localhost:8080 ပြောင်းရလိုက် Ultrasurf သုံးချင်ရင် 9666 ပြောင်းရလိုက် ပုဂံပြန်သုံးချင်ရင် 203.81.71.111:9090 ပြန်ပြောင်းရလိုက်နဲ့ တော်တော်လေး အလုပ်ရှုပ်ပါတယ်။
အဲဒီ့လို အလုပ်မရှုပ်အောင် Firefox မှာ Extension လေးတစ်ခုရှိပါတယ်။ သူကတော့ FoxyProxy ပါ။
FoxyProxy သုံးချင်ရင် ဒီလိုလုပ်ပါခင်ဗျာ။
- ဒီကနေပြီး FoxyProxy ကို ရယူပြီးသွင်းပေးပါ။
- Restart လုပ်ပါ။
- Firefox ရဲ့ ညာဘက်အောက်ထောင့်မှာ FoxyProxy ဆိုတဲ့ စာလေးကို right click ပါ။ options ကို ရွေးပါ။
- Add New Proxy ကို နှိပ်ပါ။
- Proxy Name မှာ YF လို့ရိုက်ပါ။ (ကြိုက်တဲ့ နာမည်ရိုက်လို့ရပါတယ်။)
- Proxy Details tab ကို ၀င်ပါ။
- Manual Proxy Configuration ကိုရွေးပါ။ Host Name မှာ 127.0.0.1 နဲ့ Port မှာ 8080 လို့ ရိုက်ပြီး OK ကို ရိုက်ပေးပါ။ "You didn't enter...." ဘာညာဘာညာပေါ်လာရင် Yes ကိုနှိပ်ပေးပါ။
- Add New Proxy ကို နှိပ်ပါ။
- Proxy Name မှာ US လို့ရိုက်ပါ။ (ကြိုက်တဲ့ နာမည်ရိုက်လို့ရပါတယ်။)
- Proxy Details tab ကို ၀င်ပါ။
- Manual Proxy Configuration ကိုရွေးပါ။ Host Name မှာ 127.0.0.1 နဲ့ Port မှာ 9666 လို့ ရိုက်ပြီး OK ကို နှိပ်ပါ။ "You didn't enter...." ဘာညာဘာညာပေါ်လာရင် Yes ကိုနှိပ်ပေးပါ။
- OK နှိပ်ပြီးပိတ်လိုက်ပါ။
ဒါဆိုရင်တော့ သုံးလို့ရသွားပါပြီ။ Your Freedom သုံးချင်လာတဲ့အခါ FoxyProxy ကို Right click နှိပ်။ YF ကိုရွေးလိုက်ရုံပါပဲ။ Ultrasurf သုံးချင်လာရင် US ကို ရွေးလိုက်ရုံပါပဲ။ ပုဂံပဲ ပြန်သုံးမယ်ဆိုရင် Completely disable FoxyProxy ကို ရွေးလိုက်ရုံပါပဲ။
Labels: proxy, proxy-II, နည်းပညာများ-IV
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment