ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

2320.. မြန်နှုန်းမြင့် Free Facebook Proxy ဆိုဒ်များ ( 2014 )

 

                  Facebook အကောင့်ဖွင့်သူများ Facebook Hacker များ တို့ဟာ မိမိ IP ကို Hide ပြီး တစ်ခြား IP နဲ့ မှ အဆင်ပြေမယ်ဆိုသူများအတွက် software မသုံး ပဲ Website ပေါ် မှာတင် IP ချိန်းနိုင်သော်  မြန်နှုန်းမြင့်  Free ဆိုဒ် များ ကိုဖေါ်ပြထားပါတယ်.....တစ်ကယ်တော့် ကောင်းမွန်သော် ဆိုဒ် တွေ ရှိပါသေးတယ်......
                   ဖေါ်ပြထားတဲ့ ဆိုဒ်တွေကတော့် ကြိုက်ရာ နိုင်ငံ ရွေးနိုင်ပါတယ်......

 
2... Kproxy


 
3..... ProxFree


 
4.....99Proxy

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2285.. Computer အတွက် အကောင်းဆုံး အမြန်ဆုံး Free VPN 5 ခု ( 2014 )

 
တစ်ခါတစ်ရံ VPN software တွေ computer ပေါ်မှာ သုံးဖို့လိုအပ်ရင် မရှာ ရအောင် အကောင်းဆုံးနဲ့ အမြန်ဆုံးတွေကို ဖေါ်ပြထားပါတယ်....



HotSpot Shield Free


               HotSpot Shield ကတော့် Free ပါ....ကြောငြာခဏခဏ၀င်တာတော့် နဲနဲဆိုးတယ်......အတော်အသင့် သုံးရန် အဆင်ပြေပါတယ်.... Elite Version ကိုလည်းဝယ်သုံးနိုင်တယ်....
Available on Windows, Mac, iOS, and Android.

  • Download: 6.53 + 6.31 + 6.36 = 6.40 Mbps
  • Latency: 90 + 89 + 91 = 90 milliseconds

Private Tunnel


                Private Tunnel, ကတော့် US, UK, Switzerland, Canada, and Amsterdam စတဲ့ servers တွေနဲ့ချိတ်ဆက်ပေးပါတယ်....Register လုပ်ရန်လိုတယ်..... Available on Windows, Mac, iOS, and Android.
  • Download: 20.91 + 20.92 + 20.53 = 20.79 Mbps
  • Latency: 63 + 62 + 63 = 63 milliseconds

OkayFreedom VPN


            OkayFreedom  ကတော့် USA servers တွေနဲ့ချိတ်ဆက်ပေးပြီး  free version limits တလ 500 MB ပါ...Windows တစ်မျိုးမှာပဲ သုံး လို့ရပါတယ်....
  • Download: 20.86 + 20.44 + 20.95 = 20.75 Mbps
  • Latency: 69 + 72 + 73 = 71 milliseconds

CyberGhost


CyberGhost ကတော့် တော်တော်ကောင်းပါတယ်.....servers 200 ကျော်တယ်....available on Windows
  • Download: 20.60 + 20.62 + 20.60 = 20.61 Mbps
  • Latency: 36 + 36 + 37 = 36 milliseconds

JustFreeVPN


JustFreeVPN ကတော့် US, UK, and Canada, တွေရဲ့ ကြိုက်ရာserver တွေကို ရွေးချိတ်နိုင်ပါတယ်...
  • Download: 1.44 + 0.45 + 0.28 = 0.72 Mbps
  • Latency: 119 + 82 + 137 = 113 milliseconds

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

964.. ultrasurf သုံးပြီး ကျော်ခွ နည်း

 


1...Ultrasurf ကို  ဒီမှာ ဒေါင်းပြီး Run ပါကအပေါ်က ပုံပေါ်လာမယ်...

2...Option ကိုဝင်ပါ....


3....Do not use IE ကို အမှန်ခြစ်

4.....proxy setting ကိုဝင်


5.....များသော်အားဖြင့် Directly use ကိုသာရွေးပြီး သုံးနိုင်ပါတယ်....
 proxy သုံးပြီး ၀င်နေသူတွေကတော့်  Manual Proxy ထဲဝင်ပြီး သုံနေတဲ့ Proxy Host နှင့် Port ကိုထည့်ပြီး OK ပါ....


6......Successfully စာတမ်းပေါ်လာရင် သုံးလို့ရပါပြီ.....

 

 7.....Firefox ကိုဖွင့်ပါ.....
Tools >> Options >> Advance >> Network >>Setting ကိုသွားပြီး အပေါ်က ပုံလို 
Manual Proxy က HTTP Proxy နေရာမှာ 127.0.0.1 နှင့် Port မှာ 9666 ဖြည့်...အောက်မှာ အမှန်ခြစ်ပေး လိုက်ပါ....
ပြီးရင် Ok OK 

ဒါဆိုရင် ကျော်သုံးလို့ရပါပြီ......

 
 



Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

ဆိုင်ဘာကဖေါ်တွေမှာအသုံများတဲ့ ISA Server 2006 အစိတ်အပိုင်းများ ဖွဲ့စည်းပုံ..3.8.10

 



ISA Server ဆိုတာကတော့ ယနေ့ခေတ်စားနေတဲ့ ဆိုင်ဘာကဖေးတွေမှာ အသုံးများတဲ့ proxy server တစ်မျိုးပါ။

ကျွန်တော်အရင် ဆွေးနွေးခဲ့တဲ့ squid proxy နဲ့ စာရင် ဒီ ISA Server က ပိုမိုလွယ်ကူလှပါတယ်။ ကျွန်တော်တို့ အများစုက

Window နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတော့ ဒီ ISA Server ကို လေ့လာလုပ်ကိုင်ရတာ ပိုမိုအဆင်ပြေလှပါတယ်။

ကျွန်တော်ဆွေးနွေးမှာက ISA Server 2006 ကို ဆွေးနွေးမှာဖြစ်ပြီး ၊ သူ့ကို အင်စတောဖို့အတွက် ပုံမှန်ဝင်းဒိုးမှာ မရပဲ

Window Server 2003 မှာသာ အင်စတော အသုံးပြုနိုင်ပါတယ်။ Window Server 2003 မှာတင် edition အမျိုးမျိုးရှိပါတယ် ။

အောက်ပါ edition တွေမှာ ISA Server တင်လို့ ရပါတယ်။

. Windows Server 2003 Standard Edition (32 bit) with SP1
. Windows Server 2003 Enterprise Edition (32 bit) with SP1
. Windows Server 2003 R2 Standard Edition (32 bit)
. Windows Server 2003 R2 Enterprise Edition (32 bit)

Window Server ကိုတင်ရမယ်ဆိုလို့ တွန်မဆုတ်သွားပါနဲ့ ။ ISA Server ကို တင်ဖို့အတွက် သူ့ပေါ်မှာပဲ ရတဲ့အတွက်သာ တင်ရတာပါ။

ကျွန်တော်တို့ Window Server 2003 ကို တစ်ခါမှ မထိတွေ့ဖူးရင်တောင် အသုံးပြုနိုင်ပါတယ်။ သုံးမှာက ISA Server ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးပါ။

ကျွန်တော်တို့ ISA Server 2006 ကို mouse ကလေး နှိပ်တတ်ယုံနဲ့ configure လုပ်တတ်ပါတယ်။ အဲ့လောက်လွယ်ပါတယ် :P ။

ဒီနေရာမှာ ကျွန်တော် Window Server 2003 နဲ့ ISA Server 2006 အင်စတောနည်းကို မပြောတော့ပါဘူး ။

ဆွေးနွေးချက်မစခင် ISA Server နဲ့ ပက်သက်ပြီး ပုံနဲ့တကွ ရှင်းပြထားတဲ့ ဆိုက်တွေကို ညွှန်းပါရစေ ..

http://www.linglom.com/category/security/isa/

http://www.isaserver.org/

ဒီဆိုက်တွေမှာ ပုံနဲ့တကွ ရှင်းပြထားတာဖြစ်ပြီး နားလည်ရလွယ်ကူလှပါတယ်။ နိဒါန်းပျိုးနေတာ နည်းနည်းများသွားတယ် ..:D

ကျွန်တော်တို့ ISA Server 2006 Configure ကို ဆက်သွားရအောင် ..

Deploying ISA Server 2006 as a Content Caching Server

ကျွန်တော်အရင်ဆုံး အသုံးများလှတဲ့ ISA Server ကို cache server အဖြစ် အသုံးပြုနည်းကို တင်ပြသွားမှာဖြစ်ပါတယ်။

ISA Server မတိုင်ခင် သူ့အစက Microsoft Proxy Server ကနေ လာပါတယ်။ ဒီနေရာလေးမှာ ကျွန်တော်ရှင်းပြပြီးသားပါ။

Microsoft Proxy Server ကနေ အခု ISA  ဆိုတဲ့ acceleration ဆိုတဲ့ စာသားလေးက ဒီ  cache server အဖြစ် အသုံးပြုနိုင်တာကို ရည်ရွယ်ပြီး

ISA(Internet Securiy and Acceleration) ဆာဗာဆိုပြီး ပေးခဲ့တာပါ။ ဒီတော့ သူက ဘယ်လိုလုပ်ဆောင်သလဲဆိုတာ ကြည့်ရအောင် ..

ကျွန်တော်တို့ client-1 ကနေ web site တွေ ဖွင့်တဲ့အခါ အဲဒါတွေကို cache folder မှာ သိမ်းထားပေးပြီး ၊ client-2 က အဲဒီ website ကိုပဲ ပြန်ဖွင့်တဲ့အခါ

ISA server က အရင်ဆုံး cache folder မှာ သိမ်းထားတဲ့ ဖိုင်တွေ ရှိမရှိ အရင်စုံစမ်းပါတယ်။ ရှိရင် မိမိစက်ထဲမှာရှိတဲ့ cache folder ထဲက ဖိုင်ကိုပဲ ထုတ်ပေးလိုက်ပါတယ်။

ဒီအတွက် web site ဖွင့်ရတာ မြန်လဲမြန်သွားပြီး ၊ bandwidth ကို လျော့ချပေးနိုင်ပါတယ်။

ဒီတော့ ISA server ကို cache server အဖြစ် လုပ်ဆောင်နိုင်ဖို့အတွက် အရင်ဆုံး cache နေရာကို ဖန်တီးပါမယ်။

အခုလိုပဲ Cache --> Cache Drivers ကနေ Define Cache Drives ကို နှိပ်လိုက်ပါတယ်။

မိမိသတ်မှတ်ချင်တဲ့ hardisk partition နဲ့ size ကို ထည့်ပေးလိုက်ပါ ။ ကျွန်တော်ကတော့ C partition တစ်ပိုင်းတည်းပဲ ရှိတဲ့အတွက် C အောက်မှာပဲ 1000MB နဲ့ တည်ဆောက်လိုက်ပါတယ်။

အဲဒါပြီးရင်တော့ Cache Rule ကို သတ်မှတ်ပေးရပါမယ်။ သူရဲ့ အဓိက လုပ်ဆောင်ချက်မှာ Cache အတွင်းမှာသိမ်းဆည်းမည့် Content များအား စစ်ဆေးပေးခြင်းနှင့်

ပြန်လည်သုံးစွဲမည့်အချိန်ပမာဏ တို့ကို ထိန်းချုပ်ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

Cache --> Cache Rule ကနေ Create a Cache Rule ကို နှိပ်လိုက်ပါတယ်။

Cache Rule Winzard ပေါ်လာပါမယ် ။ နာမည်တောင်းရင် မိမိစိတ်ကြိုက်နာမည်ထည့်ပေးလိုက်ပါ ။ Next ။

သူက ဘယ် destination ကို cache လုပ်မှာလဲဆိုတာကို မိမိက external ကို ရွေးပေးလိုက်ပါတယ်။

ပြီးရင် Add လိုက်ပါ။ Next ။

=> Only if a Valid Version of the Object Exists in the Cache. If No Valid Version Exists, Route the Request to the Server

In this scenario, which is the default option, a requesting client has a cached object returned only if the object exists in the cache and has not expired.

If there is not a current version, the ISA server routes the request to the web server on the Internet.

=> If Any Version of the Object Exists in the Cache. If None Exists, Route the Request to the Server

For this option, the ISA server returns an object in the cache, even if it has expired. If it does not exist in the cache, it routes the request to

the web server on the Internet. This option can run the risk of supplying stale data to requesting clients.

=>If Any Version of the Object Exists in the Cache. If None Exists, Drop the Request (Never Route the Request to the Server)

With this option, clients get web data only from objects that exist in the cache. If an object isn't in the cache, the

request fails. This is a highly restrictive option, but is useful in scenarios where only specific content is meant to be made available

to web-browsing clients, and that content is made available with Content download jobs.

 

မိမိစိတ်ကြိုက် နှစ်သက်ရာ option ထားလိုက်ပါ။ Next ။

 

Next ။

 

အားလုံးပြီးရင်တော့ ပုံပါအတိုင်း Apply ပေးဖို့ မမေ့နဲ့နော် ..

ကျွန်တော်တစ်ခုချင်းစီရဲ့ menu အသေးစိတ် ရေးသားဖော်ပြချင်ပေမဲ့ တစ်ခုချင်း ရှင်းနေရင် ပြီးတော့မှာ မဟုတ်တော့တဲ့အတွက် အရေးကြီးမယ်ထင်တာတွေပဲ

ရေးသားဖော်ပြပေးလိုက်တာပါ ။ ကျန်တာ ပုံတွေကို ကိုးကားပြီးလုပ်လိုက်ပါ ။ နောက်မှ ကျွန်တော်ဖတ်တဲ့စာအုပ်တွေကို တင်ပေးပါ့မယ်။

cache နေရာတွေ သတ်မှတ်ပြီးဆိုတော့ ကျွန်တော်တို့ အင်တာနက်တွေကို ဘယ်သူတွေကို ပေးမလဲဆိုတာ ဆက်လုပ်ရအောင် ။


မိမိဆာဗာကနေ အင်တာနက်ပြန်ပေးဖို့အတွက် internal nework သတ်မှတ်ပြီး ၊

squid မှာလိုပဲ သတ်မှတ်ထားတဲ့ internal network ကို ခွင့်ပြုဖို့အတွက် firewall policy နဲ့ allow လုပ်ပါမယ်။ ဒီတော့ အရင်ဆုံး ကျွန်တော် Network Topology

တစ်ခု လုပ်လိုက်ပါမယ်။ ISA မှာ Network Topology အတွက် အသင့်သုံး Network Template တွေ ရှိပါတယ် ။ မိမိနဲ့ ကိုက်ညီရာတစ်ခုကို ယူသုံးယုံပါပဲ ။

ကျွန်တော်ကတော့ small network ဆိုက်ဘာကဖေးတွေ အတွက်လောက်ပဲ ရှင်းပြမယ်ဆိုတော့ Edge Firewall ကိုရွေးပြီး ရှင်းလိုက်ပါမယ်။

 

 

Network --> Templates ကနေ Edge Firewall ကို ကျွန်တော်ရွေးလိုက်ပါတယ် ။ သူက Network Card 2 ကဒ် ရှိရပါမယ် ။

တစ်ခုက အင်တာနက် အ၀င်ဖြစ်ပြီး ၊ နောက်တစ်ခုကနေ ကျွန်တော်က internal network အတွက် အင်တာနက် ပြန်ပေးမှာပါ။

Next ပါ။

Next

Add Adapter ကနေ ကျွန်တော်က internal network အတွက် အင်တာနက်ပြန်ပေးမှာဖြစ်တဲ့အတွက် Local Area Connection 2 ကို ရွေးလိုက်ပါတယ် ။

Local Area Connection 2 ဆိုတာ internal network အတွက် သတ်မှတ်ထားတဲ့ NIC ပါ ။ အဲဒီ NIC ရဲ့ IP Range ကို ကျွန်တော်က 192.168.0.1 နဲ့ သတ်မှတ်ထားတာပါ။

မိမိစိတ်ကြိုက်သတ်မှတ်နိုင်တယ်နော် ။ Next ပါ။

အကြမ်းဖျင်း Allow unrestriced access ဆိုပြီး အကုန်ခွင့်ပြုထားလိုက်ပါမယ် ။နောက်မှ အဲဒါတွေကို အသေးစိတ် ထပ်ဆွေးနွေးပါ့မယ် ။

အခုဆိုရင် Network နေရာချထားမှုတွေ ပြီးပါပြီး ။ အင်တာနက်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီး ။ ဒါပေမဲ့ အင်တာနက်ပေးဖို့ ခွင့်ပြုချက်ကို

Firewall Policy ကနေ ခွင့်ပြုချက် ယူရပါဦးမယ် ။ squid proxy မှာလို တစ်ခုခုကြော်ငြာပြီးရင် allow/deny လုပ်ပေးရသလိုပေါ့ ။

အခု Firewall Policy --> Tasks ကနေ Create Access Rule လုပ်လိုက်ပါ။

မိမိနှစ်သက်ရာနာမည်နဲ့ တစ်ခုခုပေးလိုက်ပါ ။ ပြီးရင် allow and deny လာပါမယ် ။ ခွင့်ပြုချင်တာဆိုတော့ Allow ပေါ့ ။

Selected protocols ကနေ Add ကို နှိပ်ပြီး မိမိခွင့်ပြုချင်တဲ့ protocol တွေကို ရွေးပေးပါ ။ ဒီနေရာမှာ web cache ကို အဓိက ထားချင်တာဖြစ်တဲ့အတွက်

HTTP and HTTPS ၂ ခုကိုပဲ ရွေးလိုက်ပါတယ် ။ အကုန်ခွင့်ပြုချင်ရင်တော့  အကုန်ရွေးပေါ့ ။ Next

Access Rule Source ကို မိမိအင်တာနက်ပေးချင်တဲ့ source ကို ပေးရမှာဖြစ်ပါတယ် ။ မိမိ ဆာဗာထိုင်တဲ့စက်မှာပါ အင်တာနက် ရချင်ရင် အခုလိုပဲ Localhost ပါ Add ပေးရပါတယ်။

မ Add ထားရင် ဆာဗာစက်မှာပါ အင်တာနက်သုံးလို့ မရပါဘူး ။ Next ပါ ။

Access Rule Destination မှာတော့ External ကို ရွေးပေးရပါမယ်။ External(internet) က resource တွေကို internal network အတွက် ပြန်လည်ပေးမှာဖြစ်ပါတယ် ။

User အားလုံးကို ခွင့်ပြုချင်တာ ဖြစ်တဲ့အတွက် Next ပေးနိုင်ပါတယ်။

ပြီးပါပြီးခင်ဗျာ ။ ဒါဆိုရင် အကြမ်းဖျင်းအားဖြင့် ISA Server ထိုင်ပြီး internal network အတွက် အင်တာနက် ပြန်လည်ပေးနိုင်ပြီးဖြစ်ပါတယ်။

client စက်ကနေ အင်တာနက်ရမရ စမ်းသပ်ဖို့အတွက် web browser ထဲမှာ server ip address and port ထည့်ပေးရမှာဖြစ်ပါတယ်။

port ကတော့ 8080 ဆိုပြီး default ရှိပါတယ်။ server ip ကတော့ မိမိဆာဗာသတ်မှတ်ထားတဲ့အတိုင်းပေါ့ဗျာ ။ ကျွန်တော်ဆိုရင် 192.168.0.1 ပါ။

ဒါကတော့ client ဘက်ကနေ ချိတ်ဆက်ဖို့အတွက် သုံးလိုက်တာပါ ။ အဲလို client စက်နေ အင်တာနက်ရယူဖို့အတွက် client ဘက်က လုပ်နိုင်တာ ၃ နည်းရှိပါတယ်။



Ref: ရာမညဖိုးလပြည့်

      ကျေးဇူးတင်လျှက်


Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

785.. JonDo ဆိုသည္မွာ [ 2.7.10 ]

 
JonDo ဆိုသည်မှာ Tor ကဲ့သို့ အင်တာနက်ဆင်ဆာ အားကျော်လွှားသော proxy တစ်မျိုးဖြစ်သည်။ ၎င်းကို သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် German တက္ကသိုလ်၏ Java Anon Proxy (JAP) ဟုခေါ်သော project တစ်ခုအဖြစ်တီထွင်ခဲ့ပြီး ယခုအခါတွင် အခမဲ့နှင့် စီးပွားဖြစ်နှစ်ခုလုံး အတွက် ရရှိနိုင်ပြီဖြစ်သည်။ အခမဲ့ဝန်ဆောင်မှု သည် analog modem တစ်ခု၏ မြန်းနှုံးမျှသာ ပေးနိုင်ချိန်တွင် စီးပွားဖြစ်သုံးစွဲမှု သည် 1GB traffic အတွက် ၁၀ဒေါ်လာ ပေးဆောင်ရ၍ ပိုမို မြန်ဆန်နိုင်သည်။ ၎င်း Java ကို Linux, Mac OS နှင့် Window များ ပေါ်တွင် သုံးနိုင်သည်။


Tor ကဲ့သို့ပင် JonDo ၏ အဓိက ရည်ရွယ်ချက်မှာ အသုံးပြုသူများ web site များ ကြည့်ရာတွင် အမည်ဝှက်နိုင်ရန် ဖြစ်သည်။ Tor ကဲ့သို့ပင် ၎င်းသည် အပိုလိုအပ်ချက်မရှိသော server (independent servers) များ ကို ဖြတ်၍ အလုပ်လုပ်သည်။

Install ပြုလုပ်ခြင်း


JonDo network ကို အသုံးပြုရန် သင်၏ Operating system အတွက် https://www.jondos.de/en/download မှ JonDo client ကို download လုပ်ရန် လိုအပ်သည်။ Linux သို့မဟုတ် Mac OS X အတွက်တော့ ရွေးချယ်ရန် download ပြုလုပ်နည်း ၁ခုသာ ရှိသည် (6MB)


သို့သော်လည်း Window များ အတွက်မူ ဖြစ်နိုင်ချေ သုံးခုရှိသည်။


* Java ပါဝင်သော standard desktop installer (ပျှမ်းမျှ 15MB)
* အများသုံး ကွန်ပျူတာများ သို့မဟုတ် အင်တာနက် ဆိုင်များ တွင် USB drive များ မှ အသုံးပြုနိုင်သော Java ပါဝင်သည့် Portable Application (ပျှမ်းမျှ 20MB)
* JonDo အသုံးပြုရန် installer နှင့် Java မလိုအပ်ပဲ ၃ကြိမ် download ပြုလုပ်ရန်လိုအပ် သော file: ၎င်းတွင် http://anon.inf.tu-dresden.de/develop/jap.exe, http://anon.inf.tu-dresden.de/develop/japdll.dll ၏ file များ နှင့် http://anon.inf.tu-dresden.de/jap/JAP.jar ရှိ file များ ပါဝင်သည်။ (စုစုပေါင်း 6MB)

Choose a download depending on your experience, intended use and speed of your Internet connection. To install the JonDo client you just have to click on the downloaded file and follow the simple instructions.

Download လုပ်နည်းများကို သင်၏ကိုယ်ပိုင် အသုံးပြုလိုသော ရည်ရွယ်ချက်နှင့် သင်၏ Internet connection မြန်းနှုန်း ပေါ်မူတည် ၍ ရွေးချယ်ပါ၊ JonDo client ကို install လုပ်ရန် download လုပ်ထားသော file များပေါ်တွင် click လုပ်ရန်နှင့် ရိုးရှင်းသော ညွှန်းကြားချက်များ ကို လိုက်နာရန် သာ လိုအပ်သည်။

ပြင်ဆင်အသုံးပြုပုံ


JonDo ကို စတင်အသုံးပြုလျှင် အင်္ဂလိပ်၊ ဂျာမန်၊ ချက်၊ ဒပ်(ချပ်)၊ ပြင်သစ်နှင့် ရုရှား ဘာသာစကားများ ကို ရွေးချယ်နိုင်သော window ကို အရင် တွေ့ရလိမ့်မည်။

jondo_config1

ဒုတိယစာမျက်နှာတွင် JonDo proxy tool ကို အသုံးပြုရန် အတွက် သင့် web browser ၏ အမည်ကို ရွေးချယ်ပေးရလိမ့်မည်။ သင့် browser ၏အမည်ပေါ်တွင် click လုပ်ပြီး ရရှိသော ညွှန်ကြားချက်များ အတိုင်း လိုက်နာပါ။

jondo_config2
သင်၏ Browser ကို မှန်ကန်စွာရွေးချယ်ပြီးလျှင် စစ်ဆေးရန် ပထမ အဆင့်ကို ယူလိုက်ပါ။ JonDo main window တွင် အမည်ဝှက်ခြင်းကို “OFF” သို့ ပြောင်းလိုက်ပြီး သင်ရွေးချယ်ခဲ့သော browser နှင့် web site တစ်ခုကို ဖွင့်လိုက်ပါ။

jondo_config33
အကယ်၍ JonDo မှ သင့်အား သတိပေးချက် တစ်ခုပြခဲ့လျှင် website တွင် အရာအားလုံး စနစ်တကျ ပြင်ထားကြောင်းကို ကြည့်ရန် “YES” ကို ရွေးရမည်ဖြစ်ပြီး "The warning is shown. Websurfing is possible after confirmation" ကို ရွေးချယ်ရမည်ဖြစ်သည်။ အကယ်၍ အခြားဖော်ပြချက်များ သင်ရရှိခဲ့သည် ဆိုလျှင် ၎င်းကို ရွေးချယ်ပြီး Installation assistant မှ ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရန် သင့်ကို အချက်အလက်များ ထပ်ပေးလိမ့်မည်။


jondo_config3

ဒုတိယအဆင့်နေနှင့် ပြင်ဆင်ခြင်းများ ကို သေချာစေရန်ဖြစ်သည်။ JonDo main window တွင် အမည်ဝှက်ခြင်း “anonymity” ကို “On” သို့ပြောင်းပြီး ကြိုက်ရာ website တစ်ခုကို သင် ရွေးချယ်ခဲ့သော browser ဖြင့်ဖွင့်လိုက်ပါ။

jondo_config9

Web site အလုပ်လုပ်နေလျှင် အရာအားလုံး ချောမွေ့နေပြီး "Connection established, websurfing is fine" ပေါ်တွင် click လုပ်ရမည်ဖြစ်သည်။ အကယ်၍ အခြားဖော်ပြချက်များ သင်ရရှိခဲ့သည် ဆိုလျှင် ၎င်းကို ရွေးချယ်ပြီး Installation assistant မှ ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရန် သင့်ကို အချက်အလက်များ ထပ်ပေးလိမ့်မည်။

jondo_config5

ယခုဆိုလျှင် ပြင်ဆင်ခြင်းမှာ ပြီးလုပြီဖြစ်သည်။ သင်သည် JonDo network ကို ဖြတ်၍ browse လုပ်နေပြီဖြစ်သည်။ သို့သော်လည်း သင့် web browser ကို သတင်းယိုစိမ့်မှုမရှိ စေရန် ပြင်ဆင်သင့်သည်။ ၎င်း ကို သင့် Web browser ၏ အမည်ပေါ်တွင် click လုပ်ချိန်၌ ထပ်၍ ရှင်းပြလိမ့်မည်ဖြစ်သည်။
jondo_config7
သင်၏ကွန်ပျူတာ အတွေ့အကြုံပေါ်တွင် မူတည်၍ JonDo client တွင် သင် လိုချင်သည့် options များ ကို ရွေးချယ်ပါ။ မကျွမ်းကျင်သော အသုံးပြုသူများသည် “Simplified view” ကို ရွေးချယ်သင့်သည်။

jondo_config8

အကယ်၍ JonDo server များကို သင်၏နိုင်ငံတွင် ပိတ်ဆို့ပြီးဖြစ်နေလျှင် anti-censorship option ကို သုံးကြည့်သင့်သည်။ main Jondo window ရှိ “Config” ပေါ်တွင် click လုပ်ပြီး “network” ကို ရွေးပါ။ ပြီးလျှင် "Connect to other JAP/JonDo users in order to reach the anonymization service" ပေါ်တွင် click လုပ်ပါ။ သတိပေးချက်ကို ဖတ်ပြီး “Yes” ကို click လုပ်ပါ။

jondo_config10

Ref:Se Sawe


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

763..Proxy Server ဆိုတာ [ 19.6.10 ]

 
Proxy Server ဆိုတာ

သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က
သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို
ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ
ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့
ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache
လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update
မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး
ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့
သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)

Anonymous Proxy Server ဆိုတာဘာလဲ
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး
ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို
လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန်
Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ
Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။
နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous
Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy
Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။
HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။
အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို
Chat Program တွေပါ။

SOCKS Proxy
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို
လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး
အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား
SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။
CGI Proxy
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။

FTP Proxy
FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight
တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့
Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက
ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။
မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web
Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ
Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း
အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်
သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI
Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ
ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ 

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

653..ကျော်လွှားခြင်းနည်းပညာဆိုင်ရာစာအုပ် ( or ) proxy

 
ကျော်လွှားခြင်းနည်းပညာဆိုင်ရာစာအုပ်ပါ.....

ဒါလည်းတော်တော်အသေးစိတ်ကျကျရေးထားတော့်

တော်တော်ကောင်းတယ်လို့ပဲညွှန်းလိုက်မယ်:P



guide-burmese.pdf





Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

610..By Pass Proxy Service

 
GoTrusted.com

Someone May Be Snooping On You Right Now!
Anonymous Surf
One Click to Secure All Your Applications.
Anonymous Surf

Anonymous Surf




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ