JonDo ဆိုသည်မှာ Tor ကဲ့သို့ အင်တာနက်ဆင်ဆာ အားကျော်လွှားသော proxy တစ်မျိုးဖြစ်သည်။ ၎င်းကို သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် German တက္ကသိုလ်၏ Java Anon Proxy (JAP) ဟုခေါ်သော project တစ်ခုအဖြစ်တီထွင်ခဲ့ပြီး ယခုအခါတွင် အခမဲ့နှင့် စီးပွားဖြစ်နှစ်ခုလုံး အတွက် ရရှိနိုင်ပြီဖြစ်သည်။ အခမဲ့ဝန်ဆောင်မှု သည် analog modem တစ်ခု၏ မြန်းနှုံးမျှသာ ပေးနိုင်ချိန်တွင် စီးပွားဖြစ်သုံးစွဲမှု သည် 1GB traffic အတွက် ၁၀ဒေါ်လာ ပေးဆောင်ရ၍ ပိုမို မြန်ဆန်နိုင်သည်။ ၎င်း Java ကို Linux, Mac OS နှင့် Window များ ပေါ်တွင် သုံးနိုင်သည်။
Tor ကဲ့သို့ပင် JonDo ၏ အဓိက ရည်ရွယ်ချက်မှာ အသုံးပြုသူများ web site များ ကြည့်ရာတွင် အမည်ဝှက်နိုင်ရန် ဖြစ်သည်။ Tor ကဲ့သို့ပင် ၎င်းသည် အပိုလိုအပ်ချက်မရှိသော server (independent servers) များ ကို ဖြတ်၍ အလုပ်လုပ်သည်။
Install ပြုလုပ်ခြင်း
JonDo network ကို အသုံးပြုရန် သင်၏ Operating system အတွက်
https://www.jondos.de/en/download မှ JonDo client ကို download လုပ်ရန် လိုအပ်သည်။ Linux သို့မဟုတ် Mac OS X အတွက်တော့ ရွေးချယ်ရန် download ပြုလုပ်နည်း ၁ခုသာ ရှိသည် (6MB)
သို့သော်လည်း Window များ အတွက်မူ ဖြစ်နိုင်ချေ သုံးခုရှိသည်။
* Java ပါဝင်သော standard desktop installer (ပျှမ်းမျှ 15MB)
* အများသုံး ကွန်ပျူတာများ သို့မဟုတ် အင်တာနက် ဆိုင်များ တွင် USB drive များ မှ အသုံးပြုနိုင်သော Java ပါဝင်သည့် Portable Application (ပျှမ်းမျှ 20MB)
* JonDo အသုံးပြုရန် installer နှင့် Java မလိုအပ်ပဲ ၃ကြိမ် download ပြုလုပ်ရန်လိုအပ် သော file: ၎င်းတွင်
http://anon.inf.tu-dresden.de/develop/jap.exe,
http://anon.inf.tu-dresden.de/develop/japdll.dll ၏ file များ နှင့်
http://anon.inf.tu-dresden.de/jap/JAP.jar ရှိ file များ ပါဝင်သည်။ (စုစုပေါင်း 6MB)
Choose a download depending on your experience, intended use and speed of your Internet connection. To install the JonDo client you just have to click on the downloaded file and follow the simple instructions.
Download လုပ်နည်းများကို သင်၏ကိုယ်ပိုင် အသုံးပြုလိုသော ရည်ရွယ်ချက်နှင့် သင်၏ Internet connection မြန်းနှုန်း ပေါ်မူတည် ၍ ရွေးချယ်ပါ၊ JonDo client ကို install လုပ်ရန် download လုပ်ထားသော file များပေါ်တွင် click လုပ်ရန်နှင့် ရိုးရှင်းသော ညွှန်းကြားချက်များ ကို လိုက်နာရန် သာ လိုအပ်သည်။
ပြင်ဆင်အသုံးပြုပုံ
JonDo ကို စတင်အသုံးပြုလျှင် အင်္ဂလိပ်၊ ဂျာမန်၊ ချက်၊ ဒပ်(ချပ်)၊ ပြင်သစ်နှင့် ရုရှား ဘာသာစကားများ ကို ရွေးချယ်နိုင်သော window ကို အရင် တွေ့ရလိမ့်မည်။

ဒုတိယစာမျက်နှာတွင် JonDo proxy tool ကို အသုံးပြုရန် အတွက် သင့် web browser ၏ အမည်ကို ရွေးချယ်ပေးရလိမ့်မည်။ သင့် browser ၏အမည်ပေါ်တွင် click လုပ်ပြီး ရရှိသော ညွှန်ကြားချက်များ အတိုင်း လိုက်နာပါ။

သင်၏ Browser ကို မှန်ကန်စွာရွေးချယ်ပြီးလျှင် စစ်ဆေးရန် ပထမ အဆင့်ကို ယူလိုက်ပါ။ JonDo main window တွင် အမည်ဝှက်ခြင်းကို “OFF” သို့ ပြောင်းလိုက်ပြီး သင်ရွေးချယ်ခဲ့သော browser နှင့် web site တစ်ခုကို ဖွင့်လိုက်ပါ။

အကယ်၍ JonDo မှ သင့်အား သတိပေးချက် တစ်ခုပြခဲ့လျှင် website တွင် အရာအားလုံး စနစ်တကျ ပြင်ထားကြောင်းကို ကြည့်ရန် “YES” ကို ရွေးရမည်ဖြစ်ပြီး "The warning is shown. Websurfing is possible after confirmation" ကို ရွေးချယ်ရမည်ဖြစ်သည်။ အကယ်၍ အခြားဖော်ပြချက်များ သင်ရရှိခဲ့သည် ဆိုလျှင် ၎င်းကို ရွေးချယ်ပြီး Installation assistant မှ ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရန် သင့်ကို အချက်အလက်များ ထပ်ပေးလိမ့်မည်။

ဒုတိယအဆင့်နေနှင့် ပြင်ဆင်ခြင်းများ ကို သေချာစေရန်ဖြစ်သည်။ JonDo main window တွင် အမည်ဝှက်ခြင်း “anonymity” ကို “On” သို့ပြောင်းပြီး ကြိုက်ရာ website တစ်ခုကို သင် ရွေးချယ်ခဲ့သော browser ဖြင့်ဖွင့်လိုက်ပါ။

Web site အလုပ်လုပ်နေလျှင် အရာအားလုံး ချောမွေ့နေပြီး "Connection established, websurfing is fine" ပေါ်တွင် click လုပ်ရမည်ဖြစ်သည်။ အကယ်၍ အခြားဖော်ပြချက်များ သင်ရရှိခဲ့သည် ဆိုလျှင် ၎င်းကို ရွေးချယ်ပြီး Installation assistant မှ ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရန် သင့်ကို အချက်အလက်များ ထပ်ပေးလိမ့်မည်။

ယခုဆိုလျှင် ပြင်ဆင်ခြင်းမှာ ပြီးလုပြီဖြစ်သည်။ သင်သည် JonDo network ကို ဖြတ်၍ browse လုပ်နေပြီဖြစ်သည်။ သို့သော်လည်း သင့် web browser ကို သတင်းယိုစိမ့်မှုမရှိ စေရန် ပြင်ဆင်သင့်သည်။ ၎င်း ကို သင့် Web browser ၏ အမည်ပေါ်တွင် click လုပ်ချိန်၌ ထပ်၍ ရှင်းပြလိမ့်မည်ဖြစ်သည်။

သင်၏ကွန်ပျူတာ အတွေ့အကြုံပေါ်တွင် မူတည်၍ JonDo client တွင် သင် လိုချင်သည့် options များ ကို ရွေးချယ်ပါ။ မကျွမ်းကျင်သော အသုံးပြုသူများသည် “Simplified view” ကို ရွေးချယ်သင့်သည်။

အကယ်၍ JonDo server များကို သင်၏နိုင်ငံတွင် ပိတ်ဆို့ပြီးဖြစ်နေလျှင် anti-censorship option ကို သုံးကြည့်သင့်သည်။ main Jondo window ရှိ “Config” ပေါ်တွင် click လုပ်ပြီး “network” ကို ရွေးပါ။ ပြီးလျှင် "Connect to other JAP/JonDo users in order to reach the anonymization service" ပေါ်တွင် click လုပ်ပါ။ သတိပေးချက်ကို ဖတ်ပြီး “Yes” ကို click လုပ်ပါ။

Ref:Se Sawe
Labels: proxy, proxy-II
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment