ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

2283.. Facebook အတွင်းသို့ Color Change Malware ပြန့်နှံ့နေတယ်

 

Facebook profile ကို အရောင်များဖြင့် ပြောင်းလဲပေးမည် ဆိုသော Color Change scam သည်
သုံးစွဲသူ များကို ဆိုက်တစ်ခုမှ malware အား download ပြုလုပ်စေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ malware သည် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်တွင် ကူးစက်
ပျံ့နှံ့နေကြောင်း တရုတ် အင်တာနက် ကုမ္ပဏီ Cheetah Mobile က ဆိုခဲ့သည်။

၎င်း malware သည် Facebook သုံးစွဲသူ များက ၎င်းတို့၏ profile အရောင်ကို ပြောင်းလဲနိုင်သည် ဟူသော
app တစ်ခုကို ကြော်ငြာခြင်းဖြင့် စတင်ခဲ့သည်။ ၎င်းသည် app ကို download ပြီး သုံးစွဲသူအား
အန္တရာယ်ရှိသည့် phishing ဆိုက်တစ်ခုသို့ ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း Cheetah Mobile ၏
လုံခြုံရေး သုတေသီများက ပြောကြားခဲ့သည်။

အဆိုပါ phishing ဆိုက်သည် သုံးစွဲသူ များအား နည်းလမ်း နှစ်မျိုးဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ဆိုသည်။
ပထမ နည်းလမ်းသည် Color Changer အသုံးပြုပုံ ဗီဒီယိုကို ကြည့်ရှုခိုင်းကာ သုံးစွဲသူ၏ Facebook
Access Token များကို ခိုးယူခြင်းဖြစ်သည်။ Token များကို ယာယီ အသုံးပြုခွင့် ပေးပြီးနောက်
ဟက်ကာများက သုံးစွဲသူ၏ Facebook သူငယ်ချင်း များထံ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

အကယ်၍ သုံးစွဲသူက ဗီဒီယိုကို မကြည့်ရှုပါက phishing ဆိုက်သည် အန္တရာယ်ရှိသည့် application ကို
download ပြုလုပ်စေရန် ကြိုးပမ်းမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူက ကွန်ပျူတာပေါ်မှ အသုံးပြုက
phishing ဆိုက်သည် video player တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။ သုံးစွဲသူက Android
ထုတ်ကုန် တစ်ခုပေါ်မှ အသုံးပြုပါက phishing ဆိုက် အနေဖြင့် ၎င်းထုတ်ကုန်တွင် malware ကူးစက်
ခံနေရကြောင့် သတိပေးချက် တစ်ခု ဖော်ပြကာ app တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။

၎င်းပြဿနာသည် Facebook တွင်ရှိသည့် အားနည်းချက် တစ်ခုကြောင့် ဖြစ်ပြီး အဆိုပါ အားနည်းချက်သည်
Facebook အခြေခံ app များ အတွင်းသို့ ဟက်ကာများက virus များနှင့် အန္တရာယ် ရှိသည့် code
များ ထည့်သွင်းစေနိုင်ကြောင်း Cheetah Mobile မှ ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက်ကို Facebook က ပြင်ဆင်ရန် စီစဉ်နေခြင်း ရှိ၊ မရှိ မသိရှိသေးကြောင်း
Mashable က ဖော်ပြခဲ့သည်။

INternet Journal

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

2282.. Free KASPERSKY INTERNET SECURITY 2015 LICENSE

 
              နိုင်ငံခြားဆိုဒ်ကတွေ့လိုက်လို့ KASPERSKY ချစ်သူတွေ အတွက်ပါ.....သုံးနေတဲ့ သူတွေက ဘယ်လို အသုံးဝင်လည်း သိမှာပေါ့နော်......
              delivers premium PC protection from all Internet threats. Award-winning technologies.

1.... အင်တာနက် လိုင်းကိုပိတ်ထားပါ....
2....Read Me ကိုဖတ်ပြီး လုပ်ပါ....
3....2014 ကို uninstall လုပ်စရာ မလိုပါဘူး.....
4...Crack File ပါပါတယ်......

             လိုင်းမကောင်းဘူး ပြန်တင်နေတာကြာနေတာနဲ့ မူရင်း Link ပဲ ချိတ်ပေးလိုက်ပါတယ်.....
File: KIS14 CRACK VINSI.rar
Size: 96.98 KB
ဒေါင်းလုပ် ဆိုဒ်ကိုရောက်ရင် Use our download manager and get recommended downloads ဆိုတဲ့ စာသားဘေးက အမှန်ခြစ်ကို ဖြုတ်လိုင်ပါ....

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2308.. Advanced SystemCare Ultimate 7.1.0-latest- with key

 
              advanced systemcare ultimate ကတော့် အားလုံးသိတဲ့ အတိုင်းပဲ PC ကို စောင့်ရှောက်တဲ့ နေရာ သူက အထိရောက်ဆုံးပဲ......လက်ဆောင်ချက်တွေလည်းစုံတယ်....
Key ပါပါတယ်........
1.Protects you against viruses, spyware, hackers, phishing, botnets and more
2.Secures your privacy when surfing online in real time
3.Boosts, cleans, and fixes all kinds of PC problems with just 1 click
4.Light and fast, compatible with other security products

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2291.. Panda Cloud Antivirus Free 2014 - Free Download

 
   သင့်ကွန်ပျူတာမှာ malware အမျိုးမျိုး   viruses, adware, Trojan horses, spyware တို့ကို ထိရောက်စွာ ရှာဖွေ သတ်ပေးတဲ့  Antivirus လေးပဲဖြစ်ပါတယ်....နောက်ပြီး Freeware ပါ......ဆောင်ထားသင့်ပါတယ်.......
File Size: 1.38MB
Version:
3.0
Developer: Panda Security
Download Panda 2014 for Windows


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2171.. Internet Download Manager v6.19 +Crack (32bit & 64bit) 21.3.14

 

          March-21 ရက်နေ့ ထွက်ထားတဲ့ Update လေးပါ။Crack File ကိုအသုံးမပြုခင် အင်တာနက်ကွန်နရှင် နဲ့ Antivirus ကိုပိတ်ထားပေးဖို့လိုအပ်ပါတယ်ဗျာ။
DOWNLOAD

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2070.. 2014-January အထိအသုံးပြုနိုင်မယ့် Kaspersky Key

 


                     Kaspersky Antivirus အတွက်ရော Internet Security အတွက်ပါ နှစ်မျိုးလုံး ထည့်ပေးထားပါတယ်....
 

                တစ်နှစ်နီးပါး အသုံးပြုလို့ရပါတယ်။ လတိုင်းအတွက် Key တွေထည့်ပေးထားပါတယ်...




.......Internet ကို ပိတ်ထားပါ
.......KAV ဖွင့်ပါ။
....... License Manager ကိုကလစ်ပါ။
.......Activate ဖြစ်နေတဲ့ ကီးအဟောင်းကို Delete လုပ်ပါ။
.......Activate Key နေရာမှာ 11111-11111-11111-1111X ကိုရိုက်ပြီး ခဏစောင့်ပါ။
.......ကီးမှားတယ်ဆိုတဲ့ Message တက်လာရင် OK နှိပ်ပါ။
.......ဒါဆိုရင် KAV,KIS ကီးဖိုင်သိမ်းထားတဲ့နေရာကို Browse လုပ်ပေးပြီးကီးဖိုင်တွေပေါ်လာပါမယ်။ 
.......အဲဒီကီးဖိုင်မှ ကီးတခုကို Select လုပ်ပေးလိုက်ပြီး Activate လုပ်ပါ။
.......Activate ဖြစ်သွားရင် Internet ကို Connect ပြန်လုပ်ပါ။
        

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1978.. Kaspersky Keys Updated 18-8-2012

 
1. Click “Manage License” From Right Bottom of Kaspersky, Then click “Activate the application”
2. DELETE old license at first [IF ANY]
3. Enter key: 11111-11111-11111-1111X
4. Click on Next
5. Click on Browse
6. Specify the path to any key (file) from the Keys folder
7. Click on Next
8. After activation, Turn on/Connect internet
9. Update virus definitions once/twice in a week to avoid key block

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

323..Virus အမျိုးအစားခွဲခြားခြင်း..

 

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..


worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)



သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...


Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :D
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D


Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...။

ကိုဇော်ဆိုဒ်မှဖေါ်ပြသည်.......



Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

314.. AVG Anti-Virus Free Edition 8.0.169 (anti-virus software)

 

အခမဲ့ရယူနိုင်တဲ့ Antivirus Software ဖြစ်ပါတယ်။ Windows 2000/ XP နဲ့ Vista တို့မှာသုံးစွဲနိုင်ပါတယ်။ ဘယ်လို ကန့်သတ်ချက်တွေမှ ရှိမနေပါဘူး။ AVG Free Edition ဟာလူသိများတဲ့ antivirus တစ်ခုဖြစ်ပြီး အခမဲ့ ပေးထား သလိုစိတ် ချလက်ချသုံးစွဲနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုပါ။ အလွယ်တကူ သုံးစွဲနိုင် ပြီး version 8.0.169 မှာတော့ယခင်က Version ထက် Feature တွေပိုများလာ သလို လုပ်ဆောင်ချက်ကလည်း အတော်မြင့်မားလာပါတယ်။ Antispyware ပါရှိလာတာကလည်း အတော် ကောင်းမွန်တဲ့အချက်ပါ။


http://free.avg.com/




Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

311.. Avira Antivir Personal - Free Antivirus 8.1.0.331

 

ရှုပ်ထွေးပေမဲ့သုံးစွဲရလွယ်ကူတဲ့ antivirus ပရိုဂရမ်ပါ။ စီးပွားရေး လုပ်ငန်းအတွက်မဟုတ်တဲ့သုံးစွဲသူတွေအတွက် Virus ကာကွယ်မှုကို အခမဲ့ပေးထားပါတယ်။ Avira က viruses, Trojans, backdoor ပရို ဂရမ်၊ worms အစရှိတဲ့အရာတွေကိုအပိုဆောင်းသုံးစွဲနိုင်ဖို့စီမံပေးထားပါ တယ်။ Instal။နဲ့ configuration ကိုအဆင့်အနည်းငယ်ဖြင့်ပြုလုပ်နိုင် ပါတယ်။ အခမဲ့ပေးထားတဲ့ antimalware နဲ့ antivirus app တွေဟာ system ရဲ့နောက်ကွယ်မှာမှလုပ်ကိုင်ပေးမှာဖြစ်ပါတယ်။

http://www.softpedia.com/get/Antivirus/AntiVir-Personal-Edition.shtml



Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

301.. Kaspersky Anti-Virus 2009

 

Kaspersky Lab ကနေ ဖြန့် ချိလိုက်တဲ့ Anti-Virus 2009 အတွင်း ကွန်ပျူတာကို အန္တရာယ် ပြုနိုင်တဲ့ ပရိုဂရမ်တွေကို အလျင်အမြန်စစ်ဆေး ဖော်ထုတ်ပေးနိုင်မယ့် anti-malicious software engine ပါရှိလာပြီး ဆော့ဖ်ဝဲတွေရဲ့ အားနည်းချက်ကို စစ်ဆေးဖော် ထုတ်ပေးနိုင်မယ့် Secunia rulnerability database နဲ့ built-in system restore လုပ်ဆောင်ချက်တွေထည့်ပေးတားတာ ကြောင့် အသုံးပြုသူတွေ သဘောကျနိုင်ကြမှာဖြစ်ပါတယ်။

Kaspersky Anti-Virus ဆော့ဖ်ဝဲတွေဟာ ကမ္ဘာ့အကောင်း ဆုံး ပရိုဂရမ်တွေအဖြစ် သတ်မှတ်ခံထားရတာကြောင့် စွမ်းဆောင်ရည်အပိုင်းမှာ အထူးပြောစရာ မလိုပေမယ့် ဒီ Kaspersky Anti- Kaspersky Anti-Virus 2009 Virus 2009 ကတော့ သူ့အရင် ထွက်ပေါ်ခဲ့တဲ့ version တွေလို မျိုး တအံ့တသြ ဖြစ်စရာ လုပ်ဆောင်ချက်တွေကို မတွေ့ခဲ့ရပါဘူး။ Application နဲ့ boot-up time စမ်းသပ်မှုတွေမှာဆိုရင် ပြီးခဲ့တဲ့ version မှာထက် ပိုမိုနှေးကွေးနေတာ ကို တွေ့ရပါတယ်။ ဒါပေမယ့် antimalicious software engine က ပိုမိုတိုးတက်လာပြီး file scan စမ်းသပ်မှုတွေမှာ ပိုမိုမြန်ဆန်လာတာကို တွေ့ခဲ့ရပါတယ်။ ဒီ Kaspersky Anti-Virus 2009 ဟာ ကွန်ပျူတာကို အန္တရာယ်ပြု နိုင်မယ့် malicious ပရိုဂရမ်တွေ ကို စစ်ဆေးနိုင်မှုအပိုင်းမှာ အထူး ကောင်းမွန်ပေမယ့် အသုံးပြုလုပ် ဆောင်ရတဲ့အပိုင်းမှာတော့ အဆင် မပြေမှုတချို့ကြုံခဲ့ရပါတယ်။ပရိုဂရမ်ကို စမ်းသပ် install လုပ်ကြည့်ရာမှာ အခက်အခဲတချို့ ကြုံခဲ့ရပြီး interface က အနည်းငယ် ရှုပ်ထွေးနေတဲ့အပြင် update နဲ့ scan ပြုလုပ်အပြီးမှာဖော်ပြတဲ့ message တွေကလည်း ရှင်းရှင်းလင်းလင်းမရှိ တာကိုတွေ့ရပါတယ်။ ဒီ KAV 2009 ကို Windows XP ကွန်ပျူတာအတွင်း install လုပ်တဲ့အခါ ZoneAlarm firewall နဲ့ AVG 8.0 တို့ကိုဖယ်ရှား ပေးဖို့ တောင်းဆိုတာကိုတွေ့ရပါ တယ်။ အမှန်မှာ AVG 8.0 ကို uninstall ပြုလုပ်ပြီးသားဖြစ်ပေ မယ့် registry ဖိုင်တွေ ကျန်ရှိနေဆဲ ဖြစ်တာသာဖြစ်ပါတယ်။ Install။ ပြုလုပ်ပြီးတဲ့နောက် Windows ရဲ့ Firewall ကနေ Kaspersky ကို မသိဘဲ block လုပ်ရမလားဆိုပြီး မေးမြန်းလာတဲ့ အပြင် product code ကို ရိုက်ထည့်ပြီး register လုပ်ရာမှာလည်း အဆင်မပြေဖြစ် ခဲ့ရပါတယ်။ ပရိုဂရမ်ကို ကွန်ပျူတာထဲကနေ အပြီးတိုင် ဖယ်ရှားရှင်းလင်းပစ်လိုရင်တော့ Start menu ထဲရှိ All Program ရှိ Remove ကို နှိပ်ပြီး uninstall ပြုလုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ uninstall လုပ်ဆောင်ချက်ဟာ ပရိုဂရမ် နဲ့ ပတ်သက်သမျှ အလုံးစုံကိုဖယ် ရှားပေးနိုင်ခြင်းမရှိဘဲ တခြား antivirus ဆော့ဖ်ဝဲတွေလိုမျိုးပဲ registry ထဲမှာ entry တွေ ကျန်နေခဲ့တာကို တွေ့ရပါတယ်။ Kaspersky ကတော့ အခုလိုဖြစ်ရခြင်းဟာ မိုက္ကရိုဆော့ဖ်ရဲ့ uninstaller အားနည်းချက်ကြောင့်လို့ အပြစ်ဖို့ထားပါတယ်။ ပရိုဂရမ်ရဲ့ interface က သိပ်ပြီး ဆွဲဆောင်မှုမကောင်းတဲ့အပြင် စကရင်တစ်ခုချင်းစီမှာလည်း Kaspersky Internet Security 2009 က ကွန်ပျူတာကို ပိုမိုအကာ အကွယ်ပြုနိုင်မှာဖြစ်ကြောင်း သတိပေးချက်တွေ ပေါ်ထွက်လာ တတ်တာကို တွေ့ရပါတယ်။ ဒီ interface အတွင်း ပထမဆုံးတွေ့ ရမှာကတော့ အနီရောင်သတိပေး ချက်ဖြစ်ပြီး အများအားဖြင့်တော့ Fix Now ကို ကလစ်လုပ်လိုက်တဲ့ အခါ update လုပ်ဖို့ပဲလိုနေတာမျိုး တွေ့ရတတ်ပါတယ်။ ပရိုဂရမ် က automatic update က ရှင်း လင်းပြီး ရာခိုင်နှုန်းမည်မျှရောက်ရှိနေပြီ စတာကိုပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကွန်ပျူတာကို quick scan ပြုလုပ်ကြည့်ရာမှာ ပြီးစီး သွားပြီးနောက် ရလဒ်ကို ဖော်ပြ မပေးဘဲ scan ပြုလုပ်မယ့် စကရင်စီ ပြန်ရောက်သွားတာကို တွေ့ရပါ တယ်။ ဒီလို scan လုပ်ထားတဲ့ ရလဒ်ကို သိရှိနိုင်ဖို့အတွက်က တော့ report button ကို နှိပ်ပေး ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တခြား လုပ်ဆောင်ချက်တွေမှာလည်း ဒီလိုမျိုးပဲ ရလဒ်ကို တိုက်ရိုက်ဖော် ပြပေးခြင်းမရှိဘဲ စကရင်ပေါ်က button တွေကို နှိပ်လိုက်မှသာ အသေးစိတ်အချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ Kaspersky Anti-Virus 2009 အတွင်း ဖိုင်နဲ့ memory ကို စစ်ဆေးပေးနိုင်မယ့်လုပ်ဆောင်ချက်၊ e-mail နဲ့ instant message တို့ကနေ ဗိုင်းရပ်စ်ဝင်ရောက် လာမှုကို ကာကွယ်ပေးမယ့်လုပ်ဆောင်ချက်နဲ့ Web traffic ကို စောင့်ကြည့်ပေးမယ့်လုပ်ဆောင်ချက် တို့ ပါရှိလာတဲ့အပြင် တခြားအပို လုပ်ဆောင်ချက်တွေကိုလည်း ထည့်ပေးထားတာတွေ့ရပါတယ်။ Malicious ပရိုဂရမ်တွေကနေ ကွန်ပျူတာအတွင်းရှိ systemိ ဖိုင် တွေကို ဖျက်ဆီးလိုက်တဲ့အခါမျိုးမှာ ကွန်ပျူတာကို မူလအတိုင်း ပြန်လည်လုပ်ဆောင်နိုင်စေမယ့် Rescue Disk တစ်ခုဖန်တီးထား နိုင်မှာဖြစ်ပါတယ်။ ဒီလို Windows XP rescue disk ကို ဖန်တီးဖို့အတွက်ကတော့ Windows XP SP2 စီဒီရှိထားရမှာဖြစ် ပါတယ်။ ပရိုဂရမ်ရဲ့ Security Analyzer က Secunia ရဲ့ database ကို အသုံးပြုကာ ဆော့ဖ်ဝဲတွေရဲ့ အားနည်းချက်တွေကို စစ်ဆေးဖော်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့စမ်းသပ် ကြည့်ခဲ့တဲ့ ကွန်ပျူတာမှာ ဆော့ဖ်ဝဲ အားနည်းချက် ၄၈၁ ခု တွေ့ရှိခဲ့ရ ကာ ဒီအားနည်းချက်တွေကို ဖြေရှင်းဖို့အတွက် link တစ်ခုစီကနေ လိုအပ်တဲ့ update သစ်တွေကို လိုက်ပြီး download ပြုလုပ်ခဲ့ရပါ တယ်။ ဒါ့အပြင် ဒီလုပ်ဆောင်ချက်ဟာ ဆော့ဖ်ဝဲတွေရဲ့ဘယ် version ကို အသုံးပြုနေတယ်ဆိုတာ ဖော်ပြမပေးနိုင်တာကြောင့် လိုအပ်တဲ့ update ကို ရှာဖွေရတာကလည်း အတော်ကြီး လက်ဝင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီ Kaspersky Anti-Virus 2009 ဟာ ဗိုင်းရပ်စ်ကို စစ်ဆေးဖော်ထုတ်ပေးနိုင်မှုအပိုင်းမှာ ထိပ်တန်းအဆင့်ရှိပြီး file scanး စမ်းသပ်မှုမှာ မြန်ဆန်ပေမယ့် တခြား စမ်းသပ်မှုတွေမှာတော့ ၂၀၀၈ ခုနှစ်ထုတ် version ထက်နှေးကွေးနေတာကို တွေ့ရပါတယ်။ iTunes စမ်းသပ်မှုမှာ ၂၇၅ စက္ကန့် ကြာခဲ့ပြီး Microsoft Office စမ်း သပ်မှုမှာ ၁၅၈၄ စက္ကန့်ကြာခဲ့ကာ older အလိုက် scan လုပ် စမ်း သပ်ကြည့်ရာမှာတော့ ၂၅၆ စက္ကန့် ရှိခဲ့တာကို တွေ့ရပါတယ်။ Bootup speed မှာတော့ ၃၃.၈၄ စက္ကန့်ရှိခဲ့တာကို တွေ့ရပါတယ်။ AV-Comparatives.org ရဲ့ စမ်းသပ်မှုရလဒ်တွေအရ Kaspersky Anti-Virus 7 ဟာ ondemand scan ပြုလုပ်တဲ့အခါဗိုင်း ရပ်စ် ၉၈ ရာခိုင်နှုန်းကို ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့ပြီး Advanced+ သတ်မှတ်ခံခဲ့ရကာ Retrospective/ Proactive စမ်းသပ်မှုမှာ Advance အဆင့်သတ်မှတ်ခံခဲ့ရ တာကိုတွေ့ရပါတယ်။ တခြား anti-virus ဆော့ဖ်ဝဲတွေနဲ့နှိုင်းစာတဲ့ အခါ Kaspersky ဟာ ဗိုင်းရပ်စ်မဟုတ်တဲ့ ဖိုင်တွေကို ဗိုင်း ရပ်စ်အဖြစ် မှားယွင်းသတ်မှတ်မိတဲ့ နှုန်းအနည်းဆုံးဖြစ်တဲ့အကြောင်း တွေ့ရပါတယ်။ Kaspersky Anti-Virus 2009 အတွင်း content-Sensitive help ဖိုင်ပါဝင်လာတာ ကြောင့် မိမိလက်ရှိအသုံးပြုနေတဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အလွယ် တကူ ရှာဖွေဖတ်ရှုနိုင်မယ့်အပြင် online FAQ နဲ့ Knowledge bage့ ၀က်ဘ်ဆိုက်ကိုသုံးပြီးလည်း ပရိုဂရမ်နဲ့ပတ်သက်တဲ့ ရှင်းလင်း ချက်တွေကို ရှာဖွေဖတ်ရှုနိုင်မှာ ဖြစ် ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက ပညာရှင်တွေဆီ e-mail က တစ်ဆင့် ဒါမှမဟုတ် တယ်လီဖုန်းကနေ တစ်ဆင့် အခက်အခဲတွေပြဿနာ ရပ်တွေကို မေးမြန်းနိုင်ကြမှာဖြစ်ပါတယ်။ ခြုံပြီးသုံး သပ်ရရင်တော့ Kaspersky Anti-Virus 2009 ဟာ interface ရှုပ်ထွေးမှုကြောင့် အသုံးပြုရာမှာအဆင်မပြေမှုတချို့ ကြုံခဲ့ရပေမယ့် anti-malicious software engine ကို ပိုမိုတိုးတက် ကောင်းမွန်အောင်ပြုလုပ်ပေးထား ခြင်းနဲ့ tool သစ်တွေ ထပ်မံဖြည့် စွက်ပေးထားခြင်းတို့ကြောင့် မိမိရဲ့ ကွန်ပျူတာကို ပြင်ပက တိုက်ခိုက် မှုတွေကနေအကာ အကွယ်ပြု ထားဖို့အတွက်လိုအပ်တဲ့ ထိပ်တန်း ဆော့ဖ်ဝဲသစ်တစ်ခု အဖြစ်သတ် မှတ်နိုင်မှာဖြစ်ပါတယ်။





Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

056..Virus Security

 
ကျွန်တော် အရင်က စွဲစွဲမြဲမြဲသုံးခဲ့တဲ့ AntiVirus Software ဖြစ်တဲ့ AVIRA or AntiVir Software ကို သုံးကြည့်စေချင်ပါတယ်။ Personal Classic Edition က Free Ware ဖြစ်ပါတယ်။ Premium ဆော့ဝဲလ်က အလကားမရဘူးဗျ။ ၀ယ်ရတယ်။ ဒါပေမယ့်ဗျာ။ သိတဲ့အတိုင်းပဲ။ P2P Software တွေကတဆင့် လိုချင်တာတော်တော်များများကို ရှာလို့ရနေတာပဲ။ Premium Edition ကိုလည်း ဒေါင်းလုဒ်ချပြီးသုံးဖူးပါတယ်။ Personal Classic နဲ့ Premium Edition က ကွာသလားဆိုတော့ အများကြီးကွာပါတယ်။ Premium Edition မှာ Mail Guard , Personal Firewall အပြင် Rootkit Detection လည်းပါပါတယ်။ Hackers , Crackers တွေလက်စွမ်းမပြနိုင်အောင် လုံခြုံမှုပေးပါတယ်။

NOD32 အနေနဲ့ကတော့ လောလောဆယ် Resource Utilization နည်းတာရယ် Scanning Time ပိုမြန်တာရယ်ကြောင့် တချို့အားသာချက်တွေကြောင့် သုံးမိနေတုန်းပဲ။ ကျွန်တော် အကြိုက်ဆုံး ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဝဲလ် သုံးမျိုးရှိပါတယ် ။ NOD32, AntiVir (Avira Premium) နဲ့ Kaspersky တို့ဖြစ်ပါတယ်။

အခု ကျွန်တော်ပြောတဲ့ AntiVir Premium Edition ကို ဒီနေရာ[ 4Vista] [ 4XP]ကနေ ဒေါင်းလုဒ် ချနိုင်ပါတယ်။ ဇစ်ဖိုင်နဲ့တင်ထားပါတယ်။ ဇစ်ဖိုင်ကို ဖြည်ပြီး အင်စတောလုပ်နိုင်ပါတယ်။ License Key ပါပါတယ်။ License Key တောင်းတဲ့အခါ ဇစ်ဖြည်ထားတဲ့ ဖိုဒါကနေပြီးတော့ License Key ကိုထည့်ပါ။ အဆင်ပြေပါစေ။

AntiVir Premium for Windows Vista
AntiVir Premium for Windows XP






Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ