ဗဟုသုတဘဏ်

Labels: eBooks-IV, Networking
Labels: eBooks-III, Networking

NOTE: The WAP54G will only communicate with another WAP54G when set to Access Point Client.
To configure the access point as an access point client, you need to perform three steps:
Checking the Wireless MAC Address of an Access Point
NOTE: The following steps will be performed on the main access point using a wired computer.
Step 1:
Connect a computer to the access point.

Step 2:
Assign a static IP address on the computer. For instructions, click here.
NOTE: To assign a static IP address on a wired Mac, click here.
Step 3:
Open the access point's web-based setup page. For instructions, click here.
NOTE: If you are using Mac to access the access point's web-based setup page, click here
Step 4:
When the access point's web-based setup page opens, click Status then click Wireless Network.


NOTE: The Wireless MAC Address you took note of will be entered on the WAP54G set as access point client.
Step 6:
After obtaining the wireless MAC address of the access point, configure the other WAP54G in access point client mode. For instructions, follow the steps below.
Setting-Up Access Point Client Mode on the WAP54G
Step 1:
Connect a computer to the access point you want to configure as an AP client.
Step 2:
Assign a static IP address on the computer. For instructions, click here.
NOTE: To assign a static IP address on a wired Mac, click here.
Step 3:
Open the access point's web-based setup page. For instructions, click here.
NOTE: If you are using Mac to access the access point's web-based setup page, click here.
Step 4:
When the access point's web-based setup page opens, click AP Mode.
NOTE: The access point's web-based setup page may differ depending on the access point's version number.
Step 5:
Select AP Client and type the remote access point's MAC address that you took note of earlier.
NOTE: Remove the colons (:) when typing the MAC address on the Remote Access Point's LAN MAC Address field.
NOTE: You may also click Site Survey and select the remote access point you want to connect to.
Step 6:
Changing the LAN IP Address of the Access Point Client
After configuring the access point as an AP client, change its LAN IP address to avoid IP address conflict. For instructions, click here.
Labels: Computer-V, Hardware-II, Networking


[URL="http://en.wikipedia.org/wiki/Osi_7_layer_model"]OSI ဆုိတာဟာဘာလဲ။[/URL] အရှည်ပြောရရင်တော့ Open System Interconnection လို့ခေါ်ပါတယ်။ သူဟာ Network တွေ တစ်ခုနဲ့တစ်ခု အပြန်အလှန် ချိတ်ဆက်ကြရာမှာ အခက်အခဲမရှိ လွယ်ကူချောမွေ့ စေဖို့အတွက် International Organization for Standardization (ISO) အဖွဲ့ ကြီးက သတ်မှတ်ထားတဲ့ စံတစ်ခုဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ကွန်ပျူတာ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေ အများကြီးရှိပါတယ်။ အဲဒီလိုပဲ ကွန်ပျူတာတွေ တစ်လုံးနဲ့
တစ်လုံးချိတ်ဆက်တဲ့အခါမှာသုံးတဲ့ Networking Devices တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိပါတယ်။ အဲဒီလိုမျိုး နည်းပညာပိုင်းဆိုင်ရာ မတူညီကြတဲ့ အမျိုးအစားအမျိုးမျိုးသော ကွန်ပျူတာတွေ၊ Networking Devices တွေကို အသုံးပြုထားကြတဲ့ Network တွေအသီးသီးဟာ တစ်ခုနဲ့တစ်ခု လွယ်လင့်တကူ အပြန်အလှန် ချိတ်ဆက်မိချင်တယ်ဆိုရင် သူတို့အားလုံးကြားထဲမှာ ပုံသေစံနှုန်း(ဘုံတူညီချက်များ) ရှိဖို့တော့လိုအပ်နေပါတယ်။ ဒါမှသာ အဲဒီ Network တွေဟာ အတူတကွ ချောမွေ့စွာ ချိတ်ဆက် အလုပ်လုပ်နိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့် ISO အဖွဲ့ကြီးဟာ အဲဒီလိုအပ်ချက်ကို ပြေလည်စေဖို့အတွက် OSI Layers (7)ခုကို ၁၉၇၄ ခုနှစ်လောက်ကတည်းက စတင်ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
အခုအချိန်မှာတော့ OSI(7) Layers စံနှုန်းများနဲ့ တိုက်ဆိုင်ကိုက်ညီမှုမရှိဘဲ ကွဲပြားနေတဲ့ Networking နဲ့ပတ်သက် ဆက်နွယ်နေသော Device ရယ်လို့ ဈေးကွက်ထဲမှာ မရှိတော့တဲ့အထိ တစ်ကမ္ဘာလုံးက OSI Layers (7) ခုကို အသိအမှတ်ပြုလက်ခံ နေကြပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေဟာ ယနေ့ခေတ်မှာ ဆက်သွယ်ရေးစနစ်ရဲ့အရေးကြီးပုံနဲ့အသုံးဝင်ပုံ တွေကိုပိုမိုခံစား သိရှိလာကြတာနဲ့အမျှ ကောင်းမွန်မြန်ဆန်တဲ့ ဆက်သွယ်ရေးစနစ်တွေကို အသုံးပြုခွင့်ရဖို့ လိုအပ်လာပါတယ်။ ဒီတော့ ကွန်ပျူတာ ကွန်ယက်တွေကြားမှာ နည်းပညာ Platform မတူသည်ဖြစ်စေ၊ အမျိုးအစား
တံဆိပ်မတူသည်ဖြစ်စေ အတူတကွ ချိတ်ဆက်လုပ်ဆောင် နိုင်ကြဖို့ဆိုတာ ဟာလည်း အမှန်တကယ်အရေးကြီးတဲ့လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။ ဒါမှသာ ကျယ်ပြန့်ကြီးမားတဲ့ ကွန်ပျူတာကွန်ယက်တွေ စီမံဖန်တီးချိတ်ဆက်နိုင်မှာပါ။ Networking ကိုစိတ်ဝင်စားတယ်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ဒီ OSI Layers (၇) ခုဟာ ဘာတွေလဲဆိုတာလောက်တော့အနည်းဆုံး သိထားမယ်လို့ထင်ပါတယ်။
(၇) Application Layer
(၆) Presentation Layer
(၅) Session Layer
(၄) Transport Layer
(၃) Network Layer
(၂) Data Link Layer နဲ့
(၁) Physical Layer တို့ပဲဖြစ်ပါတယ်။ (အောက်ကနေ အပေါ်ကို ရေတွက်ပါတယ်)
Layer လုပ်ဆောင်ချက်
Physical Layer Transfer Medium ပေါ်မှာ Data သွားလာနိုင်ဖို့ ကူညီပေးပါတယ်။ Data တွေကို Transfer Medium နဲ့လိုက်လျောညီထွေရှိမယ့် Signal ပုံစံအဖြစ်ပြောင်းလဲပေးပါတယ်။ အဲဒီ Data Signal တွေကို Transmission လုပ်နိုင်ဖို့ရောပြန်ပြီး Synchronization လုပ်နိုင်ဖို့ရော လိုအပ်တဲ့ Voltage Levels ကိုဆုံးဖြတ်ပေးပါတယ်။
Data Link Layer Network လမ်းကြောင်းတစ်လျှောက်မှာအဆင်ပြေပြေသွားနိုင်မယ့် Frame လေးတွေဖြစ်လာအောင် Data ကိုတည်ဆောက်ပေးပါ တယ်။ Network Connection တစ်လျှောက်မှာ Collision မဖြစ်အောင်စောင့်ကြပ်ထိန်းသိမ်းပေးပါတယ်။ Collision ဖြစ်သွားရင် ဒါမှမဟုတ် Error Control Information နဲ့မတိုက်ဆိုင်ပဲ Error တွေ့နေရတယ်ဆိုရင် အဲဒီFrame ကိုချက်ချင်းထပ်ပို့ပေးပါတယ်။
Network Layer မတူညီတဲ့ Network တွေကြားမှာ Connection ရအောင် ၊ Data Transfer လုပ်နိုင်အောင် ကြားခံဆက်သွယ်ပေးပါတယ်။ Network လမ်းကြောင်းတွေကိုလည်းရှာဖွေပေးပြီး Data Transfer လုပ်ရာမှာပိုမိုမြန်ဆန်အောင်ကူညီပေးပါတယ်။
Transport Layer Data Transfer လုပ်ရာမှာအစမှအဆုံးတိုင် Data Packet တစ်ခုချင်းစီအတိုင်းအတာအထိ စိတ်ချရတဲ့ Data Transmission တစ်ခု ဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ Error Control နဲ့ Flow Control ကို ဆောင်ရွက်ပါတယ်။ အကယ်၍ Data Packet တစ်ခုမှာများနဂို Packet အတိုင်းမဟုတ်ကြောင်းတွေ့ရှိပါကချက်ချင်းထပ်ပို့ပေးပါတယ်။
Session Layer Data Transfer လုပ်ဖို့အတွက် Sender နဲ့ Receiver ကြားမှာ Logical Connection တစ်ခုကို အစပြုတည်ဆောက်ပါတယ်။ အဲဒီ Connection ကို Data Transmission မပြီးမချင်းထိန်းသိမ်းထားပါတယ်။ Data တွေကိုလည်းအဲဒီ Connection ပေါ်မှာ အဆင်ပြေ ပြေ သွားနိုင်မယ့်အပိုင်းလေးတွေအဖြစ်ပိုင်းပါတယ်။ လက်ခံမယ့်ဘက်ရောက်တဲ့အခါမှာနဂိုမူရင်း Original Data ပြန်ရအောင် ပြန် လည်စုစည်းပါတယ်။
Presentation Layer Data တွေကိုအောက်ပိုင်း Layer တွေကနားလည်အဆင်ပြေမယ့် Format ပုံစံမျိုးပြောင်းလဲပေးပါတယ်။ လိုအပ်တဲ့ Encryption တွေနဲ့ Compression တွေကိုလည်းလုပ်ဆောင်ပေးပါတယ်။ လက်ခံမယ့်ဘက်မှာကျတော့ Decompression တွေနဲ့ Decryption တွေကိုလိုအပ်သလို လုပ်ဆောင်ပါတယ်။ User နားလည်လက်ခံနိုင်မယ့် Format မျိုးပြန်ရအောင် Data ကိုပြန်ပြီး Format ပြောင်း ပေးပါတယ်။
Application Layer User တွေပို့ချင်တဲ့ သတင်းအချက်အလက်တွေ၊ Data တွေကို အောက်ပိုင်း Layer တွေက နားလည်လက်ခံပြီးဆက်လက် Process လုပ်နိုင်ဖို့အတွက် Interface တစ်ခုအဖြစ်ကြားခံပြီး User တွေကို ပိုမို လွယ်ကူအဆင်ပြေစေပါတယ်။ လက်ခံမယ့်ဘက်မှာလည်း User တွေအနေနဲ့လက်ခံရရှိလာတဲ့ Data တွေကို အသုံးချချင်သလိုအသုံးချနိုင်ခွင့် ရရှိအောင် Interface တစ်ခုအနေနဲ့ Userတွေကို ပိုမိုအဆင်ပြေစေရန် လုပ်ဆောင်ပေးပြန်ပါတယ်။
TCP/IP Network Model
TCP/IP Network Model ကတော့ (၅) လွှာဘဲရှိပါတယ်.. အဲဒီအလွာတွေကတော့...





Labels: Networking

ဒီသုံးမျိုးနဲ့ Router မှာဖော်ပြလေ့ရှိပါတယ်။ ပြီးတော့ အဲဒီ Client or Host တွေက ကိုယ့် အင်တာနက်လိုင်းနဲ့ ဘာတွေဝင်သုံးသွားလဲ ဘယ် Webတွေ Access လုပ်သွားလဲ အစရှိတဲ့ Incoming/Outgoing တွေကို မိမိ Router ထဲက Log မှာ သွားစစ်ကြည့်နိုင်ပါတယ်။ Router အမျိုးအစားအလိုက် Configuration တွေ Setting တွေ ကွာခြားနိုင်ပါတယ်။
source:khunlazer ( UK )
Labels: A+, Networking
ကျနော်တို့ မြန်မာနိုင်ငံတွင် WiFi ကို တော်တော်များများအသုံးပြုလာကြသော်လည်း အသုံးပြုသူအများစု နှင့် တပ်ဆင်ဆောင်ရွက်ပေးသူ အများစုသည် WiFi Network Security ကို အလေးထားအသုံးပြုကြခြင်းမရှိကြသလို အသုံးပြုတတ်ခြင်းများလည်း မရှိကြပါ။ မိမိ၏ WiFi Network ကို ခိုးယူသုံးစွဲ၍ အင်တာနက်အသုံးပြုခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း နှင့် မလိုအားလပ်သော ပြသနာများမဖြစ်စေခြင်းတို့ အတွက် သင်၏ WiFi Network ကို လုံခြုံရေး အကာကွယ်များ ရယူတပ်ဆင်ထားရှိသင့်သည်။
အောက်တွင် သင်၏ WiFi Network လုံခြုံရေးနှင့် ပက်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များကို ကျနော် သိရှိလေ့လာထားသလောက် ပြန်လည် ဝေငှ ရေးသားပေးပါမည်။
1.Change Default Administrator Passwords ( User Names )
သင် အသုံးပြုနေသော WiFi Router သို့မဟုတ် WiFi Access Point တွင် network setting configuration ပြုလုပ်ရန် web access ပါရှိသည်။ ၎င်းတွင် Login Screen ပါရှိပြီး user name & password ရိုက်ထည့်ပေးရသည်။
WiFi access point နှင့် Router ထုတ်လုပ်သော စက်ရုံမှ ထုတ်လုပ်လိုက်စဉ်က တစ်ပါတည်းပါလာသော user name & password များကို ပြောင်းလဲပစ်ရမည်။ အဘယ်ကြောင့်ဆိုသော Product အလိုက် Default password များကို internet ပေါ်တွင် အလွယ်တကူ ရှာဖွေ၍ သုံးစွဲနိုင်သောကြောင့်ဖြစ်သည်။ ဥပမာ။ ။ Linksys router အတွက် password သည် admin ဖြစ်ပြီး၊ SMC router အတွက် password သည် smcadmin ဖြစ်သည်။ ထို့ကြောင့် သင်၏ WiFi Network ကိုခိုးယူသုံးစွဲရန် ကြိုစားအားထုတ်သူသည် သင်၏ password ကို အလွယ်တကူ ခန့်မှန်းသိရှိနိုင်သည့်အတွက် Default Password များကို ပြောင်းလဲသုံးစွဲပါ။ သင်၏ WiFi access point နှင့် Router ကို ခိုးယူသုံစွဲသူသည် ၀င်ရောက်ချိတ်ဆက်နိုင်သွားပါက သင်၏ WiFi Network တစ်ခုလုံးကို မောင်ပိုင်စည်း၍ စိတ်တိုင်းကျ လုပ်ချင်တိုင်း လုပ်နိုင်သွားပေတော့သည်။ ပိုင်ရှင်ဖြစ်သော သင်ကိုယ်တိုင်ပင်လျှင် WiFi Network ကို အသုံးမပြုနိုင်အောင် လုပ်သွားနိုင်ပေမည်ဖြစ်ရာ ဤအချက်သည် အလွန်တရာ အရေးကြီးပေသည်။
သင်၏ password ကို ပေးရာတွင် ခန့်မှန်းရလွယ်ကူသော စကားလုံးများ၊ အမည်များကို မပေးသင့်ပေ။ ရှုပ်ထွေးသောစကားလုံးများကို အနည်းဆုံး စာလုံးရေ 8 လုံး ထားရှိပေးရမည်။
2. Turn on ( Compatible ) WPA/ WEP Encryption
အခုနောက်ပိုင်း ထုတ်လုပ်သော WiFi equipment တော်တော်များများတွင် encryption အထောက်အပံ့များ ပါဝင်ကြသည်။ Encryption နည်းပညာကို အသုံးပြု၍ Data နှင့် Message များ ပေးပို့ခြင်းသည် အလွယ်တကူ ကြားဖြတ်ပြီး ခိုးယူသုံးစွဲရန် ခက်ခဲသဖြင့် wireless network ကို စိတ်ချစွာ အသုံးပြုနိုင်စေသည်။ WiFi နည်းပညာကို အသုံးပြုရာတွင် အမျိုးမျိုးသော Encryption နည်းပညာများကို အသုံးပြုနိုင်သည်။
နည်းပညာများမှာအောက်ပါအတိုင်းဖြစ်သည်။
၎င်းနည်းပညာတွင် open system နှင့် shared key authentication methods ကို အသုံးပြုသည်။ WEP Encryption တွင် 40 bits သို့မဟုတ် 104 bits encryption key ကို အသုံးပြုသည်။ WEP နည်းပညာတွင် encryption key တစ်ခုတည်းကို အများ ၀ိုင်းဝန်းသုံးစွဲရသည်။ လုံခြုံမှု အားနည်းချက်များစွာရှိသောကြောင့် လုံခြုံမှု အနည်းငယ်သာလိုအပ်သောလုပ်ငန်းနှင့် အိမ်တွင်းသုံး WiFi Network များမှာသာ အသုံးပြုသင့်သည်။
(802.11 with WEP (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008)
IEEE 802.1X နည်းပညာသည် IEEE 802.11 ထက်ပိုမို၍ လုံခြုံမှု ရှိသည်။ Network အရွယ်အစား အလယ်အလတ်နှင့် အကြီးစားတို့တွင် အသုံးပြုသည်။ user တစ်ဦးချင်း ကိုယ်ပိုင် user name နှင့် password တို့ကို အသုံးပြု၍ ရရှိရန်အတွက် IEEE 802.1X network တွင် RADIUS Server, Account Data Base Server / Active Directory Domain Controller Server တို့ကို တွဲဖက် အသုံးပြုကြရသည်။ Extensible Authentication Protocol (EAP) ကို အသုံးပြုသည်။
(802.1X (Windows Vista, Windows XP, Windows Server 2003, and Windows Server 2008))
မှတ်ချက်။ ။ အချို့ WLAN Card များသည် IEEE 802.1X တွင် အလုပ်မလုပ်ပါ။
အားနည်းချက်ရှိသော WEP Encryption ကို ပို၍ ကောင်းမွန်သော Wi-Fi Protected Access (WPA)
နည်းပညာဖြင့် အစားထိုးသည်။ ပိုမို၍ ခိုင်ခံကောင်းမွန်သော Temporal Key Integrity Protocol ( TKIP )ဖြင့် အစားထိုးတပ်ဆင်သည်။ optional အနေဖြင့် Advanced Encryption Standard ( AES ) ကိုလည်းအသုံးပြုနိုင်သည်။
Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။
အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက်ထားပါသည်။
WPA (Windows Vista, Windows XP with SP2, Windows XP with Service Pack 1 [SP1] and the Wireless update rollup package for Windows XP, Windows Server 2003 with Service Pack 2, Windows Server 2003 with Service Pack 1, and Windows Server 2008)
WEP Encryption နည်းပညာနှင့် IEEE 802.11၏ အခြားလုံခြုံမှုအားနည်းချက်များကို ပြင်ဆင်ထားသော IEEE 802.11i စံနစ်ဖြစ်သည်။ TKIP နှင့် AES encryption နည်းပညာနှစ်မျိုးစလုံးကို အသုံးပြုရသော နည်းစံနစ် ဖြစ်သောကြောင့် WLAN Card တော်တော်များများနှင့် ကိုက်ညီရန် လိုအပ်ချက်များစွာရှိသည်။ လုံခြုံရေးအဆင့်အတန်း မြင့်မားပါသည်။
Preshared key ကို အသုံးပြုထားသဖြင့် လုပ်ငန်းငယ် နှင့် ကွန်ယက်ငယ်များတွင် အသုံးပြုနိုင်သည်။
အလယ်အလတ်စားကွန်ယက်နှင့် ကြီးမားသောကွန်ယက်တို့တွင် အသုံးပြုရန်အတွက် တည်ဆောက် ထားပါသည်။
WPA2 (Windows Vista, Windows XP with SP2 and the Wireless Client Update for Windows XP with Service Pack 2, Windows Server 2003 with Service Pack 2, and Windows Server 2008)
သင် အသုံးပြုသော WiFi router, WLAN Access Card equipment နှင့် OS ပေါ်တွင် မည်သည့် Encryption နည်းပညာကို အသုံးပြုနိုင်သည်ကို ဦးစွာပထမ လေ့လာရမည်။ သို့မှသာ မည်သည့်နည်းပညာကို သုံးစွဲရမည်ကို ဆုံးဖြတ်ရမည်။
3. Change the Default SSID
Access Point နှင့် Router တော်တော်များသည် SSID ဟူသော ကွန်ယက်အမည် စံနစ်ကို အသုံးပြုကြသည်။
ပစ္စည်းထုတ်လုပ်သူတို့သည်၎င်းတို့၏ပစ္စည်းများတွင် ကုန်အမှတ်တံဆိပ်၏အမည်ဖြင့် SSID ကို သတ်မှတ်ပြီး ရောင်းချလေ့ရှိသည်။
ဥပမာ။ ။ Linksys သည် သူ၏ SSID ကို Linksys ဟု သတ်မှတ်ပေးထားသည်။
ထိုကြောင့် SSID ကို network security setting စတင်အသုံးပြုလျှင် ပြုခြင်း ပြောင်းလဲသုံးစွဲပစ်မှသာ မိမိသုံးစွဲနေသော Access Point နှင့် Router အမျိုးအစားတို့ကို မသက်ဆိုင်သူများ အလွယ်တကူ မသိရှိနိုင်သဖြင့် ခိုးယူသုံးစွဲရန် ခက်ခဲစေသည်။
4.Enable MAC Address Filtering
Access Point , Router နှင့် WLAN Access Card equipment များတွင် မတူညီနိုင်သော သီးခြားသတ်မှတ်ထားရှိသော ကိုယ်ပိုင်အမှတ်ဟုနားလည်နိုင်သည့် physical address ခေါ် MAC Address တစ်ခုစီပါရှိသည်။ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များတွင် ပါသော frame အမှတ်ကဲ့သို့ဖြစ်သည်။ Access Point , Router တို့သည် ၎င်းတို့လာရောက်ချိတ်ဆက်သော WLAN equipment များ၏ MAC Address များကို ကိုင်တွယ်သိမ်းဆည်းထိမ်းသိမ်းကြသည်။ သင်၏ WiFi Network တွင် အသုံးပြုမည့် WLAN equipment များ၏ MAC Address များကိုသာ စီစစ်ကန့်သတ်၍ ချိတ်ဆက် ခွင့်ပြုခြင်းသည် လုံခြုံမှုကာကွယ်ရေး အဆင့်တစ်ဆင့်အနေဖြင့် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။
သို့သော် Hacking program တစ်ချို့ကို အသုံးပြု၍ hacker များသည် MAC Address clone ပြုလုပ်ပြီး network ကို ချိုးဖောက် ခိုးယူအသုံးပြုနိုင်ပါသေးသည်။
5.Disable SSID Broadcast
WiFi Network တွင် AccessPoint နှင့် Router တို့သည် ပုံမုန်အားဖြင့် network name ( SSID) ကို လေထုထဲသို့ အကွာအဝေးတစ်ခုအထိ ပုံမှန် (Broadcast )လွှင့်ထုတ်ပေးသည်။ ၎င်း feature သည် access point အား သုံးစွဲသူ client တို့က WiFi Network ချိတ်ဆက်ရာတွင် အသုံးပြုနိုင်သည့် ဧရိယာ (WiFi Network Range ) အတွင်း ရှိခြင်း၊ မရှိခြင်း ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်ရန်အတွက် အသုံးပြုသည်။ ၎င်း feature ကြောင့်ပင်လျှင် Hacker များအား WiFi network ရှိကြောင်းကို အလွယ်တကူ သိရှိစေနိုင်သည်။ ကံကောင်းထောက်မစွာပင် AccessPoint နှင့် Router တို့တွင် SSID Broadcast ကို Disable လုပ်နိုင်သော setting ပါရှိသည်။ မိမိ၏ အိမ် နှင့် လုပ်ငန်းတွင် ၎င်း feature ကို မလိုအပ်လျှင် ပိတ်ထားခြင်းဖြင့် မသက်ဆိုင်သူများ မိမိ၏ WiFi Network ကို အလွယ်တကူ မတွေ့မြင်နိုင်စေ၍ လုံခြုံမှု အဆင့်အတန်း တိုးမြှင့်ရာ ရောက်ပါသည်။
6.Do Not Auto-connect to Open WiFi netwoks
သင်၏အိမ် (သို့) လုပ်ငန်း ပတ်ဝန်းကျင်အနီးအနားတွင် router များ accesspoint များ ရှိနေပါက သင်၏ ကွန်ပျူတာနှင့် WiFi ချိတ်ဆက်နိုင်သော equipment များတွင်ပါရှိသော WiFi connection အလိုအလျောက် ချိတ် ဆက်နိုင်သည့် "Automatically connect to available networks" setting များကို ပိတ်ထားပါ။ ထိုသို့ ပြုလုပ်ခြင်း သည် သင်၏ data နှင့် network လုံခြုံရေးကိုအဆင့်မြှင့် ထိန်းသိမ်းဆောင်ရွက်ရာ ရောက်ရှိစေသော အချက်တစ်ချက် ပင်ဖြစ်သည်။
7. Assign Static IP address to Devices
များသောအားဖြင့် အိမ်သုံး WiFi network များတွင် ကွန်ယက် ချိတ်ဆက်မှုလွယ်ကူစေရန် DHCP Setting များကို တပ်ဆင်ထားကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် မသက်ဆိုင်သူများအား မိမိ၏ WiFi ကွန်ယက် Configuraton Setting များကို အလွယ်တကူရရှိ ချိတ်ဆက်နိုင်စေပြီး မိမိ၏ ကွန်ယက်ကို ချိုးဖောက်ဝင်ရောက်ရန် အတွက် လွယ်ကူသောနည်းလမ်းတစ်ခု ပေးထားသလိုဖြစ်နေပေသည်။ ထို့ကြောင့် DHCP ကို အသုံးမပြုဘဲ static ip address များကို သာ သတ်မှတ် သုံးစွဲသင့်သည်။ static ip address များကိုသုံးစွဲရာတွင်လည်း အများစု အသုံးပြုတတ်သော ip address များကိုအသုံးပြုခြင်းများမှ ရှောင်ရှားသင့်သည်။
ဥပမာ။ ။ အများစု အသုံးပြုတတ်သော static ip address များ= 192.168.1.x ,192.168.x.x
8.Enable Firewalls on Each computer and the Router
ခေတ်မီ router များတွင် Firewall ကာကွယ်ရေးစံနစ်များ တပါတည်းပါရှိကြပါသည်။သို့သော် များသောအားဖြင့် Firewall ကာကွယ်ရေးစံနစ်များ ကာကွယ်ရေးစံနစ်များကို အသုံးမပြုကြဘဲ ပိတ်ထားကြသည်သာများပါသည်။ သင်၏ ကွန်ယက်လုံခြုံမှု ရှိစေရန် Firewall ကာကွယ်ရေးစံနစ်များ ကို သေချာ စွာတပ်ဆင်သင့်ပါသည်။ ထို့အတူ သင်၏ ကွန်ပျူတာတိုင်းတွင်လည်း Firewall ကာကွယ်ရေးစံနစ်များကိုသေချာစွာတပ်ဆင်အသုံးပြုရပါမည်။
9.Position the Router or Access Point Safely
WiFi signal များသည် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ ရောက်နိုင်ပါသည်။ အိမ်၏ပြင်ပ သို့ အင်အားနည်းပါးသော WiFi signal များသာ ရောက်ရှိနေလျှင် အကြောင်းမဟုတ်သော်လည်း WiFi ကွန်ယက်ကောင်းမွန်စွာ ချိတ်ဆက်နိုင်သည့် WiFi signal များ ပြင်ပသို့ရောက်ရှိနေပါက မသက်ဆိုင်သူများအား သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ပေးထားသလိုဖြစ်နေပါသည်။
ထို့ကြောင့် Router (သို့) Access Point များကိုတပ်ဆင်ရာတွင် WiFi signal များ ပြင်ပသို့မရောက်ရှိအောင် သင်၏ အိမ် (သို့) လုပ်ငန်း နေရာအလယ် တည့်တည့်တွင် တပ်ဆင်သင့်ပါသည်။ ပြတင်းပေါက်များ အနီးတွင် တပ်ဆင်ခြင်းရှောင်ကြင်ရပါမည်။
အဆင့်မြင့် Router နှင့် Access Point များတွင် WiFi signal များ လိုအပ်သလို ချိန်ညှိနိုင်သော setting များပါရှိ၍ သင် လိုအပ်သော singal power ကို ချိန်ညှိထားရှိချင်းဖြင့် သင်၏ လုပ်ငန်း (သို့) အိမ် ၏ပြင်ပသို့ WiFi signal များ ရောက်ရှိပြီး မသက်ဆိုင်သူများက သင်၏ WiFi ကွန်ယက်သို့ ချိုးဖောက်ဝင်ရောက်သုံးစွဲနိုင်ခွင့်ကို ကာကွယ်တားဆီး ရာရောက်ပါသည်။
10. Turn off the Network During Extended Periods of Non-Use
WiFi Network လုံခြုံမှုများကိုတိုင်းတာချက်အရ WiFi စနစ်ကို အသုံးပြုရန် မလိုအပ်သောအခါတွင် ပိတ်ထားခြင်းသည် ၁၀၀ရာခိုင်နှုန်း လုံခြုံစိတ်ချရ ခြင်းဖြစ်ပေသည်။ သင်သည် တခါတရံမျှသာ WiFi စနစ်ကို အသုံးပြုသူဖြစ်လျှင် အသုံးမပြုသော အချိန်များ၌WiFi စနစ်ကို ပိတ်ထားပါ။ ဥပမာ။ ။ သင်သည် desktop computer များကို ကြိုးဖြင့်ချိတ်ဆက်အသုံးပြုသော Ethernet စနစ်ကို အသုံးပြုပြီး၊ WiFi စနစ်ကို laptop များသာ အသုံးပြုလျှင် laptop ကို အသုံးမပြုသည့်အချိန်တွင် သင်၏ router ရှိ Wireless စနစ်ကို ပိတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။
အထက်ပါလုံခြုံရေးအချက်များသည် အခြေခံကျသော ကာကွယ်မှုစံနစ်များဖြစ်သော်လည်း အကောင်းဆုံး ကာကွယ်ရေးစံနစ်များဟု မပြောပါ။ လုံးဝ ကာကွယ်တားဆီးမှုမရှိသော အခြေအနေဖြင့်ဆိုလျှင် အထက်ပါ လိုက်နာဆောင်ရွက်သင့်သော အချက်များကို လိုက်ရွက်လျှင်ပင် အတော်အသင့် စိတ်ချစွာ သုံးဆွဲနိုင်ပါမည်။
Software WiFi RouterTurn your Laptop into a Hotspot Free Download Now!www.bzeek.com
EasyEnterpriseEasy EAP-TLS Network Setup Setup an EAP-TLS network in minuteswww.TjlSoftware.co.uk/products.html
MICA2DOT 433MHzLow-power, Wireless Sensor Networks IEEE/ZigBee 802.15.4www.memsic.com
Labels: Networking
မျိုးသန့်ဇော် မှ တင်ဆက်သည်...
သင်၏ အိမ်တွင် Broadband Internet Connection တစ်ခုအသုံးပြုထားပြီး သင်၏ note book ကွန်ပျူတာတွင်ပါရှိသော WLAN ကဒ် ကိုအသုံးပြုကာ WiFi network ချိတ်ဆက်ကာ internet အသုံးပြုချင်လျှင်ဖြင့် wireless-G Broadband Router တစ်လုံးဝယ်ယူယုံမျှဖြင့် စမတ်ကျကျ အသုံးပြုနိုင်ပါလိမ့်မည်။
၁။ပထမဦးစွာ Linksys wireless-G Broadband Router (WRT-54G) တစ်လုံးကို ၆၃၀၀၀ ကျပ်ဖြင့် ၀ယ်ယူပါ။
၂။ ISP မှ သင့်ထံပေးထားသော စာရွက်စာတမ်းများထဲမှ network ဆိုင်ရာအချက်အလက်တို့ကို ဖတ်ရှုပြီး host & gateway တို့၏ static ip address များရှိပါက စာရွက်အလွတ်တစ်ခုပေါ်တွင် မှတ်သားပါ။ static ip များပေးမထားဘဲ DHCP ကို အသုံးပြုထားပါက DHCP ကို အသုံးပြုထားကြောင်း၊ pppoe ကို အသုံးပြုထားလျှင်လည်း အသုံးပြုထားကြောင်း သင်သိရှိဖို့လိုပါတယ်။ သို့မှသာ သင်သည် Internet ကိုကောင်းစွာချိတ်ဆက်မိပါလိမ့်မည်။
( မှတ်ချက်။ ။ Bagan Cyber Tech မှ Broadband , ADSL, iPSTAR တို့မှဆိုလျှင် static ip ရရှိမည်ဖြစ်ပြီး၊ WiMAX ကို ချိတ်ဆက်ထားပါက DHCP ကို အသုံးပြုထားသည်။ မြန်မာ့ဆက်သွယ်ရေးမှ တပ်ဆင်ပေးသော ADSL ကို ချိတ်ဆက်တပ်ဆင်ထားပါက PPOE ကိုအသုံးပြုထားပါမည်။)
လိုအပ်သော အချက်အလက်များစုဆောင်းပြီးပြီဆိုလျှင်ဖြင့် လက်တွေ့ ကိုယ်တိုင်ကိုယ်ကျ ကွန်ယက်ချိတ်ဆက်ဖို့အတွက် ပြုလုပ်ရပါမည်။ ISP မှ ရယူထားသော internet connection ပေါ်မူတည်၍ အနည်းငယ်ကွဲပြားခြားနားပါမည်။ မြန်မာပြည်တွင်ချိတ်ဆက်နိုင်သော connection များဖြင့် ချိတ်ဆက်ပြသသွားပါမည်။
၂-၁။ Wireless Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
၂-၂။ Bagan Cyber Tech မှ ADSL Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
၂-၃။ MPT မှ ADSL Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
၂-၄။ iPSTAR satellite Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
၂-၅။ WiMAX Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
၃။ Wireless Broad band Connection / Bagan Cyber Tech မှ ADSL Broad band Connection / iPSTAR satellite Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
Broad band indoor unit ၏ RJ45 Ethernet port နှင့် WiFi Router ရှိ internet ဟု ရေးထားသော RJ45 Ethernet port တို့ကို UTP cross ကြိုးဖြင့် ချိတ်ဆက်ပါ။ router configuration ပြုလုပ်နိုင်ရန်အတွက် router ရှိ LAN အတွက် ပေးထားသော RJ45 Ethernet port နှင့် သင့် desktop သို့မဟုတ် laptop computer ၏ RJ45 Ethernet port တို့ကို UTP straight ကြိုးဖြင့် ချိတ်ဆက်ပါ။ အရေးကြီးဆုံးအချက်မှာ router configuration နှင့် management ပြုလုပ်ရာတွင် မည်သည့်အခါမှ Wireless connection အသုံးပြု၍ မလုပ်ရပါ။ router ကို power adapter နှင့် ဆက်ပါ။ router, broad band connection, computer များကို ဖွင့်ပါ။
၃-၁။ သင်၏ router management လုပ်မည့် computer ၏ LAN setting ကို အောက်ပါအတိုင်းထား ထားပါ။
၃-၂။ Internet explorer ကို ဖွင့်ပါ။
၃-၃။ Address Bar တွင် 192.168.1.1 ဟု ရိုက်ထည့်ပါ။
Log on popup menu ပေါ်လာပါမည်။ မပေါ်လာပါက Browser မှ 'popup blocker' option ကို ပိတ်ပြစ်၍ တဖန် ပြန်လည်လုပ်ကြည့်ပါ။
၃-၄။ Log on page တက်လာပါလျှင် user name နေရာတွင် ချန်လှပ်ထားခဲ့ပြီး password နေရာတွင် default password ဖြစ်သော admin ကို ရိုက်ထည့်ပါ။
Basic Setup page တက်လာပါမည်။
၃-၅။ Internet အသုံးပြုနိုင်ရန်အတွက် အထက်ပါ default setting များကို အောက်ပါအတိုင်းပြင်ယူပါမည်။
Internet connection Type ကို static IP ပြောင်းပါ။ ကျနော်၏ broad band သည် Bagan cyber tech ISP မှ ရယူထားသဖြင့် unit ip address , gate way နှင့် DNS တို့ကိုအောက်ပါအတိုင်း ထည့်သွင်းကာ router name ကို THANT FAMILY ဟု ပြောင်းလဲပစ်ပါမည်။
DHCP Server ကို enable လုပ်ပါ။ DHCP user အရေအတွက်ကို 50 ထားပါ။
Time setting ကို default အတိုင်းထားပါ။
အထက်ပါ အချက်အလက်များကို ထည့်သွင်းပြီးသွားလျှင် Save Setting ကို click လုပ်၍ သိမ်းဆည်းပါ။
Continue button ကို click လုပ်ပါ။
အခြေခံအားဖြင့် Ethernet connection နှင့် internet ကို အသုံးပြုနိုင်ပြီဖြစ်ပါသည်။
၎။ Basic Wireless Setting ကို ပြင်ဆင်ခြင်း
၎-၁။ Wireless menu ကို click ပါ။
၎င်းမှ Basic Wireless Setting တွင် အောက်ပါအတိုင်းတွေ့မြင်ရမည်ဖြစ်သည်။
၎-၂။ Wireless Network Mode တွင် 802.11b နှင့် 802.11g ပစ္စည်းနှစ်မျိုးစလုံး အသုံးပြုနိုင်ရန် Mixed mode တွင်ထားရှိပါမည်။
၎-၃။ Wireless Network Name (SSID): ကို linksys မှ iHOTSPOT သို့ပြောင်းလဲပစ်ပါမည်။
၎-၄။ Wireless channel ကို 11-2.462 GHz တွင်သာ ထားရှိပါ။
၎-၅။ Wireless SSID Broadcast setting ကို Enable လုပ်ထားပါ။
(Linksys router တွင် Secure Easy Setup function (SES) ပါရှိသော်လည်း တခြား အမှတ်တံဆိပ် router များတွင်မပါရှိသောကြောင့် ယှေဘူယ ကျသော setting များကိုသာ ပေးသွားပါမည်။)
၅။ Wireless Security ကို ပြင်ဆင်ခြင်း
Default အနေဖြင့် Wireless Security ကို Disable လုပ်ထားပါတယ်။
၅-၁။ Wireless Security mode ကို WEP တွင် ထားပါ။
အောက်ပါအတိုင်းပေါ်လာပါမည်။
၅-၂။ WEP Encryption ကို 128 Bits hex digits သို့ ပြောင်းလဲပေးပါ။
၅-၃။ Passphrae: တွင် iHOTSPOT ဟု ရိုက်ထည့်ပါ။ ပြီးလျှင် Generate လုပ်ပါ။
အောက်ပါအတိုင်း WEP key များပေါ်လာပါမည်။
ပြီးသွားလျှင် Save Setting ကို click လုပ်၍ သိမ်းဆည်းပါ။
Continue button ကို click လုပ်ပါ။
အထက်ပါ လုပ်ဆောင်ချက် အဆင့်များကို လုပ်ဆောင်ပြီးလျှင် WiFi အသုံးပြုနိုင်သည့် Internet gateway router တစ်လုံးအဖြစ်သို့ ရောက်ရှိသွားပါပြီ။
၆။ Laptop computer မှ WLAN card ဖြင့် WiFi Router ကိုချိတ်ဆက်ခြင်း
၆-၁။ သင်၏ laptop computer မှ WLAN switch ကို on ပါ။
၆-၂။Task bar ပေါ်ရှိ Wireless icon ပေါ်တွင် point လုပ်ပြီး right click လုပ်ပါ။ အောက်ပါအတိုင်းပေါ်လာပါမည်။
၆-၃။ View Available Wireless Networks ကို click ပါ။
၆-၄။ Wireless network connection windows ပေါ်လာပါမည်။ ၎င်းတွင် iHOTSPOT ကို ရွေး၍ connect လုပ်ပါ။
၆-၅။ wireless detecting windows ပေါ်လာပြီး စတင်ချိတ်ဆက်ရန်ကြိုးစားပါတော့သည်။
၆-၆။ ပြီးလျှင် authentication ပြုလုပ်ရန်အတွက် WEP / WAP key များလာတောင်းပါမည်။
Network key တွင် WEP Key 1: ဖြစ်သော A29C0F0202DBDD02E382427C38 ကို ရိုက်ထည့်ပေးပါ။
Confirm network key တွင် လည်း ထို WEP Key ကိုထပ်မံရိုက်ထည့်ပေးပါ။
၆-၇။ မှန်ကန်စွာရိုက်ထည့်ပြီးပါက wireless network connection ချိတ်ဆက်သွားပါမည်။
ဒီအချိန်မှာတော့ သင်သည် သင်၏ laptop computer ဖြင့် စမတ်ကျကျ internet ကို wifi စနစ်ဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါသည်။
ထိုနည်းတူစွာ တခြား WiFi device ( PDA, Hand Phone, camera, printer ) များကိုလည်း အထက်ပါနည်းအတိုင်းချိတ်ဆက်အသုံးပြုနိုင်ပါမည်။
WiMAX Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
အဆင့် ၃-၅ ၏ Basic Setup page တွင် အောက်ပါအတိုင်း ပြင်ဆင်ထည့်သွင်းပေးပါ။ ကျန်သည့်အချက်များသည် အားလုံးအတူတူဖြစ်သည်။
MPT မှ ADSL Broad band Connection ဖြင့် ချိတ်ဆက်ခြင်း
အဆင့် ၃-၅ ၏ Basic Setup page တွင် အောက်ပါအတိုင်း ပြင်ဆင်ထည့်သွင်းပေးပါ။ ကျန်သည့်အချက်များသည် အားလုံးအတူတူဖြစ်သည်။
Ref:မျိုးသန့်ဇော်
Labels: Networking, proxy

ISA Server ဆိုတာကတော့ ယနေ့ခေတ်စားနေတဲ့ ဆိုင်ဘာကဖေးတွေမှာ အသုံးများတဲ့ proxy server တစ်မျိုးပါ။
ကျွန်တော်အရင် ဆွေးနွေးခဲ့တဲ့ squid proxy နဲ့ စာရင် ဒီ ISA Server က ပိုမိုလွယ်ကူလှပါတယ်။ ကျွန်တော်တို့ အများစုက
Window နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတော့ ဒီ ISA Server ကို လေ့လာလုပ်ကိုင်ရတာ ပိုမိုအဆင်ပြေလှပါတယ်။
ကျွန်တော်ဆွေးနွေးမှာက ISA Server 2006 ကို ဆွေးနွေးမှာဖြစ်ပြီး ၊ သူ့ကို အင်စတောဖို့အတွက် ပုံမှန်ဝင်းဒိုးမှာ မရပဲ
Window Server 2003 မှာသာ အင်စတော အသုံးပြုနိုင်ပါတယ်။ Window Server 2003 မှာတင် edition အမျိုးမျိုးရှိပါတယ် ။
အောက်ပါ edition တွေမှာ ISA Server တင်လို့ ရပါတယ်။
. Windows Server 2003 Standard Edition (32 bit) with SP1
. Windows Server 2003 Enterprise Edition (32 bit) with SP1
. Windows Server 2003 R2 Standard Edition (32 bit)
. Windows Server 2003 R2 Enterprise Edition (32 bit)
Window Server ကိုတင်ရမယ်ဆိုလို့ တွန်မဆုတ်သွားပါနဲ့ ။ ISA Server ကို တင်ဖို့အတွက် သူ့ပေါ်မှာပဲ ရတဲ့အတွက်သာ တင်ရတာပါ။
ကျွန်တော်တို့ Window Server 2003 ကို တစ်ခါမှ မထိတွေ့ဖူးရင်တောင် အသုံးပြုနိုင်ပါတယ်။ သုံးမှာက ISA Server ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးပါ။
ကျွန်တော်တို့ ISA Server 2006 ကို mouse ကလေး နှိပ်တတ်ယုံနဲ့ configure လုပ်တတ်ပါတယ်။ အဲ့လောက်လွယ်ပါတယ် :P ။
ဒီနေရာမှာ ကျွန်တော် Window Server 2003 နဲ့ ISA Server 2006 အင်စတောနည်းကို မပြောတော့ပါဘူး ။
ဆွေးနွေးချက်မစခင် ISA Server နဲ့ ပက်သက်ပြီး ပုံနဲ့တကွ ရှင်းပြထားတဲ့ ဆိုက်တွေကို ညွှန်းပါရစေ ..
http://www.linglom.com/category/security/isa/
ဒီဆိုက်တွေမှာ ပုံနဲ့တကွ ရှင်းပြထားတာဖြစ်ပြီး နားလည်ရလွယ်ကူလှပါတယ်။ နိဒါန်းပျိုးနေတာ နည်းနည်းများသွားတယ် ..:D
ကျွန်တော်တို့ ISA Server 2006 Configure ကို ဆက်သွားရအောင် ..
Deploying ISA Server 2006 as a Content Caching Server
ကျွန်တော်အရင်ဆုံး အသုံးများလှတဲ့ ISA Server ကို cache server အဖြစ် အသုံးပြုနည်းကို တင်ပြသွားမှာဖြစ်ပါတယ်။
ISA Server မတိုင်ခင် သူ့အစက Microsoft Proxy Server ကနေ လာပါတယ်။ ဒီနေရာလေးမှာ ကျွန်တော်ရှင်းပြပြီးသားပါ။
Microsoft Proxy Server ကနေ အခု ISA ဆိုတဲ့ acceleration ဆိုတဲ့ စာသားလေးက ဒီ cache server အဖြစ် အသုံးပြုနိုင်တာကို ရည်ရွယ်ပြီး
ISA(Internet Securiy and Acceleration) ဆာဗာဆိုပြီး ပေးခဲ့တာပါ။ ဒီတော့ သူက ဘယ်လိုလုပ်ဆောင်သလဲဆိုတာ ကြည့်ရအောင် ..
ကျွန်တော်တို့ client-1 ကနေ web site တွေ ဖွင့်တဲ့အခါ အဲဒါတွေကို cache folder မှာ သိမ်းထားပေးပြီး ၊ client-2 က အဲဒီ website ကိုပဲ ပြန်ဖွင့်တဲ့အခါ
ISA server က အရင်ဆုံး cache folder မှာ သိမ်းထားတဲ့ ဖိုင်တွေ ရှိမရှိ အရင်စုံစမ်းပါတယ်။ ရှိရင် မိမိစက်ထဲမှာရှိတဲ့ cache folder ထဲက ဖိုင်ကိုပဲ ထုတ်ပေးလိုက်ပါတယ်။
ဒီအတွက် web site ဖွင့်ရတာ မြန်လဲမြန်သွားပြီး ၊ bandwidth ကို လျော့ချပေးနိုင်ပါတယ်။
ဒီတော့ ISA server ကို cache server အဖြစ် လုပ်ဆောင်နိုင်ဖို့အတွက် အရင်ဆုံး cache နေရာကို ဖန်တီးပါမယ်။

အခုလိုပဲ Cache --> Cache Drivers ကနေ Define Cache Drives ကို နှိပ်လိုက်ပါတယ်။

မိမိသတ်မှတ်ချင်တဲ့ hardisk partition နဲ့ size ကို ထည့်ပေးလိုက်ပါ ။ ကျွန်တော်ကတော့ C partition တစ်ပိုင်းတည်းပဲ ရှိတဲ့အတွက် C အောက်မှာပဲ 1000MB နဲ့ တည်ဆောက်လိုက်ပါတယ်။
အဲဒါပြီးရင်တော့ Cache Rule ကို သတ်မှတ်ပေးရပါမယ်။ သူရဲ့ အဓိက လုပ်ဆောင်ချက်မှာ Cache အတွင်းမှာသိမ်းဆည်းမည့် Content များအား စစ်ဆေးပေးခြင်းနှင့်
ပြန်လည်သုံးစွဲမည့်အချိန်ပမာဏ တို့ကို ထိန်းချုပ်ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။
Cache --> Cache Rule ကနေ Create a Cache Rule ကို နှိပ်လိုက်ပါတယ်။

Cache Rule Winzard ပေါ်လာပါမယ် ။ နာမည်တောင်းရင် မိမိစိတ်ကြိုက်နာမည်ထည့်ပေးလိုက်ပါ ။ Next ။
သူက ဘယ် destination ကို cache လုပ်မှာလဲဆိုတာကို မိမိက external ကို ရွေးပေးလိုက်ပါတယ်။

ပြီးရင် Add လိုက်ပါ။ Next ။

=> Only if a Valid Version of the Object Exists in the Cache. If No Valid Version Exists, Route the Request to the Server
In this scenario, which is the default option, a requesting client has a cached object returned only if the object exists in the cache and has not expired.
If there is not a current version, the ISA server routes the request to the web server on the Internet.
=> If Any Version of the Object Exists in the Cache. If None Exists, Route the Request to the Server
For this option, the ISA server returns an object in the cache, even if it has expired. If it does not exist in the cache, it routes the request to
the web server on the Internet. This option can run the risk of supplying stale data to requesting clients.
=>If Any Version of the Object Exists in the Cache. If None Exists, Drop the Request (Never Route the Request to the Server)
With this option, clients get web data only from objects that exist in the cache. If an object isn't in the cache, the
request fails. This is a highly restrictive option, but is useful in scenarios where only specific content is meant to be made available
to web-browsing clients, and that content is made available with Content download jobs.
မိမိစိတ်ကြိုက် နှစ်သက်ရာ option ထားလိုက်ပါ။ Next ။


Next ။




အားလုံးပြီးရင်တော့ ပုံပါအတိုင်း Apply ပေးဖို့ မမေ့နဲ့နော် ..
ကျွန်တော်တစ်ခုချင်းစီရဲ့ menu အသေးစိတ် ရေးသားဖော်ပြချင်ပေမဲ့ တစ်ခုချင်း ရှင်းနေရင် ပြီးတော့မှာ မဟုတ်တော့တဲ့အတွက် အရေးကြီးမယ်ထင်တာတွေပဲ
ရေးသားဖော်ပြပေးလိုက်တာပါ ။ ကျန်တာ ပုံတွေကို ကိုးကားပြီးလုပ်လိုက်ပါ ။ နောက်မှ ကျွန်တော်ဖတ်တဲ့စာအုပ်တွေကို တင်ပေးပါ့မယ်။
cache နေရာတွေ သတ်မှတ်ပြီးဆိုတော့ ကျွန်တော်တို့ အင်တာနက်တွေကို ဘယ်သူတွေကို ပေးမလဲဆိုတာ ဆက်လုပ်ရအောင် ။
squid မှာလိုပဲ သတ်မှတ်ထားတဲ့ internal network ကို ခွင့်ပြုဖို့အတွက် firewall policy နဲ့ allow လုပ်ပါမယ်။ ဒီတော့ အရင်ဆုံး ကျွန်တော် Network Topology
တစ်ခု လုပ်လိုက်ပါမယ်။ ISA မှာ Network Topology အတွက် အသင့်သုံး Network Template တွေ ရှိပါတယ် ။ မိမိနဲ့ ကိုက်ညီရာတစ်ခုကို ယူသုံးယုံပါပဲ ။
ကျွန်တော်ကတော့ small network ဆိုက်ဘာကဖေးတွေ အတွက်လောက်ပဲ ရှင်းပြမယ်ဆိုတော့ Edge Firewall ကိုရွေးပြီး ရှင်းလိုက်ပါမယ်။


Network --> Templates ကနေ Edge Firewall ကို ကျွန်တော်ရွေးလိုက်ပါတယ် ။ သူက Network Card 2 ကဒ် ရှိရပါမယ် ။
တစ်ခုက အင်တာနက် အ၀င်ဖြစ်ပြီး ၊ နောက်တစ်ခုကနေ ကျွန်တော်က internal network အတွက် အင်တာနက် ပြန်ပေးမှာပါ။
Next ပါ။

Next

Add Adapter ကနေ ကျွန်တော်က internal network အတွက် အင်တာနက်ပြန်ပေးမှာဖြစ်တဲ့အတွက် Local Area Connection 2 ကို ရွေးလိုက်ပါတယ် ။
Local Area Connection 2 ဆိုတာ internal network အတွက် သတ်မှတ်ထားတဲ့ NIC ပါ ။ အဲဒီ NIC ရဲ့ IP Range ကို ကျွန်တော်က 192.168.0.1 နဲ့ သတ်မှတ်ထားတာပါ။
မိမိစိတ်ကြိုက်သတ်မှတ်နိုင်တယ်နော် ။ Next ပါ။

အကြမ်းဖျင်း Allow unrestriced access ဆိုပြီး အကုန်ခွင့်ပြုထားလိုက်ပါမယ် ။နောက်မှ အဲဒါတွေကို အသေးစိတ် ထပ်ဆွေးနွေးပါ့မယ် ။

အခုဆိုရင် Network နေရာချထားမှုတွေ ပြီးပါပြီး ။ အင်တာနက်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီး ။ ဒါပေမဲ့ အင်တာနက်ပေးဖို့ ခွင့်ပြုချက်ကို
Firewall Policy ကနေ ခွင့်ပြုချက် ယူရပါဦးမယ် ။ squid proxy မှာလို တစ်ခုခုကြော်ငြာပြီးရင် allow/deny လုပ်ပေးရသလိုပေါ့ ။
အခု Firewall Policy --> Tasks ကနေ Create Access Rule လုပ်လိုက်ပါ။

မိမိနှစ်သက်ရာနာမည်နဲ့ တစ်ခုခုပေးလိုက်ပါ ။ ပြီးရင် allow and deny လာပါမယ် ။ ခွင့်ပြုချင်တာဆိုတော့ Allow ပေါ့ ။


Selected protocols ကနေ Add ကို နှိပ်ပြီး မိမိခွင့်ပြုချင်တဲ့ protocol တွေကို ရွေးပေးပါ ။ ဒီနေရာမှာ web cache ကို အဓိက ထားချင်တာဖြစ်တဲ့အတွက်
HTTP and HTTPS ၂ ခုကိုပဲ ရွေးလိုက်ပါတယ် ။ အကုန်ခွင့်ပြုချင်ရင်တော့ အကုန်ရွေးပေါ့ ။ Next


Access Rule Source ကို မိမိအင်တာနက်ပေးချင်တဲ့ source ကို ပေးရမှာဖြစ်ပါတယ် ။ မိမိ ဆာဗာထိုင်တဲ့စက်မှာပါ အင်တာနက် ရချင်ရင် အခုလိုပဲ Localhost ပါ Add ပေးရပါတယ်။
မ Add ထားရင် ဆာဗာစက်မှာပါ အင်တာနက်သုံးလို့ မရပါဘူး ။ Next ပါ ။

Access Rule Destination မှာတော့ External ကို ရွေးပေးရပါမယ်။ External(internet) က resource တွေကို internal network အတွက် ပြန်လည်ပေးမှာဖြစ်ပါတယ် ။

User အားလုံးကို ခွင့်ပြုချင်တာ ဖြစ်တဲ့အတွက် Next ပေးနိုင်ပါတယ်။

ပြီးပါပြီးခင်ဗျာ ။ ဒါဆိုရင် အကြမ်းဖျင်းအားဖြင့် ISA Server ထိုင်ပြီး internal network အတွက် အင်တာနက် ပြန်လည်ပေးနိုင်ပြီးဖြစ်ပါတယ်။
client စက်ကနေ အင်တာနက်ရမရ စမ်းသပ်ဖို့အတွက် web browser ထဲမှာ server ip address and port ထည့်ပေးရမှာဖြစ်ပါတယ်။
port ကတော့ 8080 ဆိုပြီး default ရှိပါတယ်။ server ip ကတော့ မိမိဆာဗာသတ်မှတ်ထားတဲ့အတိုင်းပေါ့ဗျာ ။ ကျွန်တော်ဆိုရင် 192.168.0.1 ပါ။
ဒါကတော့ client ဘက်ကနေ ချိတ်ဆက်ဖို့အတွက် သုံးလိုက်တာပါ ။ အဲလို client စက်နေ အင်တာနက်ရယူဖို့အတွက် client ဘက်က လုပ်နိုင်တာ ၃ နည်းရှိပါတယ်။
Ref: ရာမညဖိုးလပြည့်
ကျေးဇူးတင်လျှက်
Labels: Networking, proxy, proxy-II
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ