.myanmaronline.net.mm ကို 6667 ဖြင့် ၀င်နိုင်ပါတယ်။ Add ကို နှိပ်ပါ။
(၁၀) File menu > Connect
(၁၁) ခေတ္တမျှကြာလျှင် IRC server နှင့် Connect ဖြစ်သွားမယ်။ IRC မှာသုံးတဲ့ script တွေ အများကြီးရှိပါတယ်။ အသုံးကျမဲ့ script နဲနဲပါးပါး ရေးပြပါမယ်။
to list channels => /list
to register nick => /msg nickserv register password email-address
to identify nick => /msg nickserv identify password
to join a channel => /join #channel
irc.myanmaronline.net.mm ၏ #help channel မှာ ကိုKM သိချင်သမျှ IRC နဲ့ ပက်သက်တဲ့ မေးခွန်းတွေကို မေးနိုင်ပါတယ်။ အဲဒီ့က လူတွေက စိတ်ပါလက်ပါဖြေပေးတာကို တွေ့ရပါတယ်။ #help ကို ၀င်ချင်ရင် ဒီ script ကိုရိုက်ပါ => /join #help
Labels: MIRC, Websites-III, နည်းပညာများ-IV
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment