သင့် Computer လုပ်ငန်းစဉ်ကို ၀န်ဆောင်းမှုပေးမယ့် Process Hacker ပါ။ လုပ်ငန်းစဉ်များကို စစ်ဆေးကြည့်နိုင်ပြီး လုပ်ငန်းစဉ်များကို စီမံ ပေးနိုင်ပါတယ်။ Open Source Application ဖြစ်ပြီး Task Manager ရဲ့ အသွင်အပြင် များကို သူ့ရဲ့ လုပ်ဆောင်ချက်အသစ်များနဲ့ ပူးပေါင်းပြီး သင့် computer ကို အန္တရာယ်ပေးမယ့် ခြိမ်းခြောက်နေတဲ့ အရာတွေကို စောင့်ကြည့်ပေးမှာပါ။
Computer ကို ဖွင့်ပြီး စသုံးလိုက်တာနဲ့စနစ်နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ application တွေ ရှိနေပါတယ်။ Windows Task Manager နဲ့ စစ်ကြည့်နိုင်ပေမယ့် အသေးစိတ်တော့မသိနိုင်ပါ။ ဒီ အားနည်းချက်ကို Process Hacker က အားဖြည့်ပေးခြင်း ဖြစ်ပါတယ်။ Process Hacker က ဖျောက်ထားတဲ့ ၊ ဖွက်ထားတဲ့ လုပ်ငန်းစဉ်များကိုပါ သိတာတယ်။။ Computer မှာ Error တွေ ခဏခဏ တက်နေတဲ့အခါ (သို့) စနစ်က အလုပ်ကောင်းကောင်း မလုပ်တဲ့အခါ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာသိဖို့လိုလာပါပြီ။
Process HackerProcess Hacker Process Hacker ကိုComputer က လုပ်ငန်းစဉ်များနဲ့ ၀န်ဆောင်မှုများကို ထိန်းချုပ်နိုင်တဲ့ Feature-packed Tool လို့ ဆိုလို့ရပါတယ်.. အောက်ဖော်ပြပါပုံမှာ ကွန်ပျူတာအလုပ်လုပ်နေတဲ့ လုပ်ငန်းစဉ်များကို တွေ့နိုင်ပါတယ်။ Process Hacker က အဆင့်ဆင့် ပြပေးထားပါတယ်။
အထက်ပါ ပုံတွင် အောက်ပါစာရင်းများကို တွေ့နိုင်ပါတယ်။
- လုပ်ငန်းလုပ်ဆောင်မှု အပြည့်အစုံစာရင်းနဲ့ ၄င်းတို့ကို ထိန်းချုပ်နိုင်တဲ့အမိန့်များ ( start, stop, pause, resume and delete)
- ကွန်ရက် ( network connection ) ဆက်သွယ်မှုစာရင်း
- လုပ်ငန်းစဉ်အားလုံးအတွက် အချက်အလက်များ၊ ဆောင်ရွက်မှုမှတ်တမ်း၊ အန္တရာယ်များစာရင်း၊ virtual mempry မြေပုံ၊ အချက်အလက်ပြမြေပုံ စသည်တို့ကို ကြည့်နိုင်ပါတယ်။
- ထို့အပြင် လုပ်ငန်းစဉ်အားလုံးကို အပြည့်အ၀ ထိန်းချုပ်ဖို့ရာ လုပ်ဆောင်ချက်များလည်းပါဝင်ပါတယ်။ ( ဥပမာ - လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲများရဲ့ ကာကွယ်ပေးနိုင်တဲ့ လုပ်ငန်းစဉ်၊ driver ဆော့ဖ်ဝဲများ ရဲ့ စွမ်းဆောင်ရည်၊ ၄င်းတို့ကို ဆိုင်းငံထားခြင်း၊ ရပ်ခြင်း၊ ပြန်လည်လုပ်ဆောင်စေခြင်းများ ဖြစ်ပါတယ်။
- IceSword, avast!, anti-virus, AVG antivirus, COMODO Internet Security စတဲ့ လုပ်ငန်းစဉ်များကို ထိန်းချုပ်ခြင်း၊
- ဖျောက်ထားတဲ့ ၊ ဖွက်ထားတဲ့ လုပ်ငန်းစဉ်များကို ရှာဖွေခြင်းနဲ့ ၄င်းတို့ကိုရပ်ဆိုင်းခြင်း၊ Process Hacker သည် Hacker Defender, FU ကဲ့သို့ ဖျောက်ထားတဲ့ rootkits များကို ချိတ်ဆက်ခြင်း
- DLL ထည့်ခြင်းနဲ့ ပြန်ဖြုတ်ခြင်းနဲ့ အခြားများစွာသော လုပ်ဆောင်ချက်များပါဝင်ပါတယ်။
System Requirements
- .NET Framework 2.0
- Microsoft Windows XP SP2 or above, 32-bit or 64-bit. Please note that certain functionality including detection of hidden processes, full control over all processes and the ability to protect/unprotect processes is only available on 32-bit systems.
Downloads
Statistics
Main Language: C#
Total Lines of Code: 110,360
Active Contributors: 6
Commit Activity Timeline:
Labels: Computer-III, Softwares-VI, နည်းပညာများ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment