this site the web

412..ဘလော့ပို့စ်များ အီးမေးသို့ အရောက်ပို့ချင်ရင်

 


ခုတစ်လော ကျွန်တော် ဘလော့တွေကို လိုက်မဖတ်နိုင်တော့ဘူး။ အီးမေးကိုတော့ နေ့တိုင်းစစ်ဖြစ်တာမို့ အီးမေးထဲ ရောက်လာတဲ့ Feed Burner က ပို့ပေးလိုက်တဲ့ ဘလော့ပို့စ်တွေသာ ဖတ်ဖြစ်မိတယ်။ စိတ်မ၀င်စားဘူးဆိုရင်တော့ ဖျက်ပြစ်တယ်ပေါ့ဗျာ.. ဖတ်လို့မအားသေးဘူးဆိုရင်လည်း မဖွင့်ပဲ သိမ်းထားတတ်ပါတယ်။

ဒီတော့ ဘလော့ဂါများ ကျွန်တော် အီးမေးထဲတွင် ဖတ်ရှုနိုင်ရန် ဘယ်ပုံဘယ်နည်း ဘလော့ဖိဒင်း လုပ်ရတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ပထမ ဒီမှာ အကောင့်အမည်နှင့် လျှို့ဝှက်နံပါတ်နှင့် အကောင့်ထဲသို့ ၀င်မယ်။ မရှိသေးသော သူများ Creating One ဆိုတာကို နှိပ်ပြီး အကောင့် နာမည်အသစ်ယူနိုင်ပါတယ်




အကောင့်ဝင်လိုက်တယ်ဆိုရင်ပဲ ဒီစာမျက်နှာကို ရောက်ရှိမှာဖြစ်ပါတယ်။ Burn A Feed Right this Instant ဆိုတဲ့ နေရာမှာ ဘလော့လိပ်စာထည့်ပေးဖို့လိုပါတယ်။ ဒီထဲမှာ လိပ်စာထည့်ပေးဖို့ ကျွန်တော်တို့ ဘလော့ဂါထဲကို သွားကြည့်ကြရမှာဖြစ်ပါတယ်။




ကိုထည့်မည့် ဘလော့အကောင့်ထဲဝင်ပြီးသကာလ၊ ပုံမှာမြင်တဲ့အတိုင်း Layout နှိပ်ပြီးရင် Edit Html ကို နှိပ်ကြရမှာဖြစ်ပါတယ်။ Edit Html ကို နှိပ်လာတာနှင့် ဘလော့ကုဒ်များ ပေါ်လာမှာဖြစ်ပါတယ်။



ဘလော့ အကွက်ထဲမှာ ဒီလို စာသားတွေ ပေါ်နေမှာပါ



အဲဒီထဲမှာ http://www.yourblogname.blogspot.com/feeds/posts/default ဆိုတာလေးကို ကော်ပီ ကူးယူရမှာပါ



ခုန ကော်ပီထားတဲ့ လိပ်စာလေးကို ဒီမှာ လာထည့်လိုက်ပါ



ထည့်လိုက်တဲ့ လိပ်စာ မှန်ကန်နေရင် ဒါမျိုးစာသားတွေ ပေါ်လာမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့လိပ်စာ အမည်နှင့် ဘလော့ခေါင်းစဉ်ပေါ်လာမှာဖြစ်ပါတယ်၊ Activate Feed ကို ဆက်နှိပ်ပါ



သင့် ဘလော့ဟာ ဖိလို့ရပါပြီ၊ ဘာညာ သာသကာ ပေါ်လာမှာပါ၊ ဘာနှင့် ဖိလို့ ဖိရမှန်းမသိသူများ Next ကိုသာ ဆက်နှိပ်ပါ



Traffic ဘာဘာညာညာ လေပန်းနေတာလေးတွေ တွေ့ရင် Next ကို ဆက်နှိပ်ပါ



ဒီပုံမှာ Publize ဆိုတဲ့ နေရာကို နှိပ်ပါ



Publize ကို နှိပ်တာနှင့် ဒီပုံစံ ပေါ်လာမှဖြစ်ပါတယ်။ Feedburner (yep, we do now deliver into your mail box blabla ဆိုတာကို ရွေးလိုက်ပါ



ဒီပုံမှာ ကုဒ်တွေ ပေါ်လာတာကို တွေ့ရပါပြီ ဒီကုဒ်လေးတွေကို ကျွန်တော်တို့ ကော်ပီ လုပ်ကြပါမယ်။ ကိုယ်ပိုင်ဘလော့ထဲမှာ သွားထည့်ဖို့ ဖြစ်ပါတယ်။



ဘလော့ထဲက Layout အောက်က Page Element ကို ပြန်နှိပ်ပြီး ၊ ကိုယ်ထည့်ချင်တဲ့ နေရာမှာ Add a Page Elemet ကို နှိပ်ကြပါ



နှိပ်ပြီးရင် ဒီအကွက်လေး ပေါ်လာမှာပါ၊ Html Java Script ဆိုတာကို ဆက်နှိပ်ပါ



နှိပ်လိုက်တာနှင့် စာသားများထည့်ရန် အကွက်ပေါ်လာမှာဖြစ်ပါတယ်။



ကျွန်တော်တို့ Feed Burner က ကော်ပီ လုပ်လာတဲ့ ကုဒ်တွေကို ဒီမှာထည့်ကြမှာပါ၊ အဲဒီမှာ စာတမ်းအောက်ပိုင်းကို လုက်ကြည့်ပြီး (/form) ဆိုတဲ့ အနောက်က စာသားလေးတွေ ဖြုတ်လို့ရပါတယ်။ ဒါဆို ဘလော့ဖိကနေ ရယူထားတာပါဆိုတာ ပေါ်တော့မှာ မဟုတ်ပါဘူး။ မဟုတ်ရင် ကျွန်တော်တို့ ဘလော့တွေမှာ နေရာယူပါတယ်။ နေရာပေါနေသူများ မဖြုတ်ချင်လည်း ရပါတယ်။



ဟော ကျွန်တော့ဘလော့မှာ ခုလို သွားပေါ်နေပြီဖြစ်ပါတယ်။ ညာဘက်ဒေါင့်လေးမှာ အီမေးလိပ်စာများ ထည့်ပြီး စာရင်းပေးသွင်းနိုင်ကြဖို့ ဖြစ်ပါတယ်။



ကဲ ဒီလောက်ဆို အဆင်ပြေကြပြီ ထင်ပါတယ်။ လုပ်ပြီးသွားရင်လည်း လာပြောလှည့်ဦး ကျွန်တော် စာရင်းလာသွင်းမလို့ပါ။
Ref: Htmikmin




Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ