ဗဟုသုတဘဏ်
1...ငယ်ငယ်တုန်း က ပရိသတ်ကြီးကိုပုံပြင်တွေပြောပြခဲ့တာနဲ့ အခု စင်မြင့်ပေါ်မှာ ပရိသတ် ကြီးကို သီချင်း တွေဆိုပြရတဲ့ အတွေ့အကြုံချင်း ကွာခြားမှု လေးတွေကို ပြောပြပေးပါ။
ငယ်ငယ် တုန်းကတော့ ၃၈ဖြာမင်္ဂလာပုံပြင်တွေကို စာတွေကျက်ပြီး တော့ အိုက်တင်တွေနဲ့ ပြောတာ။ ကလေးတုန်းကပေါ့နော်။ ကလေးတွေကို ပညာပေးတာဆိုတော့ နှစ်သက်ကြတယ်။ ခုထိလည်း Jenny ကို လူကြီး တော်တော်များများကလည်း အဲဒါနဲ့ပဲသိကြတယ်။ အခုအချိန်အထိ ဟန် နွေငြိမ်း၊ ပုံပြင်ပြောတဲ့ကောင်မလေးပေါ့။ ခု သီချင်းတွေဆိုလာတဲ့အခါကျ တော့လည်း Jenny ကို အားပေးကြတဲ့ပရိသတ်တွေက ကလေးတွေပဲ များ တယ်... လေးတန်း၊ ငါးတန်း၊ ခြောက်တန်း ကလေးမျိုး တွေများတယ်။ သူတို့ပြီးရင် အသက်ကြီးတဲ့အန်တီတွေ သဘောကျကြ တယ်။ သဘောကျတယ်ဆိုတာ သက်တူ ရွယ်တူတွေ အားပေးတဲ့ ပမာဏ ထက် ကလေးတွေက အင်အားပိုများမယ်ထင်တယ် ပြောတာ။
2...Jenny က စင်ပေါ်မှာ သီချင်းဆိုရင်းလည်း အကလေးတွေနဲ့ပါ ဖျော်ဖြေသွားတာတွေ့ရတယ်။ ပြီးတော့ မြန်မာအကကိုလည်း အချိုးကျကျကတာ တွေ့ဖူးတယ်။ အဲဒီလိုကရတဲ့အခါ အကသဘာဝ အရ အဲဒီအကနှစ်မျိုးဟာ Jenny အတွက် ဘယ်လိုကွာခြားမှုခံစားရသလဲဆိုတာသိပါရစေ။
ဟုတ်ကဲ့ . . တခြားအကတွေကျတော့ ဒီ Live Show ရိုက်တယ် ဆိုရင် ဒီသီချင်းနဲ့လိုက်မယ့် အကမျိုးသင်ပြီးတော့ ကလိုက်တယ်ပေါ့။ အဲဒါမျိုး တွေရှိတယ်။ တချို့သီချင်းတွေကျတော့ စင်ပေါ်မှာဆိုတဲ့အခါ သင်ထားတာ မျိုးမဟုတ်ဘဲ ဒီလိုလက်တန်းကရတာတွေရှိတယ်။ သီချင်းဆိုရင်းနဲ့ ကိုယ့်ဘာ သာလှုပ်လာတယ်။ သီချင်း mood ပ်ါမှာ မူတည်ပြီးတော့ လှုပ် တာလည်းရှိတယ်။ မြန်မာအကကျတော့ Jenny ငယ်ငယ် လေးကတည်း ကသင်ထားပြီး စနစ်တကျကတာ။ ခြေလှမ်း တွေကစပြီး အချိုးကျအောင်ကရတာဆိုတော့ မြန်မာ အကက ပိုပြီးခက်ခဲပါတယ်။ တစ်ပွဲတိုးသင်ရုံနဲ့မရဘူး။ နိုင်ငံခြားကကွက်တွေက နည်းနည်း . . .မြင်ဆရာ လောက်နဲ့လည်းရနိုင်တယ်။ ဒါပေမဲ့ မြန်မာအကကျ တော့ မြင်ဆရာလောက်နဲ့တင် မရနိုင်ဘူး။ သေချာ သင်မှ ရနိုင်တယ်။ ဒါကြောင့် မြန်မာအကက ပိုခက်တယ်လို့ Jenny ထင်တယ်။
3...သရုပ်ဆောင်လည်းလုပ်နေတယ်ဆို။
လုပ်တာ့လုပ်ပါတယ်။ ဒါပေမဲ့ သီချင်း ဆိုတာလောက်တော့ စိတ်အားထက်သန်တာ မဟုတ်ဘူး။ ကိုညိုနဲ့ရိုက်နေတဲ့ကားတစ်ကားက မပြီးသေးဘူး၊ ရိုက်လက်စတန်းလန်းပဲ။ ပြီးတော့ မမီရှဲလ်နဲ့ တစ်ကားရိုက်နေတယ်။ ဦးအောင်ကိုလတ် သမီးလေ၊ ဂျေမီ့ အစ်မပေါ့ . . .သူရိုက်တာ။ ကိုညိုနဲ့ရိုက်တဲ့ကားက The Virus တဲ့၊ အဲဒီကားမှာ Jenny က ဆေးကျောင်းသူပုံစံမျိုး လေးပေါ့။ မမီရှဲလ်နဲ့ ရိုက်တာကတော့ ‘ရန်ကုန်မြို့မှ ကြိုဆို ပါ၏’ ဆိုတဲ့ကား။ ပြီးသွားရင်တော့ တော်တော်မိုက်မယ်ထင် တယ်၊ ကိုယ်ပါရတဲ့ကားမို့လို့လားတော့မသိဘူး (ရယ်လျက်)။ လူငယ်စတိုင် ပေါ့ပေါ့ပါးပါးဆိုတော့လည်း သိပ်အခက်အခဲမရှိ လိုက်ပါဘူး။
4....ဒါဆို အဆိုတော်အဖြစ်ကနေ သရုပ်ဆောင်ဘက်ကိုလှမ်းဖို့ ခြေလှမ်းပြင်နေတဲ့သဘော မျိုးလား။
လှမ်းဖို့တော့ရှိပါတယ်။ အများကြီးတော့မဟုတ်ဘူး၊ နည်း နည်းပါးပါးပေါ့နော်။ ကြော်ငြာလေးတွေ ဘာလေးတွေ ရိုက်မယ်၊ Jenny ရဲ့ သီချင်းတွေမှာ ကိုယ်တိုင်သရုပ်ဆောင်တာလေးတွေ အဲဒါမျိုးလေးတွေတော့ လုပ်ဖြစ်ပါတယ်။ ကားရိုက်ကို ဦးစားပေး လုပ်တာမျိုးတော့ မရှိဘူး။ သီချင်းဆိုတာကို ပိုအားသန်ပါတယ်။
Labels: Art, အနုပညာရေးရာ
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ
0 - ဦး မှတ်ချက်ပေးထားပါသည်
Post a Comment