ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

752..ထက်ထက်မိုးဦးအား 7 Days မှ သတင်းထောက် အေးသူစံ မေးခဲ့သော အင်တာဗျူမေးခွန်းများ..(24.5.10 )

 


မေး ။ ။ ဟိုတစ်လောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခုသက်သာသွားပြီ။
မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခုလက်ရှိဘဝလေးကို အစ်မဘယ်လိုဖြတ်သန်းနေပါသလဲ။
ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။
မေး ။ ။ အစ်မ နည်းနည်းအဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူးကောင်းကောင်းလေး ထည့်ချင်လို့ပါ။
ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။
မေး ။ ။ အစ်မရဲ့ ကျန်းမာရေးအခြေအနေအရ နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။
ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။
မေး ။ ။ အဲဒါဘယ်တော့လောက်လဲ မသိဘူး။
ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။
မေး ။ ။ ဟိုတစ်လောကလေ အဲ့လိုမျိုးဖြစ်သွားတာ အစ်မဘယ်လိုမျိုးခံစားရလဲ။
ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။
မေး ။ ။ အစ်မအမျိုးသားနဲ့ အစ်မဘယ်မှာတွေ့ခဲ့ကြတာလဲ။
ဖြေ ။ ။ ဒီကိစ္စအသေးအမွှားလေးတွေကတော့ ထက်ထက်မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ထည့်လို့ရတယ် ထည့်လို့ မရလို့တော့ မဟုတ်ဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့ မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက်တခြား မေးခွန်းလေးတွေ မေးပေးပါလားလို့ . . .နော်။
မေး ။ ။ ပရိသတ်တွေကပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏပြန်စနေရတယ်။ အဲဒီဝေဖန်မှုတွေကိုအစ်မဘယ်လိုမျိုးခံစားရလဲ။
ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့

ရန်ကင်းမြို့နယ်တရားရုံး ဒုတိယတရားသူကြီးက ပြစ်မှုကြီးအမှတ် ၁၈၂/၁ဝ အရ လက်ခံခဲ့ပြီး လာမည့် ၂၄ ရက်နေ့တွင် သတင်းထောက် မအေးသူစံနှင့် မဂ္ဂဇင်းတိုက် ၃ တိုက်မှ မျက်မြင်သက်သေ ၃ ယောက်အား ထွက်ဆိုရန် ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

ပါဖက်မဂ္ဂဇင်းမှ မသက်၊ ဖက်ရှင်မဂ္ဂဇင်းမှ မဝင်းမာ၊ ဟဲလိုဂျာနယ်မှ ကိုဘုန်းနေလတို့က မျက်မြင်သက်သေများအဖြစ် ထွက်ဆိုမှာဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အကယ်ဒမီဆုရှင် ထက်ထက်မိုးဦးအား ဆက်သွယ်၍ မေးမြန်းရာ ဖြေကြားရန် ငြင်းဆိုသည်။ ထက်ထက်မိုးဦး အား 7Day News မှ တရားစွဲဆိုသော သတင်းအားဖော်ပြလိုက်မှုကြောင့် The Voice Weekly ဂျာနယ်နှင့် The First ဂျာနယ်တို့အား စာပေစိစစ်ရေးမှ ထုတ်ဝေခွင့်တစ်ပတ် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ထက်ထက်မိုးဦးသည် ယမန်နှစ်က ဗီဒီယို သရုပ်ဆောင် ဇူးမြတ်ထက်နှင့်
လက်ထပ်ခဲ့ပြီး
၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သားတဦး ဖွားမြင်ခဲ့သည်။ သို့သော်လည်း
ထိုသားငယ်မှာ မီးတွင်းမှာပင်
သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့အခြေစိုက် 7Day ဂျာနယ်မှ
စာနယ်ဇင်းသမားတဦးက
ထိုအကြောင်းအရာများကို မေးမြန်းရာ အကယ်ဒမီ ထက်ထက်မိုးဦးက ဒေါသထွက်ပြီး
စာနယ်ဇင်းသမားကို
ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ထက်ထက်မိုးဦးကို ယနေ့ ဆက်သွယ်ပြီး
ပဋိပက္ခဖြစ်ခဲ့ပုံအား
မေးမြန်းထားပါသည်။

မေး။ ။ မထက်နဲ့ သတင်းထောက် တယောက်နဲ့ ဆီဒိုးနား ဟိုတယ်မှာ ပဋိပက္ခ ဖြစ်သွားတဲ့ ကိစ္စဟာ
ပြည်တွင်း သတင်း
လောကမှာ တော်တော်လေး ပျံ့နှံ့နေတယ်လေ။ အဲဒီအချိန်မှာ မထက်ရဲ့စိတ်ခံစားမှုက
ဘယ်လိုများ
ရှိနေခဲ့တာလဲဗျ။

ဖြေ။ ။ အနုပညာသမားနဲ့ စာနယ်ဇင်းသမား
ဆိုတာ ဖေးမ လက်တွဲလို့ အတူတူ လျှောက်ရတာပဲလေ။ မဖြစ်ခင်မှာ သူတို့ တင်ပေး၊
ဖြစ်လာတဲ့အခါမှာလည်း
တယောက်နဲ့ တယောက် ကြည်ကြည်ဖြူဖြူနဲ့ သူတို့ လိုအပ်တဲ့ပုံတွေ
ရိုက်ပေးခဲ့ကြတာပဲလေ။ ထက်ထက်
ကိုယ်ဝန် ၅ လ ခွဲမှာပေါ့ ELEVEN ဂျာနယ်က အင်တာဗျူး လှမ်းလုပ်တဲ့ အခါမှာ
ထက်ထက် နေမကောင်းသေးလို့
ခဏလေး စောင့်ပါဦး ဆိုတာကို စိတ်ဆိုးသွားပြီးတော့ ရေးလိုက်တယ်ပေါ့နော်။
ရေးလိုက်တာက
မြန်မာပြည်မှာ အိမ်ထောင်ဆက် များတဲ့ မင်းသမီး ဆိုပြီး ရေးလိုက်တဲ့ အခါမှာ
ထက်ထက် စာပေ
စိစစ်ရေးကို စာ သွားတင်လိုက်တယ်လေ။ ဒီ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပတ်သက်ပြီး
မထည့်စေချင်ဘူးလို့
တင်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက်ရဲ့ကိုယ်ရေးကိုယ်တာ ပြီးခဲ့တာတွေက
ပရိသတ်က
သိလည်း သိကြပါတယ်။ တတိုင်းပြည်လုံးက ထက်ထက် ဘယ်လို အနေအထားမှာ ရှိလဲ
ဆိုတာကို။ ဒါတွေက
လိမ်ညာလို့ ရတာတွေလည်း မဟုတ်ဘူး။ ထက်ထက် ကိုယ်တိုင်လည်း ပရိသတ်ကို
လိမ်ညာပြီး ဘာမှ
မလုပ်ခဲ့ဖူးဘူးလေ။

အဲဒီတော့ ELEVEN သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို စာ သုံးခါ
သွားတင်တယ်။ တင်တော့
စိစစ်ရေးကလူကြီးက ပါပြီးပြီပဲ ဘယ်တတ်နိုင်မလဲ တဲ့။ သူက အဲဒီလို
ပြောလိုက်တော့ ကိုယ်လည်း
စိတ်အားငယ် စိတ်မကောင်းဖြစ်ရုံပဲ ရှိတာပေါ့လေ။ တော်တော်လေးကို စိတ်မကောင်း
ဖြစ်တယ်။
ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဆိုတော့ စိတ်ထဲမှာ တမျိုးကြီးပဲ။ ဒီ
ကိုယ်ဝန်ကိစ္စနဲ့
ပတ်သက်ပြီး စိတ်ထဲမှာ ခံစားနေရတာ တမျိုး၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ
ခံစားနေရတာ တမျိုးနဲ့
အကြောင်းတွေက အများကြီး စုပြီး စိတ်မကောင်း ဖြစ်နေရတာ။

စာပေစိစစ်ရေးကို စာသုံးခါ တင်ပြီးတဲ့ အချိန်မှာကို နောက်လ IDEA မဂ္ဂဇင်းမှာ
ထပ်ပြီး
ပါခဲ့တယ်။ အိမ်ထောင်ဆက်တွေက ဘယ်သူ ဘယ်သူတွေပါပေါ့။ သူတို့ နံပါတ်စဉ်တွေနဲ့
တပ်ပြီး
ပါလာခဲ့တော့ ထပ်ပြီး စိတ်ထဲမှာ ခံစားရပြန်တယ်ပေါ့။ ခံစားရတယ် ဆိုတာက ထက်ထက်
တယောက်တည်း
ကိုယ့်အတွက်ကို ခံစားရတာမျိုး မဟုတ်ပါဘူး။ အခုလက်ရှိ ထက်ထက်ဘေးမှာ
ထက်ထက်ကို ကြည့်ရှု
ပေးနေတဲ့ ထက်ထက်ရဲ့အမျိုးသားနဲ့ ယောက္ခမကို ထက်ထက် မစော်ကားချင်ဘူးလေ။
ပြဿနာတွေ ထပ်
မဖြစ်ချင်ဘူး။ သူတို့လည်း လက်ခံနိုင်လို့ ခွင့်လွှတ်နိုင်လို့ အခုချိန်မှာ
အေးအေးချမ်းချမ်း
လျှောက်လှမ်းနေကြတာလေ။ သိပြီးသား ကိစ္စကို ဘာဖြစ်လို့ ခဏ ခဏ ထပ်
လုပ်နေကြမှာလဲ။

အခုကိစ္စမှာလဲ အရင်ဦးဆုံး ထက်ထက်ကို အင်တာဗျူး လုပ်ချင်လို့ပါ ဆိုတော့ အင်း
... လုပ်ချင်ရင်
လုပ်ပေးမယ်လေဆိုပြီး 7Day ရဲ့အင်တာဗျူးကို လက်ခံလိုက်တာ။ ဓာတ်ပုံလည်း
ရိုက်ပေးမယ် အင်တာဗျူးလေး
လုပ်ပေးမယ် ဆိုတဲ့ ဟာကို လက်ခံလိုက်တာ။ ဒါပေမယ့် အဲဒီ ဆီဒိုးနားမှာ
ပွဲအကြီးကြီးလုပ်နေတဲ့အချိန်မှာ
ဖြစ်သွားတဲ့ကိစ္စ။ ဒါဟာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ နားထောင်တဲ့သူတိုင်း၊
သိတဲ့သူတိုင်းက
ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ရှင်းမှာပါ။ ကိုယ်မှန်တယ်လို့လည်း မပြောချင်ဘူး။
ကျမကို
ဒီလိုလုပ်လို့ ကျမက ဒီလိုလုပ်တာလို့လဲ မပြောချင်ဘူး။

အဲဒီပွဲမှာ ကိုယ်စင်ပေါ်တက်ပြီးပြောရမယ့် စကားတွေ ခေါင်းထဲမှာ
စဉ်းစားနေတဲ့အချိန်မှာ
VIP လို့ ရေးထားတဲ့ ၀ိုင်းမှာ ဘေးမှာ (သရုပ်ဆောင်) မယ်လိုဒီ လည်း ရှိတယ်။
နောက် မယ်လိုဒီက
ဓာတ်ပုံ ရိုက်စရာ ရှိလို့ ဆိုပြီး ထပြန်သွားတဲ့ အချိန်မှာ သူက ၀င်လာပြီး
ကျန်းမာရေး
ကိစ္စက စမေးတယ်။ အခု ကောင်းသွားပြီလို့ ထက်ထက်ဖြေတယ်။ နောက်ဆက်မေးတာက
မိခင်တယောက်အနေနဲ့
သားသမီး ဆုံးသွားတော့ ဘယ်လို ခံစားရလဲ တဲ့။ ဒီမေးခွန်း မေးသင့်လား
မမေးသင့်လား
ဆိုတာ မေးတဲ့သူရော မေးခိုင်းတဲ့သူရော စဉ်းစားရမယ်လေ။

မေး။ ။ စင်ပေါ်တက်ပြီး စကားပြောရမယ့်
အချိန်ဆိုတော့ အဲဒါမှာက ဘာပွဲ ကျင်းပနေလို့လဲ။

ဖြေ။ ။ ကုန်စည် မိတ်ဆက်ပွဲပါ။

မေး။ ။ စကားပြောရမယ် ဆိုတာက
ကုန်စည်မိတ်ဆက်စကားမျိုးလား။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီပစ္စည်းတွေကို
မင်းသမီးတယောက် အနေနဲ့ ဘယ်လို သုံးခဲ့လဲ ဆိုတာကို ရှင်းပြရမှာပါ။ ဒီပွဲ
လုပ်တာကလည်း
ထက်ထက်ကို အဓိက ထားပြီးတော့ လုပ်တာလိုမျိုး ဖြစ်နေတယ်လေ။ ဒါကြောင့်
ပြောရမယ့် စကားတွေကို
သေချာ စဉ်းစားနေရတဲ့ အချိန်ပါ။

မေး။ ။ အခု သတင်းထောက်ဘက်က ရန်ကင်း
တရားရုံးမှာ အမှုဖွင့်ထားပြီလို့ ကြားနေရတယ်။ မထက်ဘက်ကရော ဘယ်လို
ပြင်ဆင်ထားပြီလဲ။

ဖြေ။ ။ ဘာမှ
မပြင်ဘူးရှင့်။

မေး။ ။ တရား ရင်ဆိုင်ဖို့ကို
ပြောတာပါ။

ဖြေ။ ။ တရား ရင်ဆိုင်မယ် လို့လည်း
မဟုတ်ဘူး။ ရင်မဆိုင်ဘူးလည်း မဟုတ်ဘူး။ ထက်ထက် စိတ်ထဲမှာ ဘာမှ မရှိဘူး။

မေး။ ။ ရန်ကင်း တရားရုံးကရော မထက်ကို
အကြောင်းကြားတာ ရှိပြီလား။

ဖြေ။ ။ မရှိပါဘူး။

မေး။ ။ အခုချိန်ထိ
မရှိသေးဘူးပေါ့နော်။

ဖြေ။ ။ ဟုတ်။ မရှိပါဘူး။

မေး။ ။ မထက်ဘက်က အခုဒီကိစ္စနဲ့
ပတ်သက်ပြီး
စာပေ စိစစ်ရေးကနေ နောက် စာနယ်ဇင်းတွေကို ဖော်ပြခွင့်မပေးပါနဲ့ဦး ဆိုပြီး
ပုဂ္ဂိုလ်ရေးရာ
အရ တင်ပြ တောင်းဆိုထားတာ ရှိနေတယ် လို့ ကြားရပါတယ်။ စာပေစိစစ်ရေးက ဘယ်လို
အကြောင်း
ပြန်ပါသလဲ။

ဖြေ။ ။ တင်ပြထားတယ် ဆိုတာ အရင်တခေါက်
ထက်ထက် ကိုယ်ဝန်ရှိနေတုန်းက စာ ၂ ခါ ၃ ခါ သွားတင်လိုက်တာပါ။ ဘာဖြစ်လို့လဲ
ဆိုတော့ အနုပညာသမားနဲ့
စာနယ်ဇင်းသမား ဆိုတာ သူတို့လည်း သူတို့အလုပ် လုပ်ကြသလို ပရိသတ် တွေကလည်း
မင်းသမီး၊
မင်းသားတွေကို ချစ်ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အားလုံးဟာ ကိုယ့်ဘ၀ကို
ကောင်းတာပဲ ဖြစ်ချင်တာပဲ။
ဆိုးတာတော့ ဘယ်ဖြစ်ချင်ပါ့မလဲ။ လူတိုင်း လူတိုင်း ဒီလိုပဲ။ ဒါပေမယ့်
သူတို့က မေးတယ်
ဆိုတာကလည်း စည်းမျဉ်း စည်းကမ်းလေး ရှိသင့်တာပေါ့။ ပြီးတော့ VIP ၀ိုင်းမှာ
သူများအလုပ်လုပ်နေတဲ့အချိန်မှာ
ဝင်မေးတယ် ဆိုတာက လာ နှောင့်ယှက်တာနဲ့ အတူတူပဲလေ။

မေး။ ။ အဲဒီပွဲမှာ တွေ့ဆုံဖို့ကို
မထက်က ချိန်းဆိုလိုက်တာလို့ ကြားပါတယ်။

ဖြေ။ ။ ဟုတ်တယ်။ အဲဒီမှာ တွေ့ဖို့
ပြောလိုက်တာ။ ဒါပေမယ့် အဲဒီပွဲဝိုင်းထဲမှာ မေးဖို့အတွက် VIP ၀ိုင်းမှာ
လာထိုင်ဖို့
အတွက် သူ့ကို မခေါ်ဘူး။

မေး။ ။ အခုပဋိပက္ခကို စာနယ်ဇင်းတွေမှာ
မဖော်ပြဖို့ တင်ပြထားတဲ့ အပေါ် စိစစ်ရေးက ဘယ်လို တုံ့ပြန်လဲဗျ။

ဖြေ။ ။ ဘာမှတော့ အကြောင်း မပြန်ဘူး။
ဒါပေမယ့် သတင်းကြားတာ VOICE ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ။

မေး။ ။ စိစစ်ရေးကို ဘယ်ရက်ပိုင်းက
တင်ပြခဲ့တာလဲဗျ။

ဖြေ။ ။ တင်ပြတာကတော့ ထက်ထက်က အမြဲ
လိုလိုကို ပြောထားပါတယ်။ လူကြီးတွေကိုလေ။ မလိုလားအပ်ဘဲနဲ့ကတော့ ကိုယ်ရေး
ကိုယ်တာ ကိစ္စတွေ၊
ကိုယ်မှ မဟုတ်ဘူး တခြား မင်းသမီး၊ မင်းသားတွေ အတွက်လည်း မဖော်ပြစေချင်ဘူး။
ထက်ထက် အခုချိန်မှာ
ခေါင်းတွေလည်း ခြောက်နေတယ်။ အေးအေး ဆေးဆေးပဲ နေချင်တယ်။ အဲဒီ ပြဿနာတွေလည်း
လုပ်ခဲ့တာတော့
လုပ်ခဲ့တာပေါ့။ သူတို့လုပ်လို့ ကိုယ် ဒီလိုမျိုး တုံ့ပြန်မှုက
မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်။
ဒါပေမယ့် နောက်ဆက်ပြီး ဘာပြဿနာမှ ထက်ထက် မဖြစ်ချင်တော့ဘူး။

မေး။ ။ တကယ်လို့ ရန်ကင်းတရားရုံးက
ဆင့်ခေါ်တာမျိုး ရှိလာရင် ဘယ်လို ရင်ဆိုင်မယ်လို့ စီစဉ်ထားလဲ။

ဖြေ။ ။ ဘယ်လို ရင်ဆိုင်မလဲ ဆိုတော့
ကိုယ်က သူများကို မဟုတ်တာ လုပ်ခဲ့တာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ
ချောင်းရိုက်တာလည်း မဟုတ်ဘူးလေ။
ဒီလိုမျိုး လုပ်လို့ ဒီလိုမျိုး ဖြစ်ရတယ်ဆိုတာ အကြောင်းရှိလို့ အကျိုး
ဖြစ်လာတယ် ဆိုတာကို
နားထောင်ကြည့်တဲ့ တရားရုံးကလည်း သိမှာပါ။

မေး။ ။ ရှေ့နေတွေ ငှားဖို့ရော ပြင်ထား
ပြီးပြီလား။

ဖြေ။ ။ မပြင်ပါဘူး။ ဘာမှ မပြင်ဘူး။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

750..ကိုးရီးယား 2PM အဖွဲ့မှ Jae Bum တစ်ခေတ် ပြန်လာပြီ ( 21.5.10 )

 
Free Image Hosting

Free Image Hosting

Free Image Hosting

2PM တီးဝိုင်း အဖွဲ့က နှုတ်ထွက် သွားတဲ့ Jae Bum ဟာ Hype Nation လို့အမည် ပေးထားတဲ့ ဟောလီဝုဒ် ရုပ်ရှင် ရဲ့ ဇာတ်ဝင်ခန်း တွေရိုက်ဖို့ ကိုးရီးယား ကိုပြန်ရောက် လာမှာဖြစ် ပါတယ်။

ဇာတ်ဝင်ခန်း ၇၀ ရာနှုံးကို ကိုးရီးယား မှာရိုက် ကူးမယ်လို့ သိရ ပါတယ်။ Jae Bum ရဲ့ public relation ကိစ္စ အားလုံးကို မိဘများ ကိုယ်တိုင် ကိုင်တွယ် နေတာ တွေ့ရ ပါတယ်။ အရင်လို ဒုက္ခ မရောက်အောင် မိဘများ ကိုယ်တိုင် ရင်အုပ် မကွာ လိုက်လာ ကြမှာဖြစ် ပါတယ်။

Jae Bum (23) ဟာ တတိယ မျိုးဆက် US နိုင်ငံသား ကိုရီးယာ လူမျိုး (အဖိုး US နိုင်ငံသား မှဆင်းသက် လာသူ) ဖြစ်ပါတယ်။ ၄င်းဟာ Edmonds, Washington, USA တွင်မွေးဖွား ကြီးပြင်း ခဲ့ပါတယ်။

ကိုးရီးယား JYP Entertainment က USA မှာပြုလုပ် တဲ့ လူရွေးပွဲ မှာအောင်မြင် ခဲ့ပြီး ၄နှစ် trainining ဆင်းပြီးနောက် 2PM အဆိုအဖွဲ့ ရဲ့ခေါင်းဆောင် အဖြစ် ကျော်ကြား လာခဲ့ ပါတယ်။

US နိုင်ငံသား တတိယ မျိုးဆက် Jae Bum ရဲ့ တတွေး အမြင်နဲ့ ကိုးရီးယား စစ်စစ် တို့ရဲ့ တတွေး အမြင် တွေဟာ အတော် ကွာခြား တဲ့အတွက် ရောက်စမှာ ၁၉ နှစ်သား Jaebeom ဟာ တော်တော် ကသိ ကအောက် ဖြစ်ခဲ့ ရပါတယ်။

သူ့ရဲ့ ခံစားချက် တွေကို သူငယ်ချင်း တသိုက်သာ ဖတ်နိုင်တဲ့ Myspace ထဲမှာ 2005 က ရေးသား ခဲ့ပါတယ်။ ထိုရေးသား ချက်တွေကို September 4, 2009 မှာ သူငယ်ချင်း တစ်ယောက်မှ သစ္စာ ဖေါက်ပြီး internet ထဲမှာ ဖေါ်ထုတ် ခဲ့ပါတယ်။

ကိုးရီးယား လူမျိုး တွေဟာ သူတို့ အကြောင်း မကောင်း ပြောရင် အတော် စိတ်နု ကြပါတယ် (ကျွန်တော့ တစ်ဦးတည်း အမြင်ပါ)။ အများက ကျီးကန်း တွေလို ဝိုင်းအာ ကြတော့ Jae Bum လည်း မခံနိုင် တော့ပဲ 2009 September လမှာ 2PM အဖွဲ့က နှုတ်ထွက်ပြီး US ပြန်သွား ပါတယ်။

ကိုးရီးယား နဲ့ တစ်ကမ္ဘာ လုံးမှာပါ ရှိနေတဲ့ များပြား လှတဲ့ Jae Bum ရဲ့ ပရိသတ် ဟာ JYP Entertainment agency ကို မကြေမနပ် ဖြစ်ပြီး ဝိုင်အပြစ် တင်ကြ ပါတယ်။

Jae Bum မပါ တော့တဲ့ 2PM အဖွဲ့ ဟာလည်း တော်တော် နာမည် ကျသွားပါတယ်။ US ပြန်ရောက် ပြီး နောက်မှာ Jaebeom ဟာ သူ့ရဲ့ အနုပညာ လှုပ်ရှား မှုတွေကို မပြတ် လုပ်ခဲ့ ပါတယ်။

Jae Bum ရဲ့ အနုပညာ လှုပ်ရှားမှု သတင်း တွေဟာ media တွေမှာရော youtube ထဲမှာပါ မပြတ် ပါခဲ့ ပါတယ်။

အခုတော့ Jae Bum ရဲ့ခေတ် တစ်ခေတ် ပြန်ထ လာတော့ မယ်.........

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

741..သားစိုးနှင့် တွေ့ဆုံခြင်း....

 
Free Image Hosting
ရောလို့သမလို့မွှေတဲ့ည တေးစီးရီး ထွက်ရှိထားပြီး အမေရိကသို့ သွားရောက် နေထိုင်လျက်ရှိသည့် ဟစ်ဟော့ပ် အဆိုတော် သားစိုးသည် မြန်မာနိုင်ငံသို့ ဂီတလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ပြန်လည် ရောက်ရှိလာခိုက် သူ ဖန်တီးလိုသည်များနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ရာ . . .

မေး-ကိုသားစိုး မြန်မာနိုင်ငံကို ဘယ်နေ့က ပြန်ရောက်ပါလဲ။ အမေရိကား မှာ ဘယ်လောက်ကြာခဲ့ပါသလဲ . . .
ဖြေ ကျွန်တော် ဒီဇင်ဘာလ ၆ ရက်နေ့က ပြန်ရောက်ပါတယ်။ ခုနစ်လ ကြာခဲ့ပါတယ်။
မေး-အမေရိကားမှာ မြူးဇစ်နဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်ခဲ့လဲ . . .
ဖြေ ကျွန်တော် Music Business ဆိုတာကို လေ့လာဖြစ်တယ်။ ကိုယ့်အခွေထဲမှာ ဘယ်လိုမျိုးတွေ ထပ်ထည့်ရင် ကောင်းမလဲ။ ဟိုမှာ ဘယ်လိုမြူးဇစ်တွေ ခေတ်စားနေလဲ ဆိုတာ လေ့လာဖြစ်ခဲ့တယ်။
မေး- ဒါဆို အမေရိကားမှာ ဘယ်လို ဂီတ အမျိုးအစားတွေ ခေတ်စားနေလဲ
ဖြေ အခုလက်ရှိကတော့ Electro Pop ဆိုတာ ခေတ်စားနေတယ်။ မြန်မာပြည်က လူငယ်တွေလည်း ဒါမျိုးတွေ လုပ်နေကြပါပြီ။
မေး- အခုပြန်ရောက်ချိန်မှာ မြူးဇစ်နဲ့ ပတ်သက်ပြီး ဘာတွေလုပ်မယ် စိတ်ကူးထားလဲ . . .
ဖြေ ကျွန်တော် စတူဒီယို တစ်ခုဖွင့်ဖို့ ရှိတယ်။ အရင်တုန်းက ကျွန်တော့် အိမ်မှာပဲ ပေါင်းဖွင့်ထားတာ။ အခုတော့ ဘောက်ထော်ဘက်မှာ သပ်သပ်ပေါ့။ ကျွန်တော့် သူငယ်ချင်းတွေရော၊ ဆိုင်းသမားတွေရော အကုန်လုံး လာနေကြပြီး လာမဲ့ သင်္ကြန်အတွက် ပရောဂျက် တစ်ခုပေါ့။ ဘာဖြစ်မလဲတော့ မသိသေးဘူး။
မေး- အသစ်ဖွင့်မယ့် စတူဒီယိုအတွက် စက်ပစ္စည်းတွေရော အဆင်သင့်ဖြစ်ပြီ လား . . .
ဖြေ ကျွန်တော် အမေရိကားကနေ စက်တွေ ၀ယ်လာပါတယ်။ ဒီမှာရှိတဲ့ စက်တွေ အကုန်ရောင်းလိုက်ပြီ။ မရှိတော့ဘူး။ ဟိုက၀ယ်လာတဲ့ စက်တွေနဲ့ လေ့လာခဲ့တဲ့ နည်းပညာတွေနဲ့ ပူးပေါင်းပြီး စတူဒီယိုဖွင့်မှာပါ။
မေး- နည်းပညာတွေ တိုးတက်လာတာနဲ့အမျ ရသမြောက်တဲ့ ဂီတခံစားမှုဖြစ်အောင် ဘယ်လိုဖန်တီးဖြစ်လဲ .
ဖြေ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ အနုပညာရသ မပါရင် မပြည့်စုံဘူးလို့ ခံယူထားပါတယ်။ အဲဒီတော့ ကျွန်တော်ရှေ့ဆက် ဖန်တီးမယ့် တင်ဆက်မှုတွေမှာ အနုပညာ ရသကိုပိုထည့်မယ်။ နည်းပညာနဲ့ တွဲပြီး မြှင့်တင်မယ်လို့ ဆုံးဖြတ်ထားတယ်။
မေး- အမေရိကားက ဂီတဈေးကွက် အခြေအနေကို သိပါရစေ . . .
ဖြေ ဟိုမှာလည်း ခိုးကူးဈေးကွက် ရှိပါတယ်။ ဒါပေမဲ့ Internet ကနေပဲ Share လုပ်ကြတာ။ ဒါပေမဲ့ အစိုးရက ဥပဒေထုတ်ပြီး စဖမ်းနေပါပြီ။ အများစုက မလုပ်ကြတော့ဘူး။ အနုပညာရှင်ကို ချစ်တဲ့အတွက် အခွေစစ်ကိုဝယ်ပြီး အားပေးကြတာကို တွေ့ရတယ်။ အင်တာနက်ကနေလည်း သီချင်းတွေ ပြန်ရောင်းနေရပါပြီ။ ၂၀၀၁ ကနေ ၂၀၀၇ အထိ ကျဆင်း သွားတဲ့ ဂီတအခြေအနေက အခုတော်တော်လေး ပြန်ကောင်းလာပြီလို့ သိရပါတယ်။
မေး-နတ်ဒိုးနဲ့ Electro ရောစပ်တဲ့ ဂီတပုံစံတွေ ဖန်တီးပြီးပြီ။ ရှေ့ဆက် ပြီး ဘယ်လိုဂီတပုံစံတွေ ဖန်တီးဖို့များရှိလဲ .
ဖြေ ကျွန်တော့်မူအတိုင်း မြန်မာ့ရိုးရာဂီတအပေါ် အခြေခံပြီးတော့ပဲ ဆက်ဖန်တီးသွားမှာပါ။ မြန်မာရိုးရာ ဂီတအနေနဲ့ အသစ်ဆိုတာ လိုအပ်တယ်။ ဒါကြောင့် မြန်မာ့ရိုးရာ ဂီတကို ခုခေတ် လူငယ်တိုင်း နားထောင်နိုင်အောင် ကျွန်တော် တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ မြန်မာ့ရိုးရာဂီတမှာ အများကြီးထပ်ပြီး အဆင့်မြှင့်လို့ရတာတွေ ရှိပါ တယ်။ ဒီနှစ်ကတော့ သံချပ်တွေလုပ်ချင်ပါတယ်။ သံချပ်နဲ့ပတ်သက်ပြီး လက်လှမ်းမီသလောက် လေ့လာနေပါတယ်။ ကျွန်တော့်ရဲ့သံချပ်တွေကလည်း လူထုကို ကိုယ်စားပြုတဲ့ သံချပ်ဖြစ်အောင် ကြိုးစားမှာပါ။ ရိုးရိုး သံချပ်မဟုတ်ဘဲ ကျွန်တော်က Rap, Hip Hop သမားတစ်ယောက် ဖြစ်တဲ့အတွက် Rhyme နဲ့ သံချပ်တွေ ဖြစ်လာမှာပါ။

source:yangontime

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

736..ဟောလိဝုဒ်စတား မင်းသမီးချော ဘရစ်တနီမာဖီ ကွယ်လွန်ရှာ..

 


Brittany Murphy



Clueless နှင့် 8 Mile ကဲ့သို့သော ဇာတ်ကားများ ရိုက်ကူးခဲ့ပြီး လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သူ ဘရစ်တနီမာဖီ (၃၂နှစ်) သည် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် လော့အိန်ဂျလိစ်မြို့၌ ကွယ်လွန်သွားကြောင်း သိရသည်။ ဘီဗာလီဟေးအနီးရှိ စီဒါစီနိုင်းဆေးရုံက သူသေဆုံး ကြောင်း ဒေသစံတော်ချိန် နံနက် ၁၀း၀၄ နာရီတွင် ကြေညာခဲ့သည်။ မာဖီသည် သူ၏ ခင်ပွန်းဖြစ်သူနှင့်အတူ နေထိုင်သော အနောက်ဟော လိဝုဒ်ရှိ နေအိမ်တွင် နှလုံးခုန်ရပ်သွားပြီးနောက်မှ သူ့ကို ဆေးရုံသို့ သယ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ လော့စ်အိန်ဂျလိစ် မီးသတ်ဌာနက ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီတွင် မာဖီ၏ ခင်ပွန်းဖြစ်သူက အရေးပေါ် ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လွတ်လွတ် လပ်လပ် နေထိုင်တတ်သူ မာဖီသည် Just Married ၊ Don’t Say a Word ၊ Riding in Care with Boy အစရှိသော ရုပ်ရှင်ကားများ အပါအ ဝင် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သည်။ လော့စ်အိမ်ဂျလိစ် ရဲတပ်ဖွဲ့က မာဖီသေဆုံးမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေဆဲဖြစ်ကြောင်း သိရသည်။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

728.. ၂၀၀၈ခုနှစ်အတွက် အမျိုးသား စာပေဆုရရှိသူများ...

 
ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စီစစ်ရေးရွေးချယ်ရေး ကော်မတီမှ ၂၀၀၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့ကြသူများကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။
ထုတ်ပြန်ကြေညာချက်များ အရ ၂၀၀၈ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုကို ဒေါက်တာကျော်စိန်က ရရှိသွားခဲ့ပြီး ၀တ္ထုတို ပေါင်းချုပ်ဆုကို စာရေးဆရာမ ကြူကြူသင်းက သိင်္ဂါရရသ၀တ္ထုတို ပေါင်းချုပ်စာအုပ်ဖြင့် ရရှိသွားခဲ့သည်။
စာပဒေသာဆုကိုမူ စာရေး ဆရာယိမ်းနွဲ့ပါး က ခါကာဘိုခရီးသည် စာအုပ်ဖြင့်ရရှိခဲ့ကာ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဆုကို မြတ်ဝေတိုး(ပညာရေးတက္ကသိုလ်)က လီဆူတိုင်ရင်းသားတို့၏ ဘ၀ဓလေ့ စာအုပ်ဖြင့်လည်းကောင်း၊ ကလေးစာပေဆုကို ချစ်စရာ့ကလေးများ (ကလေးဝတ္ထုတိုများ) စာအုပ်ဖြင့် စာရေးဆရာ ရေနံ့သာ မောင် မောင်ကြည်က လည်းကောင်း၊ လူငယ်စာပေဆုကို ကုသိုလ်အရောင်ဆိုးပေးပါ စာအုပ်ဖြင့် ကျွန်းစဉ်မြေစောခက် က လည်းကောင်း ရရှိခဲ့သည်။
ဘာသာပြန်(သုတ)စာပေဆုကို စာရေးဆရာ တော်ကောင်းမင်းက ကျန်ဇီမင်း သို့မဟုတ် တရုတ်ပြည်ကို ပြောင်းလဲခဲ့သူ စာအုပ်ဖြင့်လည်းကောင်း၊ ဘာသာပြန်(ရသ)စာပေဆုကို ပါဝါကျဆုံးခြင်း နှင့်စင်ကာပူဘ၀ရနံ့ ၀တ္ထုတိုများစာအုပ်ဖြင့် စာရေးဆရာဝင်းထွဋ်ဇော် ကလည်းကောင်း ရရှိခဲ့ပါသည်။
သုတပဒေသာ(၀ိဇ္ဇာ)စာပေဆု ကို ဒေါက်တာဒဂုန်(Ph.D)(Astro) (Kol.) က ရာဇ၀င်ထဲမှာ ပုဏ္ဏား စာအုပ်ဖြင့်လည်းကောင်း၊ သုတပဒေသာ(ရိုးရိုးသိပ္ပံ)စာပေဆုကို ဒေါက်တာကျော်တင့်က ပြည်သူအတွက် သစ်တောပညာ စာအုပ်ဖြင့် လည်းကောင်း၊ သုတပဒေသာ(အသုံးချသိပ္ပံ)စာအုပ်ကို ဖွံ့ဖြိုးဝေဆာ ခေတ်သစ်စိုက်ပျိုးရေးရာ စာအုပ်ဖြင့် အောင်စိုး(စိုက်ပျိုး/၁၀၇)က ရရှိသွားခဲ့ပါ သည်။
အမျိုးသားစာပေဆုကို ဘာ သာရပ် ၁၄မျိုးခွဲခြားပြီး ပေးအပ်လေ့ ရှိရာ ၂၀၀၈ခုနှစ်အတွက် အမျိုးသား စာပေဆုများကို ဘာသာရပ် ၁၀ မျိုးသာ ပေးအပ်နိုင်ခဲ့ပြီး ၀တ္ထုရှည်၊ ကဗျာပေါင်းချုပ်၊ ပြဇာတ်စာပေ နှင့် နိုင်ငံရေးစာပေဆုများကို ဆုပေးအပ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိ ရပါသည်။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

722.. မောင်စိုင်းမိုးစံ နှင့် မိုးပြည့်ပြည့်မောင်တို့၏ မင်္ဂလာဧည့်ခံပွဲ

 
monetine2

မောင်စိုင်းမိုးစံ (B.A, M.A (History) D. S. A) Personal Assistance of the Chairman CB Bank & Kaung Myanmar Aung Company Ltd. နှင့် ရုပ်ရှင်သရုပ်ဆောင် မိုးပြည့်ပြည့်မောင်တို့၏ မင်္ဂလာဧည့်ခံပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ရာ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး နွဲ့ယဉ်ဝင်း၊ ချိုပြုံး၊ ရင်ဂို၊ စည်သူလွင်၊ သံသာဝင်း၊ မေဆွိ၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ ဆောင်းဦးလှိုင်၊ ဟေမာနေ၀င်း၊ လေးလေးဝါး၊ ဖြူဖြူကျော်သိန်းနှင့် အဆိုတော်များက သီဆိုဖျော်ဖြေခဲ့ကြသည်။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

716.. အာဂျင်တီးနား အလှမယ်ဟောင်း ပလတ်စတစ်ဆာဂျရီလုပ်ရာမှ သေဆုံး

 

အာဂျင်တီးနားအလှမယ် ဆိုလန်မက်နာနို (၃၈နှစ်) သည် တင်ပါးတွင် ပလတ်စတစ်ဆာဂျရီ လုပ်ရာမှ နောက်ဆက် တွဲပြဿနာများ ဝင်ရောက်ပြီးနောက် နိုဝင်ဘာလ တွင် ကွယ်လွန်သွားကြောင်း သိရသည်။ သူသည် ပလတ်စတစ်ဆာဂျရီလုပ်ပြီး နောက် သုံးရက်အကြာတွင် အဆုတ်သွေးကြော ပိတ်မှုဖြစ်ပွားပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ရှစ်နှစ် အရွယ် အမြွှာကလေးနှစ်ဦး၏ မိခင်သည် တင်ပါးအလှအတွက် ပလတ်စတစ် ဆာဂျရီ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် တင်ပါး အတွင်း ထည့်သွင်းသော အရည်များသည် အဆုတ်နှင့် ဦးနှောက်ထဲသို့ရောက်ရှိသွားခြင်း ဖြစ်သည်...သူသေဆုံးသွားသည့်သတင်းက သူ၏ ပရိသတ်များအား အံ့ဩတုန်လှုပ်သွားစေခဲ့သည်ဟု ဆိုသည်။ သူသေဆုံးရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေဆဲဖြစ်ကြောင်း သိရသည်။ (Pyi Myanmar)



Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

705..( 1999 - 2009 ) အတွင်းကမ္ဘာ့အကောင်းဆုံးရုပ်ရှင်ကားများ

 
အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုသူများအား ပြင်းရှတုန်လှုပ်ဖွယ်ကောင်းသော ခံစားမှုများကို ပေးစွမ်းနိုင်သည့် အချက် များနှင့် ငွေကြေးအရ အောင်မြင်မှုရရှိခဲ့သည့် အပြင်ထူးချွန်ဆုများပါ ရရှိခဲ့သော အချက်များ အပေါ်မူတည်၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ယခုရက်ပိုင်းအတွင်း ဆယ်စုနှစ်၏ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ထုတ်ပြန်မှုများ အများအပြားပေါ်လာလျက် ရှိနေပြီးယခုထုတ် ပြန်ခဲ့သော အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ၁၀ ကားသည် Hollywood ၀က်ဘ်ဆိုက်၏ ရွေးချယ်မှုများသာ ဖြစ်ခဲ့သည်။ ထို့အပြင် ယခုရက်ပိုင်း ထွက်ပေါ်လျက်ရှိသော ထုတ်ပြန်မှုများအနက် နာမည်ကြီး ၀က်ဘ်ဆိုက်တစ်ခု၏ ထုတ်ပြန်ခဲ့မှုလည်း ဖြစ်ပါသည်။

10. Ronin

Ronin features a car chase across the streets of France that is, even a decade later, rarely matched on film; more double crosses than you can shake a mysterious briefcase at; and Jean Reno, Stellan Skarsgard and Robert De Niro, the most definitive heist ringleader there is. Ronin is the kind of hardboiled, tightly plotted film I imagine anyone plotting a real heist would watch and take notes on.

9. Quick Change

Kudos to Quick Change for giving a refreshing spin on the robbery formula. Making it out of the bank is surprisingly easy; making it out of the city, however, isn't. Given how comedic it is, and how Bill Murray and Co. are relatively skill-less, Quick Change doesn't conform to the chief appeal of the heist film (being a part of the crew), but we can all still sympathize with Murray's character, a man who has just had it with life in NY and has decided to do something about it.

8. Panic Room

I don't know anyone who actively hates Panic Room, yet I also know few who sing its praises, but damn if it isn't one of the best pot-boiler heist films around. As with The Good, the Bad, the Weird, David Koepp's script wastes no time with establishing the ways and means of the heist, rather it just sticks the besieged mother and daughter right on top of the riches the trio doing the sieging covet.David Fincher's omnipresent style transforms the simple premise into a truly visually stimulating thriller that is often imitated but rarely matched. And, of course, we can't forget Raoul, a fascinating scumbag whose implacable motive and unwavering voice make him one of the most ominous robbers to ever don a ski mask on film.

7. The Italian Job

By opting for the remake of The Italian Job over the original I have no intention of disparaging the source film, it's simply that the update is an over-the-top, couldn't-possibly-happen heist film, which is a rarity. Roads are blown up, armored trucks are dropped into sewer systems, and Mini Coopers actually look cool for once, all in the name of revenge. The action is a trip, but what makes the film is the cast, particularly Charlize Theron, Mos Def, Seth Green, and Edward Norton.

6. The Good, the Bad, the Weird

It's typical for the audience to spend the better portion of a heist film watching the actual act being meticulously planned out. That's not the case with the freak of nature that is South Korea's riff on spaghetti westerns, The Good, the Bad, the Weird. Ji-woon Kim's film opens in the middle of a heist that finds our titular triumvirate trading bullets on a train as it speeds through the desert: the Bad is after a treasure map, the Good is there to stop him, and the Weird (who is arguably the most enjoyable wild card in any heist film) just happens to be robbing the train when they both show up, oblivious to how valuable said map actually is. Movies shouldn't be allowed to be this damn cool.

5. Office Space

Yes, Office Space. Mike Judge's film is universally adored for how expertly it eviscerates the monotony of cubical life, but one must keep in mind that the actual plot of involves three friends stealing millions upon millions of dollars from a soul-crushing corporation. And while it may be fun to imagine being a member of a group that commits its crime with machine guns and smoke grenades, the grand larceny at the core of Office Space is the only crime most of us could feasibly attempt; which is why we root for the underdogs in Office Space just as hard as we do in any of the above films, despite the absence of a single firearm.

4. Inside Man

Spike Lee's Inside Man requires no explanation; all it needs is a defiant shout of "This ain't no bank robbery!" Great script, great actors, but what really makes this a winner is the fact that even with dozens and dozens of heist films making its existence possible, it can still pull one over on the audience while having them rooting for both the crook and the cop.

3. Point Break

While the over-the-top, couldn't-possibly-happen heist film is a rarity, this special breed does appear twice on this list. Point Break is so wild it makes The Italian Job look like Ronin, but it's impossible to not fall in love with a movie whose criminals are surfers. It's easily the most ludicrous heist film on this list, but hell if it isn't a riot to watch. And as a bonus, one can peg Point Break as the starting point of Kathryn Bigelow's examination of man's addiction to adrenaline rushes, which took on a visceral sci-fi approach in Strange Days, before culminating in the powder keg of tension that is The Hurt Locker.

2. The First Great Train Robbery

Gotta love a title that throws down the gauntlet. Sure, other people have robbed trains, but not like this. This is The First Great Train Robbery, and unlike any of its peers on this list, is based on an actual heist. Written and directed by Michael Crichton and based off his book of the same name, The First Great Train Robbery is almost fetishistic with how it approaches pulling off a caper that seems downright impossible, particularly when considering the Victorian England setting. Plus, Sean Connery and Donald Sutherland make a great team on screen.

1. Heat

While this list has had fun tasting the many flavors of the heist film, there's no bullshitting about who reigns as King. Michael Mann's Heat is so damned good I'm honestly shocked it didn't inspire a rash of robberies when it came out back in 1995. Heat sets the bar for robbery scenes, for escape scenes, for cat-and-mouse cop games, and for cold-hearted badasses. Every line of dialogue that comes out of Robert De Niro's is practically a recruitment video for a life of crime, and Mann doesn't pull a single punch throughout its appropriately extraordinary run time. Heat is the manliest film ever made. End of discussion.

Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

703..ပန်းချီပညာရပ်များကို အွန်လိုင်းမှတဆင့် လေ့လာချင်ရင်

 

အွန်လိုင်းမှတဆင့်အနုပညာနှင့် အခြားပန်းချီပညာရပ်များကို လေ့လာလိုသူတွေအတွက် အတော်လေးအဆင်ပြေစေနိုင်မည့် ဆိုက်တစ်ခုပဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်အတွင်း Tutorial များ၊ ဗီဒီယိုသရုပ်ပြရှင်းလင်းချက်များ၊ နမူနာသင်ခန်းစာများကိုတွေ့ရှိရပြီး အခြားအသုံးဝင်စေနိုင်မည့် Link များကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ ထို့ပြင်သတင်းအချက်အလက်များကို မိမိ e-mail အတွင်း newsletter များအနေဖြင့်ရယူနိုင်စေပြီး ပန်းချီပညာရပ်ကို အဓိကထားလေ့လာနိုင်တာကိုတွေ့ရပါတယ်။ ပန်းချီသင်ခန်းစာများကို အဆင့်ဆင့် Step by Step လေ့လာနိုင်ပြီး အခြေခံသင်ခန်းစာများမှ အဆင့်မြင့်ပညာရပ်အထိ လေ့လာနိုင်ပါတယ်။ Visit အနေဖြင့် ၀င်ရောက်လေ့လာနိုင် သလို Sign up ပြုလုပ်၍လည်း အသုံးပြုနိုင်ပါတယ်။

www.cyberartlearning.com

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

700..ရွှေအမြုတေမဂ္ဂဇင်း ဆိုဒ်

 
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

699..ဂစ်တာသမားများအတွက် Flash နဲ့ရေးထားသော် Chord စာအုပ်ဆိုဒ်

 


http://www.chordbook.com/guitarchords.php

လိုချင်တဲ့ Chord တွေကို အလွယ်တကူ ရှာဖွေနိုင်တဲ့ပြီး သက်ဆိုင်ရာ chord family တွေကိုလည်း အလွယ်တကူ ကြည့်နိုင်ပါသေးတယ်။် ဂစ်တာ ကြိုးညှိဖို့ Guitar Tuner လည်း ပါဝင်တယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

681..ဒါရိုက်တာရင်ရည်းစားရပြီ

 


Jang Dong-gun, Ko So-young Admit Romance At Last


ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် Jang Dong-gun (ဒါရိုက်တာရင် DOB 1972 Mar 07) တစ်ယောက် ရည်းစား ရှိနေ ပါပြီး။ ကံကောင်း သူ မိန်းခလေး ကတော့ မင်းသမီး Ko So-young (DOB 1972 Oct 06) ဖြစ် ပါတယ်။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

673..မော်ဒယ်လ် `ဟေသီ´ နှင့် " ဆာရီ အလှ

 



























































လူမျိုးတိုင်း အတွက် ရိုးရာဝတ်စုံလေးတွေ ရှိသလို အိန္ဒိယ ရဲ့ ဝတ်စုံလှလှလေး တွေကို မော်ဒယ်လ် `ဟေသီ´ ရဲ့ အလှနဲ့ တွေ့နိုင် ပါတယ်။







ဆာရီခေါ် ဆာဒီ ဝတ်စုံ လှလှလေးတွေ ကို အိန္ဒိယ အမျိုးသမီးတွေ က လူမျိုး နဲ့ ဘာသာရေး အရ ဝတ်ဆင်လေ့ ရှိပါတယ်။ အဓိက ဝတ်ဆင်တာ ကတော့ အိမ်ထောင်သည်များက သာ ပွဲတက် ဝတ်စုံ၊ ရိုးရာ ဝတ်စုံ အဖြစ် ဝတ်ဆင် ကြခြင်းပါ။ ဟိန္ဒူ ဘာသာရေးပွဲတွေ မှာလည်း အလားတူ ဝတ်ဆင် ကြပါတယ်။ အိန္ဒိယ အမျိုးသမီး အိမ်ထောင် မရှိသူတွေ ကတော့ မိမိတို့ နှစ်သက်ရာ ဝတ်ဆင်ပြီး ပွဲတက်ခြင်း၊ ဘုရားကျောင်း သွားခြင်းတို့ကို ပြုလုပ် ကြပါတယ်။ တကယ်တော့ ဆာရီ ဟာ အိမ်ထောင်သည်တွေ ဝတ်ဆင် ရမယ့် ရိုးရာ ဝတ်စုံလို့ ဆိုရ ပါတယ်။

မင်္ဂလာပွဲ တက်ရာ မှာတော့ သတို့သမီး အတွက် ဝတ်စုံ အလှကို အကောင်းဆုံး ဖြစ်အောင် စီစဉ် ကြပါတယ်။ အခု မော်ဒယ်လ် ဟေသီ က ဆာရီ အလှနဲ့ သတို့သမီး ပုံစံ ဝတ်ဆင် ထားတာ ကို တွေ့ရ ပါမယ်။



အင်္ကျီရော လုံချည်ပါ ဂျပန် ပိုးသား ဖြစ်ပြီး ဘော်ကြယ်လေးတွေ နဲ့ ပုံဖော်ထား ပါတယ်။ အင်္ကျီ ရဲ့ခါးတစ်ပိုင်းမှာတော့ ပုလဲလုံး၊ ကျောက်ရောင်စုံ နဲ့ ရွှေပွင့်လေးတွေ အသွယ်အတန်း ချထားပြီး ဝတ်စုံလေး ကို အလှဆင် ထားပါတယ်။
ဟေသီ ရဲ့ ဆာရီ ကတော့ ဇာဖြစ်ပြီး ပန်းထက် မှာတော့ ဇာပဝါ အစား၊ ဂျပန်ပိုး မှာ ဘော်ကြယ်ထိုး တဲ့ ပဝါကိုပဲ ဘေးတစောင်း ချထား ပါတယ်။ လုံချည်မှာတော့ ဘော်ကြယ် ထိုးထား သလို၊ ဂျပန်ပိုး ပြောင်သား ကိုပါ သုံးထားတာ တွေ့ရ ပါတယ်။
ဘော်ကြယ် အလှ ကိုလည်း ဂျပန်ပိုး အောက်ခံသား အဝါမို့၊ ရွှေရောင်ကို ပဲ သုံးထားတာ တွေ့ရ ပါတယ်။ ပခုံးထက် ဇာပဝါ ရဲ့အနားသား က အတွန့် ပုံဖော် ထားတာမို့ ရိုးစင်း ပေမဲ့ တစ်မျိုးလေး လှပ စေပါတယ်။
ဆာရီ အဖြစ် သုံးတဲ့ ပဝါမှာလည်း ပဝါ အနားသားတွေ ကို ဘော်ကြယ် ရွှေရောင် ပန်းပွင့်လေးတွေ နဲ့ အနားကွပ် ထားပါ တယ်။ ဟေသီ ရဲ့လုံချည် ကတော့ ဂျပန် ပိုးပြောင်စ နဲ့ ဘော်ကြယ် ထိုးထားတဲ့ ဂျပန် ပိုးနှစ်မျိုး ကိုလည်း အလှချုပ် ထားခြင်း ပါပဲ။
ဝတ်စုံ အလှ အပ ပြည့်စုံပြီ ဆိုရင် လက်ဝတ် ရတနာ ဝတ်ဆင် ရပါတော့မယ်။ ဆံပင်ထက်မှ တစ်ဆင့် နဖူး အထိ ကို အလှ အပ ဆင်ကြ သေးတယ်။ တချို့က နဖူး ထက်မှ ရွှေဘယက်၊ ကျောက်ဘယက် တို့ကို ဆံပင်က တစ်ဆင့် သွယ်ကျ စေပါတယ်။
မျက်ခုံး နှစ်ခုကြား နဖူးမှာတော့ အစက် ချပြီး တချို့က စိန်ပွင့်လေးတွေ စီထား ပါတယ်။ အိမ်ထောင်ရှင် ဖြစ်ပြီး သူတို့သာ မျက်ခုံး နှစ်ခုကြားမှာ အစက် ထည့်ခွင့် ရှိပါတယ်။ တချို့ အနီ၊ တချို့ အနက် သုံးကြ ပါတယ်။
လူမျိုးနဲ့ ဘာသာ အလိုက် ကွဲပြား သွားပါတယ်။ အနီ သုံးတဲ့ အခါမှာလည်း ယခု အခါ ငွေရောင် အလက် ကလေးများ နဲ့ စိန်ပွင့်လေး များကို သုံးလာ ကြပါတယ်။
နှာခေါင်း မှာ အလှ ခြယ်ရာ မှာတော့ ကျောက်လေးတွေ ထည့်သလို၊ စိန်ပွင့်လေး တွေလည်း ထည့်ပါတယ်။ နေရောင် မှာ တဖျပ်ဖျပ် လင်းလက် နေတာ ကလည်း အလှ တစ်မျိုး ပဲပေါ့။ တချို့ က နားကပ် ပုံစံ အဝိုင်းလေး တွေ ထည့်ပြီး ကျောက်ရောင်စုံ အသေးလေး တွေ သုံးထား ပါ တယ်။ အချို့ကတော့ တစ်ပွင့်တည်း ဈေးကြီးကြီး စိန်ကို တစ်လုံး တည်းပဲ အသုံးပြု ကြ ပါတယ်။ အခု အခါ မှာတော့ မိန်းကလေးတွေ ရဲ့ အလှ ဆင်မှု အသစ် အဆန်းလေးတွေ ပါပဲ။







လက်ဝတ် ရတနာတွေ ကတော့ နားမှာ နားဆွဲ ကိုလည်း ဝတ်စုံ နဲ့ လိုက်အောင် ဝတ်ဆင် ရွေးခြယ် ကြပါတယ်။ ရွှေရောင် ဝတ်စုံနဲ့ ဟေသီ ကတော့ နားဆွဲ အရှည်လေး ဆွဲထား ပါတယ်။ ရွှေကို သုံးစွဲ ကြတာ များပြီး ထုထည် ကြီးကြီး ဝတ်ဆင် ကြတာလည်း တွေ့ရ သေးတယ်။ လည်ပင်း မှာတော့ မြန်မာတွေ လည်တုံ ဝတ်ကြ သလို လည်ပင်း ကနေ တွဲလောင်းကျ နေတဲ့ လည်တုံ ပုံစံ ဘယက် ကိုပဲ ဝတ်ကြတယ်။

အသက် ကြီးရင့်သူတွေ ကသာ ရွှေ ဃြ ကြိုး၊ ဘတ်ကြိုးလေး တို့ကို ဆွဲကြပြီး ငယ်သူတွေအတွက် ကတော့ အသစ် အဆန်းလေး တွေ ဝတ်ဆင် ကြပါတယ်။ ဟေသီ ရဲ့နှာခေါင်း မှာလည်း စိန်ပွင့် တစ်ပွင့် အလှ ဆင်ထား ပါတယ်။
လက်မှာတော့ အသက်ကြီးသူတွေ က ရွှေလက်ကောက် ဝတ်ဆင် ကြပေမဲ့ လူငယ်ပိုင်း ကတော့ ဟန်းချိန်း ပုံစံကို ဝတ်ဆင် ကြပါတယ်။ ဟေသီ ဝတ်ဆင်တဲ့ ဟန်းချိန်း ကတော့ ရွှေကွင်း အဝိုင်းဆီ ကနေ တွဲလောင်း ကျနေတဲ့ ရွှေကြိုးလေးတွေ ပါပဲ။ ရွှေကို နှစ်သက် ကြသူများမို့ ရွှေနဲ့ တန်ဆာ ဆင်ရာမှာလည်း လက်ကောက်ဝတ်မှာ သာမဟုတ်ဘဲ လက်မောင်းမှာလည်း ရွှေအတန်းလိုက် ကျနေ စေပါတယ်။
ရွှေရောင် အိန္ဒိယ ဝတ်စုံ နဲ့ အလှ ဖက်ရှင်လေး တစ်မျိုးပါ။ ဟေသီ ကို အလှဝတ်စုံ နဲ့ အိန္ဒိယ လူမျိုး မိန်းကလေး အဖြစ်လည်း လှပ နေရုံမက ရွှေရောင် အဆင်း နဲ့မို့ ရွှေမင်းသမီးလေး လို့ ပြောရ မှာပဲ။ ဟေသီ ရဲ့ မင်္ဂလာ သတို့သမီး ဝတ်စုံလေးပါ။ မင်္ဂလာပွဲ အတွက် ချစ်စရာ အိန္ဒိယရိုးရာ ဝတ်စုံ လေးပါပဲ။

မသက်ဆွေရေးသားသည်


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

670..F4 ဇာတ်လိုက် Kim Bum ရဲ့ပုံစံသစ်

 





Actor Kim Beom Has Transformed Into
A Totally Different Character In The New Film, "Flight"

F4 ဇာတ်လိုက် Kim Bum ရဲ့ပုံစံသစ်

ပရိသတ် အသည်း ကျော် F4 ဇာတ်လိုက် Kim Bum ကို Flight အမည် ရှိ ရုပ်ရှင် မှာ စရိုက် ရော ပုံစံပါ မတူ တဲ့ အသွင် အပြင် နဲ့တွေ့ ရ ပါတယ်။ အောက်ပါ link တွင် ကြည့်ပါ။

Source : Kim Beom Transformed Into A Different Character In New Film, "Flight"

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

669..အဆိုတော် မင်းသား Rain အား CNN မှအင်တာဗျူးခြင်း

 


Rain being interviewed by CNN

Rain အား CNN မှအင်တာဗျူးခြင်း

အဆိုတော် မင်းသား Rain အား CNN သတင်း ရဲ့ နာမည်ကျော် top anchor Ana Coren မှ အင်တာဗျူး လုပ်ခဲ့ ပြီး မကြာမှီ က ထုတ်လွှင့် သွားခဲ့ ပါတယ်။

Rain interviewed by CNN (Part I) - youtube.com
http://www.youtube.com/watch?v=TG5NTtQ2kpw

Rain interviewed by CNN ( Part II) - youtube.com
http://www.youtube.com/watch?v=gGZhZf3HjMo

Rain interviewed by CNN ( Part III) - youtube.com
http://www.youtube.com/watch?v=e61WjT-GAao


၎င်း interview အား CNN website (http://cnn.com) တွင် တိုက်ရိုက် ကြည့်လို ပါက အောက်ပါ link တွင်ကြည့် နိုင် ပါတယ်။

Rain interviewed by CNN (video direct from cnn.com)



အင်တာဗျူး တွင် Rain နှင့် အမေရိကန် နာမည်ကျော် comedian Stephen Colbert တို့ dance ပြိုင်ကြ သည့် အကြောင်း လည့်သွင်း ပြောသွား ပါတယ်၊ ၄င်း ပြိုင်ပွဲ video ကို အောက်ပါ link တွင် ကြည်နိုင် ပါတယ်။

Rain have a dancing duel with famous American comedian Stephen Colbert

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

650..လွင်မိုး ( အနုပညာရှင် )၏ website

 
www.lwinmoe.com

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

639..ရေဗက္က၀င်းရဲ့ website

 
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

638..၀ိုင်းစုခိုင်သိန်း ရဲ့ website

 
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ