Baseline shift ဆိုတာကတော့ superscript, subscript လုပ်တဲ့ ပုံစံပါပဲ။ ဒါပေမဲ့ အကွာဝေးကို ကိုယ်တိုင် စိတ်ကြိုက်သတ်မှတ်နိုင်တာလေးတစ်ခု ပိုလာပါတယ်။ စာသားနှစ်ကြောင်းကို အပေါ်အောက်ကပ်ပြီး shiny floor ပုံစံလုပ်တဲ့အခါမှာ base line ပေါ်မှာရှိတဲ့စာသားတွေပဲ ဆိုရင် ပြဿနာ သိပ်မရှိပေမဲ့ base line ကိုကျော်လွန်တဲ့စာလုံးတွေ (q,y, etc) ပါလာပြီဆိုရင် character တွေရဲ့ Baseline Shift မှာ သွားပြင်ပေးဖို့လိုပါတယ်။
နံပါတ် ၁ ပုံမှာဆိုရင် ကျန်တဲ့စာလုံးတွေအားလုံး အဆင်ပြေပြီး y ဆိုတဲ့စာလုံးက ဒုက္ခပေးနေတာ တွေ့ရပါလိမ့်မယ်။
နံပါတ် ၂ မှာကျတော့ y အတွက် အဆင်ပြေသွားပေမဲ့လည်း ကျန်တဲ့စာလုံးတွေက အရမ်းကွာဟနေပြီး ပုံစံသိပ်မလှတော့ပဲဖြစ်သွားပါတယ်။
နံပါတ် ၃ ကတော့ အဆင်ပြေဆုံးပါ။ ဘာလို့လည်းဆိုတော့ y ဆိုတဲ့ စာလုံးကို select ပေးပြီး Baseline shift တန်ဖိုးသတ်မှတ်ပေးထားလို့ပဲ ဖြစ်ပါတယ်။ English စာသားတွေထက် ကျွန်တော်တို့ မြန်မာစာလုံးတွေမှာဆိုရင် ဒီပြဿနာ ပိုဖြစ်ပါလိမ့်မယ်။ မြန်မာစာလုံးမှာက အဆင့်တွေ အသတ်တွေ များတယ်လေ။
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment