ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

878..Dropbox ဆိုသည္မွာ [ 1.8.10 ]

 

 

Dropbox အကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး ဖြစ်နေတယ်။ Dropbox ကို ကျွန်တော်တော့ တော်တော်သဘောကျပါတယ်။ Cloud ဆိုတဲ့ အဓိပ္ပာယ်ကို Dropbox က ကောင်းကောင်းပုံဖော်ပေးနိုင်တယ်။ မြန်မာနိုင်ငံမှာကတော့ လူသုံးနည်းမယ်ထင်တယ်။ အင်တာနက် connection အမြဲရှိတယ် သို့မဟုတ် အင်တာနက် ကောင်းတယ်ဆိုရင် သုံးသင့်တဲ့ Software လေး တစ်ခုပါပဲ။ Dropbox က computer တစ်ခုကနေ တစ်ခု file တွေ stick တွေနဲ့ သယ်နေစရာမလိုပဲ sync လုပ်ပေးနိုင်တယ်။

ဥပမာ ဆိုကြပါစို့။ ကျွန်တော့် ရုံးမှာ computer ရှိတယ်။ အိမ်မှာ computer ရှိတယ်။ ၂ ခုလုံးမှာ internet connection ရတယ်။ ဟိုးအရင်တုန်းကဆို email လှမ်းပို့ထားရင် ပို့ ။ ဒါမှမဟုတ်ရင် stick လေးနဲ့ ရုံးက file တွေကို အိမ် သယ်တာပဲ ဖြစ်ဖြစ် အိမ်က file တွေကို ရုံးသယ်တာပဲဖြစ်ဖြစ် လုပ်နေရတယ်။ နောက်ပြီးတော့ Laptop ကနေ Desktop ကို ပြောင်းရင်လည်း အဲလိုပဲ။ စဉ်းစားကြည့်ဗျာ။ စက် ၃ လုံး ၁ ယောက်တည်း သုံးတယ်။ stick တစ်ချောင်းနဲ့ ဟိုသယ်ဒီသယ် သို့မဟုတ် Email တွေနဲ့အလုပ်ကို ရှုပ်နေတာပဲ။ ဒီလိုမျိုး ကိစ္စကို လွယ်လွယ်ကူကူ file တွေကို sync လုပ်လို့မရဘူးလား။

အဲလို ပြဿနာကို Dropbox က ဖြေရှင်းပေးနိုင်ပါတယ်။ ကျွန်တော် Dropbox ကို သုံးတာက ရုံးတစ်ရုံးလုံးက Dropbox ကို သုံးတယ်။ File sharing ကို Network File sharing မသုံးဘူး။ Dropbox ကိုပဲ သုံးတယ်။ ဒီ Project အတွက် လိုအပ်တာတွေကို PM က project folder ကို share ပေးလိုက်တယ်။ ကျွန်တော်က accept လုပ်လိုက်ပြီးရင် ကျွန်တော့် Dropbox ထဲ sync လုပ်ပြီး ဝင်လာပြီ။ တကယ်လို့ ကိုယ့်မှာ စက် ၃ လုံး ရှိတယ်ဆိုရင်လည်း အဲဒီ စက်တွေမှာ dropbox on တာနဲ့ sync လုပ်သွားပြီလေ။

ရန်ကုန်မှာတုန်းက ပြဿနာက Ubuntu နဲ့ Windows အတွက် file sharing လုပ်ရတာ windows မပိတ်ခင် stick နဲ့ ကူး။ ပြီးရင် Ubuntu ပြောင်း။ ဒါပေမယ့် C: ကဟာတွေကို Ubuntu access ရတဲ့ D: ကို ရွေ့ပြီးတော့ access လုပ်ရတာပေါ့။ အဲ.. Mac book ဝယ်ဝယ်ချင်းမှာ ပြဿနာ တစ်ခု ထပ်ရှိသေးတယ်။ စက်တစ်လုံးထဲမှာ OS 3 ခု။ Windows နဲ့ Ubuntu က Parallel နဲ့ run တာ။ အဲဒီအတွက် file sharing က တော်တော် ဆိုးတာဗျ။ နောက်တော့ Dropbox သုံးတော့ အဆင်ပြေသွားရော။ Windows, Ubuntu , Mac ၃ ခုလုံးမှာ Dropbox တင်ထားလိုက်တယ်။ အေးဆေးပဲ။ အချို့ file တွေကို iPhone, iPodTouch, iPad, Android တွေကနေ Internet ရှိရင် လှမ်းပြီး access လုပ်လို့ရသေးတယ်။ Dropbox ကို ကိုယ့် စက်မ၇ှိလည်း website ကနေ လှမ်းပြီး လိုတာတွေကို download ဆွဲလို့ရသေးတယ်။

ကျွန်တော့် အကြိုက်ဆုံး feature က Public folder ထဲထည့်လိုက်ရင် right click > Dropbox > copy public link လုပ်ပြီး တစ်ခါတည်း link ကို ရယူလို့ရတယ်။ Direct Link ထွက်တော့ အခြား file host တွေထက် ပိုသဘောကျတယ်။

အခုလက်ရှိတော့ သီချင်းတွေကို Facebook မှာ တင်ချင်ရင် အဲနည်းလေး သုံးတယ်။ အရင်က ကိုယ့် server မှာ တင်ရင် upload တင်ဖို့ ftp ဝင်။ ပြီးရင် link ကို ကိုယ့်ဘာသာ ကိုယ် ရိုက်နေတာနဲ့ တော်တော်အလုပ်ရှုပ်တယ်။ နောက်တချက်က Image တွေ share တာပဲ။ MZ Edu မှာ ပုံတွေထည့်ဖို့ Dropbox က public folder ထဲမှာ ထည့်ပြီး ပုံတွေ public link ကနေ ပုံတွေ ထည့်ပြီး သုံးနေတယ်။ သူက free ရပါတယ်။

လူတစ်ယောက်ကို 8 GB ထိ free ရနိုင်တယ်။ 2GB က စပြီး free ပေးတာ။ သူ ပြောထားတဲ့ အဆင့်လေးတွေပြီးရင် 250 MB free ထပ်ရတယ်။ သူငယ်ချင်းတွေကို invite လုပ်လိုက်ပြီး အဲဒီ referrals link ကနေ တဆင့် register လုပ်ပြီးတဲ့အခါ သူခိုင်းတဲ့ အဆင့်ပြီးရင် ထုံးစံအတိုင်း သူ့ကို 250 MB free ပေးပါတယ်။ သူ 250 MB free ရသွားခဲ့ရင် ကိုယ်လည်း 250 MB free ရပါတယ်။ အဲလိုမျိုး invite ကနေ 8 GB ထိ ရနိုင်တယ်။ ကဲ.. register လုပ်ဖြစ်တယ်ဆိုရင်လည်း ကျွန်တော့် referrals link ကနေ register လုပ်ပေးကြဗျာ။ အခုတော့ 4 GB ထိပဲ ရသေးတယ်။ 2 GB နီးပါးလောက်တော့ Dropbox ထဲမှာရှိတယ်။

ကိုစေတန်ရဲ့  referrals link က
https://www.dropbox.com/referrals/NTI4Mzg2MDk

Source:saturngod

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

079..Freedom အသုံးပြုနည်းလမ်းညွှန်

 


Freedom Guide.pdf ကို အောက်မှာရေးထားတဲ့ Link သို့သွားပြီး Download ချနိုင်ပါတယ်..

ဒီနေရာ

ကို Click နှိပ်ပြီးတော့လည်းယူနိုင်တယ်။

http://www.mediafire.com/?zmlwzijbbcf






Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

075..Video Collection Widget for Your Blog

 

If you sometimes write posts on your blog that includes videos,you can collect your video posts in one place by using a video collection widget called Vodpod.
  • Go to http://vodpod.com and get a free account.
  • Once you have created an account, VodPod tells you to install VodPod button at your browser toolbar or to add its bookmarklet (Save to VodPod).You may ignore it, but it is a very powerful tool to easily collect videos into your VodPod video llist.
  • You can now import your videos by one of these options.
    1. direct clicking the browser button to add a video
    2. entering web address or embed tag
    3. inserting your blog address (a new tool called blog importer....videos@your blog will be automatically imported to VodPod)
    4. uploading from your computer or via ftp
  • You have imported some vids and now customize your widget style and get your widget for your blog.






Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

073..Adobe Keys Master collection 2008

 

ဒါလေးကတော့ Adobe နောက်ဆုံးပေါ်များကို keygen များ စုပေါင်းချက်ဖြစ်ပါတယ်။ အတော့်ကို အသုံးဝင်မယ့် ပုံလေးပါ ကျွန်တော် တော်လို့ ရေးထားတာ လို့တော့ မထင်လိုက်ပါနဲ့ ကျွန်တော် ရှာရင်းဖွေရင်း တွေ့ထားတာပါ (3.9)mb လောက်လေးပါတယ်။ download လုပ်ရင်အဆင်ပြေအောင်လည်း Mirror (၄)ခုနဲ့ တင်ပြထားပါတယ်။ Rar ဖိုင်နဲ့ ဖြစ်ပြီး Password ပေးထားပါတယ်။ Password ကတော့ (www.dl4all.com) ဖြစ်ပါတယ်။ အများသောအားဖြင့် အကုန်လုံး နီးနီး ကတော့ CS3 တွေချည်းပါပဲ ကျွန်တော်လို အလကားရသမျှ ဒေါင်းလုဆွဲသုံးနေသူများ အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။



Include:
Acrobat 3D 8.1.0
Adobe CS3 Design Premim Key
Adobe Web Premium CS3 Key
Contribute CS3 VLK
Dreamweaver CS3 VLK
FireWorks CS3 Key
Flash CS3 Keygen + Activation
InDesign CS3 VLK
Photoshop CS3 Extended VLK
Photoshop Lightroom 1.1
Acrobat 8 keygen + Activation
Adobe CS3 Master Activation
After Effects CS3
Dreamweaver CS3
Encore DVD 2.0
Fireworks CS3 VLK
GoLive CS3 Keygen
Photoshop CS3 Activation Key
Photoshop CS3 Keygen
Premiere Pro CS3
Dreamweaver CS3
Encore DVD 2.0
Fireworks CS3 VLK
GoLive CS3 Keygen
Photoshop CS3 Activation Key
Photoshop CS3 Keygen
Premiere Pro CS3
Acrobat 8 Pro Keygen
Adobe CS3 Master Collection
Audition 2.0
DreamWeaver CS3 Key
Fireworks CS3 Keygen
Flash CS3 Keygen
InCopy CS3 VLK
PhotoShop CS3 Extended Key
Photoshop Extended CS3 Key
SoundBooth CS3

Download: 3.87 MB



Mirror1:



Mirror2:



Mirror3:



Pass: www.dl4all.com





Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

071..What is RAW? and Camera RAW Image File Thumbnails View in Window XP

 

RAW ဖိုင္ဆိုတာဘာလဲ What is RAW ?

RAW ဖိုင်အကြောင်းကို http://myanmaritpros.com မှာ ကျွန်တော်သွားရောက်မေးမြန်းခဲ့ရာမှာ အောက်ပါအတိုင်း ကိုမြတ်သူ နဲ့ ကိုဝင်းနိုင် တို့က ဖြေကြား ပေးခဲ့ကြပါတယ်။ သူတို့ဖြေကြားပေးတာဟာ ရိုးရှင်းပြီး နားလည်ရလွယ်ကူစေပါတယ်။ အဲ့ဒါကြောင့် ထပ်မံ ဖော်ပြပေးလိုက်ရပါတယ်

ကိုမြတ်သူ -

RAW ကို ဓာတ်ပုံပညာရှင်တိုင်း အသုံးပြုပါတယ်။ သူဟာ high resolution ၇ပါတယ်။ ဓာတ်ပုံကို ပုံကြီးချဲ့ တဲ့ အခါမှ pixel distortion မဖြစ်စေပါဘူး။ file size လည်းကြီးပါတယ်။ သူဟာ high resolution image ရတဲ့ အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် အဆင်ပြေပါတယ်။ photoshop software တိုင်း RAW file ကို ဖွင့်လို့မရပါဘူး။ တစ်ချို့ရပါတယ်။ photoshop install လုပ်တဲ့အခါ file extension မှာ RAW ကို ရွေးပေးခဲ့နိုင်ပါတယ်။

Jpeg ကတော့ Joint Photography Expert Group လို့ အရှည်ခေါ်ပါတယ်။ သူဟာ image resolution တွေကို compress လုပ်ပြစ်ပါတယ်။ jpeg နဲ့ ဖိုင်သိမ်းတိုင်း ချုံ့ပစ်တာပါ။ ဒါကြောင့် တစ်ချို့ အရောင်တွေ၊ ပုံတွေဟာ ပျောက်သွား ပျက်သွားပါတယ်။ pixel distortion ဖြစ်တယ်လို့ ပြောပါတယ်။ ပုံနှိပ်လုပ်ငန်း၊ ပုံထုတ်တဲ့ အချိန်၊ ပုံကြီးချဲ့တဲ့ အချိန်တွေမှာ jpeg ဟာ အဆင်မပြေပါဘူး။ ဒါဟာ အကြမ်းပြင်ပါ။ အလွယ်ကူဆုံး အနေနဲ့ အသေးစိတ်ကို



http://www.wikipedia.org/


မှာ လေ့လာနိုင်ပါတယ်။ အသေးစိတ်ရေးထားပါတယ်။


ကိုဝင်းနိုင် -


ကျနော်က professional ဓါတ်ပုံပညာရှင်တစ်ယောက်တော့မဟုတ်ပါဘူး၊ ဒါပေမဲ့ ...
(၁) Raw ဆိုတာဘာလဲ ?
(၂) ဘယ်လိုအသုံးပြုရမလဲ၊ အသုံးဝင်လဲ ?
(၃) အခြား ဖိုင်Type တွေနဲ့ ဘာတွေကွာခြားသလဲ ? လို့မေးထားတာတွေထဲက Raw file တွေအကြောင်းကတော့ internet ပေါ်မှာ ရှာဖွေလေ့လာလိုက်ရင် တော်တော်လေးသိသွားပါလိမ့်မယ်။ ဖြေထားတဲ့သူတွေလဲ တော်တော်လေးဖြေထားရှင်းပြထားကြတာတွေ့ရပါတယ်။ ကိုမြတ်သူဖြေထားပေးတာတော်တော်လေးပြည့်စုံနေပါပြီ။
ကျနော်က လိုတာလေးတွေဖြည့်စွက်ပြီးပြောပြချင်ပါတယ်။
Raw Format နဲ့ DSLR ကင်မရာတိုင်းလိုလိုမှာ ရိုက်လို့ရနေပါပြီ၊ အဲဒီမှာ ကင်မရာရဲ့ sensor အမျိုးအစားပေါ်မှာမူတည်ပြီး raw format မတူတာတွေ့ရပါတယ်။



ဒါကြောင့်လဲ Raw File ဆိုရာမှာ Camera Raw ဆိုမှ ပိုပြီးမှန်ပါလိမ့်မယ်။ Wiki ပေါ်မှာ ကင်မရာအမျိုးအစားအလိုက် ကင်မရာ raw file extension တွေ ကွာခြားတာကို အခုလိုဖေါ်ပြထားတာတွေ့ရပါတယ် -
.3fr (Hasselblad)
.raf (Fuji)
.crw .cr2 (Canon)
.tif .k25 .kdc .dcs .dcr .drf (Kodak)
.mrw (Minolta)
.nef .nrw (Nikon)
.orf (Olympus)
.dng (Adobe)
.ptx .pef (Pentax)
.arw .srf .sr2 (Sony)
.x3f (Sigma)
.erf (Epson)
.mef (Mamiya)
.mos (Leaf)
.raw .rw2 (Panasonic)
.cap .tif .iiq (Phase One)
.r3d (Red)
.fff (Imacon)
.pxn (Logitech)
.bay (Casio)
.rwz (Rawzor)

Camera မှာတပ်ထားတဲ့ Sensor တွေကတော့ ကင်မရာထုတ်လုပ်တဲ့ ကုမ္ပဏီတွေပေါ်မူတည်ပြီး CCD နဲ့ CMOS ဆိုတဲ့ ၂မျိုးသာရှိပါတယ်။ သူတို့ကမှတစ်ဆင့်ထပ်ပွားသွားတာတွေကတော့အများကြီးပါ။
ဒါတွေအကြောင်းဆက်ရှင်းနေရရင် တော်တော်လေးများနေမှာဖြစ်တဲ့အတွက် လိုအပ်မှဘဲ ဆက်ရှင်းပါတော့မယ်၊ အခုလောလောဆယ် အဓိကကျတဲ့ အချက်လေးတွေပြောပြချင်ပါတယ်။
ဘာတွေလဲ ဆိုတော့ ဓါတ်ပုံတစ်ပုံရိုက်တဲ့အခါ ဘာကြောင့် RAW နဲ့ ရိုက်မှာလဲ ? ဘာကြောင့် RAW နဲ့ ရိုက်စရာမလိုဘူးလဲ ? ဆိုတာရှင်းရှင်း သဘောပေါက်ရင် ရပြီထင်ပါတယ်။
RAW နဲ့ရိုက်တိုင်း ကောင်းတယ်လို့ ပြောမယ်ဆိုရင်တော့ မှားမယ်ထင်ပါတယ်၊ ဥပမာ မင်္ဂလာဆောင်အခမ်းအနားတစ်ခုမှာ အခကြေးငွေယူပြီး လိုက်ရိုက်တဲ့ ဓါတ်ပုံဆရာတစ်ယောက်အနေနဲ့ ပုံတိုင်းကို RAW နဲ့ရိုက်မယ်ဆိုရင် အဲသည်ဓါတ်ပုံဆရာဟာ RAW နဲ့ ရိုက်ထားတာတွေကို ဘယ်လောက်အထိအချိန်ပေးပြီး retouch လုပ်နိုင်မလဲ ဆိုတာအရင်စဉ်းစားရမှာဖြစ်ပါတယ်။
ရိုက်ခရတာက နည်းနည်း ဒါမှမဟုတ် လက်ခံထားတဲ့ပွဲဆက်တွေက များနေမယ်ဆိုရင်တော့ RAW နဲ့သာရိုက်ပြီး ပုံကူးပေးမယ်ဆိုရင် အိပ်ချိန်တောင်ရမှာမဟုတ်ပါဘူး။
ကျနော်ပြောချင်တာကတော့ camera raw နဲ့ ပုံတိုင်းကို မရိုက်သင့်ပါဘူး၊ သတို့သမီးပုံနဲ့ ပုံကြီးချဲ့ပေးရမဲ့မိသားစုပုံတွေကလွဲရင် RAW အစား ရိုးရိုး JPEG ဆိုက်ကြီးကြီးနဲ့ ရိုက်ရင်ရပါပြီ။
Bill-Board တွေ၊ Hi-Resolution ပုံထုတ်ပေးရမဲ့ clients တွေအတွက်တော့ RAW နဲ့ ရိုက်ပေးသင့်ပါတယ်။
အရောင်မှန်မှန် ပုံပြတ်ပြတ်သားသား၊ ကြည်ကြည်လင်လင်ရဖို့အတွက်ပါ။
ဒါမှ ကိုယ်ရိုက်လိုက်တဲ့ ပုံရဲ့ result ကို ထိန်းထားနိုင်မှာလဲ ဖြစ်လို့ပါ။
ဟိုးအရင်ကတော့ ဖလင်နဲ့ ဓါတ်ပုံရိုက်ကြရာမှာ ရိုက်တဲ့အချိန်မှာ ဓါတ်ပုံပညာပါပါနဲ့ အလင်းအမှောင်မှန်မှန်ပေးပြီး ရိုက်နိုင်ရင် ပုံကောင်းတွေထွက်ကြပါတယ်၊ အခုခေတ်မှာတော့ ဓါတ်ပုံတစ်ပုံရိုက်ပြီးရင် ကွန်ပျူတာလဲ ကျွမ်းကျင်မှ၊ software တွေအကြောင်းလဲ သိမှ၊ ကွန်ပျူတာကောင်းကောင်းလဲ ဆင်ထားပြီး ရိုက်လာခဲ့တဲ့ ပုံတွေအတွက်လဲ ကွန်ပျူတာရှေ့မှာထိုင် အချိန်ပေးပြီး ပြင်ရဆင်ရပါတယ်။
အရင်က အမှောင်ခန်းမှာ လုပ်ခဲ့ကြသလို အခု digital dark-room လို့ခေါ်ရမဲ့ photoshop လိုမျိုး application တွေ နိုင်နိုင်နင်းနင်း သုံးနိုင်မှ လူတောတိုးတော့မဲ့ အခြေအနေပါ။
Camera Raw နဲ့ ရိုက်ပြီးရင် အဲဒါကို ကွန်ပျူတာပေါ်မှာဖွင့်ဖို့ software ရှာရတာလဲ အရင် လောက်မခက်တော့ပါဘူး၊ နောက်လာမဲ့အနာဂတ်မှာတော့ ကင်မရာထုတ်လုပ်သူတွေအပြင် Microsoft တို့လိုမျိုးကွန်ပျူတာ ဘီလျံနာကြီးတွေကပါနောက်ထုတ်မဲ့ Windows မှာ Camera Raw ကို Support လုပ်ပြီး ပွဲထုတ်လာတော့မယ်လို့ပြောလာကြပါပြီ၊
Working closely with digital imaging industry leaders including Adobe Systems Inc., Canon Inc., Fuji Photo Film Co. Ltd. and Nikon Corp., Microsoft plans to deliver native support for digital camera RAW images in the next major version of Windows, code-named "Longhorn." လို့ Microsoft and Imaging Industry Leaders Unveil Support for Digital Camera RAW in Windows ခေါင်းစဉ်နဲ့ http://www.nforcershq.com/microsoft-unveils-support-for-digital-camera-raw-in-windows/ မှာရေးထားတာတွေ့ရပါတယ်။


နောက်တစ်ခုကတော့ Camera RAW Image File Thumbnails View in Window XP ပါ။

ဘာလဲလို့မေးစရာဖြစ်လာပြန်ပါမယ်။ Camera Raw File တွေကို Window ကွန်ပျူတာ တစ်လုံး ထဲကို ထည့်လိုက်ပြီဆိုတာနဲ့ ဒီတိုင်းဖွင့်ကြည့်လို့မရပါဘူး UnKnow File Type ဖြစ်နေပါ လိမ့်မယ်။ Photoshop နဲ့ဖွင့်ကြည့်မယ်ဆိုရင်တောင်မှ CS2 နဲ့ အထက် Version တွေမှ သာ ဖွင့်ကြည့် ပြင်ဆင် နိုင်မှာဖြစ်ပါတယ်။ အောက်ပါပုံထဲမှာ မြင်ရတဲ့အတိုင်း အဖြူရောင်ဖိုင်လေးတွေနဲ့သာ ပြပေးနိုင်မှာပါ -



အဲ့ဒီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် Microsoft RAW Image Thumbnailer and Viewer ကို ဒီနေရာမှာ Download လုပ်ပြီး သင့်စက်မှာ Install လုပ်လိုက်ပါ။ ဒါဆိုရင် raw file တွေကို Preview ကြည့်လို့ ရနိုင်မှာဖြစ်ပါတယ်။

Link http://files.filefront.com/RAWViewerSetupexe/;7521389;/fileinfo.html


Thumbnailer နဲ့ Preview ကြည့်ရုံအပြင် အောက်ပါအတိုင်း Print လည်း ထုတ်လို့အဆင်ပြေ နိုင်မှာ ဖြစ်ပါတယ်။


Preview ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။




၎င်း Software အတွက် လမ်းညွှန်စာအုပ်ကိုတော့ ဒီမှာ Download လုပ်နိုင်ပါတယ်။

Link : http://www.microsoft.com/downloads/details.aspx?FamilyID=C927CCCF-4CB7-4F92-AFAA-6F16663B23B4&displaylang=en

ဒီ Software ရဲ့ Supports ဖြစ်တဲ့ Camera နဲ့ File Type များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

The software supports the following image types:
- Canon EOS RAW images (.crw, .cr2, .tif)
- Nikon Electronic Format images (.nef)
- Bitmap images (.bmp)
- JPEG images (.jpg, .jpe, .jpeg)
- Windows Metafile images (.wmf)
- Tagged Image File Format images (.tif, .tiff)
- Graphics Interchange Format images (.gif)
- Portable Network Graphics images (.png)

Supported camera models include the following:
- Canon EOS 1D
- Canon EOS 1D Mark II
- Canon EOS 1D Mark IIn
- Canon EOS 1Ds
- Canon EOS 1Ds Mark II
- Canon EOS 5D
- Canon EOS D30
- Canon EOS D60
- Canon EOS 10D
- Canon EOS 20D
- Canon EOS Digital Rebel (300D)
- Canon EOS Digital Rebel XT
- Canon PowerShot G2
- Canon PowerShot G3
- Canon PowerShot G5
- Canon PowerShot G6
- Canon PowerShot Pro1
- Canon PowerShot s30
- Canon PowerShot s50
- Canon PowerShot s70

- Nikon D1
- Nikon D1x
- Nikon D2H
- Nikon D2Hs
- Nikon D2x
- Nikon D70
- Nikon D70s
- Nikon D50
- Nikon D100
- Nikon D200[1]
- Nikon Coolpix 8800
- Nikon Coolpix 5700
* Nikon D200 support includes display of thumbnails and previews; however, viewing in highest quality mode is not supported.


key word ; What is Raw ? Camera RAW Image File Thumbnails View in Window XP (or) RAW viewer downlaod......

Ref:အောင်ချမ်းလင်း



Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

069..search box ကို ဘလော့ရဲ့ Header မှာဘယ်လိုထဲ့လဲ

 

search box ကို ဘလော့ရဲ့ Header မှာဘယ်လိုထဲ့လဲ.......

ပထမဦးစွာ Go to Template> edit HTML. ထို့နောက် အောက်မှာ ပြထားသော ကုတ်များကို template မှာရှာပါ။ ကိုရှာပါ။ maxwidgets='1' ကို maxwidgets='4' ဟုပြောင်းပေးပါ။ ထို့နောက်တန်းပလိပ်ကို save လိုက်ပါ။ Page Elements ကိုပြန်သွားပါ။ Header မှာ Add a page Element ဆိုတာပေါ်လာတာတွေ့ရပါလိပ့်မယ်။ အဲဒီ Add a page Element ကိုနှိပ်ပါ။ ထုံးစံအတိုင်း HTML/JavaScript ကနေ search box အတွက် အောက်မှာပြထားတဲ့ ကုတ်တွေကိုထဲ့ပါ။


မိမိရဲ့ search box ကို header ရဲ့ ဘယ်ညာလယ် အပေါ်အောက်ကို div style နဲ့ မိမိထားမည့်နေရာကိုမူတည်ပြီး ထိမ်းညှိပေးရပါမယ်။ တယောက်နဲ့တယောက် အသုံးပြုတဲ့ တန်းပလိပ် ကွာတဲ့အတွက် div style ကိုလဲမိမိ နဲ့သင့်တော်သလို ညှိယူပါ။ Google Adsense (banner, google searchand referral links) အတွက်လဲ အတူတူပဲဖြစ်ပါတယ်။







Labels: , , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

068.. မိမိဘလော့မှာ poll widgetထည့်နည်း

 

မိမိဘလော့မှာ အလည်လာတဲ့ မိတ်ဆွေ အတွက် ပျော်ရွှင်မှု အနေအတွက်သော်၎င်း ဆန္ဒကောက်ခံ ရာအတွက် ၎င်း poll widget တွေကို အသုံးပြုကြပါတယ်။ ကျတော်တို့အသုံးပြုနေတဲ့ blogpsot မှာ အလွယ်တကူ ထည့်သွင်းအသုံးပြုလို့ရပါတယ်။ အသုံးပြုတဲ့ poll widget တွေကို မြန်မာဘလော့ဂါ တွေအတွက် အဆင်ပြေစေရန် ဘယ်လို ပြန်လည်ပြင်ဆင်လို့ ရတယ်ဆိုတာ ကို ရှာတွေ့လို့ ပြန်လည် ဝေမျှ လိုက်ပါတယ်။

poll widget ထည့်ဖို့အတွက် Template > Page Elements > Add a Page Element ကနေ poll widget ကို မေးခွန်း တွေ ထည့်ပါ။ အားလုံးပြီးသွားလျှင် ဘလော့ ကိုကြည့်ပါ။ poll widget ပေါ်လာပါမယ်။

Add Border, background, Zawgyi-One font and Colors
အထက်မှာပြောပြ ထားတွေပြင်ဆင်ဖို့ Template > Edit HTML ကိုသွားပါ။ CSS Code ထဲက /* Sidebar Content */ ကိုရှာပါ။ မတွေ့လျှင်လဲ အဆင်ပြေသော CSS Code တွေက တနေရာမှာထဲ့ပါ။

/* Sidebar Content */
#Poll1{
background:#FFFF00 url(http://your image url);
border:3px solid #736AFF;
font-family: Zawgyi-One;
width:150px;
padding:0 10px;
}
အနီရောင်ပြထားတဲ့ ကုတ်တွေကို /* Sidebar Content */ အောက်မှာ ထည့်လိုက်ပါ။ background:#FFFF00 url(http://your image url); မှာ #FFFF00 ကာလာကုတ်ဖြစ်ပါတယ်။ မိမိနှစ်သက်ရာထည့်ပါ။ နောက်ခံ ပုံထည့်ချင်ရင် http://your image url မှာ မိမိနှစ်သက်ရာပုံကို ဟို့စ်တခုမှာ တင်ပြီး ရတဲ့ လင့်ကို ထိုနေရာမှာ အစားထိုးပါ။ border:3px solid #736AFF; က ပူးလ်ရဲ့ ဘောင်ကာလာနဲ့ အထူဖြစ်ပါတယ်။ width:150px; ကိုလည်း ချိန်ညှိပေးလို့ရပါတယ်။ နှစ်သက်သလိုပြင်ပါ။

Change Title Font
Poll ခေါင်းစဉ် ကို ဖောင့်အရွယ်အစား ကာလာ စတာတွေပြင်ဖို့ဖြစ်ပါတယ်။
/* Sidebar Content */
#Poll1{
background:#FFFF00;
border:3px solid #736AFF;
width:150px;
padding:0 10px;
}

#Poll1 h2{
text-align:center;
font-size:140%;
color:#F87431;
font-family:Zawgyi-One;
font-weight:bold;
}
အနီရောင်ကုတ်တွေကို Poll1အောက်မှာ ဆက်ရက်ထည့်ပါ။ text-align:center; ဆိုတာက ခေါင်းစဉ်ကို အလယ်မှာ ထားဖို့ဖြစ်ပါတယ်။ ဘယ်ဘက်ကြိုက်ရင် left, right စသည်ဖြင့် ပြောင်းပါ။ color:#F87431; ကခေါင်းစဉ်အရောင်၊ font-weight:bold;က bold italic normal စသည်ဖြင့် ... ဖြစ်ပါတယ်။ အဆင်ပြေပါစေ။





Labels: , , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

067.မိမိ ဘလော့က Navbar ကို ဖျောက်ထားချင်ရင်

 

မိမိ ဘလော့က Navbar ကို ဖျောက်ထားမယ်၊ ကာဆာလေး တင်လိုက်မှ ပြန်ပေါ်လာအောင် လုပ်တဲ့ နည်းပါ။ Firefox မှာပဲ အလုပ်လုပ် တယ်လို့ သိရပါတယ်။ CSS Code ထဲက လွတ်တဲ့တနေ ရာမှာ Body tag မတိုင်မီ တနေရာ မှာ ထဲ့လိုက်ရုံပါပဲ။


#navbar-iframe
{
opacity:0.0;
filter:alpha(Opacity=0)
}
#navbar-iframe:hover
{
opacity:1.0;
filter:alpha(Opacity=100, FinishedOpacity=100)
}





Labels: , , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

066..Comments Policy and comment moderation

 

ဘယ်လိုလုပ်ရလဲဆိုတာကလဲ ရိုးရှင်းပါတယ်။ Settings -> Comments -> Comments Form Message ဆိုတဲ့နေရာမှာ ကိုကြိုက်တာကို အင်္ဂလိပ်လို ၀င်ရေးရုံပါပဲ။ မြန်မာလိုရေးဖို့ ကတော့ HTML tags ၃ခုလောက်သာခွင့်ပြုထားတဲ့ အတွက် မရပါဘူး။

နောက်တခုက policy မှာ ဘလော့ပိုင်ရှင်က ကွန်မန့်များကို စစ်ပြီးမှ သာခွင့်ပြုမည် ဆိုရင်တော့ comment moderation ထက်ထည့်ရပါမည်။ Settings -> Comments -> Enable comment moderation မှာ Yes ဆိုပြီးထားပါ။ email နဲ့ပါ မိမိကို အသိပေးစေချင်ရင် အီးမေးလ် ထည့်ပါ။ save ပါ။


နောင် ရေးသွားတဲ့ ကွန်မန့်များကို Posting > Moderate comments မှာဝင်ကြည့်ပြီး ခွင့်ပြုမလား ဖျက်မလား စိတ်ကြိုက်လုပ်နိုင်ပါတယ်။





Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

065..အစစာလုံးကို ဆိုက်ကြီးကြီးနဲ့ ရေးချင်ရင်

 
Drop Caps style အစစာလုံးကို ဆိုက်ကြီးကြီးနဲ့ ရေးတဲ့ စတိုင်မျိုး ဖြစ်ပါတယ်။ မိမိဘလော့မှာလဲ အဲဒီပုံစံ အသုံးပြုချင် ရင်တော့ အောက်မှာပြထားတဲ့ ကုတ်ဒင်းတွေနဲ့ အသုံးပြုနိုင်ပါတယ်။ ပထမ တမျိုးကတော့ CSS နဲ့ရေးထားတဲ့ ကုတ်ဖြစ်ပါတယ်။


]]> မတိုင်မီ တနေရာမှာ ထဲ့ပါ။ ပြီးလျှင် တန်းပလိပ်ကို ဆေ့လုပ်ပါ။ မိမိ ပို့စ် အသစ်ရေးတဲ့ အခါ ပထမဆုံး စာလုံးကို D ဆိုပြီး ခံရေးပါ။ font-size နဲ့ ကာလာ ကိုလဲ မိမိနှစ်သက်ရာ ပြောင်းလဲအသုံးပြုပါ။

နောက်တခုက



ဘောက်ထဲက ကုတ်အားလုံးကို ကူးပြီး ပို့စ်ဘောက်ထဲကို ကော်ပီ ပေ့ လုပ်ရုံပါပဲ။ Your post here bla bla bla ဆိုတဲ့နေရာမှာ မိမိတင်မဲ့ပို့စ်ကို ရေးပါ။ >F< နေရာမှာ ပို့စ်ရဲ့ ပထမဆုံး စာလုံးကို ထဲ့ပါ။





Labels: , , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

064..မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အတွက်

 
အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ခါးညောင်းခံ တင်ထား ရေးထားတဲ့ မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အောက်ပါနည်းတွေအတိုင်းလုပ်လို့ ရကြောင်းရှာတွေ့တာလေး ပြန်ရှဲလိုက်ပါတယ်။ သိပြီးသား လည်းဖြစ် ချင်ဖြစ်မှာပါ။


http://blogname.blogspot.com/search?max-results=1000

blogname နေရာမှာ မိမိဘလော့ နံမည်ကိုရိုက်ပါ။ ပို့စ် ၁၀၀၀ ထက်နဲရင် save လုပ်လို့ရ တယ်လို့ ဆိုထားပါ တယ်။ တထောင် ထက် ကျော်ရင်တော့ မပြောတက်ဘူး။ အပေါ်က လိပ်စာအတိုင်းရိုက် ထဲ့လိုက်ရင် သင်ရေးခဲ့ သမျှ ပို့စ်အားလုံးပေါ်လာပါလိမ့်မယ်။ ပထမ ဦးစွာ ပုံတွေကို သီးသန့် save လုပ်ဖို့ firefox extension တခုဖြစ်တဲ့ DownThemAll ကိုသုံးပြီး ပုံတွေကို download လုပ်ယူနိုင်ပါတယ်။ မိမိဖတ်ချင်တဲ့ ဘလော့ဂါတယောက်ရဲ့ ရေးခဲ့သမျှ ပို့စ်တွေကို တခါထဲ ဖတ်ချင်ရင်လဲ အပေါ်က လင့်မှာ မိမိဖတ် မဲ့ဘလော့ဂါရဲ့ လိပ်စာကိုပြောင်း ထည့်လိုက်ပါ။

နောက်တဆင့်က ရေးထားတဲ့ ပို့စ်တွေက စာတွေသီးသန့် save ဖို့ အောက်က လင့်ကို သွားပါ။
http://blogname.blogspot.com/feeds/posts/default?max-
results=1000

XML feed ပါပဲ။ ပို့စ်က စာတွေပဲ သီးသန့်ပေါ်လာတာကို save page as(Ctrl+S) လုပ်လိုက်ရုံပါပဲ။ comments တွေကို သိမ်းဖို့
http://blogname.blogspot.com/feeds/comments/default?max-
results=1000

ဖြစ်ပါတယ်။





Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

060..Windows XP ကိုဘယ္လို Installaလုပ္မလဲ...

 
Windows XP ကို Installaပြန်လုပ်မယ်ဆိုရင်
ဒီနေရာကနေ

DOWNLOAD

ချနိုင်ပါတယ်........




Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

059.. Youtube ဆိုဒ်ကနေပြီး Movies တွေ မိမိကွန်ပျုတာထဲကို ဘယ်လို ဒေါင်လုတ်ချနည်း

 
URL လင့်ခ်များကို Youtube Download ဆိုဒ်များတွင် ရိုက်ထည့်ပြီး ဒေါင်းလုတ်ချခြင်း

လုပ်နည်း ( ၁ )


Tube Leecher ကို သွားလိုက်ပါ။ မိမိ ဒေါင်းလုဒ်ချချင်တဲ့ Youtube ရဲ့ URL ကို ရိုက်ထည့်ပြီး Download ဆိုတာကို Click လိုက်တာနဲ့ အိုကေပါပြီ။

လုပ်နည်း ( ၂ )


Youtube Catcher ကို သွားလိုက်ပါ။ မိမိ ဒေါင်းလုဒ်ချချင်တဲ့ Youtube ရဲ့ URL ကို ရိုက်ထည့်ပြီး Download Video ဆိုတာကို Click လိုက်တာနဲ့ အိုကေပါပြီ။

လုပ်နည်း ( ၃ )


Kiss Tube ကို သွားလိုက်ပါ။ မိမိ ဒေါင်းလုဒ်ချချင်တဲ့ Youtube ရဲ့ URL ကို ရိုက်ထည့်ပြီး OK ဆိုတာကို Click လိုက်တာနဲ့ အဆင်ပြေပါပြီ။

လုပ်နည်း ( ၄ )


Video2mp3 ကို သွားလိုက်ပါ။ မိမိ ဒေါင်းလုဒ်ချချင်တဲ့ Youtube ရဲ့ URL ကို Video URL ဆိုတဲ့ နေရာမှာ ရိုက်ထည့်ပြီး Convert ဆိုတာကို Click လိုက်တာနဲ့ အဆင်ပြေပါပြီ။ သူကတော့ MP 3 ကို တန်းပြောင်းပေးပါတယ်။ ( Credit : CMS's Web Diary )

Youtube မှ URL လင့်ခ်များကို ချိန်းပြီး ဒေါင်းလုတ်ချခြင်း

လုပ်နည်း ( ၁ )


မိမိဒေါင်းလုတ်ချချင်တဲ့ URL က youtube ဆိုတဲ့ နေရာလေးမှာ voobys ဆိုတဲ့ စာသားလေးကို အစားထိုးလိုက်ပါ။ ပြီးရင် Browser မှာ ရိုက်ထည့်လိုက်ရင် http://www.voobys.com ကို ရောက်သွားပြီး Download Video မှ တဆင့် ဒေါင်းလုတ်ချနိုင်ပါတယ်။ ဆိုလိုတာက ဥပမာ- မိမိဒေါင်းချင်တဲ့ URL လင့်ခ်က http://www.youtube.com/watch?v=5P6UU6m3cqk ရှိပါတယ်ဆိုပါဆို့။ ဒါဆိုရင် သူပြောတဲ့ အတိုင်း youtube နေရာမှာ voobys ဆိုတဲ့ စာသားလေးကို အစားထိုးပေးရမယ်ဆိုတော့ http://www.voobys.com/watch?v=5P6UU6m3cqk ဆိုပြီး ဖြစ်သွားမယ်။ အဲဒါကို Browser မှာ ရိုက်ထည့်လိုက်ရင် အိုကေပြီ။

လုပ်နည်း ( ၂ )

  1. javascript:b=fullscreenUrl;g=b.indexOf("t=");d=b.indexOf("&hl");h=b.substring(g,d);link="http://www.youtube.com/get_video?video_id=" + pageVideoId + "&" + h;location=(link);void(0)


အပေါ်မှာ ပေးထားတဲ့ JS Code ကို မိမိဒေါင်းလုတ်ချချင်တဲ့ URL တစ်ခုလုံး Browser နေရာမှာ အစားထိုးပြီး Enter ခေါက်လိုက်ရင် Download ဆိုပြီး ဘယ်နေရာမှာ Save မလဲ ဆိုတာ မေးလာပါမယ်။ ကိုယ် Save ချင်တဲ့ နေရာမှာ Save လိုက်ရင် ဒေါင်းလို့ အဆင်ပြေပါပြီ။

အပေါ်မှာ ရေးထားတဲ့ လုပ်နည်းတွေက ကျွန်တော် သိသလောက် ရေးထားတာပါ။ တခြားသော လုပ်နည်းများ ရှိရင်လဲ Comment မှာ ရေးထားပေးနိုင်ပါတယ်။ အားလုံးစုလိုက်တော့ ပိုသိပြီး ပိုကောင်းတာပေါ့။ နောက်တစ်ခု Youtube ကနေ ဒေါင်းလိုက်လို့ ထွက်လာတဲ့ ဖိုင်တော်တော်များများဟာ FLV အမျိုးအစားတွေ များပါတယ်။ ဒါကြောင့် FLV ကို ကြည့်လို့ရမယ့် Code ကို ဒီနေရာလေး မှာ ဒေါင်းပြီး မိမိကွန်ပျုတာမှာ Install ထားလိုက်ပါ။






Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

057.. gmail acc: နှစ်ခုတစ်ပြိုင်ထဲဖွင့်နည်း..

 

ပုံမှန်က Firefox မှာ E-Mail တစ်ခု ဖွင့်ပြီး နောက်တစ်ခု ထပ်ဖွင့်ရင် အရင်တစ်ခုက အလိုလို Sign Out ဖြစ်သွားပါတယ်။ အခုကတော့ အဲဒီလို မဖြစ်တော့ပါဘူး။ Firefox မှာ IE Tab Add-On လေးကို Add ပေးလိုက်ရင် အဆင်ပြေသွားပါပြီ။လုပ်နည်းကလဲ မခက်ပါဘူး။ ပုံမှန် Firefox မှာ Add on တွေ ထည့်သလိုပါပဲ။ အသုံးပြုချင်သူများ

IE Tab Add-On

ကို သွားပြီး Add to Firefox ( Windows ) ဆိုတာလေးကို Click ပြီးသွင်းလိုက်ပါ။

သွင်းပြီးသွားရင် Firefox ညာဘက် အောက်ခြေမှာ Firefox ပုံလေး ပေါ်လာပါလိမ့်မယ်။ မိမိ အသုံးပြုတဲ့ အခါမှာ ပထမဆုံး Firefox နဲ့ E-Mail တစ်ခုကို ဖွင့်လိုက်ပါ။ ပြီးရင် ခုနက သွင်းလိုက်လို့ ပေါ်လာတဲ့ Firefox ပုံလေးကို သွားပြီး Mouse အလယ်ကို Click လိုက်ရင် နောက်ထပ် E-Mail Box တစ်ခု IE Tab နဲ့ ပေါ်လာပါလိမ့်မယ်။


Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

056..Virus Security

 
ကျွန်တော် အရင်က စွဲစွဲမြဲမြဲသုံးခဲ့တဲ့ AntiVirus Software ဖြစ်တဲ့ AVIRA or AntiVir Software ကို သုံးကြည့်စေချင်ပါတယ်။ Personal Classic Edition က Free Ware ဖြစ်ပါတယ်။ Premium ဆော့ဝဲလ်က အလကားမရဘူးဗျ။ ၀ယ်ရတယ်။ ဒါပေမယ့်ဗျာ။ သိတဲ့အတိုင်းပဲ။ P2P Software တွေကတဆင့် လိုချင်တာတော်တော်များများကို ရှာလို့ရနေတာပဲ။ Premium Edition ကိုလည်း ဒေါင်းလုဒ်ချပြီးသုံးဖူးပါတယ်။ Personal Classic နဲ့ Premium Edition က ကွာသလားဆိုတော့ အများကြီးကွာပါတယ်။ Premium Edition မှာ Mail Guard , Personal Firewall အပြင် Rootkit Detection လည်းပါပါတယ်။ Hackers , Crackers တွေလက်စွမ်းမပြနိုင်အောင် လုံခြုံမှုပေးပါတယ်။

NOD32 အနေနဲ့ကတော့ လောလောဆယ် Resource Utilization နည်းတာရယ် Scanning Time ပိုမြန်တာရယ်ကြောင့် တချို့အားသာချက်တွေကြောင့် သုံးမိနေတုန်းပဲ။ ကျွန်တော် အကြိုက်ဆုံး ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဝဲလ် သုံးမျိုးရှိပါတယ် ။ NOD32, AntiVir (Avira Premium) နဲ့ Kaspersky တို့ဖြစ်ပါတယ်။

အခု ကျွန်တော်ပြောတဲ့ AntiVir Premium Edition ကို ဒီနေရာ[ 4Vista] [ 4XP]ကနေ ဒေါင်းလုဒ် ချနိုင်ပါတယ်။ ဇစ်ဖိုင်နဲ့တင်ထားပါတယ်။ ဇစ်ဖိုင်ကို ဖြည်ပြီး အင်စတောလုပ်နိုင်ပါတယ်။ License Key ပါပါတယ်။ License Key တောင်းတဲ့အခါ ဇစ်ဖြည်ထားတဲ့ ဖိုဒါကနေပြီးတော့ License Key ကိုထည့်ပါ။ အဆင်ပြေပါစေ။

AntiVir Premium for Windows Vista
AntiVir Premium for Windows XP






Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

055..Command Prompt Tools ကို Windows Exploreမ ရဲ့ Right-Click Menu မှာဒီလိုထည့်လို့ရတယ်..

 
  • Start--Run --regedit ရိုက်ထည့်ပြီး Enter ။
  • HKEY_CLASSES_ROOT\Directory\shell ထိရောက်အောင်သွားပါ။
  • Shell ရောက်ရင် Right Click ထောက် New--Key ကို Click လိုက်ပါ။
Name ကို CommandPrompt လို့ ပေးလိုက်ပါ။ ပြီးရင် အဲဒီ CommandPrompt ကို Double-Click လိုက်ပါ။ ညာဘက်မှာရှိတဲ့ New Default Value ကို Modify လုပ်ပြီး Value Data မှာ Command Prompt Here လို့ ထည့်လိုက်ပါ။

ပြီးရင် ညာဘက် လွတ်တဲ့ နေရာမှာ Right Click ထောက်ပြီး ပထမ တစ်ခုလိုပဲ New မှတဆင့် Key ကို သွားပါ။ Name ကို Command လို့ ပေးလိုက်ပါ။ New Default Value ကို Modify လုပ်ပြီး Value Data မှာ cmd.exe /k cd %1 လို့ထည့်လိုက်ပါ။
အားလုံးပြီးရင် Exit လုပ်ပြီး ထွက်လိုက်ပါ။ ပြီးရင် File တစ်ခုကို Right-Click ထောက်ပြီးကြည့်လိုက်ပါ။ Command Prompt Here ဆိုတဲ့ Tools တစ်ခု ရှိနေတာကို တွေ့ရပါလိမ့်မယ်။

Ref:manawthar





Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

054..BIOS..( Version Of Your Computer)

 

ကိုယ့် Computer မှာ BIOS Version က ဘာလဲ ဘယ်လိုကြည့်ရလဲ ဆိုတာကို ကြည့်တဲ့ နည်းလေးပါ။ ကိုယ်သုံးနေတဲ့ Computer ရဲ့ Properties လေးတွေကိုတော့ အနည်းနဲ့အများ သိထားသင့်ပါတယ်။ Computer ကို သုံးလို့ရရင် ပြီးရောဆိုတဲ့ စိတ်တွေနဲ့ သုံးနေကြတာ မကောင်းပါဘူး။ တစ်ချို့ကျတော့လဲ ကွန်ပျုတာကို နေ့စဉ်အသုံးပြုနေကြတယ်။ ဒါပေမယ့် အချိန်မရလို့တဲ့ ဘာမှ မလုပ်ဖြစ်ဘူး။ မသိဘူးလို့ ပြောကြတယ်။ " ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ကြတဲ့ လူသားအားလုံး တစ်ရက်ကို (၂၄) နာရီပဲ ခံစားခွင့် တန်းတူရကြတာပါ " ။ ရေးစရာရှိတာ မရေးပဲ လေရှည်နေပြန်ပြီ :D ။

BIOS အမျိုးအစားကို မကြည့်ခင် BIOS အကြောင်း အနည်းငယ် ပြောကြည့်ရအောင်။ BIOS ဆိုတာ Basic Input/Output System ကို အတိုကောက် ခေါ်တာပါ။ System BIOS လို့လဲ ခေါ်ကြတယ်။ ဒီလောက်သိထားရင် ရပြီ။ ကျွန်တော်လဲ အဲဒါပဲ သိတယ် :D ။ ဒီထက်ပိုသိချင်ရင်တော့ ဒီမှာ သွားဖတ်ကြည့်လိုက်ပါ။BIOS ကို Computer Power On လိုက်တာနဲ့ Keyboard ကနေ Delete Key ကို နှိပ်လိုက်ရင် ( တစ်ချို့စက်များ ၊ Notebook များ F2 ...) တက်လာပါတယ်။

BIOS အမျိုးအစားကို ကြည့်မယ်ဆိုရင် Window XP ပဲ ဖြစ်ဖြစ် Window Vista ပဲ ဖြစ်ဖြစ် Start -- All Programs -- Accessories -- System Tools ကို သွားပြီး System Information ကို Click ပါ။
*
System Information ကို Click လိုက်တာနဲ့ Window Vista View က System Information ကို ဒီလို မြင်ရပါတယ်။ BIOS Verion ကို တော့ အနီရောင် နဲ့ပြထားပါတယ်။


System Information ကို Click လိုက်တာနဲ့ Window Vista View က System Information ကို ဒီလို မြင်ရပါတယ်။ BIOS Verion ကို တော့ အနီရောင် နဲ့ပြထားပါတယ်...

*
*


ဒီ BiOS Version ကြည့်တာကို နောက်တနည်းအနေနဲ့ Computer ကို Power On လိုက်တာနဲ့ BIOS screen တက်လာတဲ့ အခါမှာလဲ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ BIOS screen ဟာအချိန်အနည်းသာ ကြာမြင့်တဲ့ အတွက် သေချာကြည့်လို့ မရနိုင်တဲ့ အတွက် အပေါ်ကနည်းကိုပဲ အသုံးပြုတာ ကောင်းပါတယ်။ အခုဆိုရင် ကိုယ့် Computer ရဲ့ BIOS Version တွေကို ကြည့်လို့ ရပြီ ဖြစ်လို့ Motherboard manufacturer’s web site တွေကို သွားပြီး Current BIOS Version တွေကို Download ချနိုင်ပါပြီ။

ဒီပို့စ်မှာ ကျွန်တော်က BiOS Version ကြည့်တာကို အဓိကထားပြောသွားတာပါ။ System Informationကျန်တဲ့ Properties တွေကိုလဲ ကြည့်နိုင်ပါတယ်။ OS Name , Version , OS Manufacture , System Name etc....စ သဖြင့် မိမိ ကွန်ပျုတာ တစ်ခုလုံးရဲ့ Information တွေကို အသေးစိတ်ကြည့်ရှု့နိုင်ပါတယ်။

Ref:manawthar





Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

053..website..လိပ်စာအမြန်ရိုက်ခြင်း

 
လိပ်စာ URL တစ်ခုရိုက်တော့မယ်ဆိုရင် Ctrl Key နဲ့တွဲပြီး Enter ခေါက်ရင် မြန်ပါတယ်။
ဥပမာ http://www.google.com ကိုရိုက်မယ်ဆိုရင်
google ကို အရင်ရိုက်ပါ။
ပြီးရင် Ctrl + Enter ရိုက်လိုက်ရင်အတော်မြန်သွားပါပြီ။


Ctrl + Enter ..eg.http://www.google.com
Shift + Enter ..eg.http://www.asp.net
Ctrl+ Shift+ Enter..eg.http://www.google.org





Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

050.. အင်တာနက် ကွန်နက်ရှင် မရှိတဲ့ Work Group မှာချက်နည်..

 
Window XP လေးဖြစ်ဖို့တော့လိုပါမယ်.....

Conversation ဆောဖ်ဝဲလ်လေးက Window XP မှာ အစကတည်းက ပါလာပြီးသားပါ..
.winchat.exe ပါ...
သူက အင်တာနက် ကွန်နက်ရှင် မရှိတဲ့ Work Group တွေမှာ တော်တော်အသုံးဝင်ပါတယ်..

ဒါပေမယ့် သူက peer to peer system ပုံစံမျိုးမို့ . ကိုယ်စကားပြောချင်တဲ့ကွန်ပြုတာရဲ့ နာမည်နဲ့ အိုင်ပီကို သိထားရမယ့်...
သူ့  ဘက်ကလည်း winchat software ကို ဖွင့်ထားမှ အဆင်ပြေတာမို့ လူကြိုက်နည်းတယ်.
.ဘာမှ အင်စတောလုပ်စရာမလိုပါဘူး...

* Start မီနူးထဲက run box ထဲမှာ winchat လို ရိုက်ထည့်ပီး Ok ကို နှိပ်လိုက်ပါ..
* Conversation အောက်မှာ Dial ,Answer,Hang up ရယ် ရှိပါတယ်...
* Dial ကိုနှိပ်လိုက်ရင် select Computer ဆိုပီးကျလာပါလိမ့်မယ်..
* Computer ဆိုတဲ့ အကွက်မှာ ကိုယ်ခေါ်ချင်တဲ့ သူသုံးနေတဲ့ Computer name ဒါမှမဟုတ် အိုင်ပီကို ထည့်ပီး ခေါ်လိုက်ရင် သူ့ စက် မှာ ဖုန်းသံ ring မြည်လာပါလိမ့်မယ်..
* သူက Answer ပြန်လုပ်မယ်ဆိုရင်တော့ အားလုံး OK ပေါ့...

1. Dial က သူများကို စခေါ်မယ်ဆိုရင် သုံးတာပါ...
2. Answer က ကိုယ့်ကို လာခေါ်တဲ့သူကို ပြန်ခေါ်မှာပါ..
3. Hang up က တော့ အားလုံး သိကြတဲ့ အတိုင်း လက်ရှိပြောနေတဲ့သုနဲ့ ဆက်မပြောတော့တာပါ...

Net Meeting Services လေးတော့ဖွင့်ထားပေးဖို့လိုအပ်ပါတယ်ခင်ဗျာ....





Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

046..Voice Recognition

 
ဒါလေးကတော့ အပျင်းပြေစရာလေး တစ်ခုပါ။ ဒီဆော့ဝဲလ်လေးကို install လုပ်ပြီးရင် စကားပြောခိုင်းလို့ ရပါပြီ။ Free Version ပါ။Window ကပေးထားတဲ့ Narrator နဲ့ တူပါတယ်။ အခု ကျွန်တော်တို့ သုံးနေတဲ့ Chatting language ဘားဂလိပ်ပေါ့ အဲဒါနဲ့ လည်း တိုက်ပ်လို့ရပါတယ်။ကိုယ့်ဘေးမှာ လာဆူနေရင် ကိုယ့်အလုပ်လုပ်နေတဲ့ အချိန် စကားတွေလာပြောနေရင် အားနာလို့ ပါးစပ်က မပြောချင်ရင် ဒါလေးကို ဖွင့်ပြီး မဆူနဲ့လို့ တိုက်ပ်လိုက်ရုံပါပဲ ပြီးရင် Play ခလုပ်လေးကို နှိပ်လိုက် အလိုက်မသိရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ.......:)


Download Link





Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android


►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ