Website ရေးတဲ့သူတွေအတွက် အသုံးဝယ်မယ့် ဆိုဒ်တစ်ခုပါပဲ။ ဘလော့ရေးသူတွေ အတွက်လည်း အသုံးဝင်မယ်။ ကိုယ့် ဘလော့လေး Template ပြောင်းပြီးရင် တခြား Browser တွေနဲ့  အဆင်ပြေပြေ မြင်ရပါ့မလားဆိုတာကို အရင်ကလို တစ်ခုချင်း လိုက်စမ်းနေစရာ မလိုတော့ပဲ၊ ဒီဆိုဒ်လေး သုံးပြီး လွယ်လွယ်ကူကူ စမ်းသပ်နိုင်သွားတာပေါ့။တကယ်ဆို Website တွေ၊ Web Application တွေရေးတဲ့အခါ Cross Platform Browser Independent ဖြစ်ဖို့  လိုပါတယ်။ ဟိုးအရင်ကဆို Website အတော်များများက ဘယ် Browser, ဘယ် version ကိုသုံးမှ ကြည့်လို့  ရမယ် ဆိုတာမျိုး အမြဲတွေ့  ရတယ်။ ခုနောက်ပိုင်းတော့ အရင်ကထက် စာရင်တော့ အင်တာနက်ပေါ်က websites တွေဟာ Browser Independent လာတာကို တွေ့ ရတယ်။Browsershots က အခု လက်ရှိအနေနဲ့  တော့ Linux, Windows , Mac OS တွေမှာ သုံးတဲ့ Browser တချို့ နဲ့  စမ်းသပ်လို့ ရပါတယ်။ Screen size, Color depth, Javascript, Java , Flash တွေပေါ် မူတည်ပြီးလည်း စမ်းသပ်လို့ ရပါတယ်။ စမ်းရတာလဲ လွယ်ပါတယ်။ ကိုယ့်ရဲ့ Webpage URL လေးကိုထည့်လိုက်ပြီးရင် process လုပ်နေတယ်ဆိုပြီး Page တစ်ခုရပါမယ်။ Process လုပ်တာ နည်းနည်းကြာတော့ သူပေးတဲ့ လင့်ကို မှတ်ထားလိုက်ပြီး ၁၀ - ၂၀ မိနစ် လောက်ကြာတော့မှ အဲဒီလင့်ကို ပြန်ခေါ်ကြည့်လို့ ရပါတယ်။ Webpage တွေကို Screen Size အလိုက် Test လုပ်ချင်တယ် ဆိုရင်တော့ Anybrowser က
ScreenSizeTest Page
ကို သုံးပြီးလည်း လွယ်လွယ်ကူကူ စမ်းကြည့်လို့ ရပါတယ်။
Labels: Blogs, HTML, Tactical, Templates, နည်းပညာများ-IV
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment